ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် လစ်လပ်နေသော အငယ်တန်းအင်ဂျင်နီယာရာထူးနေရာ(၂ဝဝ) နီးပါးအတွက် အလုပ်ခေါ်ယူ

 538

Pearl (NP News) - ဇွန် ၂၄

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် လစ်လပ်နေသော အငယ်တန်းအင်ဂျင်နီယာရာထူးနေရာ (၂ဝဝ) နီးပါးအတွက် လျှောက်လွှာများခေါ်ယူနေကြောင်း ‌သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

‌သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ယနေ့ (ဇွန်လ ၂၄ ရက်)တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အထက်ပါကဲ့သို့ ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။

‌သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် အငယ်တန်းအင်ဂျင်နီယာ-၃ (မြို့ပြ)ရာထူး အတွက် (၁၁ဝ) နေရာ နှင့် အငယ်တန်းအင်ဂျင်နီယာ-၄ (မြို့ပြ)ရာထူးအတွက် (၇၉) နေရာ လစ်လပ်နေကြောင်း သိရသည်။

အငယ်တန်းအင်ဂျင်နီယာ - ၃(မြို့ပြ)ရာထူးအတွက် လျှောက်ထားလိုသူများသည် လာမည့် ဇူလိုင်လ ၊ (၃၁)ရက်တွင် အသက် (၃၂)နှစ်မကျော်ရန်လိုအပ်ပြီး မြို့ပြအင်ဂျင်နီယာဆိုင်ရာ ဘွဲ့တစ်ခုခုရရှိသူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အငယ်တန်းအင်ဂျင်နီယာ - ၄ (မြို့ပြ)ရာထူးအတွက် လျှောက်ထားလိုသူများသည် ဇူလိုင်လ (၃၁)ရက်တွင် အသက် (၃ဝ)နှစ်မကျော်ရန်လိုအပ်ပြီး မြို့ပြအင်ဂျင်နီယာဆိုင်ရာ ဘွဲ့ / ဒီပလိုမာ တစ်ခုခုရရှိသူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရာထူးများအတွက်လျှောက်ထားလိုသူများအနေဖြင့် ဝန်ထမ်းဖြစ်ပါက (၃၅)နှစ်မကျော်ရန် လိုအပ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် ဌာနတွင် အနည်းဆုံး (၃)နှစ် ဒေသမရွေးတာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲကို သက်ဆိုင်ရာ တိုင်း/ပြည်နယ်အလိုက်ပြုလုပ်မည်ဖြစ်ရာ ဖြေဆိုလိုသည့် တိုင်း/ပြည်နယ်အား လျှောက် လွှာတွင် ထင်ရှားစွာဖော်ပြရန်လိုအပ်ကြောင်း သိရသည်၊

စာမေးပွဲ၌ မြန်မာစာ အင်္ဂလိပ်စာ နှင့် အထွေထွေဗဟုသုတတို့ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲကျင်းပမည့် နေ့ရက်၊ နေရာ နှင့် အချိန်တို့ကို သက်ဆိုရာဌာနရုံးများတွင် ကြိုတင်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနတြင္ လစ္လပ္ေနေသာ အငယ္တန္းအင္ဂ်င္နီယာရာထူးေနရာ(၂ဝဝ) နီးပါးအတြက္ အလုပ္ေခၚယူ
Pearl (NP News) - ဇြန္ ၂၄

ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနတြင္ လစ္လပ္ေနေသာ အငယ္တန္းအင္ဂ်င္နီယာရာထူးေနရာ (၂ဝဝ) နီးပါးအတြက္ ေလွ်ာက္လႊာမ်ားေခၚယူေနေၾကာင္း ‌သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရး ဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

‌သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာနမွ ယေန႔ (ဇြန္လ ၂၄ ရက္)တြင္ ႏိုင္ငံပိုင္သတင္းစာမ်ားမွတစ္ဆင့္ အထက္ပါကဲ့သို႔ ထုတ္ျပန္ေၾကညာထားျခင္းျဖစ္သည္။

‌သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန၊ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနတြင္ အငယ္တန္းအင္ဂ်င္နီယာ-၃ (ၿမိဳ႕ျပ)ရာထူး အတြက္ (၁၁ဝ) ေနရာ ႏွင့္ အငယ္တန္းအင္ဂ်င္နီယာ-၄ (ၿမိဳ႕ျပ)ရာထူးအတြက္ (၇၉) ေနရာ လစ္လပ္ေနေၾကာင္း သိရသည္။

အငယ္တန္းအင္ဂ်င္နီယာ - ၃(ၿမိဳ႕ျပ)ရာထူးအတြက္ ေလွ်ာက္ထားလိုသူမ်ားသည္ လာမည့္ ဇူလိုင္လ ၊ (၃၁)ရက္တြင္ အသက္ (၃၂)ႏွစ္မေက်ာ္ရန္လိုအပ္ၿပီး ၿမိဳ႕ျပအင္ဂ်င္နီယာဆိုင္ရာ ဘြဲ႕တစ္ခုခုရရွိသူျဖစ္ရမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ အငယ္တန္းအင္ဂ်င္နီယာ - ၄ (ၿမိဳ႕ျပ)ရာထူးအတြက္ ေလွ်ာက္ထားလိုသူမ်ားသည္ ဇူလိုင္လ (၃၁)ရက္တြင္ အသက္ (၃ဝ)ႏွစ္မေက်ာ္ရန္လိုအပ္ၿပီး ၿမိဳ႕ျပအင္ဂ်င္နီယာဆိုင္ရာ ဘြဲ႕ / ဒီပလိုမာ တစ္ခုခုရရွိသူျဖစ္ရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါရာထူးမ်ားအတြက္ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ဝန္ထမ္းျဖစ္ပါက (၃၅)ႏွစ္မေက်ာ္ရန္ လိုအပ္ၿပီး သက္ဆိုင္ရာဝန္ႀကီးဌာနႏွင့္ အဖြဲ႕အစည္းအႀကီးအမႉး၏ ခြင့္ျပဳခ်က္ျဖင့္ ေလွ်ာက္ထားရမည္ျဖစ္ ေၾကာင္း သိရသည္။

ထို႔ျပင္ ဌာနတြင္ အနည္းဆုံး (၃)ႏွစ္ ေဒသမေ႐ြးတာဝန္ထမ္းေဆာင္ႏိုင္ရမည္ျဖစ္ၿပီး ေရးေျဖစာေမးပြဲကို သက္ဆိုင္ရာ တိုင္း/ျပည္နယ္အလိုက္ျပဳလုပ္မည္ျဖစ္ရာ ေျဖဆိုလိုသည့္ တိုင္း/ျပည္နယ္အား ေလွ်ာက္ လႊာတြင္ ထင္ရွားစြာေဖာ္ျပရန္လိုအပ္ေၾကာင္း သိရသည္၊

စာေမးပြဲ၌ ျမန္မာစာ အဂၤလိပ္စာ ႏွင့္ အေထြေထြဗဟုသုတတို႔ေျဖဆိုရမည္ျဖစ္ၿပီး စာေမးပြဲက်င္းပမည့္ ေန႔ရက္၊ ေနရာ ႏွင့္ အခ်ိန္တို႔ကို သက္ဆိုရာဌာန႐ုံးမ်ားတြင္ ႀကိဳတင္ေၾကညာမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.