မြန်မာနိုင်ငံရေးပြဿနာကိုဆွေးနွေးဖြေရှင်းနိုင်အောင် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ထိုင်းအစိုးရ ဖိတ်ကြား

 3036

ဂျန်ဇက် (NP News) - ဇွန် ၁၆

ထိုင်းလက်ရှိအစိုးရဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက နစကတာဝန်ရှိသူများနဲ့ အပြည့်အဝပြန်လည် ဆွေးနွေးနိုင်ဖို့ လာမယ့် တနင်္ဂနွေနေ့ ဇွန်လ ၁၈ ရက်မှာ အလွတ်သဘောအစည်းအဝေးတစ်ရပ် ကျင်းပဖို့ အဆိုပြုကမ်းလှမ်းလိုက်ကြောင်း အဆိုပါကိစ္စနဲ့နီးစပ်တဲ့သတင်းအရင်းမြစ်များ က ပြောပါတယ်။

ထိုင်းအစိုးရဟာ နှောင့်နှေးလျက်ရှိနေတဲ့ မြန်မာငြိမ်းချမ်းရေးအစီအစဉ်များကို ပြန်လည်စတင်နိုင်အောင် ကြိုးပမ်းမှု အဖြစ် လာမယ့် ဇွန်လမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့မြန်မာအရေးအလွတ်သဘောဆွေးနွေးပွဲ လုပ်ဆောင် ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းဟာ ထိုင်းနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာအရေးအလွတ် သဘောတွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့နိုင်ငံခြားရေးဝန်ကြီးများကို ဇွန်လ ၁၄ ရက်က ဖိတ်ကြားစာပေးပို့ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသလို အဆိုပါဆွေးနွေးပွဲနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်သုံးခုကလည်း ပြောပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ ထိုင်းနိုင်ငံမှာ လာမယ့်ရက်ပိုင်းအတွင်း ထပ်မံကျင်းပ မယ့် မြန်မာအရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်ဖို့ ငြင်းဆန်ထားကြောင်း သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် မြန်မာနိုင်ငံရေး အခက်အခဲများကို ဖြေရှင်းနိုင်ဖို့ နစကကို အာဆီယံသဘောတူညီချက်ငါးချက်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်း နေပါတယ်။ နစက နဲ့ အာဆီယံခေါင်းဆောင်များကြား ရရှိထားတဲ့ အာဆီယံသဘောတူညီချက်ငါးချက်ကို အပြည့် အဝအကောင်အထည်မဖော်နိုင်ဘူးဆိုရင် နစကအဖွဲ့တာဝန်ရှိသူများကို အာဆီယံအဖွဲ့ရဲ့ခေါင်းဆောင်များ၊ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို တက်ရောက်ခွင့်ပိတ်ပင်ဖို့ သဘောတူညီထားကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလကလည်း မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ဖို့ မြန်မာ အပါအဝင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးကို မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံေရးျပႆနာကိုေဆြးေႏြးေျဖရွင္းႏိုင္ေအာင္ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးပြဲကိုတက္ေရာက္ဖို႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားကို ထိုင္းအစိုးရ ဖိတ္ၾကား
ဂ်န္ဇက္ (NP News) - ဇြန္ ၁၆

ထိုင္းလက္ရွိအစိုးရဟာ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားက နစကတာဝန္ရွိသူမ်ားနဲ႔ အျပည့္အဝျပန္လည္ ေဆြးေႏြးႏိုင္ဖို႔ လာမယ့္ တနဂၤေႏြေန႔ ဇြန္လ ၁၈ ရက္မွာ အလြတ္သေဘာအစည္းအေဝးတစ္ရပ္ က်င္းပဖို႔ အဆိုျပဳကမ္းလွမ္းလိုက္ေၾကာင္း အဆိုပါကိစၥနဲ႔နီးစပ္တဲ့သတင္းအရင္းျမစ္မ်ား က ေျပာပါတယ္။

ထိုင္းအစိုးရဟာ ေႏွာင့္ေႏွးလ်က္ရွိေနတဲ့ ျမန္မာၿငိမ္းခ်မ္းေရးအစီအစဥ္မ်ားကို ျပန္လည္စတင္ႏိုင္ေအာင္ ႀကိဳးပမ္းမႈ အျဖစ္ လာမယ့္ ဇြန္လမွာ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားရဲ႕ျမန္မာအေရးအလြတ္သေဘာေဆြးေႏြးပြဲ လုပ္ေဆာင္ ဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။

ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး ဒြန္ပရာမြတ္ဝီႏိုင္းဟာ ထိုင္းႏိုင္ငံမွာ က်င္းပဖို႔ စီစဥ္ထားတဲ့ ျမန္မာအေရးအလြတ္ သေဘာေတြ႕ဆုံေဆြးေႏြးပြဲကိုတက္ေရာက္ဖို႔ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးမ်ားကို ဇြန္လ ၁၄ ရက္က ဖိတ္ၾကားစာေပးပို႔ခဲ့ေၾကာင္း ႐ိုက္တာသတင္းဌာနက ေဖာ္ျပထားသလို အဆိုပါေဆြးေႏြးပြဲနဲ႔နီးစပ္တဲ့ သတင္းအရင္းအျမစ္သုံးခုကလည္း ေျပာပါတယ္။

အာဆီယံအလွည့္က်ဥကၠ႒ျဖစ္တဲ့ အင္ဒိုနီးရွားႏိုင္ငံကေတာ့ ထိုင္းႏိုင္ငံမွာ လာမယ့္ရက္ပိုင္းအတြင္း ထပ္မံက်င္းပ မယ့္ ျမန္မာအေရးအလြတ္သေဘာေတြ႕ဆုံေဆြးေႏြးပြဲကိုတက္ေရာက္ဖို႔ ျငင္းဆန္ထားေၾကာင္း သိရပါတယ္။

အင္ဒိုနီးရွားႏိုင္ငံဟာ အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူၿပီးေနာက္ ျမန္မာႏိုင္ငံေရး အခက္အခဲမ်ားကို ေျဖရွင္းႏိုင္ဖို႔ နစကကို အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို အျပည့္အဝအေကာင္အထည္ေဖာ္ႏိုင္ေရး ႀကိဳးပမ္း ေနပါတယ္။ နစက နဲ႔ အာဆီယံေခါင္းေဆာင္မ်ားၾကား ရရွိထားတဲ့ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို အျပည့္ အဝအေကာင္အထည္မေဖာ္ႏိုင္ဘူးဆိုရင္ နစကအဖြဲ႕တာဝန္ရွိသူမ်ားကို အာဆီယံအဖြဲ႕ရဲ႕ေခါင္းေဆာင္မ်ား၊ အဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေဝးကို တက္ေရာက္ခြင့္ပိတ္ပင္ဖို႔ သေဘာတူညီထားေၾကာင္း သိရပါတယ္။

ထိုင္းႏိုင္ငံဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလကလည္း ျမန္မာႏိုင္ငံေရးျပႆနာကိုေျဖရွင္းႏိုင္ဖို႔ ျမန္မာ အပါအဝင္ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့ၿပီး အဲဒီအစည္းအေဝးကို ျမန္မာ၊ ထိုင္း၊ ကေမာၻဒီးယား၊ လာအို၊ ဗီယက္နမ္ႏိုင္ငံတို႔က ႏိုင္ငံျခားေရးဝန္ႀကီးမ်ား တက္ေရာက္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.