စက်ဘီးစီးလာသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးပေါ်သို့ သရက်ပင်လဲကျမှု ကမာရွတ်မြို့နယ်၌ဖြစ်ပွား

 2098

စော (NP News) - ဇွန် ၂၅

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တွင် တက္ကသိုလ်ကျောင်းသားတစ်ဦးပေါ်သို့ နှစ်ချို့သရက်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၂၄ ရက်)၊ ညနေ(၄)နာရီခွဲဝန်းကျင်အချိန်တွင် ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းမပေါ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

“မနေ့က မိုးကလည်း ကောင်းတယ် လေလည်းနည်းနည်းပါတယ်။ သူကစက်ဘီးနင်းလာတဲ့အချိန် နှစ် ချို့ သရက်ပင်ကလဲကျသွားတာလို့ထင်တယ်။ မိသားစုနဲ့တော့ အဆက်အသွယ်ရပါပြီ”ဟု သွေးဒါနမျိုး ဆက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

သရက်ပင်လဲကျမှုကြောင့် အဆိုပါ အမျိုးသား၏ ကျောရိုးနှင့် ဘယ်ဘက်ခြေထောက် ကျိုးကြေခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသားကို ကံကော်မြေလူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် မောင်ကောင်းခန့်သွေး (၁၉)နှစ်ဖြစ်ပြီး ရွာသာကြီးတက္ကသိုလ်တွင် ပညာသင်ကြားနေသော ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။

zawgyi version
စက္ဘီးစီးလာသည့္ တကၠသိုလ္ေက်ာင္းသားတစ္ဦးေပၚသို႔ သရက္ပင္လဲက်မႈ ကမာ႐ြတ္ၿမိဳ႕နယ္၌ျဖစ္ပြား

ေစာ (NP News) - ဇြန္ ၂၅

ရန္ကုန္တိုင္း၊ ကမာ႐ြတ္ၿမိဳ႕နယ္တြင္ တကၠသိုလ္ေက်ာင္းသားတစ္ဦးေပၚသို႔ ႏွစ္ခ်ိဳ႕သရက္ပင္လဲက်မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဇြန္လ ၂၄ ရက္)၊ ညေန(၄)နာရီခြဲဝန္းက်င္အခ်ိန္တြင္ ကမာ႐ြတ္ၿမိဳ႕နယ္၊ တကၠသိုလ္ရိပ္သာလမ္းမေပၚ၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း ေသြးဒါနမ်ိဳးဆက္လူမႈကူညီေရးအသင္းထံမွ သိရသည္။

“မေန႔က မိုးကလည္း ေကာင္းတယ္ ေလလည္းနည္းနည္းပါတယ္။ သူကစက္ဘီးနင္းလာတဲ့အခ်ိန္ ႏွစ္ ခ်ိဳ႕ သရက္ပင္ကလဲက်သြားတာလို႔ထင္တယ္။ မိသားစုနဲ႔ေတာ့ အဆက္အသြယ္ရပါၿပီ”ဟု ေသြးဒါနမ်ိဳး ဆက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

သရက္ပင္လဲက်မႈေၾကာင့္ အဆိုပါ အမ်ိဳးသား၏ ေက်ာ႐ိုးႏွင့္ ဘယ္ဘက္ေျခေထာက္ က်ိဳးေၾကခဲ့ေၾကာင္း ၎ကဆက္လက္ေျပာဆိုခဲ့သည္။

ထိခိုက္ဒဏ္ရာရရွိခဲ့ေသာ အမ်ိဳးသားကို ကံေကာ္ေျမလူမႈကူညီေရးအသင္းမွ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသားသည္ ေမာင္ေကာင္းခန႔္ေသြး (၁၉)ႏွစ္ျဖစ္ၿပီး ႐ြာသာႀကီးတကၠသိုလ္တြင္ ပညာသင္ၾကားေနေသာ ေက်ာင္းသားတစ္ဦးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.