မြန်မာအိမ်အကူအမျိုးသမီးကိုသေဆုံးအောင် ညှင်းပန်းနှိပ်စက်မှုများကို ဖုံးကွယ်ရန်အတွက် CCTV ကင်မရာများကိုဖွက်ထားခဲ့ကြောင်း အိန္ဒိယအမျိုးသမီးကြီးဝန်ခံ

 880

ဂျန်ဇက် (NP News) - ဇွန် ၁၇

မြန်မာ အိမ်အကူအမျိုးသမီး Piang Ngaih Don ကို သေဆုံးအောင် ညှင်းပန်းနှိပ်စက်သတ်ခဲ့သူအဖြစ် စွပ်စွဲခံရသော အိန္ဒိယအမျိုးသမီးက မြန်မာအမျိုးသမီးကိုညှင်းပန်းနှိပ်စက်မှုများကို ဖုံးကွယ်ထားနိုင်ရန်အတွက် အိမ်၌တပ်ဆင်ထားသော (CCTV) ကင်မရာများကို ဖွက်ထားခဲ့ကြောင်း ဝန်ခံပြောဆိုလိုက်သည်။

အသက် ၆၄ နှစ်အရွယ်ရှိ အိန္ဒိယအမျိုးသမီးကြီး Prema S. Naraynasamy က မြန်မာအိမ်အကူအမျိုးသမီးကို နှိပ်စက်မှုများနှင့်ပတ်သက်ပြီး သက်သေများမရရှိစေရန်အတွက်တပ်ဆင်ထားသော (CCTV) ကင်မရာများကို သားမက်ဖြစ်သူ သကီဗင်ချီဗန်နှင့်အတူ ဖွက်ထားခဲ့ကြောင်း ပြောသည်။ အဆိုပါအိန္ဒိယ အမျိုးသမီးကြီးအပြင် သားမက်ဖြစ်သူတို့သည် မြန်မာအိမ်အကူအမျိုးသမီးကို သေဆုံးအောင် ညှင်းပန်းနှိပ်စက်မှုဖြင့် စွဲချက်မျိုးစုံတင်ခံထားရပြီး စင်ကာပူတရားရုံးတွင် စစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။ မြန်မာအိမ်အကူအမျိုးသမီးသည် စင်ကာပူနိုင်ငံရှိ ကီဗင်ချီဗန်၏အိမ်တွင် အိမ်အကူအဖြစ် ၂ဝ၁၅ ခုနှစ် မေလ ၂၈ ရက်တွင်စတင်လုပ်ကိုင်ခဲ့ပြီး အလုပ်စတင်လုပ်ချိန်က မြန်မာအမျိုးသမီး၏ ခန္ဒာကိုယ်အလေးချိန်သည် ၃၉ ကီလိုဂရမ်ရှိခဲ့ကြောင်း၊ သေဆုံးချိန်တွင် ခန္ဒာကိုယ်အလေးချိန်များစွာ ကျဆင်းသွားခဲ့ပြီး အလေးချိန် ၂၄ ကီလိုဂရမ်သာရှိခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသမီးသည် အိမ်ရှင်များ၏ ညှင်းပန်းနှိပ်စက်ခံရမှုများကြောင့် ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်တွင် သေဆုံးခဲ့ကြောင်းသိရသည်။ အသက် ၂၄ နှစ်အရွယ်ရှိ မြန်မာအိမ်အကူအမျိုးသမီးသည် အစာအငတ်ခံရသလို အိမ်ရှင်များ၏ ညှင်းပန်းရိုက်နှက်မှုများကြောင့် ရရှိထားသော ဒဏ်ရာများကို ဆေးဝါးကုသခွင့်မရဘဲရှိခဲ့ကြောင်း သိရသည်။ မြန်မာအိမ်အကူအမျိုးသမီးသည် အိန္ဒိယအမျိုးသမီးကြီးအပြင် သမီးဖြစ်သူ Gaiyathiri Murugayan နှင့်ကီဗင်ချီဗန်တို့၏ ညှင်းပန်းနှိပ်စက်မှု မျိုးစုံတွေ့ကြုံခံစားခဲ့ရကြောင်း စင်ကာပူအစိုးရရှေ့နေများက ပြောသည်။ အိန္ဒိယအမျိုးသမီးကြီးသည် မြန်မာအိမ်အကူအမျိုးသမီးကို သေဆုံးအောင် ညှင်းပန်းနှိပ်စက်မှုများကြောင့် စွဲချက် ၄၇ ခုအတင်ခံခဲ့ရပြီး ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလတွင် ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်းသိရသည်။

စင်ကာပူအစိုးရရှေ့နေများသည် အိန္ဒိယအမျိုးသမီးကို မြန်မာအမျိုးသမီးသေဆုံးမှုနှင့်ပတ်သက်ပြီး လူသတ်မှုဖြင့် ကနဦးစွဲချက်တင်ခဲ့သော်လည်း နောက်ပိုင်းတွင်လူသတ်မှုစွဲချက်ကို ပယ်ဖျက်ပေးခဲ့ကြောင်းသိရသည်။ စင်ကာပူတရားရုံးသည် မြန်မာအိမ်အကူအမျိုးသမီးသေဆုံးမှုနှင့်ပတ်သက်ပြီး အိန္ဒိယအမျိုးသမီးကြီးအပေါ် စွဲဆိုထားသော ကျန်စွဲချက်များကို ထပ်မံစစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။အိန္ဒိယအမျိုးသမီး၏သမီးဖြစ်သူ Gaiyathiri Murugayan သည်မြန်မာအိမ်အကူအမျိုးသမီးကို သေဆုံးအောင်ညှင်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်ပြီး ၂ဝ၂၁ ခုနှစ် ဇွန်လ ၂၂ ရက်တွင်ထောင်ဒဏ် နှစ်ပေါင်း ၃ဝ အမိန့်ချမှတ်ခံခဲ့ရကြောင်း စင်ကာပူတရားရုံးက သတင်းထုတ်ပြန်ထားသည်။

zawgyi version
ျမန္မာအိမ္အကူအမ်ိဳးသမီးကိုေသဆုံးေအာင္ ညႇင္းပန္းႏွိပ္စက္မႈမ်ားကို ဖုံးကြယ္ရန္အတြက္ CCTV ကင္မရာမ်ားကိုဖြက္ထားခဲ့ေၾကာင္း အိႏၵိယအမ်ိဳးသမီးႀကီးဝန္ခံ
ဂ်န္ဇက္ (NP News) - ဇြန္ ၁၇

ျမန္မာ အိမ္အကူအမ်ိဳးသမီး Piang Ngaih Don ကို ေသဆုံးေအာင္ ညႇင္းပန္းႏွိပ္စက္သတ္ခဲ့သူအျဖစ္ စြပ္စြဲခံရေသာ အိႏၵိယအမ်ိဳးသမီးက ျမန္မာအမ်ိဳးသမီးကိုညႇင္းပန္းႏွိပ္စက္မႈမ်ားကို ဖုံးကြယ္ထားႏိုင္ရန္အတြက္ အိမ္၌တပ္ဆင္ထားေသာ (CCTV) ကင္မရာမ်ားကို ဖြက္ထားခဲ့ေၾကာင္း ဝန္ခံေျပာဆိုလိုက္သည္။

အသက္ ၆၄ ႏွစ္အ႐ြယ္ရွိ အိႏၵိယအမ်ိဳးသမီးႀကီး Prema S. Naraynasamy က ျမန္မာအိမ္အကူအမ်ိဳးသမီးကို ႏွိပ္စက္မႈမ်ားႏွင့္ပတ္သက္ၿပီး သက္ေသမ်ားမရရွိေစရန္အတြက္တပ္ဆင္ထားေသာ (CCTV) ကင္မရာမ်ားကို သားမက္ျဖစ္သူ သကီဗင္ခ်ီဗန္ႏွင့္အတူ ဖြက္ထားခဲ့ေၾကာင္း ေျပာသည္။ အဆိုပါအိႏၵိယ အမ်ိဳးသမီးႀကီးအျပင္ သားမက္ျဖစ္သူတို႔သည္ ျမန္မာအိမ္အကူအမ်ိဳးသမီးကို ေသဆုံးေအာင္ ညႇင္းပန္းႏွိပ္စက္မႈျဖင့္ စြဲခ်က္မ်ိဳးစုံတင္ခံထားရၿပီး စင္ကာပူတရား႐ုံးတြင္ စစ္ေဆးေနဆဲျဖစ္ေၾကာင္းသိရသည္။ ျမန္မာအိမ္အကူအမ်ိဳးသမီးသည္ စင္ကာပူႏိုင္ငံရွိ ကီဗင္ခ်ီဗန္၏အိမ္တြင္ အိမ္အကူအျဖစ္ ၂ဝ၁၅ ခုႏွစ္ ေမလ ၂၈ ရက္တြင္စတင္လုပ္ကိုင္ခဲ့ၿပီး အလုပ္စတင္လုပ္ခ်ိန္က ျမန္မာအမ်ိဳးသမီး၏ ခႏၵာကိုယ္အေလးခ်ိန္သည္ ၃၉ ကီလိုဂရမ္ရွိခဲ့ေၾကာင္း၊ ေသဆုံးခ်ိန္တြင္ ခႏၵာကိုယ္အေလးခ်ိန္မ်ားစြာ က်ဆင္းသြားခဲ့ၿပီး အေလးခ်ိန္ ၂၄ ကီလိုဂရမ္သာရွိခဲ့ေၾကာင္း သိရသည္။

ျမန္မာအမ်ိဳးသမီးသည္ အိမ္ရွင္မ်ား၏ ညႇင္းပန္းႏွိပ္စက္ခံရမႈမ်ားေၾကာင့္ ၂ဝ၁၆ ခုႏွစ္ ဇူလိုင္လ ၂၆ ရက္တြင္ ေသဆုံးခဲ့ေၾကာင္းသိရသည္။ အသက္ ၂၄ ႏွစ္အ႐ြယ္ရွိ ျမန္မာအိမ္အကူအမ်ိဳးသမီးသည္ အစာအငတ္ခံရသလို အိမ္ရွင္မ်ား၏ ညႇင္းပန္း႐ိုက္ႏွက္မႈမ်ားေၾကာင့္ ရရွိထားေသာ ဒဏ္ရာမ်ားကို ေဆးဝါးကုသခြင့္မရဘဲရွိခဲ့ေၾကာင္း သိရသည္။ ျမန္မာအိမ္အကူအမ်ိဳးသမီးသည္ အိႏၵိယအမ်ိဳးသမီးႀကီးအျပင္ သမီးျဖစ္သူ Gaiyathiri Murugayan ႏွင့္ကီဗင္ခ်ီဗန္တို႔၏ ညႇင္းပန္းႏွိပ္စက္မႈ မ်ိဳးစုံေတြ႕ႀကဳံခံစားခဲ့ရေၾကာင္း စင္ကာပူအစိုးရေရွ႕ေနမ်ားက ေျပာသည္။ အိႏၵိယအမ်ိဳးသမီးႀကီးသည္ ျမန္မာအိမ္အကူအမ်ိဳးသမီးကို ေသဆုံးေအာင္ ညႇင္းပန္းႏွိပ္စက္မႈမ်ားေၾကာင့္ စြဲခ်က္ ၄၇ ခုအတင္ခံခဲ့ရၿပီး ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလတြင္ ေထာင္ဒဏ္ ၁၄ ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရေၾကာင္းသိရသည္။

စင္ကာပူအစိုးရေရွ႕ေနမ်ားသည္ အိႏၵိယအမ်ိဳးသမီးကို ျမန္မာအမ်ိဳးသမီးေသဆုံးမႈႏွင့္ပတ္သက္ၿပီး လူသတ္မႈျဖင့္ ကနဦးစြဲခ်က္တင္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္လူသတ္မႈစြဲခ်က္ကို ပယ္ဖ်က္ေပးခဲ့ေၾကာင္းသိရသည္။ စင္ကာပူတရား႐ုံးသည္ ျမန္မာအိမ္အကူအမ်ိဳးသမီးေသဆုံးမႈႏွင့္ပတ္သက္ၿပီး အိႏၵိယအမ်ိဳးသမီးႀကီးအေပၚ စြဲဆိုထားေသာ က်န္စြဲခ်က္မ်ားကို ထပ္မံစစ္ေဆးေနဆဲျဖစ္ေၾကာင္းသိရသည္။အိႏၵိယအမ်ိဳးသမီး၏သမီးျဖစ္သူ Gaiyathiri Murugayan သည္ျမန္မာအိမ္အကူအမ်ိဳးသမီးကို ေသဆုံးေအာင္ညႇင္းပန္းႏွိပ္စက္မႈမ်ားႏွင့္ပတ္သက္ၿပီး ၂ဝ၂၁ ခုႏွစ္ ဇြန္လ ၂၂ ရက္တြင္ေထာင္ဒဏ္ ႏွစ္ေပါင္း ၃ဝ အမိန႔္ခ်မွတ္ခံခဲ့ရေၾကာင္း စင္ကာပူတရား႐ုံးက သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.