မလေးရှားမှာ မျက်နှာကျက်မှ အလေးချိန် ၁၅ ကီလိုဂရမ်ရှိ စပါးအုံးမြွေ ပြုတ်ကျမှုဖြစ်ပွား

 7387

ရောင်နီ (NP News) - စက်တင်ဘာ ၇

မလေးရှားနိုင်ငံ၊ နီဂီရီဆမ်ဘီလန်ပြည်နယ်၊ ကွာလာပီလာမြို့ငယ်ရှိ လူနေအိမ်တစ်ခုမှာ မျက်နှာကျတ်မှ အလေးချိန် ၁၅ ကီလိုဂရမ်ရှိတဲ့ စပါးအုံးမြွေတစ်ကောင် ပြုတ်ကျမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ခရိုင်အရပ်ဘက်ကာကွယ်ရေးအရာရှိ ဟိုဟာမက်ဂါဇလီအက်ဟာက စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီ ၅ဝ မိနစ် အချိန်က ဒီဖြစ်ရပ်အတွက် ဖုန်းခေါ်ဆိုမှု လက်ခံရရှိခဲ့ပြီး မြွေကို ဖမ်းဖို့ လူသုံးယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့ကို ချက်ချင်း စေလွှတ်လိုက်တယ်လို့ ပြောပါတယ်။ မြွေဟာ မျက်နှာကျတ်က ပြုတ်ကျပြီးနောက် အိမ်ထဲမှာ ဆက်လက်ရွေ့လျား သွားလာနေခဲ့ပြီး ရေချိုးခန်းတံခါးနား ရစ်အတ်နေချိန်မှာ ကယ်ဆယ်ရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

မြွေကို တောရိုင်းတိရစ္ဆာန်နဲ့ အမျိုးသားဥယျာဉ်ဌာနကို လွှဲပြောင်းပေးအပ်သွားမယ်လို့ မိုဟာမက်ဂါဇာလီက ပြောကြားခဲ့ပါတယ်။ စွတ်စိုအေးမြတဲ့ ရာသီဥတုရှိတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှား ကျေးလက်ဒေသတွေမှာ မြွေနဲ့ ပတ်သက်ပြီး မတော်တဆဖြစ်ရပ်များစွာ တွေ့ရလေ့ရှိပြီး မြွေမြိုခံရတဲ့ဖြစ်ရပ်တွေလည်း မကြာခဏ ကြားရလေ့ ရှိပါတယ်။

Zawgyi Version;
မေလးရွားမွာ မ်က္ႏွာက်က္မွ အေလးခ်ိန္ ၁၅ ကီလိုဂရမ္ရွိ စပါးအုံးေႁမြ ျပဳတ္က်မႈျဖစ္ပြား
ေရာင္နီ (NP News) - စက္တင္ဘာ ၇

မေလးရွားႏိုင္ငံ၊ နီဂီရီဆမ္ဘီလန္ျပည္နယ္၊ ကြာလာပီလာၿမိဳ႕ငယ္ရွိ လူေနအိမ္တစ္ခုမွာ မ်က္ႏွာက်တ္မွ အေလးခ်ိန္ ၁၅ ကီလိုဂရမ္ရွိတဲ့ စပါးအုံးေႁမြတစ္ေကာင္ ျပဳတ္က်မႈျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ခ႐ိုင္အရပ္ဘက္ကာကြယ္ေရးအရာရွိ ဟိုဟာမက္ဂါဇလီအက္ဟာက စက္တင္ဘာ ၅ ရက္ နံနက္ ၉ နာရီ ၅ဝ မိနစ္ အခ်ိန္က ဒီျဖစ္ရပ္အတြက္ ဖုန္းေခၚဆိုမႈ လက္ခံရရွိခဲ့ၿပီး ေႁမြကို ဖမ္းဖို႔ လူသုံးေယာက္ပါတဲ့ အဖြဲ႕တစ္ဖြဲ႕ကို ခ်က္ခ်င္း ေစလႊတ္လိုက္တယ္လို႔ ေျပာပါတယ္။ ေႁမြဟာ မ်က္ႏွာက်တ္က ျပဳတ္က်ၿပီးေနာက္ အိမ္ထဲမွာ ဆက္လက္ေ႐ြ႕လ်ား သြားလာေနခဲ့ၿပီး ေရခ်ိဳးခန္းတံခါးနား ရစ္အတ္ေနခ်ိန္မွာ ကယ္ဆယ္ေရးအဖြဲ႕က ဖမ္းဆီးႏိုင္ခဲ့ပါတယ္။

ေႁမြကို ေတာ႐ိုင္းတိရစာၦန္နဲ႔ အမ်ိဳးသားဥယ်ာဥ္ဌာနကို လႊဲေျပာင္းေပးအပ္သြားမယ္လို႔ မိုဟာမက္ဂါဇာလီက ေျပာၾကားခဲ့ပါတယ္။ စြတ္စိုေအးျမတဲ့ ရာသီဥတုရွိတဲ့ မေလးရွားနဲ႔ အင္ဒိုနီးရွား ေက်းလက္ေဒသေတြမွာ ေႁမြနဲ႔ ပတ္သက္ၿပီး မေတာ္တဆျဖစ္ရပ္မ်ားစြာ ေတြ႕ရေလ့ရွိၿပီး ေႁမြၿမိဳခံရတဲ့ျဖစ္ရပ္ေတြလည္း မၾကာခဏ ၾကားရေလ့ ရွိပါတယ္။

Related news

© 2021. All rights reserved.