ကလေးမြို့နယ်တွင် မော်တော်ယာဉ်တစ်စီး တံတားပေါ်မှ ပြုတ်ကျမှုဖြစ်ပွားပြီး ကလေးငယ်တစ်ဦးအပါအဝင် (၆)ဦး သေဆုံး

 852

Pearl (NP News) – ဇွန် ၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် မော်တော်ယာဉ်တစ်စီး တံတားပေါ်မှ ပြုတ်ကျမှုဖြစ်ပွားပြီး ကလေးငယ်တစ်ဦးအပါအဝင် (၆)ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သတင်းရရှိသည်။

ယနေ့ (ဇွန်လ ၂၄ ရက်)၊ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန်ခန့်တွင် ကလေးမြို့နယ်၊ ရာဇဂြိုလ်ရွာအနီး၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဦးမာန်ခင်း မောင်းနှင်၍ ခရီးသည်များ လိုက်ပါလာသော ကားတစ်စီးသည် ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာဘက်မှ တွန်းဇံမြို့နယ်၊ ရှာလ်ထောဇန်ရွာဘက်သို့မောင်းနှင်လာခဲ့ကြောင်း သိရသည်။

ထိုသို့မောင်းနှင်လာစဉ် ရာဇဂြိုလ်တံတားပေါ်သို့ အရောက်၌ မော်တော်ယာဉ်သည် တံတားပေါ်မှ ဘေးချော်၍အောက်သို့ ပြုတ်ကျသွားခဲ့ကြောင်း အထက်ပါ သတင်းအရင်းအမြစ်မှ ဆိုသည်။

ဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော ကလေးငယ်တစ်ဦးအပါအဝင် (၆)ဦးသည် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ခရီးသည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့အား ရာဇဂြိုလ် တိုက်နယ်ဆေးရုံကိုပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
ကေလးၿမိဳ႕နယ္တြင္ ေမာ္ေတာ္ယာဥ္တစ္စီး တံတားေပၚမွ ျပဳတ္က်မႈျဖစ္ပြားၿပီး ကေလးငယ္တစ္ဦးအပါအဝင္ (၆)ဦး ေသဆုံး
Pearl (NP News) – ဇြန္ ၂၄

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္တြင္ ေမာ္ေတာ္ယာဥ္တစ္စီး တံတားေပၚမွ ျပဳတ္က်မႈျဖစ္ပြားၿပီး ကေလးငယ္တစ္ဦးအပါအဝင္ (၆)ဦး ေသဆုံးသြားခဲ့ေၾကာင္း ေဒသခံတစ္ဦးထံမွ သတင္းရရွိသည္။

ယေန႔ (ဇြန္လ ၂၄ ရက္)၊ မြန္းတည့္ ၁၂ နာရီဝန္းက်င္အခ်ိန္ခန္႔တြင္ ကေလးၿမိဳ႕နယ္၊ ရာဇၿဂိဳလ္႐ြာအနီး၌ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

ဦးမာန္ခင္း ေမာင္းႏွင္၍ ခရီးသည္မ်ား လိုက္ပါလာေသာ ကားတစ္စီးသည္ ကေလးၿမိဳ႕နယ္၊ ရာဇၿဂိဳလ္ေက်း႐ြာဘက္မွ တြန္းဇံၿမိဳ႕နယ္၊ ရွာလ္ေထာဇန္႐ြာဘက္သို႔ေမာင္းႏွင္လာခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေမာင္းႏွင္လာစဥ္ ရာဇၿဂိဳလ္တံတားေပၚသို႔ အေရာက္၌ ေမာ္ေတာ္ယာဥ္သည္ တံတားေပၚမွ ေဘးေခ်ာ္၍ေအာက္သို႔ ျပဳတ္က်သြားခဲ့ေၾကာင္း အထက္ပါ သတင္းအရင္းအျမစ္မွ ဆိုသည္။

ျဖစ္စဥ္ေၾကာင့္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေပၚတြင္ လိုက္ပါလာေသာ ကေလးငယ္တစ္ဦးအပါအဝင္ (၆)ဦးသည္ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ၿပီး ခရီးသည္အခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ၎တို႔အား ရာဇၿဂိဳလ္ တိုက္နယ္ေဆး႐ုံကိုပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.