မြန်မာ့ကြက်သွန်နီကို ဖိလစ်ပိုင်နိုင်ငံသို့ တိုက်ရိုက်တင်ပို့နိုင်ရန်စီစဉ်နေ

 410

NP News - ဇွန် ၂၄

မြန်မာ့ကြက်သွန်နီကို ဖိလစ်ပိုင်နိုင်ငံသို့ တိုက်ရိုက်တင်ပို့နိုင်ရန်အတွက် ပြည်တွင်းရှိ ကြက်သွန်ကုန်သည်များ နှင့် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကြက်သွန်ကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် မြန်မာ့ကြက်သွန်နီများကို ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့နေသော်လည်း တရုတ်၊ ထိုင်းနှင့် ဗီယက်နမ် ကုန်သည်များမှတစ်ဆင့် တင်ပို့နေရ၍ ကုန်ကျစရိတ်မြင့်မားနေခြင်းကြောင့် တိုက်ရိုက်တင်ပို့နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်ပကိုတင်ပို့နေတာကြာပြီ အခုအချိန်မှာဝယ်လက်တွေများလာတော့ တိုက်ရိုက်ရောင်းလို့ရအောင်စီစဉ်တဲ့သဘောပါဘဲ။ ဈေးအပြောင်းအလဲကြီးကြီးမားမားတော့မရှိနိုင်ပါဘူး”ဟု ဘုရင့်နောင် ကြက်သွန် ပွဲရုံများ ဥက္ကဋ္ဌ ဦးခင်ဟန်ကပြောသည်။

တိုက်ရိုက်တင်ပို့ခွင့်ရရှိမည်ဆိုပါက ပြည်တွင်းရှိ ကြက်သွန်စိုက်တောင်သူများနှင့် ကုန်သည်များအနေဖြင့် ဈေးနှုန်းပိုမိုရရှိလာမည်ဖြစ်ပြီး လက်ရှိတွင် တရုတ်၊ ထိုင်း ၊ ဗီယက်နမ်တို့က ကြားခံကုန်သည်များဖြင့်သာ တစ်ဆင့်ခံ ရောင်းဝယ်မှုလုပ်ဆောင်နေရခြင်းကြောင့် ဈေးနှုန်းရရှိမှုနည်းပါးနေကြောင်း ကြက်သွန်ကုန် သည်များ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ပြည်ပကုန်သည်များက မြန်မာ့ကြက်သွန်ဝယ်ယူမှု များပြားနေပြီး ယခုရက်ပိုင်းအတွင်း နေ့စဉ် မုံရွာမှ ကုန်တင်တွဲကား (၁၅) စီး၊ ကုန်ချိန် သုံးသိန်းခန့်နှင့် မြင်းခြံမှ တွဲကား (၂၅) စီး၊ ကုန်ချိန် ငါးသိန်းခန့် ဝယ်ယူမှုရှိကြောင်း သိရသည်။

ပြည်ပကုန်သည်များက ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်၏ ဈေးနှုန်းအတိုင်း တစ်ပိဿာ (၂၁၅ဝ) ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူနေခြင်းဖြစ်ပြီး ယခုပုံစံအတိုင်းသာ ဆက်လက်ဝယ်ယူနေမည်ဆိုပါက ပြည်တွင်းရှိ ကြက်သွန်ဈေးနှုန်းများ ကျဆင်းနိုင်ခြေ အလားအလာမရှိသေးကြောင်း ကြက်သွန်ကုန် သည်များက သုံးသပ်ပြောကြားထားသည်။

zawgyi version
ျမန္မာ့ၾကက္သြန္နီကို ဖိလစ္ပိုင္ႏိုင္ငံသို႔ တိုက္႐ိုက္တင္ပို႔ႏိုင္ရန္စီစဥ္ေန

NP News - ဇြန္ ၂၄

ျမန္မာ့ၾကက္သြန္နီကို ဖိလစ္ပိုင္ႏိုင္ငံသို႔ တိုက္႐ိုက္တင္ပို႔ႏိုင္ရန္အတြက္ ျပည္တြင္းရွိ ၾကက္သြန္ကုန္သည္မ်ား ႏွင့္ လုပ္ငန္းရွင္မ်ား၊ အသင္းအဖြဲ႕မ်ား ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ၾကက္သြန္ကုန္သည္မ်ားထံမွ သိရသည္။

လက္ရွိတြင္ ျမန္မာ့ၾကက္သြန္နီမ်ားကို ဖိလစ္ပိုင္ႏိုင္ငံသို႔ တင္ပို႔ေနေသာ္လည္း တ႐ုတ္၊ ထိုင္းႏွင့္ ဗီယက္နမ္ ကုန္သည္မ်ားမွတစ္ဆင့္ တင္ပို႔ေနရ၍ ကုန္က်စရိတ္ျမင့္မားေနျခင္းေၾကာင့္ တိုက္႐ိုက္တင္ပို႔ႏိုင္ရန္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ျပည္ပကိုတင္ပို႔ေနတာၾကာၿပီ အခုအခ်ိန္မွာဝယ္လက္ေတြမ်ားလာေတာ့ တိုက္႐ိုက္ေရာင္းလို႔ရေအာင္စီစဥ္တဲ့သေဘာပါဘဲ။ ေဈးအေျပာင္းအလဲႀကီးႀကီးမားမားေတာ့မရွိႏိုင္ပါဘူး”ဟု ဘုရင့္ေနာင္ ၾကက္သြန္ ပြဲ႐ုံမ်ား ဥကၠ႒ ဦးခင္ဟန္ကေျပာသည္။

တိုက္႐ိုက္တင္ပို႔ခြင့္ရရွိမည္ဆိုပါက ျပည္တြင္းရွိ ၾကက္သြန္စိုက္ေတာင္သူမ်ားႏွင့္ ကုန္သည္မ်ားအေနျဖင့္ ေဈးႏႈန္းပိုမိုရရွိလာမည္ျဖစ္ၿပီး လက္ရွိတြင္ တ႐ုတ္၊ ထိုင္း ၊ ဗီယက္နမ္တို႔က ၾကားခံကုန္သည္မ်ားျဖင့္သာ တစ္ဆင့္ခံ ေရာင္းဝယ္မႈလုပ္ေဆာင္ေနရျခင္းေၾကာင့္ ေဈးႏႈန္းရရွိမႈနည္းပါးေနေၾကာင္း ၾကက္သြန္ကုန္ သည္မ်ား၏ ေျပာၾကားခ်က္အရ သိရသည္။

လက္ရွိတြင္ ျပည္ပကုန္သည္မ်ားက ျမန္မာ့ၾကက္သြန္ဝယ္ယူမႈ မ်ားျပားေနၿပီး ယခုရက္ပိုင္းအတြင္း ေန႔စဥ္ မုံ႐ြာမွ ကုန္တင္တြဲကား (၁၅) စီး၊ ကုန္ခ်ိန္ သုံးသိန္းခန႔္ႏွင့္ ျမင္းၿခံမွ တြဲကား (၂၅) စီး၊ ကုန္ခ်ိန္ ငါးသိန္းခန႔္ ဝယ္ယူမႈရွိေၾကာင္း သိရသည္။

ျပည္ပကုန္သည္မ်ားက ၾကက္သြန္နီမ်ားကို ရန္ကုန္ဘုရင့္ေနာင္ကုန္စည္ဒိုင္၏ ေဈးႏႈန္းအတိုင္း တစ္ပိႆာ (၂၁၅ဝ) က်ပ္ျဖင့္ ေဈးဖြင့္ဝယ္ယူေနျခင္းျဖစ္ၿပီး ယခုပုံစံအတိုင္းသာ ဆက္လက္ဝယ္ယူေနမည္ဆိုပါက ျပည္တြင္းရွိ ၾကက္သြန္ေဈးႏႈန္းမ်ား က်ဆင္းႏိုင္ေျခ အလားအလာမရွိေသးေၾကာင္း ၾကက္သြန္ကုန္ သည္မ်ားက သုံးသပ္ေျပာၾကားထားသည္။

Related news

© 2021. All rights reserved.