ကျင့်ဝတ်ဖောက်ဖျက်သည်ဟုဆိုကာ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအေဂျင်စီအချို့ကို NUG က Black List သွင်းသည့် ကိစ္စသည် အလုပ်သမားများ အခွင့်အလမ်းကို ပိတ်ပင်ခြင်းဖြစ်

 5034

သုတကျော် (NP News) -‌ မေ ၁၆

ကျင့်ဝတ်ဖောက်ဖျက်သည်ဟုဆိုကာ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီအချို့ကို NUG က Black List သွင်းသည့်ကိစ္စမှာ အလုပ်သမားများအခွင့်အလမ်းကို ပိတ်ပင်ခြင်းဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

လက်ရှိ အစိုးရကို ငွေကြေးများ ထောက်ပံ့ပေးနေခြင်း၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများထံမှ ဝင်ငွေခွန်ကောက်ခံခြင်း နှင့် လုပ်အားခ၏ ၂၅ ရာခိုင်နှုန်းအား မိသားစုထံလွှဲငွေအဖြစ် လွှဲပြောင်းပေးရန်ဟု အကြောင်း ပြပြီး အလုပ်သမားများ၏ ချွေးနည်းစာကို အစိုးရထံ လွှဲပြောင်းပေးအပ်ရန် တက်တက်ကြွကြွပူးပေါင်း ဆောင်ရွက်ခြင်းခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများအပေါ် ဝန်ဆောင်ခ အဆမတန်ကောက်ယူခြင်းနှင့် မိမိဆောင်ရွက်ပေးရမည့်ဝန်ဆောင်မှုကို ပြီးမြောက်အောင်မလုပ်ဆောင်ခြင်း (ဥပမာ-လုပ်ငန်း ခွင်သို့ရောက်အောင်မပို့ဆောင်ခြင်း)၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု များကို အချိန်နှင့်တပြေးညီ လိုက်ပါဖြေရှင်း ဆောင်ရွက်ပေးမှုမရှိသည့် အတွက်ဟု ဆိုကာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်သော အေဂျင်စီ ၁၇ ခုကို Black List သွင်းသည်ဟု ဆိုကာ NUG ၏ အလုပ်သမားဝန်ကြီးဌာ နက ထုတ်ပြန်လာခြင်းဖြစ်သည်။

“ထုတ်ပြန်ထားတာ ကျွန်တော်လည်း တွေ့ပါတယ်။ ဒါက မြေပြင်မှာ ကွင်းဆင်းကြည့်လိုက်မယ်ဆိုရင် အမှား၊ အမှန်ကို သိရမှာပါ။ ကျွန်တော်တို့ဘက်ကလည်း တရားဝင် အေဂျင်စီတွေ ဖြစ်တဲ့ အတွက် အမှန်အတိုင်း လုပ်ရတယ်။ နောက်ပြီးတော့ ဒီကာလမှာလည်း အခက်အခဲတွေက ကြုံနေကြရတာပဲ။ ဒီလိုထုတ်ပြန်တာက မှားတယ်၊ မှန်တယ်ဆိုတာထက် အလုပ်သမားတွေ အတွက်တော့ ပြည်ပမှာ တရားဝင် အလုပ်လုပ်ဖို့အတွက် အခွင့်အလမ်း ကို ပိတ်ပင်ရာရောက်တယ်။ ဒီလိုလုပ်မယ်ဆို မြန်မာနိုင်ငံကနေ တခြားနိုင် ငံကို သွားလုပ်မယ့် သူတွေက ဘယ်လိုလုပ်ကြမှာလဲ။ ထိရောက်တာ မထိရောက်တာထက် အခွင့်အလမ်းကို ပိတ်ပင်ရာရောက်သွားတယ်”ဟု အထက် ပါ လုပ်ငန်းရှင်က ဆိုသည်။

လက်ရှိတွင် အေဂျင်စီများအနေဖြင့် ပြည်ပသို့ အလုပ်သမားစေလွှတ်ရာတွင် အခက်အခဲများကို ကြုံတွေ့နေရပြီး အေဂျင်စီများဘက်က အခက်အခဲကိုလည်း ထည့်သွင်း စဉ်းစားစေလိုကြောင်းလည်း ၎င်းကဆိုသည်။ “သူတို့ကျ ထွက်ပြေးနေကြပြီး ဘာမှလာ မလုပ်ရဲပဲနဲ့များ ဟိုကြော်ငြာ ဒီဟာဝင်ပြောနဲ့။ မင်းတို့အစိုးရစစ်မှန်တယ်ဆို မြန်မာပြည်မှာ ရုံးတခုလောက်ပဲလာဖွင့်လေ” ဟု အဆိုပါ ကြေငြာချက်အောက်တွင် လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်သုံးစွဲသူ တစ်ဦးက မှတ်ချက်ပြုရေးသားထားသည်ကိုလည်း တွေ့မြင်ရသည်။

zawgyi version
က်င့္ဝတ္ေဖာက္ဖ်က္သည္ဟုဆိုကာ ျမန္မာျပည္ပအလုပ္အကိုင္ ဝန္ေဆာင္ မႈေအဂ်င္စီအခ်ိဳ႕ကို NUG က Black List သြင္းသည့္ ကိစၥသည္ အလုပ္သ မားမ်ား အခြင့္အလမ္းကို ပိတ္ပင္ျခင္းျဖစ္
သုတေက်ာ္ (NP News) -‌ ေမ ၁၆

က်င့္ဝတ္ေဖာက္ဖ်က္သည္ဟုဆိုကာ ျမန္မာျပည္ပအလုပ္အကိုင္ ဝန္ေဆာင္ မႈ ေအဂ်င္စီအခ်ိဳ႕ကို NUG က Black List သြင္းသည့္ကိစၥမွာ အလုပ္သမားမ်ားအခြင့္အလမ္းကို ပိတ္ပင္ျခင္းျဖစ္ေၾကာင္း ျပည္ပအလုပ္အကိုင္ဝန္ ေဆာင္မႈ ေအဂ်င္စီလုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

လက္ရွိ အစိုးရကို ေငြေၾကးမ်ား ေထာက္ပံ့ေပးေနျခင္း၊ ျပည္ပေရာက္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားထံမွ ဝင္ေငြခြန္ေကာက္ခံျခင္း ႏွင့္ လုပ္အားခ၏ ၂၅ ရာခိုင္ႏႈန္းအား မိသားစုထံလႊဲေငြအျဖစ္ လႊဲေျပာင္းေပးရန္ဟု အေၾကာင္း ျပၿပီး အလုပ္သမားမ်ား၏ ေခြၽးနည္းစာကို အစိုးရထံ လႊဲေျပာင္းေပးအပ္ရန္ တက္တက္ႂကြႂကြပူးေပါင္း ေဆာင္႐ြက္ျခင္းျခင္း၊ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအေပၚ ဝန္ေဆာင္ခ အဆမတန္ေကာက္ယူျခင္းႏွင့္ မိမိေဆာင္႐ြက္ေပးရမည့္ဝန္ေဆာင္မႈကို ၿပီးေျမာက္ေအာင္မလုပ္ေဆာင္ျခင္း (ဥပမာ-လုပ္ငန္း ခြင္သို႔ေရာက္ေအာင္မပို႔ေဆာင္ျခင္း)၊ အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္ခံရမႈ မ်ားကို အခ်ိန္ႏွင့္တေျပးညီ လိုက္ပါေျဖရွင္း ေဆာင္႐ြက္ေပးမႈမရွိသည့္ အတြက္ဟု ဆိုကာ ျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မႈလုပ္ေသာ ေအဂ်င္စီ ၁၇ ခုကို Black List သြင္းသည္ဟု ဆိုကာ NUG ၏ အလုပ္သမားဝန္ႀကီးဌာ နက ထုတ္ျပန္လာျခင္းျဖစ္သည္။

“ထုတ္ျပန္ထားတာ ကြၽန္ေတာ္လည္း ေတြ႕ပါတယ္။ ဒါက ေျမျပင္မွာ ကြင္းဆင္းၾကည့္လိုက္မယ္ဆိုရင္ အမွား၊ အမွန္ကို သိရမွာပါ။ ကြၽန္ေတာ္တို႔ဘက္ကလည္း တရားဝင္ ေအဂ်င္စီေတြ ျဖစ္တဲ့ အတြက္ အမွန္အတိုင္း လုပ္ရတယ္။ ေနာက္ၿပီးေတာ့ ဒီကာလမွာလည္း အခက္အခဲေတြက ႀကဳံေနၾကရတာပဲ။ ဒီလိုထုတ္ျပန္တာက မွားတယ္၊ မွန္တယ္ဆိုတာထက္ အလုပ္သမားေတြ အတြက္ေတာ့ ျပည္ပမွာ တရားဝင္ အလုပ္လုပ္ဖို႔အတြက္ အခြင့္အလမ္း ကို ပိတ္ပင္ရာေရာက္တယ္။ ဒီလိုလုပ္မယ္ဆို ျမန္မာႏိုင္ငံကေန တျခားႏိုင္ ငံကို သြားလုပ္မယ့္ သူေတြက ဘယ္လိုလုပ္ၾကမွာလဲ။ ထိေရာက္တာ မထိေရာက္တာထက္ အခြင့္အလမ္းကို ပိတ္ပင္ရာေရာက္သြားတယ္”ဟု အထက္ ပါ လုပ္ငန္းရွင္က ဆိုသည္။

လက္ရွိတြင္ ေအဂ်င္စီမ်ားအေနျဖင့္ ျပည္ပသို႔ အလုပ္သမားေစလႊတ္ရာတြင္ အခက္အခဲမ်ားကို ႀကဳံေတြ႕ေနရၿပီး ေအဂ်င္စီမ်ားဘက္က အခက္အခဲကိုလည္း ထည့္သြင္း စဥ္းစားေစလိုေၾကာင္းလည္း ၎ကဆိုသည္။ “သူတို႔က် ထြက္ေျပးေနၾကၿပီး ဘာမွလာ မလုပ္ရဲပဲနဲ႔မ်ား ဟိုေၾကာ္ျငာ ဒီဟာဝင္ေျပာနဲ႔။ မင္းတို႔အစိုးရစစ္မွန္တယ္ဆို ျမန္မာျပည္မွာ ႐ုံးတခုေလာက္ပဲလာဖြင့္ေလ” ဟု အဆိုပါ ေၾကျငာခ်က္ေအာက္တြင္ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္သုံးစြဲသူ တစ္ဦးက မွတ္ခ်က္ျပဳေရးသားထားသည္ကိုလည္း ေတြ႕ျမင္ရသည္။

Related news

© 2021. All rights reserved.