ဘင်္ဂါလီဒုက္ခသည်စခန်းတွင် နောက်ဆုံးခြောက်နှစ်အတွင်း လူသတ်မှုများကြောင့် အနည်းဆုံး လူ(၁၆၁)ဦး သေဆုံးခဲ့

594

Pika (NP News) - ဇွန် ၁၈
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားကမ်းမြောင်ဒေသရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတွင် (၆)နှစ်အတွင်း လူသတ်မှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၆၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
၂ဝ၁၇ ခုနှစ်တွင် ဘင်္ဂါလီများသည် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြပြီး လက်ရှိ အချိန်တွင် ကော့ဘဇားကမ်းမြောင်ဒေသမှာ ဘင်္ဂါလီတစ်သန်းခန့် နေထိုင်ကြကြောင်း သိရသည်။ ဘင်္ဂါလီ ဒုက္ခသည်စခန်းတွင် အချို့ဘင်္ဂါလီများသည် yaba ကုန်သွယ်မှု၊ ပြန်ပေးဆွဲမှု၊ ပြည့်တန်ဆာလုပ်ငန်း စသည့် ရာဇဝတ်မှုများစွာတွင် ပါဝင်ပတ်သက်ခဲ့ကြကြောင်း သိရသည်။
ဘင်္ဂါလီဒုက္ခသည်စခန်းတွင် ရာထူးနေရာများအတွက်လည်း အချင်းချင်းတိုက်ခိုက်မှုများ ရှိခဲ့ကြောင်းလည်း သိရသည်။
၂ဝ၁၇ ခုနှစ် ဩဂုတ်လ(၂၅)ရက်မှ စတင်ပြီး လက်ရှိအချိန်အထိ ဘင်္ဂါလီဒုက္ခသည်စခန်းတွင် ဖြစ်ပွားခဲ့သော လူသတ်မှုများကြောင့် အနည်းဆုံးလူ(၁၆၁)ဦး သေဆုံးခဲ့သည်။ Bhasanchar ကျွန်းရှိ ဘင်္ဂါလီဒုက္ခသည်စခန်းမှာ Zahid Hossain အမည်ရှိ အသက်(၁၅)နှစ်အရွယ် ဘင်္ဂါလီတစ်ဦးအား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သည့် ဘင်္ဂါလီနှစ်ဦးကို ရဲတပ်ဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးကို ဇွန်လ(၁၆)ရက်က တရားရုံးတွင် စစ်ဆေးပြီးနောက် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။ Zahid Hossain သည် ဇွန်လ(၈)ရက်တွင် ၎င်း၏နေအိမ်မှထွက်ခွာခဲ့ပြီး ပြန်ရောက်လာခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း Bhasanchar ရဲစခန်းမှ ရဲအရာရှိ Mohammad Humayun Kabir က ပြောကြားခဲ့သည်။
သို့သော်လည်း ဇွန်လ(၁၂)ရက်တွင် Bhasanchar ကျွန်းရှိ ဘင်္ဂါလီဒုက္ခသည်စခန်း၏ အဆောက်အဦးတစ်ခုအနီး တွင် ၎င်း၏ ရုပ်အလောင်းကို ရဲများက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့နောက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာ Zahid Hossain အသုံးပြုခဲ့သော ဖုန်းနှင့်အတူ Abdullah အမည်ရှိ အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။
နောက်ပိုင်းတွင် Abdullah ပေးခဲ့သော အချက်အလက်များအရ ဆယ်ကျော်သက် ဘင်္ဂါလီနှစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ ကြောင်း သိရသည်။ ပါကစ္စတန်နိုင်ငံမှ အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်သော IS အကြမ်းဖက်အဖွဲ့သည် ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့အာဆာကို ပံ့ပိုးကူညီများ ရှိနေကြောင်းလည်း သိရသည်။ အာဆာအကြမ်းဖက်အဖွဲ့သည် ပါကစ္စတန်၏ ထောက်လှမ်းရေးအေဂျင်စီ Inter-Services Intelligence နှင့်Tehreek-e-Taliban Pakistan ကဲ့သို့သော အကြမ်းဖက်အဖွဲ့များနှင့် အချိန်အတော်ကြာ ဆက်စပ်မှုများရှိနေခဲ့ကြောင်း သိရသည်။
(၂ဝ၁၇) ခုနှစ် ဩဂုတ်လတွင် ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့အာဆာသည် မြန်မာလုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ ပြီးနောက် မြန်မာစစ်တပ်သည် စစ်ဆင်ရေးများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် အာဆာအကြမ်းဖက်အဖွဲ့၏ ဩဇာလွှမ်းမိုးမှုများ တိုးမြင့်လာခဲ့ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရ စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သိရသည်။

Zawgyi Version;
ဘဂၤါလီဒုကၡသည္စခန္းတြင္ ေနာက္ဆုံးေျခာက္ႏွစ္အတြင္း လူသတ္မႈမ်ားေၾကာင့္ အနည္းဆုံး လူ(၁၆၁)ဦး ေသဆုံးခဲ့
Pika (NP News) - ဇြန္ ၁၈
ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဘဇားကမ္းေျမာင္ေဒသရွိ ဘဂၤါလီဒုကၡသည္စခန္းတြင္ (၆)ႏွစ္အတြင္း လူသတ္မႈမ်ား ျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၁၆၁)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
၂ဝ၁၇ ခုႏွစ္တြင္ ဘဂၤါလီမ်ားသည္ ျမန္မာႏိုင္ငံမွ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ၾကၿပီး လက္ရွိ အခ်ိန္တြင္ ေကာ့ဘဇားကမ္းေျမာင္ေဒသမွာ ဘဂၤါလီတစ္သန္းခန႔္ ေနထိုင္ၾကေၾကာင္း သိရသည္။ ဘဂၤါလီ ဒုကၡသည္စခန္းတြင္ အခ်ိဳ႕ဘဂၤါလီမ်ားသည္ yaba ကုန္သြယ္မႈ၊ ျပန္ေပးဆြဲမႈ၊ ျပည့္တန္ဆာလုပ္ငန္း စသည့္ ရာဇဝတ္မႈမ်ားစြာတြင္ ပါဝင္ပတ္သက္ခဲ့ၾကေၾကာင္း သိရသည္။
ဘဂၤါလီဒုကၡသည္စခန္းတြင္ ရာထူးေနရာမ်ားအတြက္လည္း အခ်င္းခ်င္းတိုက္ခိုက္မႈမ်ား ရွိခဲ့ေၾကာင္းလည္း သိရသည္။
၂ဝ၁၇ ခုႏွစ္ ဩဂုတ္လ(၂၅)ရက္မွ စတင္ၿပီး လက္ရွိအခ်ိန္အထိ ဘဂၤါလီဒုကၡသည္စခန္းတြင္ ျဖစ္ပြားခဲ့ေသာ လူသတ္မႈမ်ားေၾကာင့္ အနည္းဆုံးလူ(၁၆၁)ဦး ေသဆုံးခဲ့သည္။ Bhasanchar ကြၽန္းရွိ ဘဂၤါလီဒုကၡသည္စခန္းမွာ Zahid Hossain အမည္ရွိ အသက္(၁၅)ႏွစ္အ႐ြယ္ ဘဂၤါလီတစ္ဦးအား သတ္ျဖတ္မႈတြင္ ပါဝင္ပတ္သက္သည့္ ဘဂၤါလီႏွစ္ဦးကို ရဲတပ္ဖြဲ႕က ၿပီးခဲ့သည့္ရက္ပိုင္းက ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
၎တို႔ႏွစ္ဦးကို ဇြန္လ(၁၆)ရက္က တရား႐ုံးတြင္ စစ္ေဆးၿပီးေနာက္ အက်ဥ္းေထာင္သို႔ ပို႔ေဆာင္ခဲ့သည္။ Zahid Hossain သည္ ဇြန္လ(၈)ရက္တြင္ ၎၏ေနအိမ္မွထြက္ခြာခဲ့ၿပီး ျပန္ေရာက္လာခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္း Bhasanchar ရဲစခန္းမွ ရဲအရာရွိ Mohammad Humayun Kabir က ေျပာၾကားခဲ့သည္။
သို႔ေသာ္လည္း ဇြန္လ(၁၂)ရက္တြင္ Bhasanchar ကြၽန္းရွိ ဘဂၤါလီဒုကၡသည္စခန္း၏ အေဆာက္အဦးတစ္ခုအနီး တြင္ ၎၏ ႐ုပ္အေလာင္းကို ရဲမ်ားက ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ခဲ့ရာ Zahid Hossain အသုံးျပဳခဲ့ေသာ ဖုန္းႏွင့္အတူ Abdullah အမည္ရွိ အမ်ိဳးသားတစ္ဦးကို ဖမ္းမိခဲ့ေၾကာင္း သိရသည္။
ေနာက္ပိုင္းတြင္ Abdullah ေပးခဲ့ေသာ အခ်က္အလက္မ်ားအရ ဆယ္ေက်ာ္သက္ ဘဂၤါလီႏွစ္ဦးကို ထပ္မံဖမ္းဆီးခဲ့ ေၾကာင္း သိရသည္။ ပါကစၥတန္ႏိုင္ငံမွ အၾကမ္းဖက္အဖြဲ႕တစ္ခုျဖစ္ေသာ IS အၾကမ္းဖက္အဖြဲ႕သည္ ဘဂၤါလီ လက္နက္ကိုင္အဖြဲ႕အာဆာကို ပံ့ပိုးကူညီမ်ား ရွိေနေၾကာင္းလည္း သိရသည္။ အာဆာအၾကမ္းဖက္အဖြဲ႕သည္ ပါကစၥတန္၏ ေထာက္လွမ္းေရးေအဂ်င္စီ Inter-Services Intelligence ႏွင့္Tehreek-e-Taliban Pakistan ကဲ့သို႔ေသာ အၾကမ္းဖက္အဖြဲ႕မ်ားႏွင့္ အခ်ိန္အေတာ္ၾကာ ဆက္စပ္မႈမ်ားရွိေနခဲ့ေၾကာင္း သိရသည္။
(၂ဝ၁၇) ခုႏွစ္ ဩဂုတ္လတြင္ ဘဂၤါလီလက္နက္ကိုင္အဖြဲ႕အာဆာသည္ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕မ်ားကို တိုက္ခိုက္ခဲ့ ၿပီးေနာက္ ျမန္မာစစ္တပ္သည္ စစ္ဆင္ေရးမ်ားကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။ ဘဂၤါလီဒုကၡသည္စခန္းမ်ားတြင္ အာဆာအၾကမ္းဖက္အဖြဲ႕၏ ဩဇာလႊမ္းမိုးမႈမ်ား တိုးျမင့္လာခဲ့ျခင္းေၾကာင့္ ဘဂၤလားေဒ့ရွ္အစိုးရ စိုးရိမ္ပူပန္မႈမ်ား ရွိေနေၾကာင္း သိရသည္။