ရှမ်းနီတိုင်းရင်းသားများအပေါ်အကာအကွယ်ပေးရန် တောင်းဆိုမှုများရှိလာ

 2114

NP News - ဇွန် ၂၂

ရှမ်းနီတိုင်းရင်းသားများအနေဖြင့် KIA နှင့် လက်အောက်ခံ PDF အဖွဲ့များ၏ ဖမ်းဆီးသတ်ဖြတ်မှုအများအပြားကြုံတွေ့နေရခြင်းကြောင့် အကာအကွယ်ပေးရန် တောင်းဆိုမှုများရှိလာသည်။

မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းတွင် မြန်မာပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားများအား KIA နှင့် PDF တို့မှညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုတို့မှ ကာကွယ်ပေးရန် သက် ဆိုင်ရာအဖွဲ့အစည်းများထံ တင်ပြတောင်းဆိုထားသည်ကို တွေ့ရသည်။

၂ဝ၂ဝ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အတွင်း အဓမ္မဖမ်းဆီးခံခဲ့ရခြင်း၊ နင်းမိုင်းပေါက်ကွဲဒဏ်ရာရခြင်းကြောင့် သေဆုံးရသူသည် (၇ဝ၆)ဦးရှိပြီး အများစုသည် KIA အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF ကဖမ်းဆီးသတ်ဖြတ်ခြင်းဖြစ်ကြောင်း မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“တပ်မတော်အနေနဲ့ဖွဲ့စည်းပုံမှာပါတဲ့အတိုင်းနိုင်ငံသားတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်စောင်ရှောက်ပေးရမယ်ဆိုတာပါပြီးသားပါ။ ဒါကြောင့်အခုလိုတောင်းဆိုရတာပါ။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်ပေးပါဆိုတဲ့ဆန္ဒဘဲရှိတာပါ”ဟု မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဒုဥက္ကဋ္ဌ ဦးခင်မောင်အေးကပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည့် ရှမ်းနီတိုင်းရင်းသားများထဲတွင် သံဃာတော်(၃)ပါးပါဝင်ပြီး တစ်ပါးသည် ပြန်လည်လွတ်‌မြောက်လာသော်လည်း ကျန် (၂)ပါးသည် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်းသိရသည်။

၂ဝ၂၂ ခုနှစ်အတွင်း အဓမ္မဖမ်းဆီးခံခဲ့ရခြင်း၊ နင်းမိုင်းပေါက်ကွဲဒဏ်ရာရသေဆုံးရသူသည် (၅၁)ဦးရှိပြီး အမှန်တကယ်မြေပြင်၌ အဆိုပါ ပမာဏထက်များနိုင်ကြောင်း အဆိုပါအဖွဲ့မှဆိုသည်။

မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့သည် ရှမ်းတိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနှင့်ဘာသာရေးဆိုင်ရာများကိုဆောင်ရွက်နေကြပြီး လက်ရှိအချိန်တွင် ဦးဆောင်လှုပ်ရှားသူများကို ပြစ်မှတ်ထား ဖမ်းဆီးခြင်းများရှိလာခဲ့ကြောင်းသိရသည်။

ရှမ်းနီတိုင်းရင်းသားအများစုသည် ကချင်ပြည်နယ်အတွင်းနေထိုင်သူများဖြစ်ကြပြီး လက်ရှိတွင် ရှမ်းနီအမျိုးသားတပ်မတော် (SNA) နှင့် ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့မှာ ပဋိပက္ခများဖြစ်ပွားလျက်ရှိသည်။

zawgyi version
ရွမ္းနီတိုင္းရင္းသားမ်ားအေပၚအကာအကြယ္ေပးရန္ ေတာင္းဆိုမႈမ်ားရွိလာ
NP News - ဇြန္ ၂၂

ရွမ္းနီတိုင္းရင္းသားမ်ားအေနျဖင့္ KIA ႏွင့္ လက္ေအာက္ခံ PDF အဖြဲ႕မ်ား၏ ဖမ္းဆီးသတ္ျဖတ္မႈအမ်ားအျပားႀကဳံေတြ႕ေနရျခင္းေၾကာင့္ အကာအကြယ္ေပးရန္ ေတာင္းဆိုမႈမ်ားရွိလာသည္။

ျမန္မာျပည္ေျမာက္ပိုင္းသွ်မ္းမ်ိဳးႏြယ္စုေရးရာအဖြဲ႕က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ျမန္မာျပည္ေျမာက္ပိုင္းရွိ တိုင္းရင္းသားမ်ားအား KIA ႏွင့္ PDF တို႔မွညႇင္းပန္းႏွိပ္စက္သတ္ျဖတ္မႈတို႔မွ ကာကြယ္ေပးရန္ သက္ ဆိုင္ရာအဖြဲ႕အစည္းမ်ားထံ တင္ျပေတာင္းဆိုထားသည္ကို ေတြ႕ရသည္။

၂ဝ၂ဝ ခုႏွစ္မွ ၂ဝ၂၂ ခုႏွစ္အတြင္း အဓမၼဖမ္းဆီးခံခဲ့ရျခင္း၊ နင္းမိုင္းေပါက္ကြဲဒဏ္ရာရျခင္းေၾကာင့္ ေသဆုံးရသူသည္ (၇ဝ၆)ဦးရွိၿပီး အမ်ားစုသည္ KIA အဖြဲ႕ႏွင့္ ၎၏လက္ေအာက္ခံ PDF ကဖမ္းဆီးသတ္ျဖတ္ျခင္းျဖစ္ေၾကာင္း ျမန္မာျပည္ေျမာက္ပိုင္းသွ်မ္းမ်ိဳးႏြယ္စုေရးရာအဖြဲ႕မွထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။

“တပ္မေတာ္အေနနဲ႔ဖြဲ႕စည္းပုံမွာပါတဲ့အတိုင္းႏိုင္ငံသားေတြရဲ႕အသက္အိုးအိမ္စည္းစိမ္ကိုကာကြယ္ေစာင္ေရွာက္ေပးရမယ္ဆိုတာပါၿပီးသားပါ။ ဒါေၾကာင့္အခုလိုေတာင္းဆိုရတာပါ။ ကြၽန္ေတာ္တို႔နဲ႔ပူးေပါင္းေဆာင္႐ြက္ေပးပါဆိုတဲ့ဆႏၵဘဲရွိတာပါ”ဟု ျမန္မာျပည္ေျမာက္ပိုင္းသွ်မ္းမ်ိဳးႏြယ္စုေရးရာအဖြဲ႕ ဒုဥကၠ႒ ဦးခင္ေမာင္ေအးကေျပာသည္။

ဖမ္းဆီးသတ္ျဖတ္ျခင္းခံရသည့္ ရွမ္းနီတိုင္းရင္းသားမ်ားထဲတြင္ သံဃာေတာ္(၃)ပါးပါဝင္ၿပီး တစ္ပါးသည္ ျပန္လည္လြတ္‌ေျမာက္လာေသာ္လည္း က်န္ (၂)ပါးသည္ သတ္ျဖတ္ျခင္းခံခဲ့ရေၾကာင္းသိရသည္။

၂ဝ၂၂ ခုႏွစ္အတြင္း အဓမၼဖမ္းဆီးခံခဲ့ရျခင္း၊ နင္းမိုင္းေပါက္ကြဲဒဏ္ရာရေသဆုံးရသူသည္ (၅၁)ဦးရွိၿပီး အမွန္တကယ္ေျမျပင္၌ အဆိုပါ ပမာဏထက္မ်ားႏိုင္ေၾကာင္း အဆိုပါအဖြဲ႕မွဆိုသည္။

ျမန္မာျပည္ေျမာက္ပိုင္းသွ်မ္းမ်ိဳးႏြယ္စုေရးရာအဖြဲ႕သည္ ရွမ္းတိုင္းရင္းသားစာေပ၊ ယဥ္ေက်းမႈႏွင့္ဘာသာေရးဆိုင္ရာမ်ားကိုေဆာင္႐ြက္ေနၾကၿပီး လက္ရွိအခ်ိန္တြင္ ဦးေဆာင္လႈပ္ရွားသူမ်ားကို ျပစ္မွတ္ထား ဖမ္းဆီးျခင္းမ်ားရွိလာခဲ့ေၾကာင္းသိရသည္။

ရွမ္းနီတိုင္းရင္းသားအမ်ားစုသည္ ကခ်င္ျပည္နယ္အတြင္းေနထိုင္သူမ်ားျဖစ္ၾကၿပီး လက္ရွိတြင္ ရွမ္းနီအမ်ိဳးသားတပ္မေတာ္ (SNA) ႏွင့္ ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA တို႔မွာ ပဋိပကၡမ်ားျဖစ္ပြားလ်က္ရွိသည္။

Related news

© 2021. All rights reserved.