ထိုင်းဆန္ဒမဲရလဒ်ကို ရွေးကောက်ပွဲကော်မရှင်က ထောက်ခံတဲ့အတွက် ပါလီမန်ကို မကြာမီ ကျင်းပမည်

882

Htay Oung (NP News) - ဇွန် ၂ဝ
လွန်ခဲ့တဲ့လ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်များကို တနင်္လာနေ့မှာ ထိုင်းနိုင်ငံ ဆန္ဒမဲပေးရေးအဖွဲ့က အတည်ပြု လိုက်တဲ့အတွက် အစိုးရသစ်မဖွဲ့မီ လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း ပထမဆုံးသော လွှတ်တော်အစည်း အဝေးကို ကျင်းပနိုင်ဖို့အတွက် လမ်းခင်းပေးလိုက်တယ်လို့ Reuters က ယမန်နေ့ ရေးသားပါတယ်။
အောက်လွှတ်တော်အတွက် အမတ်နေရာ ၅ဝဝ အားလုံးမှာ အနိုင်ရသူအသီးသီးတို့ကို ထောက်ခံချက်ပေးထား တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ အဲဒီအမတ်တွေက အစည်းအဝေးကျင်းပပြီး ၁၅ ရက်အတွင်း လွှတ်တော်ဥက္ကဋ္ဌတစ်ဦးကို ရွေးကောက်တင်မြှောက်ရမှာဖြစ်ပါတယ်။ အဲဒီနောက် ဝန်ကြီးချုပ်တစ်ဦးကို ဆန္ဒမဲ ပေးဖို့အတွက် အထက်-အောက် လွှတ်တော်နှစ်ရပ်ရဲ့ ပူးတွဲအစည်းအဝေးမှာ တောင်းဆိုရမှာဖြစ်ပါတယ်။
လမ်းဟောင်းမလိုက် တိုးတက်ပြောင်းလဲရေးကို ဦးစားပေးတဲ့ Move Forward ပါတီဟာ မေလ ၁၄ ရက် ရွေးကောက်ပွဲမှာ သိသာထင်ရှားတဲ့ ပမာဏနဲ့ အနိုင်ရရှိခဲ့ပြီး သူ့ရဲ့နောက်မှာ လူကြိုက်များတဲ့ ဖြူထိုင်းပါတီက ကပ်လျက်လိုက်ပါလာပါတယ်။ တော်ဝင်ဝါဒီ ထိုင်းစစ်တပ်က ဦးဆောင် (သို့မဟုတ်) ကျောထောက်နောက်ခံ ပေးထားတဲ့ယခင်အစိုးရရဲ့ ၉ နှစ်ကြာ အုပ်ချုပ်မှုအပြီး ဘုရင်စနစ်လိုလားသူများနဲ့ သူတို့ရဲ့မဟာမိတ်ပါတီတွေက လည်း ပြိုင်ဘက်များကို အရေးနိမ့်ခဲ့ပါတယ်။
အမေရိကန်ဟားဗတ်တက္ကသိုလ်ထွက် Move Forward ပါတီခေါင်းဆောင် ပစ်ထာ_လင်ဂျာရွန်ရတ် (၄၂ နှစ်) ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံထားတဲ့အတိုက်အခံတို့က ၈ ပါတီ မဟာမိတ်ဖွဲ့ထားပြီး နောက်လမှာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့ မျှော်လင့်ထားကြပါတယ်။
ဆန္ဒမဲရလဒ်များကို အတည်ပြုလိုက်ခြင်းအားဖြင့် ထိုင်းနိုင်ငံရွေးကောက်ပွဲအပြီး မသေချာ မရေရာမှုအချို့ကို ဖယ်ရှားနိုင်ပေမယ့် ဝန်ကြီးချုပ်ဖြစ်လာဖို့ လွှတ်တော် ၂ ရပ်ပေါင်း ထောက်ခံမဲ ၃၇၆ မဲအပြည့် ရရှိဖို့ ပစ်ထာအနေနဲ့ စုစည်းနိုင်ခြင်း ရှိ-မရှိ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး
၈ ပါတီ မဟာမိတ်အဖွဲ့က အမတ်နေရာ ၃၁၂ နေရာကို ထိန်းချုပ်ထားနိုင်ပေမဲ့ ၆၄ မဲ လိုအပ်နေပါသေးတယ်။ အဲဒီ မဲတွေကို ပြိုင်ဘက်ပါတီများ (သို့မဟုတ်) ၂ဝ၁၄ ခုနှစ် အာဏာသိမ်းအပြီး ထိုင်းစစ်တပ်ရဲ့ပြဋ္ဌာန်းဥပဒေအရ ခန့်အပ် ထားတဲ့ ကွန်ဆာဗေးတစ်ယိမ်း အထက်လွှတ်တော်အမတ် ၂၅ဝ ထဲမှ အချို့က ထောက်ခံမဲပေးမှ ဖြစ်ပါလိမ့်မယ်။
Move Forward ပါတီရဲ့အောင်ပွဲဟာ ရှေးရိုးစွဲဝါဒီများ၊ စစ်ဗိုလ်ချုပ်များနဲ့ ထိပ်တိုက်တွေ့ခဲ့ရတဲ့ အာဏာဗဟိုချုပ် ကိုင်မှုလျှော့ချရေး၊ နိုင်ငံရဲ့ ကရိကထများတဲ့ ပညာရေးစနစ် တိုးတက်စေရေး၊ ဝင်ငွေမညီမျှမှုနဲ့ အကျင့်ပျက်ခြစားမှု များကို ဖြေရှင်းရေး ကတိကဝတ်များပါ၀င်တဲ့ ပြောင်းလဲတီထွင်မှု မူဝါဒများကလည်း တွန်းအားဖြစ်ခဲ့ရပါတယ်။ LGBTQ+ အသိုက်အဝန်းနဲ့ တိုင်းရင်းသားလူနည်းစုတို့လို အပယ်ခံအုပ်စုများအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အရေး များအတွက်လည်း အာမခံပေးထားပါတယ်။
ဒါပေမယ့်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ဘုရင်စနစ်အပေါ် ကန့်သတ်ချက်များ ပြုလုပ်ရန် ပါတီရဲ့ စေ့ဆော်မှုများဟာ အငြင်းပွားမှုများ ဖြစ်ပွားစေပြီး တိုင်းပြည်ကို ကွဲပြားသွားစေခဲ့ပါတယ်။ Move Forward ပါတီ အဆိုပြုချက်များဟာ ထိုင်းနိုင်ငံရဲ့ ရိုးရာအဖွဲ့အစည်းများနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်မှုအဖြစ် ရှေးရိုးစွဲဝါဒီ များနဲ့ ဘုရင်စနစ်လိုလားသူ အချို့က ရှုမြင်ကြပါတယ်။ အဲဒီလို ပါတီရဲ့ရွေးကောက်ပွဲ တစ်ခဲနက် အနိုင်ရရှိမှုဟာ ပြီးခဲ့တဲ့ရာစုနှစ်အတွင်း စစ်အာဏာသိမ်းမှု တစ်ဒါဇင်ကျော် ကြုံတွေ့ခဲ့ရဖူးတဲ့ နိုင်ငံတစ်နိုင်ငံမှာ ဖြစ်ပေါ်လာနိုင်ခြေ ရှိတဲ့ နိုင်ငံရေး မကျေလည်မှုများနဲ့ မတည်မငြိမ်မှုများအတွက် စိုးရိမ်ပူပန်မှုများကို တိုးမြင့်စေခဲ့ပါတယ်။
Move Forward ရဲ့ မဟာမိတ်အဖွဲ့မှ ဥက္ကဋ္ဌနဲ့ လက်ထောက်ဥက္ကဋ္ဌများကို သဘောတူဆုံးဖြတ်ဖို့အတွက် ကြသပတေးနေ့မှာ တွေ့ဆုံမယ်လို့ ပြောကြပါတယ်။
ပစ်ထာဟာ ရွေးကောက်ပွဲ ဝင်ရောက်သူ အရည်အချင်းပြည့် အမတ်တစ်ဦးအနေနဲ့ မီဒီယာ ကုမ္ပဏီတစ်ခုခုမှာ အစုရှယ်ယာတွေ ပိုင်ဆိုင်ထားခြင်းမှ တားမြစ်ထားတဲ့ ထိုင်းဥပဒေဆိုင်ရာ ပြဿနာကြီးတစ်ခုကလည်း ရှိနေပါ တယ်။ အဲဒီဥပဒေတားမြစ်ချက်ကို သိလျက်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ရှိ-မရှိ ရွေးကောက်ပွဲကော်မရှင်က စစ်ဆေး ခံရဖို့ ရှိနေပါတယ်။
ပစ်ထာကတော့ အခုပြောနေကြတဲ့ iTV ကုမ္ပဏီဟာ ထိရောက်တက်ကြွတဲ့ မီဒီယာအဖွဲ့အစည်း မဟုတ်ဘူးလို့ ပြောပါတယ်။ တကယ်လို့ တရားရုံးက အပြစ်ရှိကြောင်း တွေ့ရှိခဲ့မယ်ဆိုရင် ပစ်ထာအနေနဲ့ နှစ် ၂ဝ အထိ နိုင်ငံရေး လုပ်ခွင့်ပိတ်ပင်ခံရမယ့်အပြင် ထောင်ဒဏ်ပါ ချမှတ်ခံရနိုင်ပါတယ်။
#ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင် #ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ #ပစ်ထာ_လင်ဂျာရွန်ရတ် #ဖြူထိုင်းပါတီ
(Reuters., 19 June 2023,” Thai parliament to convene soon as poll body endorses election result” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ထိုင္းဆႏၵမဲရလဒ္ကို ေ႐ြးေကာက္ပြဲေကာ္မရွင္က ေထာက္ခံတဲ့အတြက္ ပါလီမန္ကို မၾကာမီ က်င္းပမည္
Htay Oung (NP News) - ဇြန္ ၂ဝ
လြန္ခဲ့တဲ့လ က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲရလဒ္မ်ားကို တနလၤာေန႔မွာ ထိုင္းႏိုင္ငံ ဆႏၵမဲေပးေရးအဖြဲ႕က အတည္ျပဳ လိုက္တဲ့အတြက္ အစိုးရသစ္မဖြဲ႕မီ လာမယ့္ ရက္သတၱပတ္အနည္းငယ္အတြင္း ပထမဆုံးေသာ လႊတ္ေတာ္အစည္း အေဝးကို က်င္းပႏိုင္ဖို႔အတြက္ လမ္းခင္းေပးလိုက္တယ္လို႔ Reuters က ယမန္ေန႔ ေရးသားပါတယ္။
ေအာက္လႊတ္ေတာ္အတြက္ အမတ္ေနရာ ၅ဝဝ အားလုံးမွာ အႏိုင္ရသူအသီးသီးတို႔ကို ေထာက္ခံခ်က္ေပးထား တယ္လို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေျပာပါတယ္။ အဲဒီအမတ္ေတြက အစည္းအေဝးက်င္းပၿပီး ၁၅ ရက္အတြင္း လႊတ္ေတာ္ဥကၠ႒တစ္ဦးကို ေ႐ြးေကာက္တင္ေျမႇာက္ရမွာျဖစ္ပါတယ္။ အဲဒီေနာက္ ဝန္ႀကီးခ်ဳပ္တစ္ဦးကို ဆႏၵမဲ ေပးဖို႔အတြက္ အထက္-ေအာက္ လႊတ္ေတာ္ႏွစ္ရပ္ရဲ႕ ပူးတြဲအစည္းအေဝးမွာ ေတာင္းဆိုရမွာျဖစ္ပါတယ္။
လမ္းေဟာင္းမလိုက္ တိုးတက္ေျပာင္းလဲေရးကို ဦးစားေပးတဲ့ Move Forward ပါတီဟာ ေမလ ၁၄ ရက္ ေ႐ြးေကာက္ပြဲမွာ သိသာထင္ရွားတဲ့ ပမာဏနဲ႔ အႏိုင္ရရွိခဲ့ၿပီး သူ႔ရဲ႕ေနာက္မွာ လူႀကိဳက္မ်ားတဲ့ ျဖဴထိုင္းပါတီက ကပ္လ်က္လိုက္ပါလာပါတယ္။ ေတာ္ဝင္ဝါဒီ ထိုင္းစစ္တပ္က ဦးေဆာင္ (သို႔မဟုတ္) ေက်ာေထာက္ေနာက္ခံ ေပးထားတဲ့ယခင္အစိုးရရဲ႕ ၉ ႏွစ္ၾကာ အုပ္ခ်ဳပ္မႈအၿပီး ဘုရင္စနစ္လိုလားသူမ်ားနဲ႔ သူတို႔ရဲ႕မဟာမိတ္ပါတီေတြက လည္း ၿပိဳင္ဘက္မ်ားကို အေရးနိမ့္ခဲ့ပါတယ္။
အေမရိကန္ဟားဗတ္တကၠသိုလ္ထြက္ Move Forward ပါတီေခါင္းေဆာင္ ပစ္ထာ_လင္ဂ်ာ႐ြန္ရတ္ (၄၂ ႏွစ္) ကို ဝန္ႀကီးခ်ဳပ္အျဖစ္ ေထာက္ခံထားတဲ့အတိုက္အခံတို႔က ၈ ပါတီ မဟာမိတ္ဖြဲ႕ထားၿပီး ေနာက္လမွာ ၫြန္႔ေပါင္းအစိုးရ ဖြဲ႕စည္းဖို႔ ေမွ်ာ္လင့္ထားၾကပါတယ္။
ဆႏၵမဲရလဒ္မ်ားကို အတည္ျပဳလိုက္ျခင္းအားျဖင့္ ထိုင္းႏိုင္ငံေ႐ြးေကာက္ပြဲအၿပီး မေသခ်ာ မေရရာမႈအခ်ိဳ႕ကို ဖယ္ရွားႏိုင္ေပမယ့္ ဝန္ႀကီးခ်ဳပ္ျဖစ္လာဖို႔ လႊတ္ေတာ္ ၂ ရပ္ေပါင္း ေထာက္ခံမဲ ၃၇၆ မဲအျပည့္ ရရွိဖို႔ ပစ္ထာအေနနဲ႔ စုစည္းႏိုင္ျခင္း ရွိ-မရွိ ရွင္းရွင္းလင္းလင္း မသိရွိရေသးပါဘူး
၈ ပါတီ မဟာမိတ္အဖြဲ႕က အမတ္ေနရာ ၃၁၂ ေနရာကို ထိန္းခ်ဳပ္ထားႏိုင္ေပမဲ့ ၆၄ မဲ လိုအပ္ေနပါေသးတယ္။ အဲဒီ မဲေတြကို ၿပိဳင္ဘက္ပါတီမ်ား (သို႔မဟုတ္) ၂ဝ၁၄ ခုႏွစ္ အာဏာသိမ္းအၿပီး ထိုင္းစစ္တပ္ရဲ႕ျပ႒ာန္းဥပေဒအရ ခန္႔အပ္ ထားတဲ့ ကြန္ဆာေဗးတစ္ယိမ္း အထက္လႊတ္ေတာ္အမတ္ ၂၅ဝ ထဲမွ အခ်ိဳ႕က ေထာက္ခံမဲေပးမွ ျဖစ္ပါလိမ့္မယ္။
Move Forward ပါတီရဲ႕ေအာင္ပြဲဟာ ေရွး႐ိုးစြဲဝါဒီမ်ား၊ စစ္ဗိုလ္ခ်ဳပ္မ်ားနဲ႔ ထိပ္တိုက္ေတြ႕ခဲ့ရတဲ့ အာဏာဗဟိုခ်ဳပ္ ကိုင္မႈေလွ်ာ့ခ်ေရး၊ ႏိုင္ငံရဲ႕ ကရိကထမ်ားတဲ့ ပညာေရးစနစ္ တိုးတက္ေစေရး၊ ဝင္ေငြမညီမွ်မႈနဲ႔ အက်င့္ပ်က္ျခစားမႈ မ်ားကို ေျဖရွင္းေရး ကတိကဝတ္မ်ားပါ၀င္တဲ့ ေျပာင္းလဲတီထြင္မႈ မူဝါဒမ်ားကလည္း တြန္းအားျဖစ္ခဲ့ရပါတယ္။ LGBTQ+ အသိုက္အဝန္းနဲ႔ တိုင္းရင္းသားလူနည္းစုတို႔လို အပယ္ခံအုပ္စုမ်ားအတြက္ ပိုမိုေကာင္းမြန္တဲ့ အခြင့္အေရး မ်ားအတြက္လည္း အာမခံေပးထားပါတယ္။
ဒါေပမယ့္လည္း ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ျပဳျပင္ေျပာင္းလဲေရးနဲ႔ ဘုရင္စနစ္အေပၚ ကန႔္သတ္ခ်က္မ်ား ျပဳလုပ္ရန္ ပါတီရဲ႕ ေစ့ေဆာ္မႈမ်ားဟာ အျငင္းပြားမႈမ်ား ျဖစ္ပြားေစၿပီး တိုင္းျပည္ကို ကြဲျပားသြားေစခဲ့ပါတယ္။ Move Forward ပါတီ အဆိုျပဳခ်က္မ်ားဟာ ထိုင္းႏိုင္ငံရဲ႕ ႐ိုးရာအဖြဲ႕အစည္းမ်ားနဲ႔ တည္ၿငိမ္ေရးကို ၿခိမ္းေျခာက္မႈအျဖစ္ ေရွး႐ိုးစြဲဝါဒီ မ်ားနဲ႔ ဘုရင္စနစ္လိုလားသူ အခ်ိဳ႕က ရႈျမင္ၾကပါတယ္။ အဲဒီလို ပါတီရဲ႕ေ႐ြးေကာက္ပြဲ တစ္ခဲနက္ အႏိုင္ရရွိမႈဟာ ၿပီးခဲ့တဲ့ရာစုႏွစ္အတြင္း စစ္အာဏာသိမ္းမႈ တစ္ဒါဇင္ေက်ာ္ ႀကဳံေတြ႕ခဲ့ရဖူးတဲ့ ႏိုင္ငံတစ္ႏိုင္ငံမွာ ျဖစ္ေပၚလာႏိုင္ေျခ ရွိတဲ့ ႏိုင္ငံေရး မေက်လည္မႈမ်ားနဲ႔ မတည္မၿငိမ္မႈမ်ားအတြက္ စိုးရိမ္ပူပန္မႈမ်ားကို တိုးျမင့္ေစခဲ့ပါတယ္။
Move Forward ရဲ႕ မဟာမိတ္အဖြဲ႕မွ ဥကၠ႒နဲ႔ လက္ေထာက္ဥကၠ႒မ်ားကို သေဘာတူဆုံးျဖတ္ဖို႔အတြက္ ၾကသပေတးေန႔မွာ ေတြ႕ဆုံမယ္လို႔ ေျပာၾကပါတယ္။
ပစ္ထာဟာ ေ႐ြးေကာက္ပြဲ ဝင္ေရာက္သူ အရည္အခ်င္းျပည့္ အမတ္တစ္ဦးအေနနဲ႔ မီဒီယာ ကုမၸဏီတစ္ခုခုမွာ အစုရွယ္ယာေတြ ပိုင္ဆိုင္ထားျခင္းမွ တားျမစ္ထားတဲ့ ထိုင္းဥပေဒဆိုင္ရာ ျပႆနာႀကီးတစ္ခုကလည္း ရွိေနပါ တယ္။ အဲဒီဥပေဒတားျမစ္ခ်က္ကို သိလ်က္နဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ျခင္း ရွိ-မရွိ ေ႐ြးေကာက္ပြဲေကာ္မရွင္က စစ္ေဆး ခံရဖို႔ ရွိေနပါတယ္။
ပစ္ထာကေတာ့ အခုေျပာေနၾကတဲ့ iTV ကုမၸဏီဟာ ထိေရာက္တက္ႂကြတဲ့ မီဒီယာအဖြဲ႕အစည္း မဟုတ္ဘူးလို႔ ေျပာပါတယ္။ တကယ္လို႔ တရား႐ုံးက အျပစ္ရွိေၾကာင္း ေတြ႕ရွိခဲ့မယ္ဆိုရင္ ပစ္ထာအေနနဲ႔ ႏွစ္ ၂ဝ အထိ ႏိုင္ငံေရး လုပ္ခြင့္ပိတ္ပင္ခံရမယ့္အျပင္ ေထာင္ဒဏ္ပါ ခ်မွတ္ခံရႏိုင္ပါတယ္။
#ထိုင္းႏိုင္ငံေ႐ြးေကာက္ပြဲေကာ္မရွင္ #ထိုင္းေအာက္လႊတ္ေတာ္ဥကၠ႒ #ပစ္ထာ_လင္ဂ်ာ႐ြန္ရတ္ #ျဖဴထိုင္းပါတီ
(Reuters., 19 June 2023,” Thai parliament to convene soon as poll body endorses election result” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)