ဆော်ဒီ အာရေဗျအပေါ် အမေရိကန် သြဇာ ဘာကြောင့်ကျ (ဘာသာပြန်ဆောင်းပါး)

 1883

ရဲထွန်း (သီပေါ) (NP News) - ဇွန် ၁၇

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အမေရိကန်နဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့အကြားမှာ ရေနံအတွက် လုံခြုံရေးလို့ ရိုးရိုးရှင်းရှင်းမြင်နိုင်တဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ ဆော်ဒီက ရေနံရောင်းပေးတယ်။ အတုံ့အလှည့်အားဖြင့် အမေရိကန်က ဆော်ဒီအာရေဗျရဲ့ လုံခြုံရေးကို အာမခံပေးတယ်။ ဒီသဘောတူညီချက်ဟာ နှစ်ပေါင်း ၇ဝ ကျော်လောက်တည်မြဲခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ဒီဆက်ဆံရေးက အက်ကြောင်းထင်လာပါပြီ။ အဲဒီအခြေအနေက တရုတ်အတွက် အခွင့်သာချက်ဖြစ်လာပါတယ်။ ဒီဆောင်းပါးမှာ အဲဒီကိစ္စဆွေးနွေးကြပါစို့။

ဇွန်လ ဒုတိယပတ်ထဲမှာ ဆော်ဒီအာရေဗျက ရီယာဒ်မြို့မှာ ထိပ်သီးအစည်းအဝေးတစ်ခု လက်ခံကျင်းပပါတယ်။ ၁ဝ ကြိမ်မြောက် အာရပ်-တရုတ် ကွန်ဖရင့်ပါ။ အစည်းအဝေး ပထမနေ့မှာဘဲ သဘောတူညီချက် ၃ဝ ကို လက်မှတ်‌ရေးထိုးခဲ့ကြတာက အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံတန် ရင်းနှီးမြှုပ်နှံမှုနဲ့ အရောင်းအဝယ်စာချုပ်တွေပါ။

ဒါပေမယ့် ဒါက အရေးကြီးဆုံး အကြောင်းအရာမဟုတ်သေးပါဘူး။ အရေးအကြီးဆုံး ခေါင်းစဉ်က ဆော်ဒီ အာရေဗျဝန်ကြီးချုပ် မိုဟာမက် ဘင်ဆယ်လ်မန်း (Mohammed bin Salman) ရဲ့ အစ်ကိုတစ်ယောက်ဖြစ်တဲ့ စွမ်းအင်ဝန်ကြီး မင်းသား အဗ္ဗဒူလ် အဇစ် ဘင်ဆယ်လ်မန် Abdul Aziz bin Salman ရဲ့ ပြောကြားချက်ပါ။ ဆော်ဒီက တရုတ်နဲ့ ဆက်ဆံရေးနက်ရှိုင်းလာတဲ့အပေါ် အနောက်က စိုးရိမ်မကင်းဖြစ်နေမှုနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ သူက “ ကျွန်တော့်အနေနဲ့ ဒီကိစ္စကို တကယ်ကို လစ်လျူရှုထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စီးပွားရေး သမားတစ်ယောက်အနေနဲ့ အခွင့်အရေးရှိတဲ့နေရာကိုသွားရမှာဓမ္မတာဘဲလေ။ ကျွန်တော်တို့မှာ ဘာလုပ်ရမလဲဆိုပြီး ရွေးချယ်ရ ခက်နေတဲ့ ပြဿနာမရှိပါဘူး” လို့ဖြေပါတယ်။

ဒါက ဆော်ဒီဟာ အနောက်တိုင်းရဲ့ သံသယဖြစ်မှုကို လစ်လျရှုထားတယ်လို့ဆိုလိုက်တာပါ။ ဒါ့ပြင် သူတို့က တရုတ်နဲ့စီးပွားရေးတွေ ဒီထက်ပိုလုပ်ချင်ပါတယ်။ သူထပ်ပြောတာက “တရုတ်က ရေနံလိုအပ်ချက်မြင့်မားလာတဲ့အခါ ကျွန်တော်တို့က ဒီအခွင့်အရေးကိုဖမ်းဆုတ်ရပါလိမ့်မယ်။ တရုတ်မှာ ကျွန်တော်တို့ ဓါတုဗေဒလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံချင်တယ်။ ရေနံစိမ်းကနေ ကုန်ချောထုတ်လုပ်တဲ့ ဓါတုဗေဒ လုပ်ငန်းတွေလုပ်ဖို့ ရည်မှန်းချက်ကြီးကြီး တွေရှိပါတယ်” လို့ပြောပါတယ်။

ဒါက တရုတ်နဲ့ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာမှာပါဆိုတဲ့ ဆော်ဒီရဲ့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားပါ။ ဒီတော့ သေချာပေါက်ပြောနိုင်တာက ဝါရှင်တန်ဟာ ဒီအပေါ်မှာ နှစ်သက်ကျေနပ်နေမှာမဟုတ်ဘူးဆိုတာပါ။ ဒါကြောင့်ဘဲ လွန်ခဲ့တဲ့အပတ်ထဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်ကို ရီယာဒ်မှာ သွားတွေ့ခဲ့သလို ဆော်ဒီအရာရှိတွေနဲ့လည်း စကားပြောခဲ့ပါတယ်။ သူပေးလိုတဲ့ သတင်းစကားက “ အမေရိကန်က ဒီဒေသကို စွန့်ခွာသွားမှာမဟုတ်ဘူး။ ရီယာဒ် အနေနဲ့ ဝါရှင်တန်ကို ယုံကြည်စိတ်ချနိုင်ပါတယ်” ဆိုတာပါ။ ဒါပေမဲ့ အမေရိကန်ရဲ့ ကြိုးပမ်းမှုက ဆော်ဒီရဲ့ တရုတ်နဲ့ ပိုမိုနက်ရှိုင်းလာတဲ့ ဆက်ဆံရေးကို မဟန့်တာားနိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အမေရိကန်နဲ့ ဆော်ဒီအကြားက အပြန်အလှန် ယုံကြည်မှုမှာ အက်ကြောင်းတွေ ရှိခဲ့လို့ဖြစ်ပါတယ်။ အငြင်းပွားမှုတွေက ပေါ်ပေါ်တင်တင်ဖြစ်ခဲ့တာပါ။ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်တုန်းက သူသမ္မတဖြစ်ခဲ့ရင် ဆော်ဒီအာရေဗျကို လက်နက်ရောင်းပေးတော့မှာမဟုတ်ဘူး၊ ဆော်ဒီဟာ ဝါရှင်တန်ပို့စ် သတင်းထောက် ဂျာမယ် ခါရှိုဂျီကို တူရကီနိုင်ငံ အစ္စတန်ဘူလ်သံရုံးမှာ သတ်ဖြတ် ခဲ့မှုအတွက် တန်ရာတန်ကြေးပေးရလိမ့်မယ်။ သူတို့ကို ဝိုင်းပယ်ရလိမ့်မယ်လို့ ဂျိုးဘိုင်ဒန်က ပြောခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့နှစ်က ဂျိုးဘိုင်ဒန်ဟာ ဆော်ဒီအာရေဗျကို သွားရောက်လည်ပတ်ခဲ့ပြီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဘိုင်ဒန်က ဝိုင်းပယ်မယ်လို့ပြောခဲ့တဲ့ ဆော်ဒီကို ပြန်လည် ချော့မြှူဖို့ ကြိုးစားခဲ့ခြင်းပါ။ ဆော်ဒီက ကမ္ဘာ့စျေးကွက်ထဲတင်ပို့နေတဲ့ ရေနံ ပမာဏကို မလျှော့ချဘဲ၊ မူလအတိုင်းထိန်းထားဖို့ ဆွယ်တရားဟောခဲ့ပါတယ်။ ဒီကိစ္စက ဘိုင်ဒန်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာခဲ့ပဲ ဆော်ဒီက ရေနံထုတ်လုပ်မှုကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက လျှော့ချဖြတ်တောက်လိုက်တဲ့ အတွက် ကမ္ဘာ့ရေနံစျေးကွက်မှာ ရေနံ၊ ဓါတ်ဆီစျေးတွေတက်ခဲ့ပါတယ်။ ဒါကြောင့် ဂျိုးဘိုင်ဒန်က သူ့စကားနားမထောင်တဲ့ ဆော်ဒီအနေနဲ့ အကျိုးဆက်တွေ ခံစားရလိမ့်မယ်လို့ ခြိမ်းခြောက် ပြောဆို ခဲ့ပါတယ်။

ဘိုင်ဒန်ရဲ့ ခြိမ်းခြောက်မှုကို ဆော်ဒီက ဘယ်လိုတုန့်ပြန်ပါသလဲ။ သတင်းတွေအဆိုအရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် ရီယာဒ်ကိုမသွားခင် လတွေမှာ ဝါရှင်တန်နဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ အသုံးအနှုန်းတွေပါတဲ့ သဘောထားကို ဆော်ဒီအိမ်ရှ့မင်းသားက ပြောခဲ့တယ်လို့ဆိုပါတယ်။ သူက အမေရိကန် နဲ့ဆက်ဆံရေးကို အခြေခံအားဖြင့် အပြောင်းအလဲလုပ်မယ်လို့ ပြောပါတယ်။ အခြေခံအားဖြင့် အပြောင်းအလဲ လုပ်မယ်ဆိုတာက “သူက အမေရိကန်အစိုးရနဲ့ နောက်ဆက်ဆံတော့မှာမဟုတ်ဘူး၊ ဝါရှင်တန်ကို စီးပွားရေးအရ အကျိုးဆက်တွေ ခံစားစေရမယ်” လို့လည်း ကြိမ်းလိုက်ပါတယ်။ အဓိပ္ပာယ်က ဆော်ဒီက ရေနံထုတ်လုပ်မှု လျှော့ချ ဖြတ်တောက်တာကို အမေရိကန်က တစ်ခုခုအရေးယူမယ်ဆိုရင် ဆော်ဒီကလည်းလက်တုန့်ပြန်မယ်လို့ ဆိုလိုက်တာပါ။

ဒီလိုပြောလိုက်တာနဲ့ပတ်သက်ပြီး အမေရိကန် အစိုးရအရာရှိတွေက အရေးမကြီးသလိုလုပ်ကြပါတယ်။ ဒါဟာ လူတယောက်စိတ်ဆိုးနေတုန်းပြောတဲ့စကား၊ တကယ်မလုပ်ပါဘူးလို့ယူဆကြပါတယ်။ ဒါပေမဲ့ ‌ ဒီကြား ကာလမှာ အမေရိကန်တွေဟာ ဆော်ဒီနဲ့ ဆက်ဆံရေးပြန်လည်ကောင်းမွန်လာဖို့ ကြိုးစားနေကြတာတွေ့မြင်နိုင်ပါတယ်။ ဘိုင်ဒန်က ဆော်ဒီကို တစ်ခေါက်ပဲ သွားလည်ခဲ့ပေမယ့် သူ့ရဲ့ ထိပ်တန်း အစိုးရအရာရှိတွေဖြစ်ကြတဲ့ အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်၊ စီအိုင်အေ ညွှန်ကြားရေးမှုး ဝီလီယံ ဂျေဗန်း တို့ကိုစေလွှတ်ခဲ့ပြီး အခု နောက်ဆုံးမှာ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကို သွားရောက်လည်ပတ်စေခဲ့ပါတယ်။

အခုတော့ ဆော်ဒီက၊ လာမဲ့ ဇူလိုင်လမှာ သူ့ရဲ့ရေနံထုတ်လုပ်မှုကို တစ်ရက် စည်တစ်သန်းအထိ လျှော့ချဖို့ဆုံးဖြတ်ချက်ချလိုက်ကြပါပြီ။ သမ္မတ ဘိုင်ဒန်က ခြိမ်းခြောက်ထားတဲ့အတိုင်း ဒဏ်ခတ်တာမလုပ်ခင်မှာ ဆော်ဒီ အိမ်ရှေ့ မင်းသားက ဆော်ထည့်လိုက်ပါပြီ။ ဒါက သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဆန္ဒကို ဗြောင်ဆန့်ကျင်လိုက်တာပါ။

ဒါတွေကြောင့် ဆော်ဒီနဲ့ အမေရိကန်အကြား ဆက်ဆံရေးတွေကို ပိုမိုဆိုးရွားသွားစေပါတယ်။ ဆော်ဒီ အရာရှိတွေက အမေရိကန်ဟာ မှီခိုအားထားလို့ မရတော့ဘူးဆိုတာကို အချက်အလက်ပေါင်းများစွာ ထောက်ပြပြီး ပြောဆိုနေကြပါတယ်။ အမေရိကန်ဟာ အာဖဂန်နစ္စတန်က ကတိုက်ကရိုက် ဆုတ်ခွာခဲ့တာကြောင့် အာဖဂန်အစိုးရ ပြုတ်ကျသွားတာ၊ အီဂျစ်က ဟော့စနီမူဘာရတ်ကို ထောက်ခံမှုရုတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ၂ဝ၁၁ ခုနှစ်မှာ မူဘာရတ် ပြုတ်ကျသွားတာ စတာတွေပါဝင်ပါတယ်။ ဒါတွေကိုထောက်ပြပြီး ဆော်ဒီရဲ့ အမြင်မှာ အမေရိကန်ဟာ အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ လုံခြုံရေးကွန်ယက်ကို ထိန်းချုပ်ထားနိုင်တဲ့ အနေအထားကနေ ကျရှုံး နေပြီလို့ ယူဆကြပါတယ်။
ဒါ့ပြင် အီရန်နဲ့ ပတ်သက်ပြီးလည်း အမေရိကန် အပေါ်မှာ ဆော်ဒီက အားမရပါဘူး။ ဝါရှင်တန်အနေနဲ့ အီရန်ကို ထိန်းချုပ်ဖို့ အနည်းအကျဉ်းဘဲ လုပ်နိုင်တယ်လို့ မြင်ကြပါတယ်။ အဲဒီလို စိတ်မသက်မသာဖြစ်နေစဉ်မှာ ဘိုင်ဒန်အစိုးရအတွက် ပိုဆိုးသွားစေတာက တရုတ်ဝင်လာတာပါ။ တရုတ်က လူ့အခွင့်အရေးအကြောင်းတွေ လက်ချာမရိုက်ဘဲ စီးပွားရေးစကားဘဲပြောပါတယ်။ နောက်ပြီး တရုတ်မှာ အီရန်နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံ ရေးရှိပါတယ်။ ဒါကြောင့် တရုတ်ရဲ့ အောင်သွယ်ပေးမှုနဲ့ ဒီနှစ် မတ်လထဲမှာ ဆော်ဒီနဲ့ အီရန်တို့ဟာ သူတို့ရဲ့ ရှည်ကြာလှတဲ့ ရန်မီးကိုအဆုံးသတ်လိုက်ကြပြီး အပြန်အလှန်သံတမန်ဆက်သွယ်ရေးကို ထူထောင်ခဲ့ကြပါတော့တယ်။ ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာဘဲ အီရန်ဟာ ရီယာဒ်မှာ သံရုံးပြန်ဖွင့်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘလင်ကန်က ရီယာဒ်မှာရှိနေပါတယ်။ ဒီသတင်းက အမေရိကန်တွေဆီလည်း ရောက်မှာပါ။ အမေရိကန်က အီရန်နဲ့ နျူကလီးယားစာချုပ် ပြန်လည်သက်ဝင်ရေး ကြိုးပမ်းမှုလည်း အောင်မြင်အောင်မလုပ်နိုင်ခဲ့သလို အခု တဖန် ဆော်ဒီကိုလည်း ထိန်းမထားနိုင်တော့ပါဘူး။

အခုတော့ ဝါရှင်တန်က ဘလင်ကန်ကိုလွှတ်ပြီး ဆော်ဒီကို အတိုက်အခံလုပ်တဲ့နည်းအစား တခြားနည်းနဲ့ ချည်းကပ်ဖို့ ကြိုးစားနေပါတယ်။ ချော့မော့ ဆွေးနွေးအဖြေရှာတဲ့နည်းပါ။
ဒါပေမဲ့ ဆော်ဒီအနေနဲ့က အမေရိကန်အပေါ် နာစရာတွေလည်းရှိ၊ ယုံကြည်မှုလည်း ပျက်ခဲ့တဲ့အပြင်၊ သူ့နေရာအစားထိုးစရာ တရုတ်ကလည်း ရှိလာနေတာကြောင့် မူလဆက်ဆံရေးအတိုင်း ပြန်ကောင်းလာဖို့ မမြင်သေးပါကြောင်း။

Ref- Why China's Deepening Ties with Saudi Arabia Has Got US Worried | Vantage with Palki Sharma
- Saudi - US Feud: MBS Threatened US with Economic Costs | Vantage on Firstpost
- Brent crude price rises after Saudi Arabia agrees to cut oil output
- Oil rises on Saudi plan to deepen output cuts from July

zawgyi version
ေဆာ္ဒီ အာေရဗ်အေပၚ အေမရိကန္ ၾသဇာ ဘာေၾကာင့္က် (ဘာသာျပန္ေဆာင္းပါး)
ရဲထြန္း (သီေပါ) (NP News) - ဇြန္ ၁၇

လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာက အေမရိကန္နဲ႔ ေဆာ္ဒီအာေရဗ်ႏိုင္ငံတို႔အၾကားမွာ ေရနံအတြက္ လုံၿခဳံေရးလို႔ ႐ိုး႐ိုးရွင္းရွင္းျမင္ႏိုင္တဲ့ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိခဲ့ပါတယ္။ ေဆာ္ဒီက ေရနံေရာင္းေပးတယ္။ အတုံ႔အလွည့္အားျဖင့္ အေမရိကန္က ေဆာ္ဒီအာေရဗ်ရဲ႕ လုံၿခဳံေရးကို အာမခံေပးတယ္။ ဒီသေဘာတူညီခ်က္ဟာ ႏွစ္ေပါင္း ၇ဝ ေက်ာ္ေလာက္တည္ၿမဲခဲ့ပါတယ္။ ဒါေပမယ့္ အခုေတာ့ ဒီဆက္ဆံေရးက အက္ေၾကာင္းထင္လာပါၿပီ။ အဲဒီအေျခအေနက တ႐ုတ္အတြက္ အခြင့္သာခ်က္ျဖစ္လာပါတယ္။ ဒီေဆာင္းပါးမွာ အဲဒီကိစၥေဆြးေႏြးၾကပါစို႔။

ဇြန္လ ဒုတိယပတ္ထဲမွာ ေဆာ္ဒီအာေရဗ်က ရီယာဒ္ၿမိဳ႕မွာ ထိပ္သီးအစည္းအေဝးတစ္ခု လက္ခံက်င္းပပါတယ္။ ၁ဝ ႀကိမ္ေျမာက္ အာရပ္-တ႐ုတ္ ကြန္ဖရင့္ပါ။ အစည္းအေဝး ပထမေန႔မွာဘဲ သေဘာတူညီခ်က္ ၃ဝ ကို လက္မွတ္‌ေရးထိုးခဲ့ၾကတာက အေမရိကန္ေဒၚလာ ၁ဝ ဘီလ်ံတန္ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ အေရာင္းအဝယ္စာခ်ဳပ္ေတြပါ။

ဒါေပမယ့္ ဒါက အေရးႀကီးဆုံး အေၾကာင္းအရာမဟုတ္ေသးပါဘူး။ အေရးအႀကီးဆုံး ေခါင္းစဥ္က ေဆာ္ဒီ အာေရဗ်ဝန္ႀကီးခ်ဳပ္ မိုဟာမက္ ဘင္ဆယ္လ္မန္း (Mohammed bin Salman) ရဲ႕ အစ္ကိုတစ္ေယာက္ျဖစ္တဲ့ စြမ္းအင္ဝန္ႀကီး မင္းသား အဗၺဒူလ္ အဇစ္ ဘင္ဆယ္လ္မန္ Abdul Aziz bin Salman ရဲ႕ ေျပာၾကားခ်က္ပါ။ ေဆာ္ဒီက တ႐ုတ္နဲ႔ ဆက္ဆံေရးနက္ရႈိင္းလာတဲ့အေပၚ အေနာက္က စိုးရိမ္မကင္းျဖစ္ေနမႈနဲ႔ပတ္သက္ၿပီး ေမးျမန္းတဲ့အခါ သူက “ ကြၽန္ေတာ့္အေနနဲ႔ ဒီကိစၥကို တကယ္ကို လစ္လ်ဴရႈထားပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ စီးပြားေရး သမားတစ္ေယာက္အေနနဲ႔ အခြင့္အေရးရွိတဲ့ေနရာကိုသြားရမွာဓမၼတာဘဲေလ။ ကြၽန္ေတာ္တို႔မွာ ဘာလုပ္ရမလဲဆိုၿပီး ေ႐ြးခ်ယ္ရ ခက္ေနတဲ့ ျပႆနာမရွိပါဘူး” လို႔ေျဖပါတယ္။

ဒါက ေဆာ္ဒီဟာ အေနာက္တိုင္းရဲ႕ သံသယျဖစ္မႈကို လစ္လ်ရႈထားတယ္လို႔ဆိုလိုက္တာပါ။ ဒါ့ျပင္ သူတို႔က တ႐ုတ္နဲ႔စီးပြားေရးေတြ ဒီထက္ပိုလုပ္ခ်င္ပါတယ္။ သူထပ္ေျပာတာက “တ႐ုတ္က ေရနံလိုအပ္ခ်က္ျမင့္မားလာတဲ့အခါ ကြၽန္ေတာ္တို႔က ဒီအခြင့္အေရးကိုဖမ္းဆုတ္ရပါလိမ့္မယ္။ တ႐ုတ္မွာ ကြၽန္ေတာ္တို႔ ဓါတုေဗဒလုပ္ငန္းေတြ ရင္းႏွီးျမႇဳပ္ႏွံခ်င္တယ္။ ေရနံစိမ္းကေန ကုန္ေခ်ာထုတ္လုပ္တဲ့ ဓါတုေဗဒ လုပ္ငန္းေတြလုပ္ဖို႔ ရည္မွန္းခ်က္ႀကီးႀကီး ေတြရွိပါတယ္” လို႔ေျပာပါတယ္။

ဒါက တ႐ုတ္နဲ႔ဆက္ဆံေရး ပိုမိုနက္ရႈိင္းလာမွာပါဆိုတဲ့ ေဆာ္ဒီရဲ႕ ရွင္းလင္းျပတ္သားတဲ့ သတင္းစကားပါ။ ဒီေတာ့ ေသခ်ာေပါက္ေျပာႏိုင္တာက ဝါရွင္တန္ဟာ ဒီအေပၚမွာ ႏွစ္သက္ေက်နပ္ေနမွာမဟုတ္ဘူးဆိုတာပါ။ ဒါေၾကာင့္ဘဲ လြန္ခဲ့တဲ့အပတ္ထဲ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္က ေဆာ္ဒီအိမ္ေရွ႕မင္းသား မိုဟာမက္ ဘင္ ဆယ္လ္မန္ကို ရီယာဒ္မွာ သြားေတြ႕ခဲ့သလို ေဆာ္ဒီအရာရွိေတြနဲ႔လည္း စကားေျပာခဲ့ပါတယ္။ သူေပးလိုတဲ့ သတင္းစကားက “ အေမရိကန္က ဒီေဒသကို စြန႔္ခြာသြားမွာမဟုတ္ဘူး။ ရီယာဒ္ အေနနဲ႔ ဝါရွင္တန္ကို ယုံၾကည္စိတ္ခ်ႏိုင္ပါတယ္” ဆိုတာပါ။ ဒါေပမဲ့ အေမရိကန္ရဲ႕ ႀကိဳးပမ္းမႈက ေဆာ္ဒီရဲ႕ တ႐ုတ္နဲ႔ ပိုမိုနက္ရႈိင္းလာတဲ့ ဆက္ဆံေရးကို မဟန႔္တာားႏိုင္ပါဘူး။ ဘာျဖစ္လို႔လည္းဆိုေတာ့ အေမရိကန္နဲ႔ ေဆာ္ဒီအၾကားက အျပန္အလွန္ ယုံၾကည္မႈမွာ အက္ေၾကာင္းေတြ ရွိခဲ့လို႔ျဖစ္ပါတယ္။ အျငင္းပြားမႈေတြက ေပၚေပၚတင္တင္ျဖစ္ခဲ့တာပါ။ ၂ဝ၁၉ ခုႏွစ္ ႏိုဝင္ဘာလ ၂၁ ရက္တုန္းက သူသမၼတျဖစ္ခဲ့ရင္ ေဆာ္ဒီအာေရဗ်ကို လက္နက္ေရာင္းေပးေတာ့မွာမဟုတ္ဘူး၊ ေဆာ္ဒီဟာ ဝါရွင္တန္ပို႔စ္ သတင္းေထာက္ ဂ်ာမယ္ ခါရႈိဂ်ီကို တူရကီႏိုင္ငံ အစၥတန္ဘူလ္သံ႐ုံးမွာ သတ္ျဖတ္ ခဲ့မႈအတြက္ တန္ရာတန္ေၾကးေပးရလိမ့္မယ္။ သူတို႔ကို ဝိုင္းပယ္ရလိမ့္မယ္လို႔ ဂ်ိဳးဘိုင္ဒန္က ေျပာခဲ့ဖူးပါတယ္။

လြန္ခဲ့တဲ့ႏွစ္က ဂ်ိဳးဘိုင္ဒန္ဟာ ေဆာ္ဒီအာေရဗ်ကို သြားေရာက္လည္ပတ္ခဲ့ၿပီး အိမ္ေရွ႕မင္းသား မိုဟာမက္ ဘင္ဆယ္လ္မန္နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ဘိုင္ဒန္က ဝိုင္းပယ္မယ္လို႔ေျပာခဲ့တဲ့ ေဆာ္ဒီကို ျပန္လည္ ေခ်ာ့ျမႇဴဖို႔ ႀကိဳးစားခဲ့ျခင္းပါ။ ေဆာ္ဒီက ကမာၻ႔ေစ်းကြက္ထဲတင္ပို႔ေနတဲ့ ေရနံ ပမာဏကို မေလွ်ာ့ခ်ဘဲ၊ မူလအတိုင္းထိန္းထားဖို႔ ဆြယ္တရားေဟာခဲ့ပါတယ္။ ဒီကိစၥက ဘိုင္ဒန္ျဖစ္ေစခ်င္တဲ့အတိုင္း ျဖစ္မလာခဲ့ပဲ ေဆာ္ဒီက ေရနံထုတ္လုပ္မႈကို ၿပီးခဲ့တဲ့ ေအာက္တိုဘာလအတြင္းက ေလွ်ာ့ခ်ျဖတ္ေတာက္လိုက္တဲ့ အတြက္ ကမာၻ႔ေရနံေစ်းကြက္မွာ ေရနံ၊ ဓါတ္ဆီေစ်းေတြတက္ခဲ့ပါတယ္။ ဒါေၾကာင့္ ဂ်ိဳးဘိုင္ဒန္က သူ႔စကားနားမေထာင္တဲ့ ေဆာ္ဒီအေနနဲ႔ အက်ိဳးဆက္ေတြ ခံစားရလိမ့္မယ္လို႔ ၿခိမ္းေျခာက္ ေျပာဆို ခဲ့ပါတယ္။

ဘိုင္ဒန္ရဲ႕ ၿခိမ္းေျခာက္မႈကို ေဆာ္ဒီက ဘယ္လိုတုန႔္ျပန္ပါသလဲ။ သတင္းေတြအဆိုအရ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဘလင္ကန္ ရီယာဒ္ကိုမသြားခင္ လေတြမွာ ဝါရွင္တန္နဲ႔ ဆက္ဆံေရးနဲ႔ ပတ္သက္ၿပီး ျပင္းထန္တဲ့ အသုံးအႏႈန္းေတြပါတဲ့ သေဘာထားကို ေဆာ္ဒီအိမ္ရွ႕မင္းသားက ေျပာခဲ့တယ္လို႔ဆိုပါတယ္။ သူက အေမရိကန္ နဲ႔ဆက္ဆံေရးကို အေျခခံအားျဖင့္ အေျပာင္းအလဲလုပ္မယ္လို႔ ေျပာပါတယ္။ အေျခခံအားျဖင့္ အေျပာင္းအလဲ လုပ္မယ္ဆိုတာက “သူက အေမရိကန္အစိုးရနဲ႔ ေနာက္ဆက္ဆံေတာ့မွာမဟုတ္ဘူး၊ ဝါရွင္တန္ကို စီးပြားေရးအရ အက်ိဳးဆက္ေတြ ခံစားေစရမယ္” လို႔လည္း ႀကိမ္းလိုက္ပါတယ္။ အဓိပၸာယ္က ေဆာ္ဒီက ေရနံထုတ္လုပ္မႈ ေလွ်ာ့ခ် ျဖတ္ေတာက္တာကို အေမရိကန္က တစ္ခုခုအေရးယူမယ္ဆိုရင္ ေဆာ္ဒီကလည္းလက္တုန႔္ျပန္မယ္လို႔ ဆိုလိုက္တာပါ။

ဒီလိုေျပာလိုက္တာနဲ႔ပတ္သက္ၿပီး အေမရိကန္ အစိုးရအရာရွိေတြက အေရးမႀကီးသလိုလုပ္ၾကပါတယ္။ ဒါဟာ လူတေယာက္စိတ္ဆိုးေနတုန္းေျပာတဲ့စကား၊ တကယ္မလုပ္ပါဘူးလို႔ယူဆၾကပါတယ္။ ဒါေပမဲ့ ‌ ဒီၾကား ကာလမွာ အေမရိကန္ေတြဟာ ေဆာ္ဒီနဲ႔ ဆက္ဆံေရးျပန္လည္ေကာင္းမြန္လာဖို႔ ႀကိဳးစားေနၾကတာေတြ႕ျမင္ႏိုင္ပါတယ္။ ဘိုင္ဒန္က ေဆာ္ဒီကို တစ္ေခါက္ပဲ သြားလည္ခဲ့ေပမယ့္ သူ႔ရဲ႕ ထိပ္တန္း အစိုးရအရာရွိေတြျဖစ္ၾကတဲ့ အမ်ိဳးသား လုံၿခဳံေရးအႀကံေပး ဂ်ိတ္ဆူလီဗန္၊ စီအိုင္ေအ ၫႊန္ၾကားေရးမႈး ဝီလီယံ ေဂ်ဗန္း တို႔ကိုေစလႊတ္ခဲ့ၿပီး အခု ေနာက္ဆုံးမွာ ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ဘလင္ကန္ကို သြားေရာက္လည္ပတ္ေစခဲ့ပါတယ္။

အခုေတာ့ ေဆာ္ဒီက၊ လာမဲ့ ဇူလိုင္လမွာ သူ႔ရဲ႕ေရနံထုတ္လုပ္မႈကို တစ္ရက္ စည္တစ္သန္းအထိ ေလွ်ာ့ခ်ဖို႔ဆုံးျဖတ္ခ်က္ခ်လိုက္ၾကပါၿပီ။ သမၼတ ဘိုင္ဒန္က ၿခိမ္းေျခာက္ထားတဲ့အတိုင္း ဒဏ္ခတ္တာမလုပ္ခင္မွာ ေဆာ္ဒီ အိမ္ေရွ႕ မင္းသားက ေဆာ္ထည့္လိုက္ပါၿပီ။ ဒါက သမၼတ ဂ်ိဳးဘိုင္ဒန္ရဲ႕ ဆႏၵကို ေျဗာင္ဆန႔္က်င္လိုက္တာပါ။

ဒါေတြေၾကာင့္ ေဆာ္ဒီနဲ႔ အေမရိကန္အၾကား ဆက္ဆံေရးေတြကို ပိုမိုဆိုး႐ြားသြားေစပါတယ္။ ေဆာ္ဒီ အရာရွိေတြက အေမရိကန္ဟာ မွီခိုအားထားလို႔ မရေတာ့ဘူးဆိုတာကို အခ်က္အလက္ေပါင္းမ်ားစြာ ေထာက္ျပၿပီး ေျပာဆိုေနၾကပါတယ္။ အေမရိကန္ဟာ အာဖဂန္နစၥတန္က ကတိုက္က႐ိုက္ ဆုတ္ခြာခဲ့တာေၾကာင့္ အာဖဂန္အစိုးရ ျပဳတ္က်သြားတာ၊ အီဂ်စ္က ေဟာ့စနီမူဘာရတ္ကို ေထာက္ခံမႈ႐ုတ္သိမ္းဖို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ ၂ဝ၁၁ ခုႏွစ္မွာ မူဘာရတ္ ျပဳတ္က်သြားတာ စတာေတြပါဝင္ပါတယ္။ ဒါေတြကိုေထာက္ျပၿပီး ေဆာ္ဒီရဲ႕ အျမင္မွာ အေမရိကန္ဟာ အေရွ႕အလယ္ပိုင္းေဒသအတြင္းမွာ လုံၿခဳံေရးကြန္ယက္ကို ထိန္းခ်ဳပ္ထားႏိုင္တဲ့ အေနအထားကေန က်ရႈံး ေနၿပီလို႔ ယူဆၾကပါတယ္။
ဒါ့ျပင္ အီရန္နဲ႔ ပတ္သက္ၿပီးလည္း အေမရိကန္ အေပၚမွာ ေဆာ္ဒီက အားမရပါဘူး။ ဝါရွင္တန္အေနနဲ႔ အီရန္ကို ထိန္းခ်ဳပ္ဖို႔ အနည္းအက်ဥ္းဘဲ လုပ္ႏိုင္တယ္လို႔ ျမင္ၾကပါတယ္။ အဲဒီလို စိတ္မသက္မသာျဖစ္ေနစဥ္မွာ ဘိုင္ဒန္အစိုးရအတြက္ ပိုဆိုးသြားေစတာက တ႐ုတ္ဝင္လာတာပါ။ တ႐ုတ္က လူ႔အခြင့္အေရးအေၾကာင္းေတြ လက္ခ်ာမ႐ိုက္ဘဲ စီးပြားေရးစကားဘဲေျပာပါတယ္။ ေနာက္ၿပီး တ႐ုတ္မွာ အီရန္နဲ႔လည္း ေကာင္းမြန္တဲ့ ဆက္ဆံ ေရးရွိပါတယ္။ ဒါေၾကာင့္ တ႐ုတ္ရဲ႕ ေအာင္သြယ္ေပးမႈနဲ႔ ဒီႏွစ္ မတ္လထဲမွာ ေဆာ္ဒီနဲ႔ အီရန္တို႔ဟာ သူတို႔ရဲ႕ ရွည္ၾကာလွတဲ့ ရန္မီးကိုအဆုံးသတ္လိုက္ၾကၿပီး အျပန္အလွန္သံတမန္ဆက္သြယ္ေရးကို ထူေထာင္ခဲ့ၾကပါေတာ့တယ္။ ၿပီးခဲ့တဲ့ သတင္းပတ္ထဲမွာဘဲ အီရန္ဟာ ရီယာဒ္မွာ သံ႐ုံးျပန္ဖြင့္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ဘလင္ကန္က ရီယာဒ္မွာရွိေနပါတယ္။ ဒီသတင္းက အေမရိကန္ေတြဆီလည္း ေရာက္မွာပါ။ အေမရိကန္က အီရန္နဲ႔ န်ဴကလီးယားစာခ်ဳပ္ ျပန္လည္သက္ဝင္ေရး ႀကိဳးပမ္းမႈလည္း ေအာင္ျမင္ေအာင္မလုပ္ႏိုင္ခဲ့သလို အခု တဖန္ ေဆာ္ဒီကိုလည္း ထိန္းမထားႏိုင္ေတာ့ပါဘူး။

အခုေတာ့ ဝါရွင္တန္က ဘလင္ကန္ကိုလႊတ္ၿပီး ေဆာ္ဒီကို အတိုက္အခံလုပ္တဲ့နည္းအစား တျခားနည္းနဲ႔ ခ်ည္းကပ္ဖို႔ ႀကိဳးစားေနပါတယ္။ ေခ်ာ့ေမာ့ ေဆြးေႏြးအေျဖရွာတဲ့နည္းပါ။
ဒါေပမဲ့ ေဆာ္ဒီအေနနဲ႔က အေမရိကန္အေပၚ နာစရာေတြလည္းရွိ၊ ယုံၾကည္မႈလည္း ပ်က္ခဲ့တဲ့အျပင္၊ သူ႔ေနရာအစားထိုးစရာ တ႐ုတ္ကလည္း ရွိလာေနတာေၾကာင့္ မူလဆက္ဆံေရးအတိုင္း ျပန္ေကာင္းလာဖို႔ မျမင္ေသးပါေၾကာင္း။

Ref- Why China's Deepening Ties with Saudi Arabia Has Got US Worried | Vantage with Palki Sharma
- Saudi - US Feud: MBS Threatened US with Economic Costs | Vantage on Firstpost
- Brent crude price rises after Saudi Arabia agrees to cut oil output
- Oil rises on Saudi plan to deepen output cuts from July

Related news

© 2021. All rights reserved.