ကော့ကရိတ်မြို့တိုက်ပွဲအတွင်း ပျက်စီးသွားသည့် အိမ်များအတွက် ကျပ် (၁၂) ဘီလျံကျော်ထက်မနည်း ဒေသခံပြည်သူများ ဆုံးရှုံးနစ်နာခဲ့ရ

 1019

Pearl (NP News) - မေ ၂၁

ကော့ကရိတ်မြို့တိုက်ပွဲအတွင်း အိမ်ခြေ(၆၀ဝ)ခန့်ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူလူထုအနေဖြင့် အဆိုပါ အိမ်ခြေပျက်စီးဆုံးရှုံးမှုအတွက် အနည်းဆုံး ကျပ်သိန်းပေါင်း (၁၂၇၀ဝဝ) ကျော် သို့မဟုတ် ကျပ် (၁၂ ဒသမ ၇ ) ဘီလျံ ထက်မနည်း ဆုံးရှုံးနစ်နာခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်မှစတင်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တပ်မတော်နှင့် KNU/PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုများနှင့် မီးလောင်မှုများကြောင့် အိမ်ခြေ(၆၀ဝ)ဝန်းကျင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ‘မီးလောင်တာကတော့အိမ်ခြေ (၅၀ဝ) ဝန်းကျင်လောက်ရှိတယ်။ အိမ်တွေက တိုက်ခံအိမ်တွေရော၊ သစ်သားအိမ်တွေ ရောပါတယ်။ လက်နက်ကြီးကျပြီး ပျက်စီးတဲ့ အိမ်တွေက(၁၀ဝ)ဝန်းကျင်ရှိတယ်။ တောထဲကလူတွေက လူထုနေအိမ်၊ တိုက်အိမ်တွေကို တက်နေလိုက်တယ်။ သူတို့အတွက် အကာ အကွယ်ကောင်းတယ်။ အဲဒီထဲကနေ သူတို့ကပစ်တယ်။ ပစ်တော့တပ်က ပြန်ပစ်ထည့်လိုက်တာပေါ့။ အဲဒီလိုပစ်တော့ အထိအခိုက်လေးတွေ ရှိလာတာပေါ့။ မီးလောင်တာက တချို့တွေပြောတာ လက်နက်ကြီးကျတယ်လို့ပြောတယ်။ လက်နက်ကြီးကျတာလည်း ကျွန်တော်တို့မြို့ထဲမှာ ရှိတုန်းကလည်း ကျဖူးတာပဲ။ လက်နက်ကြီး ကျပြီး မီးလောင်ဖို့က တော်တော်ကြီးနည်းပါတယ်။ တကယ်တမ်းကျတော့ ရှို့မီးပဲဖြစ်နိုင်တယ်’ဟု ကော့ကရိတ်မြို့ခံတစ်ဦးက NP News ကို ပြောသည်။

ကော့ကရိတ်တိုက်ပွဲကာလအတွင်း မီးလောင်မှုကြောင့် တိုက်ခံ အိမ်(၁၅၀)ဝန်းကျင်၊ သစ်သားအိမ်(၃၅၀)ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရပြီး လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုများကြောင့် တိုက်ခံအိမ် (၁၀ဝ)ဝန်းကျင်ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်းလည်း မြို့ခံများကဆိုသည်။ ကော့ကရိတ်မြို့ခံများသည် တိုက်အိမ်တစ်လုံး ဖြစ်ပေါ်လာရန် အတွက် (၅)နှစ်နီးပါး အချိန်ယူစုဆောင်းခဲ့ရသူများရှိပြီး နေအိမ်တည်ဆောက်ရန်အတွက် လတ်တလော၌ အနည်းဆုံးငွေ ကျပ်သိန်း (၁၅၀)မှ သိန်း (၃၀ဝ) နှင့်အထက် ကုန်ကျနိုင်ဖွယ်ရှိကြောင်း မြို့ခံများက တွက်ချက်ပြောဆိုထားသည်။

‘ပြန်ဆောက်ဖို့က အခုကာလက ဘိလပ်မြေကလည်း တစ်အိတ်ကိုကျပ် ၁၀ဝဝဝ ကျော်၊ သံဈေးကလည်း (၈)သိန်းကနေ (၁၀)သိန်းကြားရှိတာ။ တိုက်ခံအိမ်တစ်လုံးဆောက်ဖို့ သိန်းရာချီကျော်တယ်၊ အနည်းဆုံး သိန်း(၃၀ဝ) လောက်တော့ ကုန်မှာပေါ့။ ရိုးရိုးအိမ်တွေက အနည်းဆုံး သိန်း (၁၀ဝ) နဲ့ (၁၅၀)လောက်တော့ ကုန်နိုင်တယ်။ ချက်ခြင်းကြီး ပြန်တည် ဆောက်ဖို့ ဘယ်လွယ်မလဲ။ (၅)နှစ်နဲ့ (၁၀)နှစ်ကြားကြာမှာ။ လူတွေက တော်တော်အဆင်မပြေကြဘူးလေ။ ပြန်လည်တည်ဆောက်ရေးအတွက်ကတော့ ဒီဒေသမှာရှိတဲ့ မိသားစုတွေအလိုက် ပြန်လည်တည်ထောင်ဖို့ အတွက် အလွန်ခက်ခဲတဲ့အလုပ်ဖြစ်သွားပြီ။ သူဌေးသူကြွယ်တွေအတွက်ကတော့ ဖြစ်နိုင်ပေမယ့် သာမာန်လူတွေ အတွက်က မဖြစ်နိုင်ဘူးလေ။ ပြန်လည်တည်ဆောက်ဖို့က တော်တော်ကြာမယ်’ဟု ကော့ကရိတ်မြို့ခံကပြောသည်။

ကော့ကရိတ်မြို့တိုက်ပွဲကြောင့် တိုက်ခံအိမ်(၂၅၀)ခန့်ပျက်စီးခဲ့ရပြီး တိုက်ခံအိမ်တစ်လုံးကုန်ကျ စရိတ်အား အနည်းဆုံး ငွေကျပ်သိန်း (၃၀ဝ)ဖြင့် နှိုင်းယှဉ်တွက်ချက်ကြည့်မည်ဆိုပါက ဒေသခံလူထု အနေဖြင့် သိန်း‌ပေါင်း (၇၅၀ဝဝ) ဆုံးရှုံးနစ်နာခဲ့ရသည်ဟု တွက်ဆနိုင်သည်။ အလားတူ ၎င်းတိုက် ပွဲကြောင့် သစ်သားအိမ် (၃၅၀)ခန့် ပျက်စီးခဲ့ ရပြီး သစ်သားအိမ်တစ်လုံးလျှင် အနည်းဆုံးကုန်ကျစရိတ် ငွေကျပ် သိန်း(၁၅၀)ဖြင့်တွက်ချက်ပါက ဒေသခံလူထုအနေ ဖြင့် သိန်းပေါင်း (၅၂၅၀ဝ) ဆုံးရှုံးနစ်နာခဲ့ရဖွယ်ရှိသည်။ ထို့ ကြောင့် ကော့ကရိတ်မြို့ပေါ်တွင် KNU ပူး ပေါင်းအဖွဲ့နှင့် တပ်မတော်တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မြို့ခံလူထုအနေဖြင့် အနည်းဆုံး ငွေကျပ်သိန်းပေါင်း (၁၂၇၅၀ဝ)ထက်မနည်း ဆုံးရှုံးနစ် နာခဲ့ရဖွယ်ရှိကြောင်း တွက်ဆ နိုင်သည်။ ယင်းပမာဏသည် အနည်းဆုံးတွက်ချက်ခဲ့သည့် နစ်နာဆုံးရှုံးနိုင် ခြေဖြစ်ပြီး အသေးစိတ် စစ်တမ်းပြုစုတွက် ချက်မည်ဆိုပါက ဒေသခံပြည်သူများ၏ ပိုင်ဆိုင်မှုဆုံးရှုံးသွားခြင်းမှာ ကျပ်သိန်းပေါင်း (၁၂၇၅၀ဝ)ထက် ပို၍သာများမည် ဖြစ်သည်။

ယင်းပြင် မူလနေအိမ်နေရာများ၌ မူလအတိုင်း ပြန်လည်တည်ဆောက်မည်ဆိုပါက လက်ရှိခေတ်ကာလပေါက်ဈေးများကြောင့် မူရင်းကုန်ကျစရိတ်ထက် အနည်းဆုံး ငါးဆခန့် တက်သွားနိုင်ခြေရှိသည်။ တစ်နည်းအားဖြင့် ကျပ်သိန်းပေါင်း (၁၂၇၅၀ဝ)၏ ငါးဆဖြစ်သော ကျပ်သိန်းပေါင်း (၆၃၇၅၀ဝ) လည်းဖြစ်နိုင်သည်။ အဆိုပါ နှုန်းထား နှစ်ခုလုံးပေါင်းဖြစ်သော ကျပ်သိန်းပေါင်း(၇၆၅၀ဝဝ) သို့မဟုတ် ကျပ်(၇၆ ဒသမ ၅) ဘီလျံသည် ဒေသခံပြည်သူများ၏ ပျက်စီးသွားသော အိမ်အားလုံးကို ပြန်လည်တည်ဆောက်၍ နေထိုင်ခြင်း(ပျက်စီးခြင်းနှင့် တည်ဆောက်ခြင်း)အတွက် ကုန်ကျစရိတ်လည်း ဖြစ်သွားမည်ဖြစ်သည်။ ကော့ကရိတ် ဒေသခံပြည်သူလူထုဆုံးရှုံးခဲ့ရသော အိမ်များအပြင် ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ဆက်သွယ်ရေးကွန်ရက် အပါအဝင်မြို့ပြတစ်ခု၏ စနစ်တကျ ဖွဲ့စည်းပုံအတိုင်း ပြန်လည်ဖြစ်ပေါ်လာစေရေးအတွက်ပါ အခြေခံကျကျ ထည့်သွင်းတွက်ချက်မည်ဆိုပါက ကော့ကရိတ်တိုက်ပွဲသည် နိုင်ငံတော်နှင့်ဒေသခံပြည်သူများအတွက် ကျပ်ဘီလျံ(၁၀ဝ)ထက်မနည်းသော ဆုံးရှုံး နစ်နာမှုများကို ဖြစ်ပေါ်စေခဲ့ပြီဟု ဆိုနိုင်သည်။

လက်ရှိတွင် ကော့ကရိတ်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ထားပြီး ကော့ကရိတ်မြို့အတွင်း၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးထားကြောင်းသိရသည်။ ထို့ပြင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ကြသည့် ကော့ကရိတ်မြို့ခံများအနေဖြင့် လတ်တလော၌ ပြန်လည်ဝင်ရောက်နေထိုင်မှုများ ရှိနေကြောင်းလည်း သိရသည်။

zawgyi version
ေကာ့ကရိတ္ၿမိဳ႕တိုက္ပြဲအတြင္း ပ်က္စီးသြားသည့္ အိမ္မ်ားအတြက္ က်ပ္ (၁၂) ဘီလ်ံေက်ာ္ထက္မနည္း ေဒသခံျပည္သူမ်ား ဆုံးရႈံးနစ္နာခဲ့ရ
Pearl (NP News) - ေမ ၂၁

ေကာ့ကရိတ္ၿမိဳ႕တိုက္ပြဲအတြင္း အိမ္ေျခ(၆၀ဝ)ခန႔္ပ်က္စီးခဲ့ရၿပီး ေဒသခံျပည္သူလူထုအေနျဖင့္ အဆိုပါ အိမ္ေျခပ်က္စီးဆုံးရႈံးမႈအတြက္ အနည္းဆုံး က်ပ္သိန္းေပါင္း (၁၂၇၀ဝဝ) ေက်ာ္ သို႔မဟုတ္ က်ပ္ (၁၂ ဒသမ ၇ ) ဘီလ်ံ ထက္မနည္း ဆုံးရႈံးနစ္နာခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၁ ရက္မွစတင္၍ ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕တြင္ တပ္မေတာ္ႏွင့္ KNU/PDF ပူးေပါင္းအဖြဲ႕ၾကား တိုက္ပြဲမ်ားျပင္းထန္ခဲ့ၿပီး တိုက္ပြဲအတြင္း လက္နက္ႀကီးက်ေရာက္ ေပါက္ကြဲမႈမ်ားႏွင့္ မီးေလာင္မႈမ်ားေၾကာင့္ အိမ္ေျခ(၆၀ဝ)ဝန္းက်င္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။ ‘မီးေလာင္တာကေတာ့အိမ္ေျခ (၅၀ဝ) ဝန္းက်င္ေလာက္ရွိတယ္။ အိမ္ေတြက တိုက္ခံအိမ္ေတြေရာ၊ သစ္သားအိမ္ေတြ ေရာပါတယ္။ လက္နက္ႀကီးက်ၿပီး ပ်က္စီးတဲ့ အိမ္ေတြက(၁၀ဝ)ဝန္းက်င္ရွိတယ္။ ေတာထဲကလူေတြက လူထုေနအိမ္၊ တိုက္အိမ္ေတြကို တက္ေနလိုက္တယ္။ သူတို႔အတြက္ အကာ အကြယ္ေကာင္းတယ္။ အဲဒီထဲကေန သူတို႔ကပစ္တယ္။ ပစ္ေတာ့တပ္က ျပန္ပစ္ထည့္လိုက္တာေပါ့။ အဲဒီလိုပစ္ေတာ့ အထိအခိုက္ေလးေတြ ရွိလာတာေပါ့။ မီးေလာင္တာက တခ်ိဳ႕ေတြေျပာတာ လက္နက္ႀကီးက်တယ္လို႔ေျပာတယ္။ လက္နက္ႀကီးက်တာလည္း ကြၽန္ေတာ္တို႔ၿမိဳ႕ထဲမွာ ရွိတုန္းကလည္း က်ဖူးတာပဲ။ လက္နက္ႀကီး က်ၿပီး မီးေလာင္ဖို႔က ေတာ္ေတာ္ႀကီးနည္းပါတယ္။ တကယ္တမ္းက်ေတာ့ ရႈိ႕မီးပဲျဖစ္ႏိုင္တယ္’ဟု ေကာ့ကရိတ္ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

ေကာ့ကရိတ္တိုက္ပြဲကာလအတြင္း မီးေလာင္မႈေၾကာင့္ တိုက္ခံ အိမ္(၁၅၀)ဝန္းက်င္၊ သစ္သားအိမ္(၃၅၀)ဝန္းက်င္ ပ်က္စီးဆုံးရႈံးခဲ့ရၿပီး လက္နက္ႀကီး က်ည္က်ေရာက္ေပါက္ကြဲမႈမ်ားေၾကာင့္ တိုက္ခံအိမ္ (၁၀ဝ)ဝန္းက်င္ခန႔္ ပ်က္စီးဆုံးရႈံးခဲ့ရေၾကာင္းလည္း ၿမိဳ႕ခံမ်ားကဆိုသည္။ ေကာ့ကရိတ္ၿမိဳ႕ခံမ်ားသည္ တိုက္အိမ္တစ္လုံး ျဖစ္ေပၚလာရန္ အတြက္ (၅)ႏွစ္နီးပါး အခ်ိန္ယူစုေဆာင္းခဲ့ရသူမ်ားရွိၿပီး ေနအိမ္တည္ေဆာက္ရန္အတြက္ လတ္တေလာ၌ အနည္းဆုံးေငြ က်ပ္သိန္း (၁၅၀)မွ သိန္း (၃၀ဝ) ႏွင့္အထက္ ကုန္က်ႏိုင္ဖြယ္ရွိေၾကာင္း ၿမိဳ႕ခံမ်ားက တြက္ခ်က္ေျပာဆိုထားသည္။

‘ျပန္ေဆာက္ဖို႔က အခုကာလက ဘိလပ္ေျမကလည္း တစ္အိတ္ကိုက်ပ္ ၁၀ဝဝဝ ေက်ာ္၊ သံေဈးကလည္း (၈)သိန္းကေန (၁၀)သိန္းၾကားရွိတာ။ တိုက္ခံအိမ္တစ္လုံးေဆာက္ဖို႔ သိန္းရာခ်ီေက်ာ္တယ္၊ အနည္းဆုံး သိန္း(၃၀ဝ) ေလာက္ေတာ့ ကုန္မွာေပါ့။ ႐ိုး႐ိုးအိမ္ေတြက အနည္းဆုံး သိန္း (၁၀ဝ) နဲ႔ (၁၅၀)ေလာက္ေတာ့ ကုန္ႏိုင္တယ္။ ခ်က္ျခင္းႀကီး ျပန္တည္ ေဆာက္ဖို႔ ဘယ္လြယ္မလဲ။ (၅)ႏွစ္နဲ႔ (၁၀)ႏွစ္ၾကားၾကာမွာ။ လူေတြက ေတာ္ေတာ္အဆင္မေျပၾကဘူးေလ။ ျပန္လည္တည္ေဆာက္ေရးအတြက္ကေတာ့ ဒီေဒသမွာရွိတဲ့ မိသားစုေတြအလိုက္ ျပန္လည္တည္ေထာင္ဖို႔ အတြက္ အလြန္ခက္ခဲတဲ့အလုပ္ျဖစ္သြားၿပီ။ သူေဌးသူႂကြယ္ေတြအတြက္ကေတာ့ ျဖစ္ႏိုင္ေပမယ့္ သာမာန္လူေတြ အတြက္က မျဖစ္ႏိုင္ဘူးေလ။ ျပန္လည္တည္ေဆာက္ဖို႔က ေတာ္ေတာ္ၾကာမယ္’ဟု ေကာ့ကရိတ္ၿမိဳ႕ခံကေျပာသည္။

ေကာ့ကရိတ္ၿမိဳ႕တိုက္ပြဲေၾကာင့္ တိုက္ခံအိမ္(၂၅၀)ခန႔္ပ်က္စီးခဲ့ရၿပီး တိုက္ခံအိမ္တစ္လုံးကုန္က် စရိတ္အား အနည္းဆုံး ေငြက်ပ္သိန္း (၃၀ဝ)ျဖင့္ ႏႈိင္းယွဥ္တြက္ခ်က္ၾကည့္မည္ဆိုပါက ေဒသခံလူထု အေနျဖင့္ သိန္း‌ေပါင္း (၇၅၀ဝဝ) ဆုံးရႈံးနစ္နာခဲ့ရသည္ဟု တြက္ဆႏိုင္သည္။ အလားတူ ၎တိုက္ ပြဲေၾကာင့္ သစ္သားအိမ္ (၃၅၀)ခန႔္ ပ်က္စီးခဲ့ ရၿပီး သစ္သားအိမ္တစ္လုံးလွ်င္ အနည္းဆုံးကုန္က်စရိတ္ ေငြက်ပ္ သိန္း(၁၅၀)ျဖင့္တြက္ခ်က္ပါက ေဒသခံလူထုအေန ျဖင့္ သိန္းေပါင္း (၅၂၅၀ဝ) ဆုံးရႈံးနစ္နာခဲ့ရဖြယ္ရွိသည္။ ထို႔ ေၾကာင့္ ေကာ့ကရိတ္ၿမိဳ႕ေပၚတြင္ KNU ပူး ေပါင္းအဖြဲ႕ႏွင့္ တပ္မေတာ္တို႔ၾကား ျဖစ္ပြားခဲ့ေသာ တိုက္ပြဲေၾကာင့္ ၿမိဳ႕ခံလူထုအေနျဖင့္ အနည္းဆုံး ေငြက်ပ္သိန္းေပါင္း (၁၂၇၅၀ဝ)ထက္မနည္း ဆုံးရႈံးနစ္ နာခဲ့ရဖြယ္ရွိေၾကာင္း တြက္ဆ ႏိုင္သည္။ ယင္းပမာဏသည္ အနည္းဆုံးတြက္ခ်က္ခဲ့သည့္ နစ္နာဆုံးရႈံးႏိုင္ ေျချဖစ္ၿပီး အေသးစိတ္ စစ္တမ္းျပဳစုတြက္ ခ်က္မည္ဆိုပါက ေဒသခံျပည္သူမ်ား၏ ပိုင္ဆိုင္မႈဆုံးရႈံးသြားျခင္းမွာ က်ပ္သိန္းေပါင္း (၁၂၇၅၀ဝ)ထက္ ပို၍သာမ်ားမည္ ျဖစ္သည္။

ယင္းျပင္ မူလေနအိမ္ေနရာမ်ား၌ မူလအတိုင္း ျပန္လည္တည္ေဆာက္မည္ဆိုပါက လက္ရွိေခတ္ကာလေပါက္ေဈးမ်ားေၾကာင့္ မူရင္းကုန္က်စရိတ္ထက္ အနည္းဆုံး ငါးဆခန႔္ တက္သြားႏိုင္ေျခရွိသည္။ တစ္နည္းအားျဖင့္ က်ပ္သိန္းေပါင္း (၁၂၇၅၀ဝ)၏ ငါးဆျဖစ္ေသာ က်ပ္သိန္းေပါင္း (၆၃၇၅၀ဝ) လည္းျဖစ္ႏိုင္သည္။ အဆိုပါ ႏႈန္းထား ႏွစ္ခုလုံးေပါင္းျဖစ္ေသာ က်ပ္သိန္းေပါင္း(၇၆၅၀ဝဝ) သို႔မဟုတ္ က်ပ္(၇၆ ဒသမ ၅) ဘီလ်ံသည္ ေဒသခံျပည္သူမ်ား၏ ပ်က္စီးသြားေသာ အိမ္အားလုံးကို ျပန္လည္တည္ေဆာက္၍ ေနထိုင္ျခင္း(ပ်က္စီးျခင္းႏွင့္ တည္ေဆာက္ျခင္း)အတြက္ ကုန္က်စရိတ္လည္း ျဖစ္သြားမည္ျဖစ္သည္။ ေကာ့ကရိတ္ ေဒသခံျပည္သူလူထုဆုံးရႈံးခဲ့ရေသာ အိမ္မ်ားအျပင္ ေရရရွိေရး၊ လွ်ပ္စစ္မီးရရွိေရးႏွင့္ ဆက္သြယ္ေရးကြန္ရက္ အပါအဝင္ၿမိဳ႕ျပတစ္ခု၏ စနစ္တက် ဖြဲ႕စည္းပုံအတိုင္း ျပန္လည္ျဖစ္ေပၚလာေစေရးအတြက္ပါ အေျခခံက်က် ထည့္သြင္းတြက္ခ်က္မည္ဆိုပါက ေကာ့ကရိတ္တိုက္ပြဲသည္ ႏိုင္ငံေတာ္ႏွင့္ေဒသခံျပည္သူမ်ားအတြက္ က်ပ္ဘီလ်ံ(၁၀ဝ)ထက္မနည္းေသာ ဆုံးရႈံး နစ္နာမႈမ်ားကို ျဖစ္ေပၚေစခဲ့ၿပီဟု ဆိုႏိုင္သည္။

လက္ရွိတြင္ ေကာ့ကရိတ္ၿမိဳ႕ကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ထားၿပီး ေကာ့ကရိတ္ၿမိဳ႕အတြင္း၌ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိသည့္အျပင္ မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ားကိုလည္း ေဆာင္႐ြက္ေပးထားေၾကာင္းသိရသည္။ ထို႔ျပင္ တိုက္ပြဲေၾကာင့္ ေနရပ္စြန႔္ခြာခဲ့ၾကသည့္ ေကာ့ကရိတ္ၿမိဳ႕ခံမ်ားအေနျဖင့္ လတ္တေလာ၌ ျပန္လည္ဝင္ေရာက္ေနထိုင္မႈမ်ား ရွိေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.