သံတောင်ကြီးမြို့နယ်ပညာရေးမှူးရုံးကို လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ မီးရှို့ဖျက်ဆီး

 941

သန့်ဇင် (NP News) - ဇွန် ၂၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ မြိုနယ်ပညာရေးမှူးရုံးအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ လာရောက်မီးရှို့သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ (ဇွန်လ ၂ဝ ရက်)၊ နံနက် (၁)နာရီအချိန်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းအနီးရှိ မြို့နယ်ပညာရေးမှူးရုံး၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါရုံးသို့ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှရောက်ရှိလာပြီး အကြောင်းမဲ့မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှပြောဆိုထားသည်။

ထို့ကြောင့် အဆိုပါရုံး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများ နှင့် ဒေသခံပြည်သူများက (၁)နာရီခွဲခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခံရမှုကြောင့် မြို့နယ်ပညာရေးမှူးရုံးအတွင်းရှိ RC ၂ ထပ်ဆောင်၏ သွပ်များ၊ မျက်နှာြက်များ၊ တံခါးများ၊ ရုံးသုံးစာရွက်စာတန်းများ၊ စာရေးကိရိယာများအပါအဝင် အခြားရုံးသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

zawgyi version
သံေတာင္ႀကီးၿမိဳ႕နယ္ပညာေရးမႉး႐ုံးကို လက္နက္ကိုင္ေသာင္းက်န္းသူအဖြဲ႕မွ မီးရႈိ႕ဖ်က္ဆီး

သန႔္ဇင္ (NP News) - ဇြန္ ၂၁

ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕ရွိ ၿမိဳနယ္ပညာေရးမႉး႐ုံးအား လက္နက္ကိုင္ေသာင္းက်န္းသူအဖြဲ႕မွ လာေရာက္မီးရႈိ႕သြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ယမန္ေန႔ (ဇြန္လ ၂ဝ ရက္)၊ နံနက္ (၁)နာရီအခ်ိန္တြင္ ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္၊ အမွတ္(၂) ရပ္ကြက္၊ အေျခခံပညာအထက္တန္းေက်ာင္းအနီးရွိ ၿမိဳ႕နယ္ပညာေရးမႉး႐ုံး၌ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ အဆိုပါ႐ုံးသို႔ လက္နက္ကိုင္ေသာင္းက်န္းသူအဖြဲ႕မွေရာက္ရွိလာၿပီး အေၾကာင္းမဲ့မီးရႈိ႕ဖ်က္ဆီးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွေျပာဆိုထားသည္။

ထို႔ေၾကာင့္ အဆိုပါ႐ုံး မီးေလာင္မႈျဖစ္ပြားခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ ေက်ာင္းဆရာ၊ ဆရာမမ်ား ႏွင့္ ေဒသခံျပည္သူမ်ားက (၁)နာရီခြဲခန႔္ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

မီးရႈိ႕ဖ်က္ဆီးခံရမႈေၾကာင့္ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးအတြင္းရွိ RC ၂ ထပ္ေဆာင္၏ သြပ္မ်ား၊ မ်က္ႏွာၾက္မ်ား၊ တံခါးမ်ား၊ ႐ုံးသုံးစာ႐ြက္စာတန္းမ်ား၊ စာေရးကိရိယာမ်ားအပါအဝင္ အျခား႐ုံးသုံးပစၥည္းမ်ား ပ်က္စီးဆုံးရႈံးသြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ပါဝင္ပတ္သက္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.