တရုတ်နိုင်ငံရှိ သားမွေးခြံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ တွေ့ရှိလာရ

 1063

ရောင်နီ(NP News) - စက်တင်ဘာ ၆

တရုတ်နိုင်ငံမှာရှိတဲ့ သားမွေးခြံတွေက တိရစ္ဆာန်တွေမှာ ဗိုင်းရပ်စ်ပိုး ဒါဇင်ပေါင်းများစွာ ကူးစက်ခံနေရတာတွေ့ရှိခဲ့ရပြီး အချို့ရောဂါပိုးတွေဟာ အသစ်ဖြစ်တဲ့အပြင် လူသားကိုပါ ကူးစက်နိုင်တယ်လို့ သုတေသီတွေက စက်တင်ဘာ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

Mink လို နို့တိုက်သတ္တဝါတွေဟာ ဗိုင်းရပ်စ်အသစ်တွေ ကူးစက်နိုင်ဖို့ ပိုမိုလွယ်ကူစေတယ်လို့ သိပ္ပံပညာရှင်တွေက Covid-19 ကူးစက်မှုတွေ ဖြစ်ပေါ်နေကတည်းက သတိပေးထားတာပါ။ Covid-19 ဗိုင်းရပ်စ် သုတေသနကို ဦးဆောင်ခဲ့တဲ့ ဗိုင်းရပ်စ်ဗေဒပညာရှင် အက်ဝက်ဟုမ်းက ကမ္ဘာလုံးဆိုင်ရာ သားမွေး မွေးမြူရေးလုပ်ငန်းဟာ "ကပ်ရောဂါ အသစ်တစ်ခု စတင်မယ့် ဖြစ်နိုင်ခြေအရှိဆုံး အရာတစ်ခုဖြစ်တယ်"လို့ ဆိုထားပါတယ်။

တရုတ်ဦးဆောင်တဲ့ သုတေသီအဖွဲ့ဟာ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းရောဂါကြောင့် သေဆုံးခဲ့တဲ့ Mink ၊ ယုန်၊ မြေခွေးနဲ့ ရက်ကွန်းလို တိရစ္ဆာန် (၄၆၁)ကောင်ရဲ့ အဆုတ်၊ အူ မျိုးရိုးဗီဇနမူနာတွေကို စစ်ဆေးခဲ့ပြီးနောက် ဒီသုတေသနစာတမ်းထွက်ရှိလာခြင်း ဖြစ်ပါတယ်။ အဖွဲ့ရဲ့လေ့လာမှုအရ အဲဒီတိရစ္ဆာန်တွေမှာ ဗိုင်းရပ်စ် အသစ် (၃၆)ခု အပါအဝင် ဗိုင်းရပ်စ် (၁၂၅)ခု တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းတို့ အနက် ဗိုင်းရပ်စ် (၃၉)ဟာ လူသား အပါအဝင် အခြားမျိုးစိတ်တွေကိုလည်း ကူးစက်နိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။

zawgyi version
တ႐ုတ္ႏိုင္ငံရွိ သားေမြးၿခံေတြမွာ ဗိုင္းရပ္စ္ကူးစက္မႈေတြ ေတြ႕ရွိလာရ
ေရာင္နီ(NP News) - စက္တင္ဘာ ၆

တ႐ုတ္ႏိုင္ငံမွာရွိတဲ့ သားေမြးၿခံေတြက တိရစာၦန္ေတြမွာ ဗိုင္းရပ္စ္ပိုး ဒါဇင္ေပါင္းမ်ားစြာ ကူးစက္ခံေနရတာေတြ႕ရွိခဲ့ရၿပီး အခ်ိဳ႕ေရာဂါပိုးေတြဟာ အသစ္ျဖစ္တဲ့အျပင္ လူသားကိုပါ ကူးစက္ႏိုင္တယ္လို႔ သုေတသီေတြက စက္တင္ဘာ ၄ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

Mink လို ႏို႔တိုက္သတၱဝါေတြဟာ ဗိုင္းရပ္စ္အသစ္ေတြ ကူးစက္ႏိုင္ဖို႔ ပိုမိုလြယ္ကူေစတယ္လို႔ သိပၸံပညာရွင္ေတြက Covid-19 ကူးစက္မႈေတြ ျဖစ္ေပၚေနကတည္းက သတိေပးထားတာပါ။ Covid-19 ဗိုင္းရပ္စ္ သုေတသနကို ဦးေဆာင္ခဲ့တဲ့ ဗိုင္းရပ္စ္ေဗဒပညာရွင္ အက္ဝက္ဟုမ္းက ကမာၻလုံးဆိုင္ရာ သားေမြး ေမြးျမဴေရးလုပ္ငန္းဟာ "ကပ္ေရာဂါ အသစ္တစ္ခု စတင္မယ့္ ျဖစ္ႏိုင္ေျခအရွိဆုံး အရာတစ္ခုျဖစ္တယ္"လို႔ ဆိုထားပါတယ္။

တ႐ုတ္ဦးေဆာင္တဲ့ သုေတသီအဖြဲ႕ဟာ ၂၀၂၁ ခုႏွစ္မွ ၂၀၂၄ ခုႏွစ္အတြင္း ႏိုင္ငံတစ္ဝန္းေရာဂါေၾကာင့္ ေသဆုံးခဲ့တဲ့ Mink ၊ ယုန္၊ ေျမေခြးနဲ႔ ရက္ကြန္းလို တိရစာၦန္ (၄၆၁)ေကာင္ရဲ႕ အဆုတ္၊ အူ မ်ိဳး႐ိုးဗီဇနမူနာေတြကို စစ္ေဆးခဲ့ၿပီးေနာက္ ဒီသုေတသနစာတမ္းထြက္ရွိလာျခင္း ျဖစ္ပါတယ္။ အဖြဲ႕ရဲ႕ေလ့လာမႈအရ အဲဒီတိရစာၦန္ေတြမွာ ဗိုင္းရပ္စ္ အသစ္ (၃၆)ခု အပါအဝင္ ဗိုင္းရပ္စ္ (၁၂၅)ခု ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ၎တို႔ အနက္ ဗိုင္းရပ္စ္ (၃၉)ဟာ လူသား အပါအဝင္ အျခားမ်ိဳးစိတ္ေတြကိုလည္း ကူးစက္ႏိုင္ေျခရွိတယ္လို႔ ဆိုထားပါတယ္။

Related news

© 2021. All rights reserved.