ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ

 2201

သန့်ဇင် (NP News) - စက်တင်ဘာ ၆

နေရပ်နေရာများကို စစ်ရောက်လာသည့်အတွက် အိပ်မက်များပျက်စီးကာ ဘဝများခြေမွခံ လိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေသောအခြေအနေကို ရင်ဆိုင်နေရကြောင်း NP News ၏ ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

MNDAA, TNLA, AA နှင့် PDF အပါအဝင် လက်နက်ကိုင်များကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ဘေးရှောင် ရသောပြည်သူတို့မှာ မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းဥစ္စာများကိုထားခဲ့ရပြီး အများစုမှာ ကိုယ်လွတ်ရုန်းပြေးကြရသည်။

ထိုမျှသာမက ဒေသတွင်ကျန်ခဲ့သော ၎င်းတို့ ၏ပစ္စည်းများမှာလည်း ခိုးယူခံရသည့်အပြင် အချို့မှာ စစ်ဒဏ် ကြောင့် ပြန်စရာအိမ်ပင် မရှိတော့ပေ။ ထိုသို့ဖြစ်ပွားသည်မှာ စစ်ဘေးရှောင်များအတွက် အစမျှသာ ဖြစ်နေသေးသည်။ စစ်ဒဏ်ကြောင့် အခြားအေး ချမ်းမည်ဟုယူဆရသော အရပ်တစ်ပါး သို့ပြေးခဲ့ကြရသူများအတွင်း သက်ကြီးရွယ်အိုများ၊ ကျောင်းနေအရွယ် ကလေး များအပါအဝင် အသက်အရွယ်မျိုးစုံထဲတွင် ဆင်းရဲချို့တဲ့သူ၊ လူလတ်တန်းစားနှင့် ချမ်းသာသူများပါဝင်ကြ ကြောင်းတွေ့ မြင်ရသည်။

အသက်ထက်မည်သည့်အရာမျှ အရေးမကြီးဟူသောစိတ်ဖြင့် နေရပ်ကိုစွန့်ခွာခဲ့ကြသည့် အထက်ပါလူ အုပ်စုများအနက် ချမ်းသာသူများမှာ အပန်းမကြီးသော်လည်း ဆင်းရဲသူများ အသက်ရှင် နေထိုင်ရေးမှာမူ ကျပ်သထက် ပိုမိုကျပ်လာခဲ့သည်။
တိုက်ပွဲများမဖြစ်ပွားမီက အေးချမ်းစွာနေထိုင် စားသောက်ခဲ့ရသော်လည်း စစ်ဘေးရှောင်ရသည့်အခါ နေချင်း ညချင်းပင် လက်မဲ့ဘဝသို့ရောက်ပြီး ကြောက်စိတ်ဝင်သောအခြေအနေကို ရင်ဆိုင်ရကြောင်း ရှမ်းပြည်နယ်၊ ကျောက်မဲမြို့မှ စစ်ဘေး ရှောင်လာသူတစ်ဦးကပြောသည်။

‘‘အသက်အိုးအိမ်စည်းစိမ်တွေ အကုန်လုံး ပျက်စီးခဲ့ရတာဖြစ်တဲ့အတွက် ဘယ်သူမှ စစ်ကို မလိုချင်ဘူးပေါ့။ တိုက်ပွဲတွေကြောင့် အိမ်တွေ ဖျက်ဆီးခံလိုက်ရတော့ ဝမ်းနည်းတာပေါ့။ ပြန်ဆောက်ဖို့ဆိုရင်တော့ အခုခေတ် အုတ်ဈေးနဲ့ အိမ်တစ်လုံးဖြစ်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူးလေ။ နောက်တစ်ကြိမ်ဆိုရင် မကြုံချင်တော့ဘူးပေါ့။ အားလုံးကတော့ အရင်လိုလေး ပြန်ဖြစ်ဖို့မျှော်လင့်ပါတယ်။ အခုထိန်းချုပ်ထားတဲ့မြို့တွေမှာ နေရတဲ့ပြည်သူတွေက အမြဲတမ်း ကျီးလန့်စာ စားရတယ်။ နောက်ပြီး တိုက်ပွဲတွေဖြစ်လာတော့ ရှောင်ရင်းရှောင်ရှင်းနဲ့ ပိုက်ဆံတွေမရှိလာတဲ့ အခါမှာ ပြေးစရာမြေမရှိ တော့ဘူးဆိုတဲ့ အခြေအနေကိုရောက် သွားကြတာပေါ့”ဟု ၎င်းကပြောသည်။

စစ်ပွဲသည် စီးပွားရေးကိုထိခိုက်စေသည်သာမက မျှော်လင့်ချက်များကိုလည်း ဆုံးရှုံးစေကြောင်း မကြာသေးမီ ကာလက မိုးကုတ်မြို့မှ တိမ်းရှောင်ခဲ့သူ အမျိုးသမီးတစ်ဦးက NP News မှ တစ်ဆင့်ရင်ဖွင့်သည်။ ‘‘ကျွန်မတို့တွေအတွက် မက်ခဲ့တဲ့အိပ်မက်တွေ အများကြီးပျက်စီးခဲ့ရတာပါ။ ဒီလိုမျိုးတွေသာမဖြစ်ခဲ့ရင် ကိုယ့် ကလေးတွေကလည်း တစ်နှစ်ပြီးတစ်နှစ် အတန်းတွေကလည်း တက်လာမယ်။ ကလေးတွေက ပညာထူးချွန်ခဲ့ရင် ဒေါက်တာမဖြစ်ဘူးလို့လည်း ပြောလို့မရဘူးလေ။ ပြီးတော့ အစိုးရဝန်ထမ်းတစ်ခု ခုမဖြစ်ဘူးလို့လည်း ပြောလို့မရဘူး လေ။ အဲဒီလိုမျိုးတွေအများကြီးမျှော်လင့်ခဲ့တာပေါ့။ အခုတော့ ကလေးတွေရဲ့ပညာရေးတွေလည်း အကုန်လုံးဆုံး ရှုံးရတာပေါ့’’ ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်ရာတွင် ပိုက်ဆံရှိသူများက တစ်နိုင်တစ်ပိုင် သယ်ယူလာခဲ့သော လက်ဝတ်ရတနာများကို ရောင်းချနိုင်သော်လည်း ငွေကြေးမတတ်နိုင် သူများအတွက်မူ ဘဝပင် ပျက်ရသည့် အနေအထား ဖြစ်သည်။ ‘‘တိုက်ပွဲတွေက သူတို့အတွက် အနာဂတ် ပျောက်တယ်ဆိုတာထက် ဘဝပျက်ရတဲ့အခြေအနေ မျိုးထိပါဖြစ် သွားတာပေါ့။ ငါတို့စစ်ဘေးရှောင်ရတာ ဒီမြေမှာဘယ်လိုနေရမလဲ ငါတို့ဘဝပြန်ပြီးဖြစ်ဖို့ လွယ်ပါ့မလား စသဖြင့်ပေါ့ နော်။ ဟိုမှာ စားသောက်ဆိုင်ပိုင်ဆိုင်ခဲ့တဲ့ ကျွန်တော့်သူငယ်ချင်းတွေဆိုရင်လည်း ငါတို့စားသောက်ဆိုင်လေး တစ်ဆိုင်တောင် ပြန်ပိုင်ပါ့မလား။ အဲဒီလိုမျိုးတွေတွေးတဲ့အထိ ဖြစ်သွားတယ်။ သူတို့စိတ်ထဲမှာတော့ တိုက်ပွဲတွေကို တော်တော်မုန်းသွားကြတယ်။ ငါတို့တိုက်ပွဲတွေမဖြစ်ခဲ့ရင် အေးအေးချမ်းချမ်းလေးနဲ့စားနိုင် သောက်နိုင်ရှိခဲ့တယ်။ သူတို့အတွက် ရပ်တည်လို့ရတဲ့အရာတွေ ပျက်သွားပြီပေါ့။ ဒီတိုက်ပွဲကြီးရောက်လာတဲ့အတွက် ကြောင့်ပေါ့။ အဲဒါကြောင့် ဖော်ဆောင်ခဲ့တဲ့ လူတွေကိုယ်တိုင်က သူတို့ကိုစိတ်ဒဏ်ရာပေးတယ်ဆိုပြီး သတ်မှတ်ကြတာပေါ့”ဟု စစ်ဘေးရှောင်များ အရေးကူညီ ဆောင်ရွက်ပေးနေသူတစ်ဦးကဆိုသည်။ ပိုဆိုးသည်မှာ လတ်တလော အကျပ်အတည်းကို ဖြေရှင်းရန် အတွက် အချို့က ငွေရလွယ်သော ထွက်ပေါက်ရှာကြခြင်းဖြစ်သည်။ တစ်ချိန်က ရှက်စရာကောင်းမည်ဟုထင်ခဲ့သော အချို့အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်ကြရ ကြောင်းသိရသည်။

‘‘နောက်တစ်ခုက အလုပ်အကိုင်အခက်အခဲ ရှိတာပေါ့လေ။ တချို့မိန်းကလေးတွေဆို KTV ထဲရောက်သွားတာ တွေတောင်ရှိတယ်။ တချို့ မိန်းကလေးတွေဆိုရင်လည်း ကိုယ်တတ်ကျွမ်းတဲ့ စာရင်းကိုင်ပညာဆိုရင် စားရင်းကိုင်လုပ်ဖို့ အများ ကြီးအချိန်တွေစောင့်ရတာပေါ့နော်။ အဲဒါမျိုးလေးတွေကို ကြုံရတယ်။ နောက်တစ်ခုက ကျောင်း နေတဲ့ကလေး တွေ တော်တော်များများ ကျောင်းပြောင်းရတယ်။ ဟိုမှာ အဆင့်ကောင်းကောင်းနဲ့ အောင်လာတဲ့ကလေးတွေက ဒီမှာအခန်းတွေ ပြောင်းရတော့ စိတ်ဓာတ်ကျတာတွေရှိတာပေါ့’’ဟု ၎င်းကဆက်ပြောသည်။
ထို့ပြင် စစ်ဘေးရှောင်ပြည်သူအချို့ ကြုံရသည်မှာ စစ်ပွဲ၏ အနိဋ္ဌာရုံ ဘေးထွက်ဆိုးကျိုးဖြစ်သော စိတ်ဒဏ်ရာ ရခြင်းပင် ဖြစ်သည်။

‘‘အစ်ကိုရ။ ကျွန်တော်ဆို အိမ်တံခါးက လေတိုက်လို့ ဝုန်းခနဲပွင့်ရင်တောင် ဒုန်း၊ ဒိုင်းဆိုတဲ့ အသံမြည်ရင် စစ်ပွဲဖြစ်သလားဆိုပြီး လန့်နေတာ။ တစ်ခါတလေ ငါရောက်နေတဲ့နေရာမှာ တိုက်ပွဲ ထပ်ဖြစ်လာရင်ကောဆိုတဲ့ ကြောက်စိတ်က တကယ့်ကို အိပ်မက်ဆိုးလိုပဲ။ မြေစရာမြေမရှိ ဘူးလို့ခံစားရတာက တော်တော်ကိုဆိုးတာပါ”ဟု အညာ ဒေသမှ စစ်ဘေးရှောင်လာသူတစ်ဦးကဆိုသည်။

NP News က နေရပ်ဒေသ အစုံမှထွက်ခွာလာခဲ့ကြသော စစ်ဘေးရှောင် ငါးဦးကို ဆက်သွယ်မေးမြန်းခွင့်ရခဲ့ရာ ၎င်းတို့၏အတွေ့အကြုံအရ အားလုံး တညီတညွတ်တည်းပြောကြသည့်အချက်မှာ စစ်ဘေးကို ကြောက်လန့်ကြခြင်း ဖြစ်သည်။

zawgyi version
ဘဝမ်ား ေျခမြခံလိုက္ရသည့္ စစ္ေဘးေရွာင္တို႔မွာ ေၾကာက္စိတ္ျဖင့္ ေျပးစရာေျမမရွိျဖစ္ေန
သန႔္ဇင္ (NP News) - စက္တင္ဘာ ၆

ေနရပ္ေနရာမ်ားကို စစ္ေရာက္လာသည့္အတြက္ အိပ္မက္မ်ားပ်က္စီးကာ ဘဝမ်ားေျခမြခံ လိုက္ရသည့္ စစ္ေဘးေရွာင္တို႔မွာ ေၾကာက္စိတ္ျဖင့္ ေျပးစရာေျမမရွိျဖစ္ေနေသာအေျခအေနကို ရင္ဆိုင္ေနရေၾကာင္း NP News ၏ ဆက္သြယ္ေမးျမန္းခ်က္မ်ားအရ သိရသည္။

MNDAA, TNLA, AA ႏွင့္ PDF အပါအဝင္ လက္နက္ကိုင္မ်ားေၾကာင့္ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ရာ စစ္ေဘးေရွာင္ ရေသာျပည္သူတို႔မွာ မိမိတို႔၏ ကိုယ္ပိုင္ပစၥည္းဥစၥာမ်ားကိုထားခဲ့ရၿပီး အမ်ားစုမွာ ကိုယ္လြတ္႐ုန္းေျပးၾကရသည္။

ထိုမွ်သာမက ေဒသတြင္က်န္ခဲ့ေသာ ၎တို႔ ၏ပစၥည္းမ်ားမွာလည္း ခိုးယူခံရသည့္အျပင္ အခ်ိဳ႕မွာ စစ္ဒဏ္ ေၾကာင့္ ျပန္စရာအိမ္ပင္ မရွိေတာ့ေပ။ ထိုသို႔ျဖစ္ပြားသည္မွာ စစ္ေဘးေရွာင္မ်ားအတြက္ အစမွ်သာ ျဖစ္ေနေသးသည္။ စစ္ဒဏ္ေၾကာင့္ အျခားေအး ခ်မ္းမည္ဟုယူဆရေသာ အရပ္တစ္ပါး သို႔ေျပးခဲ့ၾကရသူမ်ားအတြင္း သက္ႀကီး႐ြယ္အိုမ်ား၊ ေက်ာင္းေနအ႐ြယ္ ကေလး မ်ားအပါအဝင္ အသက္အ႐ြယ္မ်ိဳးစုံထဲတြင္ ဆင္းရဲခ်ိဳ႕တဲ့သူ၊ လူလတ္တန္းစားႏွင့္ ခ်မ္းသာသူမ်ားပါဝင္ၾက ေၾကာင္းေတြ႕ ျမင္ရသည္။

အသက္ထက္မည္သည့္အရာမွ် အေရးမႀကီးဟူေသာစိတ္ျဖင့္ ေနရပ္ကိုစြန႔္ခြာခဲ့ၾကသည့္ အထက္ပါလူ အုပ္စုမ်ားအနက္ ခ်မ္းသာသူမ်ားမွာ အပန္းမႀကီးေသာ္လည္း ဆင္းရဲသူမ်ား အသက္ရွင္ ေနထိုင္ေရးမွာမူ က်ပ္သထက္ ပိုမိုက်ပ္လာခဲ့သည္။
တိုက္ပြဲမ်ားမျဖစ္ပြားမီက ေအးခ်မ္းစြာေနထိုင္ စားေသာက္ခဲ့ရေသာ္လည္း စစ္ေဘးေရွာင္ရသည့္အခါ ေနခ်င္း ညခ်င္းပင္ လက္မဲ့ဘဝသို႔ေရာက္ၿပီး ေၾကာက္စိတ္ဝင္ေသာအေျခအေနကို ရင္ဆိုင္ရေၾကာင္း ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕မွ စစ္ေဘး ေရွာင္လာသူတစ္ဦးကေျပာသည္။

‘‘အသက္အိုးအိမ္စည္းစိမ္ေတြ အကုန္လုံး ပ်က္စီးခဲ့ရတာျဖစ္တဲ့အတြက္ ဘယ္သူမွ စစ္ကို မလိုခ်င္ဘူးေပါ့။ တိုက္ပြဲေတြေၾကာင့္ အိမ္ေတြ ဖ်က္ဆီးခံလိုက္ရေတာ့ ဝမ္းနည္းတာေပါ့။ ျပန္ေဆာက္ဖို႔ဆိုရင္ေတာ့ အခုေခတ္ အုတ္ေဈးနဲ႔ အိမ္တစ္လုံးျဖစ္ဖို႔ဆိုတာ လြယ္တာ မဟုတ္ဘူးေလ။ ေနာက္တစ္ႀကိမ္ဆိုရင္ မႀကဳံခ်င္ေတာ့ဘူးေပါ့။ အားလုံးကေတာ့ အရင္လိုေလး ျပန္ျဖစ္ဖို႔ေမွ်ာ္လင့္ပါတယ္။ အခုထိန္းခ်ဳပ္ထားတဲ့ၿမိဳ႕ေတြမွာ ေနရတဲ့ျပည္သူေတြက အၿမဲတမ္း က်ီးလန႔္စာ စားရတယ္။ ေနာက္ၿပီး တိုက္ပြဲေတြျဖစ္လာေတာ့ ေရွာင္ရင္းေရွာင္ရွင္းနဲ႔ ပိုက္ဆံေတြမရွိလာတဲ့ အခါမွာ ေျပးစရာေျမမရွိ ေတာ့ဘူးဆိုတဲ့ အေျခအေနကိုေရာက္ သြားၾကတာေပါ့”ဟု ၎ကေျပာသည္။

စစ္ပြဲသည္ စီးပြားေရးကိုထိခိုက္ေစသည္သာမက ေမွ်ာ္လင့္ခ်က္မ်ားကိုလည္း ဆုံးရႈံးေစေၾကာင္း မၾကာေသးမီ ကာလက မိုးကုတ္ၿမိဳ႕မွ တိမ္းေရွာင္ခဲ့သူ အမ်ိဳးသမီးတစ္ဦးက NP News မွ တစ္ဆင့္ရင္ဖြင့္သည္။ ‘‘ကြၽန္မတို႔ေတြအတြက္ မက္ခဲ့တဲ့အိပ္မက္ေတြ အမ်ားႀကီးပ်က္စီးခဲ့ရတာပါ။ ဒီလိုမ်ိဳးေတြသာမျဖစ္ခဲ့ရင္ ကိုယ့္ ကေလးေတြကလည္း တစ္ႏွစ္ၿပီးတစ္ႏွစ္ အတန္းေတြကလည္း တက္လာမယ္။ ကေလးေတြက ပညာထူးခြၽန္ခဲ့ရင္ ေဒါက္တာမျဖစ္ဘူးလို႔လည္း ေျပာလို႔မရဘူးေလ။ ၿပီးေတာ့ အစိုးရဝန္ထမ္းတစ္ခု ခုမျဖစ္ဘူးလို႔လည္း ေျပာလို႔မရဘူး ေလ။ အဲဒီလိုမ်ိဳးေတြအမ်ားႀကီးေမွ်ာ္လင့္ခဲ့တာေပါ့။ အခုေတာ့ ကေလးေတြရဲ႕ပညာေရးေတြလည္း အကုန္လုံးဆုံး ရႈံးရတာေပါ့’’ ဟု ၎ကဆိုသည္။

စစ္ေဘးေရွာင္ရာတြင္ ပိုက္ဆံရွိသူမ်ားက တစ္ႏိုင္တစ္ပိုင္ သယ္ယူလာခဲ့ေသာ လက္ဝတ္ရတနာမ်ားကို ေရာင္းခ်ႏိုင္ေသာ္လည္း ေငြေၾကးမတတ္ႏိုင္ သူမ်ားအတြက္မူ ဘဝပင္ ပ်က္ရသည့္ အေနအထား ျဖစ္သည္။ ‘‘တိုက္ပြဲေတြက သူတို႔အတြက္ အနာဂတ္ ေပ်ာက္တယ္ဆိုတာထက္ ဘဝပ်က္ရတဲ့အေျခအေန မ်ိဳးထိပါျဖစ္ သြားတာေပါ့။ ငါတို႔စစ္ေဘးေရွာင္ရတာ ဒီေျမမွာဘယ္လိုေနရမလဲ ငါတို႔ဘဝျပန္ၿပီးျဖစ္ဖို႔ လြယ္ပါ့မလား စသျဖင့္ေပါ့ ေနာ္။ ဟိုမွာ စားေသာက္ဆိုင္ပိုင္ဆိုင္ခဲ့တဲ့ ကြၽန္ေတာ့္သူငယ္ခ်င္းေတြဆိုရင္လည္း ငါတို႔စားေသာက္ဆိုင္ေလး တစ္ဆိုင္ေတာင္ ျပန္ပိုင္ပါ့မလား။ အဲဒီလိုမ်ိဳးေတြေတြးတဲ့အထိ ျဖစ္သြားတယ္။ သူတို႔စိတ္ထဲမွာေတာ့ တိုက္ပြဲေတြကို ေတာ္ေတာ္မုန္းသြားၾကတယ္။ ငါတို႔တိုက္ပြဲေတြမျဖစ္ခဲ့ရင္ ေအးေအးခ်မ္းခ်မ္းေလးနဲ႔စားႏိုင္ ေသာက္ႏိုင္ရွိခဲ့တယ္။ သူတို႔အတြက္ ရပ္တည္လို႔ရတဲ့အရာေတြ ပ်က္သြားၿပီေပါ့။ ဒီတိုက္ပြဲႀကီးေရာက္လာတဲ့အတြက္ ေၾကာင့္ေပါ့။ အဲဒါေၾကာင့္ ေဖာ္ေဆာင္ခဲ့တဲ့ လူေတြကိုယ္တိုင္က သူတို႔ကိုစိတ္ဒဏ္ရာေပးတယ္ဆိုၿပီး သတ္မွတ္ၾကတာေပါ့”ဟု စစ္ေဘးေရွာင္မ်ား အေရးကူညီ ေဆာင္႐ြက္ေပးေနသူတစ္ဦးကဆိုသည္။ ပိုဆိုးသည္မွာ လတ္တေလာ အက်ပ္အတည္းကို ေျဖရွင္းရန္ အတြက္ အခ်ိဳ႕က ေငြရလြယ္ေသာ ထြက္ေပါက္ရွာၾကျခင္းျဖစ္သည္။ တစ္ခ်ိန္က ရွက္စရာေကာင္းမည္ဟုထင္ခဲ့ေသာ အခ်ိဳ႕အလုပ္မ်ားတြင္ ဝင္ေရာက္လုပ္ကိုင္ၾကရ ေၾကာင္းသိရသည္။

‘‘ေနာက္တစ္ခုက အလုပ္အကိုင္အခက္အခဲ ရွိတာေပါ့ေလ။ တခ်ိဳ႕မိန္းကေလးေတြဆို KTV ထဲေရာက္သြားတာ ေတြေတာင္ရွိတယ္။ တခ်ိဳ႕ မိန္းကေလးေတြဆိုရင္လည္း ကိုယ္တတ္ကြၽမ္းတဲ့ စာရင္းကိုင္ပညာဆိုရင္ စားရင္းကိုင္လုပ္ဖို႔ အမ်ား ႀကီးအခ်ိန္ေတြေစာင့္ရတာေပါ့ေနာ္။ အဲဒါမ်ိဳးေလးေတြကို ႀကဳံရတယ္။ ေနာက္တစ္ခုက ေက်ာင္း ေနတဲ့ကေလး ေတြ ေတာ္ေတာ္မ်ားမ်ား ေက်ာင္းေျပာင္းရတယ္။ ဟိုမွာ အဆင့္ေကာင္းေကာင္းနဲ႔ ေအာင္လာတဲ့ကေလးေတြက ဒီမွာအခန္းေတြ ေျပာင္းရေတာ့ စိတ္ဓာတ္က်တာေတြရွိတာေပါ့’’ဟု ၎ကဆက္ေျပာသည္။
ထို႔ျပင္ စစ္ေဘးေရွာင္ျပည္သူအခ်ိဳ႕ ႀကဳံရသည္မွာ စစ္ပြဲ၏ အနိ႒ာ႐ုံ ေဘးထြက္ဆိုးက်ိဳးျဖစ္ေသာ စိတ္ဒဏ္ရာ ရျခင္းပင္ ျဖစ္သည္။

‘‘အစ္ကိုရ။ ကြၽန္ေတာ္ဆို အိမ္တံခါးက ေလတိုက္လို႔ ဝုန္းခနဲပြင့္ရင္ေတာင္ ဒုန္း၊ ဒိုင္းဆိုတဲ့ အသံျမည္ရင္ စစ္ပြဲျဖစ္သလားဆိုၿပီး လန႔္ေနတာ။ တစ္ခါတေလ ငါေရာက္ေနတဲ့ေနရာမွာ တိုက္ပြဲ ထပ္ျဖစ္လာရင္ေကာဆိုတဲ့ ေၾကာက္စိတ္က တကယ့္ကို အိပ္မက္ဆိုးလိုပဲ။ ေျမစရာေျမမရွိ ဘူးလို႔ခံစားရတာက ေတာ္ေတာ္ကိုဆိုးတာပါ”ဟု အညာ ေဒသမွ စစ္ေဘးေရွာင္လာသူတစ္ဦးကဆိုသည္။

NP News က ေနရပ္ေဒသ အစုံမွထြက္ခြာလာခဲ့ၾကေသာ စစ္ေဘးေရွာင္ ငါးဦးကို ဆက္သြယ္ေမးျမန္းခြင့္ရခဲ့ရာ ၎တို႔၏အေတြ႕အႀကဳံအရ အားလုံး တညီတၫြတ္တည္းေျပာၾကသည့္အခ်က္မွာ စစ္ေဘးကို ေၾကာက္လန႔္ၾကျခင္း ျဖစ္သည္။

Picture

Aung Aung

06/09/2024 20:14

တရားခံအရင်း ဘယ်သူလဲ❓

Related news

© 2021. All rights reserved.