ဒဂုံဆိပ်ကမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် (၁ဝ)ချက်ထက်မနည်း ပစ်ခတ်လုပ်ကြံခံခဲ့ရ

 3876

NP News - ဇွန် ၂၄

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးလှကြည်သည် သေနတ်ဖြင့်(၁ဝ)ချက်ထက်မနည်း ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၂၃ ရက်)၊ ည ၇ နာရီအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှကြည်သည် (၉၄)ရပ်ကွက်ရှိ စိန်ပန်းလမ်းထောင့်အရောက်၌ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း လုံခြုံ ရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။

အသက် (၇၇)နှစ်အရွယ်ရှိ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှကြည်သည် ကားတစ်စီးဖြင့် အပြင်မှ နေအိမ်သို့ ပြန်လာစဉ်အချိန် စိန်ပန်းလမ်းထောင့်အရောက်၌ ဆိုင်ကယ်တစ်စီးဖြင့် လူ(၂)ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါ အကြမ်းဖက်လူ(၂)ဦးသည် ဦးလှကြည်အား သေနတ်ဖြင့် (၁၂)ချက်ခန့် ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုထားသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှကြည် မောင်းနှင်လာသည့်ကားတွင် ကားမှန်များ ကွဲအက်ပျက်စီးမှုများရှိခဲ့ကာ ဦးလှကြည်တွင်လည်း ကျည်ဖောက်ဒဏ်ရာ (၃)ချက်ခန့် ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှကြည်အား ဆေးရုံသို့ ပို့ဆောင်ကာ ကုသပေးလျက်ရှိကြောင်း သိရပြီး ၎င်း၏အခြေအနေမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။

ယနေ့ နေ့လည် (၁)နာရီခွဲခန့်ရရှိသည့် သတင်းများအရ ဦးလှကြည်သည် ကွယ်လွန်သွားပြီဖြစ် ကြောင်း သိရသည်။

ဦးလှကြည်သည် ဒဂုံဆိပ်ကမ်းမြို့နယ် ဝိုင်အမ်ဘီအေအသင်း ဥက္ကဋ္ဌဖြစ်ပြီး ၎င်းကိုလည်း ဝိုင်ဘမ်ဘီ အေအသင်း(ဗဟို)က ဝိုင်အမ်ဘီအေဂုဏ်ရည်ဘွဲ့ကို ပေးအပ်ချီးမြှင့်ဂုဏ်ပြုလိုက်သည်ကိုတွေ့ရသည်။

အလားတူ ပြီးခဲ့သော ဇွန်လ ၁၉ ရက်တွင်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ စီမံခန့်ခွဲဝန် ဆောင်မှုပေးနေသည့် YACL မှ မန်နေဂျာဖြစ်သည့် အငြိမ်းစားဗိုလ်ကြီးဦးရဲခိုင်သည်လည်း ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သော Urban Owls ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

zawgyi version
ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တစ္ဦး ေသနတ္ျဖင့္ (၁ဝ)ခ်က္ထက္မနည္း ပစ္ခတ္လုပ္ႀကံခံခဲ့ရ

NP News - ဇြန္ ၂၄

ရန္ကုန္တိုင္း၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တစ္ဦးျဖစ္သည့္ ဦးလွၾကည္သည္ ေသနတ္ျဖင့္(၁ဝ)ခ်က္ထက္မနည္း ပစ္ခတ္လုပ္ႀကံခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဇြန္လ ၂၃ ရက္)၊ ည ၇ နာရီအခ်ိန္တြင္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ဦးလွၾကည္သည္ (၉၄)ရပ္ကြက္ရွိ စိန္ပန္းလမ္းေထာင့္အေရာက္၌ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း လုံၿခဳံ ေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က NP News ကို ေျပာသည္။

အသက္ (၇၇)ႏွစ္အ႐ြယ္ရွိ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ဦးလွၾကည္သည္ ကားတစ္စီးျဖင့္ အျပင္မွ ေနအိမ္သို႔ ျပန္လာစဥ္အခ်ိန္ စိန္ပန္းလမ္းေထာင့္အေရာက္၌ ဆိုင္ကယ္တစ္စီးျဖင့္ လူ(၂)ဦးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အထက္ပါ အၾကမ္းဖက္လူ(၂)ဦးသည္ ဦးလွၾကည္အား ေသနတ္ျဖင့္ (၁၂)ခ်က္ခန႔္ ပစ္ခတ္ကာ လုပ္ႀကံသတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုထားသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ဦးလွၾကည္ ေမာင္းႏွင္လာသည့္ကားတြင္ ကားမွန္မ်ား ကြဲအက္ပ်က္စီးမႈမ်ားရွိခဲ့ကာ ဦးလွၾကည္တြင္လည္း က်ည္ေဖာက္ဒဏ္ရာ (၃)ခ်က္ခန႔္ ရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ဦးလွၾကည္အား ေဆး႐ုံသို႔ ပို႔ေဆာင္ကာ ကုသေပးလ်က္ရွိေၾကာင္း သိရၿပီး ၎၏အေျခအေနမွာ စိုးရိမ္ရသည့္အေျခအေနတြင္ ရွိေနေၾကာင္း သိရသည္။

ယေန႔ ေန႔လည္ (၁)နာရီခြဲခန႔္ရရွိသည့္ သတင္းမ်ားအရ ဦးလွၾကည္သည္ ကြယ္လြန္သြားၿပီျဖစ္ ေၾကာင္း သိရသည္။

ဦးလွၾကည္သည္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ဝိုင္အမ္ဘီေအအသင္း ဥကၠ႒ျဖစ္ၿပီး ၎ကိုလည္း ဝိုင္ဘမ္ဘီ ေအအသင္း(ဗဟို)က ဝိုင္အမ္ဘီေအဂုဏ္ရည္ဘြဲ႕ကို ေပးအပ္ခ်ီးျမႇင့္ဂုဏ္ျပဳလိုက္သည္ကိုေတြ႕ရသည္။

အလားတူ ၿပီးခဲ့ေသာ ဇြန္လ ၁၉ ရက္တြင္လည္း ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ စီမံခန႔္ခြဲဝန္ ေဆာင္မႈေပးေနသည့္ YACL မွ မန္ေနဂ်ာျဖစ္သည့္ အၿငိမ္းစားဗိုလ္ႀကီးဦးရဲခိုင္သည္လည္း ရန္ကုန္ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕တစ္ခုျဖစ္ေသာ Urban Owls ၏ လုပ္ႀကံသတ္ျဖတ္ျခင္းကို ခံခဲ့ရသည္။

Related news

© 2021. All rights reserved.