သြစတြေးလျနိုင်ငံရှိ ဇိမ်ခံဟိုတယ်ရဲ့ရေကူးကန်ထဲမှာ မိကျောင်းတစ်ကောင်တွေ့ရှိ

 387

ရောင်နီ (NP News) - အောက်တိုဘာ ၂ဝ

သြစတြေးလျ အရှေ့မြောက်ပိုင်းရှိ ဇိမ်ခံဟိုတယ်တစ်ခုရဲ့ရေကူးကန်ထဲမှာ မိကျောင်းတစ်ကောင် ရောက်ရှိနေခဲ့ပြီး ဟိုတယ်ဧည့်သည်တွေကို ထိတ်လန့်စေခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ဟာ ဩစတြေးလျန်ုင်ငံ၊ ကွင်းစလန်း၊ ပေါ့ဒေါဂ်လက် ရှိ Sheraton Grand Mirage အပန်းဖြေ စခန်း၊ ရေကူးကန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မိကျောင်းဟာ အရွယ်မရောက်သေးတာကြောင့် အရွယ်အစား ကတော့ ကြီးမားခြင်း မရှိပါဘူး။ ဒါအပြင် မိကျောင်းကြောင့် ထိခိုက်ဒဏ်ရာရသူလည်း မရှိဘူးလို့ သိရပါတယ်။ အဆိုပါမိကျောင်းဟာ အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက ရေကူးကန်ထဲရောက်ရှိနေခဲ့တာဖြစ်ပြီး နေ့လည်ပိုင်း မှာတော့ ပြည်နယ်တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီရေကူးကန် ဧရိယာတဝိုက် မိကျောင်း သတိပေး ဆိုင်းဘုတ်တွေ ထားရှိခဲ့ရတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဩစတြေးလျနိုင်ငံ၊ မြောက်ပိုင်းတခွင်မှာ ရေချိုမိကျောင်းပေါင်း ၁၀၀,၀၀၀ ကျော်ခန့် နေထိုင်ကျက်စား ကြတယ်လို့ သိရပါတယ်။

Zawgyi Version:

Related news

© 2021. All rights reserved.