အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရှိရှိ/မရှိရှိ ရာဖဲလ်မြို့ကို ထိုးစစ်ဆင်သွားမှာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်သတိပေး

 387

Pika (NP News) - မေ ၁

ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ သဘောတူညီထားတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရှိရှိ/မရှိရှိ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာရှိတဲ့ ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုတွေလုပ်ဆောင်သွားမှာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဧပြီလ(၃၀)ရက်နေ့မှာ ကတိပြုပြောဆိုခဲ့ပါတယ်။

အစ္စရေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန် မရောက်ခင်နာရီပိုင်းအလိုမှာ နေတန်ရာဟုရဲ့ သတိပေးချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ရည်မှန်းထားတဲ့ပန်းတိုင်ကို မရရှိခင်အချိန်မှာ စစ်ပွဲကို ရပ်တန်ဖို့ မေးခွန်းမထုတ်သင့်ဘူးလို့လည်း နေတန်ရာဟုက ပြောဆိုခဲ့ပါတယ်။ နေတန်ရာဟုက 'အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရှိရှိ/မရှိရှိ ကျွန်တော်တို့ရာဖဲလ်မြို့ကိုဝင်ပြီး ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့ တပ်ရင်းတွေကို ချေမှုန်းပစ်သွားမှာပါ'လို့ ပြောဆိုခဲ့ပါတယ်။ ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဆွေးနွေးဖို့အတွက် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို သွားရောက်ဖို့ စီစဉ်ထားတဲ့အချိန်မှာပဲ နေတန်ရာဟုရဲ့မှတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ဟားမက်လက်နက်ကိုင်အဖွဲ့က ၎င်းတို့ဟာ ရက်(၄၀)ကြာ အပစ်အခတ်ရပ်စဲဖို့နဲ့ အကျဉ်းသားအများအပြားလဲလှယ်မှုတွေကို လုပ်ဆောင်ဖို့ စဉ်းစားနေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၇)ရက်နေ့မှာ အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံသား(၁၂၀၀)ကျော် သေဆုံးခဲ့ကာ ပါလက်စတိုင်းလူမျိုး(၃)သောင်းကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရသိရပါတယ်။

zawgyi version
အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ ရွိရွိ/မရွိရွိ ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္သြားမွာျဖစ္တယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္သတိေပး
Pika (NP News) - ေမ ၁

ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ သေဘာတူညီထားတဲ့ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ ရွိရွိ/မရွိရွိ ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းမွာရွိတဲ့ ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္မႈေတြလုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ဧၿပီလ(၃၀)ရက္ေန႔မွာ ကတိျပဳေျပာဆိုခဲ့ပါတယ္။

အစၥေရးကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအန္တိုနီဘလင္ကန္ မေရာက္ခင္နာရီပိုင္းအလိုမွာ ေနတန္ရာဟုရဲ႕ သတိေပးခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့အျပင္ ရည္မွန္းထားတဲ့ပန္းတိုင္ကို မရရွိခင္အခ်ိန္မွာ စစ္ပြဲကို ရပ္တန္ဖို႔ ေမးခြန္းမထုတ္သင့္ဘူးလို႔လည္း ေနတန္ရာဟုက ေျပာဆိုခဲ့ပါတယ္။ ေနတန္ရာဟုက 'အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ ရွိရွိ/မရွိရွိ ကြၽန္ေတာ္တို႔ရာဖဲလ္ၿမိဳ႕ကိုဝင္ၿပီး ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕ တပ္ရင္းေတြကို ေခ်မႈန္းပစ္သြားမွာပါ'လို႔ ေျပာဆိုခဲ့ပါတယ္။ ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕ ကိုယ္စားလွယ္အဖြဲ႕ဟာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ေဆြးေႏြးဖို႔အတြက္ အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕ကို သြားေရာက္ဖို႔ စီစဥ္ထားတဲ့အခ်ိန္မွာပဲ ေနတန္ရာဟုရဲ႕မွတ္ခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ဟားမက္လက္နက္ကိုင္အဖြဲ႕က ၎တို႔ဟာ ရက္(၄၀)ၾကာ အပစ္အခတ္ရပ္စဲဖို႔နဲ႔ အက်ဥ္းသားအမ်ားအျပားလဲလွယ္မႈေတြကို လုပ္ေဆာင္ဖို႔ စဥ္းစားေနတယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ(၇)ရက္ေန႔မွာ အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အစၥေရးႏိုင္ငံသား(၁၂၀၀)ေက်ာ္ ေသဆုံးခဲ့ကာ ပါလက္စတိုင္းလူမ်ိဳး(၃)ေသာင္းေက်ာ္ ေသဆုံးခဲ့တယ္လို႔ ထုတ္ျပန္ထားတဲ့အခ်က္အလက္ေတြအရသိရပါတယ္။

Related news

© 2021. All rights reserved.