လောက်ကိုင်မြို့၌ လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ ထိခိုက်သေဆုံးမှုများရှိ

 4749

NP News - ဇွန် ၂၄

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၂၃ ရက်)၊ ည ၈ နာရီခွဲအချိန်တွင် လောက်ကိုင်မြို့၊ ရပ်ကွက်(၃)ရှိ ကျင်ဟိုင်ဟိုတယ်အနီးတွင် အထက်ပါကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လောက်ကိုင်မြို့ခံတစ်ဦးက NP News ကို ပြောသည်။

“ဘာလို့ ပစ်ခတ်မှုဖြစ်သွားတာလဲဆိုတာတော့ မသိဘူး။ ပစ်ခတ်သံတွေကတော့ တော်တော်လေးကို ဆူဆူညံညံကြားရတယ်။ တစ်ဦးကတော့ သေသွားတယ်။ နောက်ဒဏ်ရာရရှိတဲ့လူတွေလည်း ရှိတယ်။ သေသွားတဲ့လူရဲ့ အလောင်းကိုတော့ ပြည်သူ့စစ်အဖွဲ့ရဲ့ ကားနဲ့သယ်သွားတာတွေ့လိုက်တယ်” ဟု လောက်ကိုင်မြို့ခံက ဆိုသည်။

လောက်ကိုင်မြို့၌ ပစ်ခတ်မှုဖြစ်စဉ်သည် လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့အချင်းချင်းအကြား ပစ်ခတ်မှုသာဖြစ်နိုင်ကြောင်းလည်း ၎င်းက ထပ်မံပြောဆိုထားသည်။

“လောက်ကိုင်မှာ နည်းနည်းရှုပ်တယ်။ ပြည်သူ့စစ်အဖွဲ့တင်ပဲ (၁ဝ)ဖွဲ့လောက်ရှိတယ်။ ရဲဆိုရင်လည်း ကုမ္ပဏီက ခန့်ထားတဲ့ ရဲတွေ၊ သူဋ္ဌေးတွေက ခန့်ထားတဲ့ ရဲတွေဆိုပြီး ရှိတယ်။ ကျွန်တော်တို့ကြားတာတော့ ပြည်သူ့စစ်အချင်းချင်း ပစ်တယ်လို့ပဲကြားတယ်” ဟု လောက်ကိုင်မြို့ခံက ဆိုသည်။

အထက်ပါကဲ့သို့ လက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း အမျိုးသားတစ်ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည့်အပြင် အဆောက်အဦးအချို့မှာလည်း ထိခိုက်ပျက် စီးမှုများရှိခဲ့ကြောင်း သိရသည်။

လောက်ကိုင်မြို့ပေါ်၌ ပြီးခဲ့သော ကာလများအတွင်းကလည်း အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်များ ရှိခဲ့ဖူးပြီး မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပေါ်နေကြောင်း လောက်ကိုင်မြို့ခံများက ဆိုထားသည်။

zawgyi version
ေလာက္ကိုင္ၿမိဳ႕၌ လက္နက္ကိုင္အဖြဲ႕ အခ်င္းခ်င္းၾကား အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားကာ ထိခိုက္ေသဆုံးမႈမ်ားရွိ

NP News - ဇြန္ ၂၄

ရွမ္းျပည္နယ္၊ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလာက္ကိုင္ၿမိဳ႕၌ လက္နက္ကိုင္အဖြဲ႕ အခ်င္းခ်င္းၾကား အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားကာ ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဇြန္လ ၂၃ ရက္)၊ ည ၈ နာရီခြဲအခ်ိန္တြင္ ေလာက္ကိုင္ၿမိဳ႕၊ ရပ္ကြက္(၃)ရွိ က်င္ဟိုင္ဟိုတယ္အနီးတြင္ အထက္ပါကဲ့သို႔ ပစ္ခတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

“ဘာလို႔ ပစ္ခတ္မႈျဖစ္သြားတာလဲဆိုတာေတာ့ မသိဘူး။ ပစ္ခတ္သံေတြကေတာ့ ေတာ္ေတာ္ေလးကို ဆူဆူညံညံၾကားရတယ္။ တစ္ဦးကေတာ့ ေသသြားတယ္။ ေနာက္ဒဏ္ရာရရွိတဲ့လူေတြလည္း ရွိတယ္။ ေသသြားတဲ့လူရဲ႕ အေလာင္းကိုေတာ့ ျပည္သူ႔စစ္အဖြဲ႕ရဲ႕ ကားနဲ႔သယ္သြားတာေတြ႕လိုက္တယ္” ဟု ေလာက္ကိုင္ၿမိဳ႕ခံက ဆိုသည္။

ေလာက္ကိုင္ၿမိဳ႕၌ ပစ္ခတ္မႈျဖစ္စဥ္သည္ လက္နက္ကိုင္ ျပည္သူ႔စစ္အဖြဲ႕အခ်င္းခ်င္းအၾကား ပစ္ခတ္မႈသာျဖစ္ႏိုင္ေၾကာင္းလည္း ၎က ထပ္မံေျပာဆိုထားသည္။

“ေလာက္ကိုင္မွာ နည္းနည္းရႈပ္တယ္။ ျပည္သူ႔စစ္အဖြဲ႕တင္ပဲ (၁ဝ)ဖြဲ႕ေလာက္ရွိတယ္။ ရဲဆိုရင္လည္း ကုမၸဏီက ခန႔္ထားတဲ့ ရဲေတြ၊ သူေ႒းေတြက ခန႔္ထားတဲ့ ရဲေတြဆိုၿပီး ရွိတယ္။ ကြၽန္ေတာ္တို႔ၾကားတာေတာ့ ျပည္သူ႔စစ္အခ်င္းခ်င္း ပစ္တယ္လို႔ပဲၾကားတယ္” ဟု ေလာက္ကိုင္ၿမိဳ႕ခံက ဆိုသည္။

အထက္ပါကဲ့သို႔ လက္နက္ကိုင္အဖြဲ႕အခ်င္းခ်င္းအၾကား အျပန္အလွန္ပစ္ခတ္မႈျဖစ္စဥ္အတြင္း အမ်ိဳးသားတစ္ဦးေသဆုံးခဲ့ကာ ထိခိုက္ဒဏ္ရာရသူမ်ားရွိခဲ့သည့္အျပင္ အေဆာက္အဦးအခ်ိဳ႕မွာလည္း ထိခိုက္ပ်က္ စီးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

ေလာက္ကိုင္ၿမိဳ႕ေပၚ၌ ၿပီးခဲ့ေသာ ကာလမ်ားအတြင္းကလည္း အျပန္အလွန္ပစ္ခတ္မႈျဖစ္စဥ္မ်ား ရွိခဲ့ဖူးၿပီး မၾကာခဏ ပစ္ခတ္မႈမ်ား ျဖစ္ေပၚေနေၾကာင္း ေလာက္ကိုင္ၿမိဳ႕ခံမ်ားက ဆိုထားသည္။

Related news

© 2021. All rights reserved.