IBEC ဆရာတော်၏ တောင်းဆိုမှုဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့မှုအစီ အစဉ်အတွင်း စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့မှ စစ်ရှောင်ပြည်သူများပါဝင်လာ

 4853

ယွန်း (NP News) - စက်တင်ဘာ ၅

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ ထောက်ပံ့မှုအစီအစဉ်အတွင်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ စစ်ဘေး‌ ရှောင်ပြည်သူများ ပါဝင်လာပြီဖြစ်ကြောင်း စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော်ဦးသောဘိတထံ NP News က ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂၆) ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်၌ ကျင်းပခဲ့သော (၇၈) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံသို့ IBEC ဆရာတော်တက်ရောက် ခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးရေး တောင်းဆိုခဲ့ကြောင်း သိရသည်။

‘‘ဘုန်းဘုန်းလှူတာတော့မဟုတ်ပါဘူး။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကနေ လှူတာပါ။ မြန်မာနိုင်ငံမှာ ပဋိပက္ခဘေး ကြောင့် လူတွေဒုက္ခရောက်နေကြတယ်။ အဲဒီတော့ မြန်မာနိုင်ငံစားနပ်ရိက္ခာအတွက် ကမ္ဘာ့ကုလသမဂ္ဂက ထောက်ပံ့ ပေးတဲ့နေရာမှာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းကို မဖြစ်မနေထည့်ပေးပါလို့ ဘုန်းဘုန်းက တောင်းဆိုခဲ့တယ်။ ဘုန်းဘုန်း တောင်းဆိုတာကို သူတို့ဆောင်ရွက်ပေးမယ်လို့ ကတိပေးလိုက်တယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာအဖွဲ့ အစည်း ကြီးက မြန်မာပြည်တင်မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးကို ထောက်ပံ့တဲ့နေရာမှာ အထူးသဖြင့် နယ်စပ်ပေါ့။ ကရင်ပြည် နယ်တို့၊ ကချင်ပြည်နယ်တို့၊ ရခိုင်ပြည် နယ်တို့ကို အဓိကထားပြီးထောက်ပံ့တော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို ထောက်ပံ့ဖို့ ဘုန်းဘုန်းကအဆိုပြုခဲ့တယ်’’ ဟု ဆရာတော်က မိန့်ကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ဘေးရှောင်ပြည်သူပေါင်း (၁ ဒသမ ၂) သန်းရှိရာ စမ်းသပ် ပရောဂျက် ကာလကို (၆)လသတ်မှတ်ထားပြီး အဆိုပါ(၆)လအတွင်း လူဦးရေ(၂)သိန်းကို ကနဦး‌ထောက်ပံ့ရန် ရည်ရွယ်ထားကြောင်း သိရသည်။ ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ် (WFP) မှ Pilot Project အဖြစ် စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး၊ မုံရွာ၊ ‌ရွှေဘိုနှင့် ဟုမ္မလင်းမြို့နယ်တို့ရှိ စစ် ရှောင်ပြည်သူများကို ပြီးခဲ့သည့် ဇွန်လမှစ၍ စတင် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

‘စစ်ကိုင်းတိုင်းမှာ စစ်ရှောင်ပြည်သူပေါင်း (၁၂)သိန်းလောက်ရှိတယ်။ အဲဒီထဲကနေ Pilot Project အဖြစ်နဲ့ စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး၊ မုံရွာ၊ ရွှေဘို၊ ဟုမ္မလင်းဆိုတဲ့ (၆) မြို့နယ်ကို သူတို့စပြီး ထောက်ပံ့တယ်။ လူဦးရေ (၂)သိန်းစာကို ထောက်ပံ့ဖို့အတွက် Pilot Project အဖြစ်နဲ့သူတို့ထောက်ပံ့တယ်။ ပြည်တွင်းက NGO အဖွဲ့အစည်း တစ်ခုကနေ ကမ္ဘာ့ကုလသမဂ္ဂရဲ့ကိုယ်စား စာရင်းကောက်ယူတာတွေ၊ ဖြန့်ဖြူးတာတွေဆောင်ရွက်တယ်။ ထောက်ပံ့ လှူဒါန်းတာကတော့ ကမ္ဘာအရပ်ရပ်က သူဌေးတွေက ထောက်ပံ့လှူဒါန်းကြပြီးတော့ စီစဉ်တာကတော့ ကမ္ဘာ့ကုလ သမဂ္ဂနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က စီစဉ်တယ်။ ပြည်တွင်းက အကျိုးဆောင်ကြတဲ့အဖွဲ့က အကျိုးဆောင်ကြတာပေါ့ နော်’ဟု ဆရာတော် ဦးသောဘိတက ဆက်လက်မိန့်ကြားသည်။
လက်ရှိတွင် သုံးလတာကာလအတွင်း ငွေကျပ်သိန်းပေါင်း(၉၆၀ဝဝ)ကျော်တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ အစရှိ သည်တို့ကို စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူစုစုပေါင်း (၃၀ဝဝဝ) ကျော်ကို သုံးကြိမ်တိုင်တိုင် ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုင်းပြည်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် ပြည်သူများအနေဖြင့် ဆင်းရဲဒုက္ခများဖြင့် ကြုံတွေ့ နေရပြီး လက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကို ဆောင်ရွက်သင့် ကြောင်း IBEC ဆရာတော်က ဆက်လက်မိန့်ကြားသည်။ ‘တိုင်းပြည်မှာ ပဋိပက္ခတွေဖြစ်တဲ့အတွက် ပြည်သူပြည်သားတွေဒုက္ခရောက်တယ်။ မြန်မာနိုင်ငံ အတော အတွင်းမှာ လက်နက်ကိုင်ပြီး ဆောင်ရွက်နေကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ အားလုံးလက်နက်ကိုင်ပြီး တိုက်ပွဲဝင်မယ့်အစား ငြိမ်းချမ်းစေသောနည်းနဲ့ ခေါင်း‌ဆောင်တွေအသီးသီးက ငြိမ်းချမ်းရေး စကားဝိုင်းမှာ တွေ့ဆုံ ဆွေးနွေးပြီးတော့မှ ပြည်သူလူထုရဲ့အကျိုးစီးပွားကို ရှေးရှုကြရင်ကောင်းမယ်။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ဖြစ် ပြည်သူ့အတွက်လို့ ဘယ်လောက်ပဲကြွေး ကြော်ကြွေးကြော် ပြည်သူတွေဒုက္ခရောက်နေပါတယ်။ ဒါကိုမသိကျိုး ကျွံ မပြုကြဘဲ ကိုယ့်ရဲ့မာန်မာနတွေလျှော့ပြီး တိုင်းပြည်ရဲ့အနာဂတ်မပျက်စီးအောင် ဝိုင်းဝန်းပြီးတော့ သဘောထား အသီးသီးနဲ့ တွေ့ဆုံဆွေးနွေးရေးကို သွားစေချင်တယ်လို့ အကြုံပြုချင်ပါ တယ်’ဟု ဆရာတော်က မိန့်ကြားသည်။

The UN Office for the Coordination of Humanitarian Affairs (UNOCHA) ၏ ဩဂုတ်လအတွင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်း၌ နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်မှာ (၃) သန်းဝန်းကျင်ရှိကြောင်း ခန့်မှန်းထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရပ်စွန့်ခွာသူဦးရေ မြင့်တက်နေကြောင်း သိရသည်။

zawgyi version
IBEC ဆရာေတာ္၏ ေတာင္းဆိုမႈျဖင့္ ကမာၻ႔စားနပ္ရိကၡာ ေထာက္ပံ့မႈအစီ အစဥ္အတြင္း စစ္ကိုင္းႏွင့္ မေကြးတိုင္းေဒသႀကီးတို႔မွ စစ္ေရွာင္ျပည္သူမ်ားပါဝင္လာ
ယြန္း (NP News) - စက္တင္ဘာ ၅

ကမာၻ႔ကုလသမဂၢ စားနပ္ရိကၡာ ေထာက္ပံ့မႈအစီအစဥ္အတြင္း စစ္ကိုင္းတိုင္းႏွင့္ မေကြးတိုင္းတို႔မွ စစ္ေဘး‌ ေရွာင္ျပည္သူမ်ား ပါဝင္လာၿပီျဖစ္ေၾကာင္း စေတာ့ဟုမ္းၿငိမ္းခ်မ္းေရးဆုရွင္ IBEC ဆရာေတာ္ဦးေသာဘိတထံ NP News က ဆက္သြယ္ေမးျမန္းထားခ်က္အရ သိရသည္။

ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ စက္တင္ဘာလ (၂၆) ရက္က အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ရွိ ကမာၻ႔ကုလသမဂၢ အဖြဲ႕ခ်ဳပ္၌ က်င္းပခဲ့ေသာ (၇၈) ႀကိမ္ေျမာက္ ကမာၻ႔ကုလသမဂၢ အေထြေထြညီလာခံသို႔ IBEC ဆရာေတာ္တက္ေရာက္ ခဲ့ၿပီး စစ္ကိုင္းတိုင္း ေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးအတြင္းရွိ စစ္ေဘးေရွာင္ျပည္သူမ်ားကို စားနပ္ရိကၡာမ်ား ေထာက္ပံ့ကူညီေပးေရး ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။

‘‘ဘုန္းဘုန္းလႉတာေတာ့မဟုတ္ပါဘူး။ ကမာၻ႔ကုလသမဂၢအဖြဲ႕ကေန လႉတာပါ။ ျမန္မာႏိုင္ငံမွာ ပဋိပကၡေဘး ေၾကာင့္ လူေတြဒုကၡေရာက္ေနၾကတယ္။ အဲဒီေတာ့ ျမန္မာႏိုင္ငံစားနပ္ရိကၡာအတြက္ ကမာၻ႔ကုလသမဂၢက ေထာက္ပံ့ ေပးတဲ့ေနရာမွာ စစ္ကိုင္းတိုင္းနဲ႔မေကြးတိုင္းကို မျဖစ္မေနထည့္ေပးပါလို႔ ဘုန္းဘုန္းက ေတာင္းဆိုခဲ့တယ္။ ဘုန္းဘုန္း ေတာင္းဆိုတာကို သူတို႔ေဆာင္႐ြက္ေပးမယ္လို႔ ကတိေပးလိုက္တယ္။ ကမာၻ႔ကုလသမဂၢရဲ႕ စားနပ္ရိကၡာအဖြဲ႕ အစည္း ႀကီးက ျမန္မာျပည္တင္မဟုတ္ပါဘူး။ တစ္ကမာၻလုံးကို ေထာက္ပံ့တဲ့ေနရာမွာ အထူးသျဖင့္ နယ္စပ္ေပါ့။ ကရင္ျပည္ နယ္တို႔၊ ကခ်င္ျပည္နယ္တို႔၊ ရခိုင္ျပည္ နယ္တို႔ကို အဓိကထားၿပီးေထာက္ပံ့ေတာ့ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းကို ေထာက္ပံ့ဖို႔ ဘုန္းဘုန္းကအဆိုျပဳခဲ့တယ္’’ ဟု ဆရာေတာ္က မိန႔္ၾကားသည္။

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း စစ္ေဘးေရွာင္ျပည္သူေပါင္း (၁ ဒသမ ၂) သန္းရွိရာ စမ္းသပ္ ပေရာဂ်က္ ကာလကို (၆)လသတ္မွတ္ထားၿပီး အဆိုပါ(၆)လအတြင္း လူဦးေရ(၂)သိန္းကို ကနဦး‌ေထာက္ပံ့ရန္ ရည္႐ြယ္ထားေၾကာင္း သိရသည္။ ကမာၻ႔စားနပ္ရိကၡာေထာက္ပံ့မႈအစီအစဥ္ (WFP) မွ Pilot Project အျဖစ္ စစ္ကိုင္း၊ ျမင္းမူ၊ ေခ်ာင္းဦး၊ မုံ႐ြာ၊ ‌ေ႐ႊဘိုႏွင့္ ဟုမၼလင္းၿမိဳ႕နယ္တို႔ရွိ စစ္ ေရွာင္ျပည္သူမ်ားကို ၿပီးခဲ့သည့္ ဇြန္လမွစ၍ စတင္ ေထာက္ပံ့ခဲ့ေၾကာင္း သိရသည္။

‘စစ္ကိုင္းတိုင္းမွာ စစ္ေရွာင္ျပည္သူေပါင္း (၁၂)သိန္းေလာက္ရွိတယ္။ အဲဒီထဲကေန Pilot Project အျဖစ္နဲ႔ စစ္ကိုင္း၊ ျမင္းမူ၊ ေခ်ာင္းဦး၊ မုံ႐ြာ၊ ေ႐ႊဘို၊ ဟုမၼလင္းဆိုတဲ့ (၆) ၿမိဳ႕နယ္ကို သူတို႔စၿပီး ေထာက္ပံ့တယ္။ လူဦးေရ (၂)သိန္းစာကို ေထာက္ပံ့ဖို႔အတြက္ Pilot Project အျဖစ္နဲ႔သူတို႔ေထာက္ပံ့တယ္။ ျပည္တြင္းက NGO အဖြဲ႕အစည္း တစ္ခုကေန ကမာၻ႔ကုလသမဂၢရဲ႕ကိုယ္စား စာရင္းေကာက္ယူတာေတြ၊ ျဖန႔္ျဖဴးတာေတြေဆာင္႐ြက္တယ္။ ေထာက္ပံ့ လႉဒါန္းတာကေတာ့ ကမာၻအရပ္ရပ္က သူေဌးေတြက ေထာက္ပံ့လႉဒါန္းၾကၿပီးေတာ့ စီစဥ္တာကေတာ့ ကမာၻ႔ကုလ သမဂၢနဲ႔ ကမာၻ႔စားနပ္ရိကၡာအဖြဲ႕က စီစဥ္တယ္။ ျပည္တြင္းက အက်ိဳးေဆာင္ၾကတဲ့အဖြဲ႕က အက်ိဳးေဆာင္ၾကတာေပါ့ ေနာ္’ဟု ဆရာေတာ္ ဦးေသာဘိတက ဆက္လက္မိန႔္ၾကားသည္။
လက္ရွိတြင္ သုံးလတာကာလအတြင္း ေငြက်ပ္သိန္းေပါင္း(၉၆၀ဝဝ)ေက်ာ္တန္ဖိုးရွိ ဆန္၊ ဆီ၊ ဆား၊ ပဲ အစရွိ သည္တို႔ကို စစ္ကိုင္းတိုင္းအတြင္းရွိ စစ္ေဘးေရွာင္ျပည္သူစုစုေပါင္း (၃၀ဝဝဝ) ေက်ာ္ကို သုံးႀကိမ္တိုင္တိုင္ ကူညီ ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ တိုင္းျပည္တြင္ ျဖစ္ေပၚေနသည့္ ပဋိပကၡမ်ားေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ဆင္းရဲဒုကၡမ်ားျဖင့္ ႀကဳံေတြ႕ ေနရၿပီး လက္နက္ကိုင္အဖြဲ႕ အစည္းမ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးအတြက္ ေတြ႕ဆုံေဆြးေႏြးေရးကို ေဆာင္႐ြက္သင့္ ေၾကာင္း IBEC ဆရာေတာ္က ဆက္လက္မိန႔္ၾကားသည္။ ‘တိုင္းျပည္မွာ ပဋိပကၡေတြျဖစ္တဲ့အတြက္ ျပည္သူျပည္သားေတြဒုကၡေရာက္တယ္။ ျမန္မာႏိုင္ငံ အေတာ အတြင္းမွာ လက္နက္ကိုင္ၿပီး ေဆာင္႐ြက္ေနၾကတဲ့ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမေတြ အားလုံးလက္နက္ကိုင္ၿပီး တိုက္ပြဲဝင္မယ့္အစား ၿငိမ္းခ်မ္းေစေသာနည္းနဲ႔ ေခါင္း‌ေဆာင္ေတြအသီးသီးက ၿငိမ္းခ်မ္းေရး စကားဝိုင္းမွာ ေတြ႕ဆုံ ေဆြးေႏြးၿပီးေတာ့မွ ျပည္သူလူထုရဲ႕အက်ိဳးစီးပြားကို ေရွးရႈၾကရင္ေကာင္းမယ္။ ဘယ္လက္နက္ကိုင္အဖြဲ႕အစည္း ျဖစ္ျဖစ္ ျပည္သူ႔အတြက္လို႔ ဘယ္ေလာက္ပဲေႂကြး ေၾကာ္ေႂကြးေၾကာ္ ျပည္သူေတြဒုကၡေရာက္ေနပါတယ္။ ဒါကိုမသိက်ိဳး ကြၽံ မျပဳၾကဘဲ ကိုယ့္ရဲ႕မာန္မာနေတြေလွ်ာ့ၿပီး တိုင္းျပည္ရဲ႕အနာဂတ္မပ်က္စီးေအာင္ ဝိုင္းဝန္းၿပီးေတာ့ သေဘာထား အသီးသီးနဲ႔ ေတြ႕ဆုံေဆြးေႏြးေရးကို သြားေစခ်င္တယ္လို႔ အႀကဳံျပဳခ်င္ပါ တယ္’ဟု ဆရာေတာ္က မိန႔္ၾကားသည္။

The UN Office for the Coordination of Humanitarian Affairs (UNOCHA) ၏ ဩဂုတ္လအတြင္း ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံတစ္ဝန္း၌ ေနရပ္စြန႔္ခြာထြက္ေျပးရသူ အေရအတြက္မွာ (၃) သန္းဝန္းက်င္ရွိေၾကာင္း ခန႔္မွန္းထားၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မႏၲေလးတိုင္းႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရပ္စြန႔္ခြာသူဦးေရ ျမင့္တက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.