ဝက်လက်တွင် ငွေသိန်းချီတောင်းနေသော PDF ဂိတ်ကို လမ်းပေါ်ကားများရပ်တန့်ကာ ပြည်သူတို့ ဆန္ဒပြ

689

သုတကျော် (NP News) - ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် ငွေသိန်းချီတောင်းနေသော PDF ဂိတ်ကို လမ်းပေါ် ကားများရပ်ကာ ပြည်သူတို့က ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း NP News က ဒေသခံအချို့ထံ ဆက်သွယ်မေးမြန်းထားသော အချက် အလက်များအရ သိရသည်။
ဝက်လက်မြို့နယ်၊ ရှိန်းမကား တိုက်နယ်တွင် ပအဖ ၏ ဗိုလ်ရန်ဂိတ်မှာ ငွေကြေး အဆမတန် တောင်းနေသည့်အတွက် ပြည်သူများက ဇွန်လ (၁၁)ရက်က စတင်ဆန္ဒပြနေခြင်းဖြစ်ပြီး ကားများလည်း လမ်းပေါ် ရပ်တန့်ထားကြပြီး ဇွန်လ (၁၃) ရက် နေ့လယ်ပိုင်းအထိ အခြေအနေထူးခြားခြင်း မရှိသေးကြောင်း သိရသည်။
NP News က စုံစမ်း သိရှိရသော အချက်အလက်များအရ ယင်းဂိတ်တွင် ဖြတ်သန်းခအဖြစ် ဆီ တစ်ပေပါ လျှင် တစ်သောင်းခွဲနှုန်းမှ စတင်ကောက်ခံနေကာ ယင်းသို့ ကောက်ခံသော်လည်း ဒေသတိုးတက်ရေးအတွက် ဆောင်ရွက်ခြင်းမျိုး မတွေ့ရကြောင်း ဒေသခံအချို့က ဆိုသည်။
ဆန္ဒထုတ်ဖော်ရာတွင် “ပကဖ နဲ့ အခွန်နဲ့ သက်ဆိုင်လို့လား (NUG) အခွန်ကောက်ခွင့် တရား ဝင်ပေးထားတာလား”၊ “ပြည်သူတွေက ကုမ္ပဏီထောင်ဖို့ မဟုတ်ဘူး ဝမ်းရေးအတွက် ရှာဖွေ နေတာ”၊ “ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး ကိုယ်ချင်းစာပါ ရှင်ကြီးရယ် ကျုပ်တို့ တွေက ပြည်သူတွေပါ” စသည်ဖြင့် စာများကိုလည်း ကားများတွင် ကပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“ဟုတ်တယ် ပကဖ ဘက်ကနေ ဖြေရှင်း တာတော့ ရှိတယ် လုံးဝမပြေလည်သေးဘူး။ မင်းကုန်း လေး ရွာနားမှာ ဖြစ်နေတာပေါ့။ ကားတွေကို ရပ်ပြီး ဆန္ဒပြတာ။ အစီးရေက ရာဂဏန်းအထိ ရှိနိုင်တယ်။ ကားတွေ ပိတ်ကုန်တယ်။ အဓိကတော့ သူတို့က အခွန်ကို တိုးကောက်တော့ ပြည်သူတွေမှာ ကုန်ဈေး နှုန်းတက်တယ်။ အကုန် ဒုက္ခရောက်ကုန်တာပေါ့။ ပိုဆိုးတာက မချေမငံ ပြန်ပြောတာမျိုးပေါ့။ ဆက်ဆံ ရေးကလည်း ငါလက်နက်ရှိတယ် ငါပြောတာ အမှန်ဆိုတဲ့ အချိုးမျိုးကိုး။ ပြည်သူတွေကလည်း သည်းမခံ နိုင်တော့လို့ ပွင့်ထွက်တယ်ပဲ ပြောပါရစေ”ဟု အမည်မဖော်လိုသော နယ်မြေခံသတင်းရင်းမြစ် တစ်ဦးက ပြောသည်။ ယင်းသို့ ဆန္ဒပြခံရခြင်းမှာ နယ်မြေခံ လက်နက်ကိုင်များအတွက် အလားအလာ မကောင်း သည့်အပြင် မလိုလားအပ်သော ဆိုးကျိုးများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ယင်းဂိတ်တွင် စစ်ဆေးရာ၌ မသင်္ကာလျှင် ပစ္စည်းများကို ချခိုင်းခြင်းများရှိသည်သာမက ဓား ဦးချွန်ဖြင့် ထိုးခွဲခြင်း၊ ပစ္စည်းဖာများကို ဖွင့်ဖောက်ခြင်း စသည့်လုပ်ရပ်တို့ကြောင့် ပစ္စည်းများထိခိုက်ဆုံးရှုံး ခြင်းများလည်း ရှိနေကြောင်းသိရသည်။
“ငွေကောက်တာက များတယ်။ ကားကြီး တွေဆို တစ်သိန်းတောင်းတယ်၊ နှစ်သိန်းတောင်း တယ်၊ သုံးသိန်းတောင်းတယ် တစ်ခါတလေလည်း မနည်းဘူး တောင်းကြတာ။ မခံနိုင်တဲ့ ပြည်သူတွေက ဆန္ဒပြကြတာ။ သူတို့ကလည်း လက်နက်ခဲယမ်းတွေနဲ့ ဆိုတော့ ခက်တော့ ခက်သားဗျ ပြောရတာ” ဟု အခြားသတင်းရင်းမြစ် တစ်ဦးက ဆိုသည်။
ရွှေဘိုမြို့နယ် ဝက်လက်မြို့နယ်အပါအဝင် ယင်းဒေသတစ်ဝိုက်သည် PDF တို့၏ ငွေကြေးအဆမတန် တောင်းခံမှုများကြောင့် နာမည်ကြီးနေပြီး ပြည်သူများအကြား အခက်အခဲရှိနေသည့်အပြင် ကုန်ဈေးနှုန်းလည်း အဆမတန်မြင့်တက်နေကြောင်း သိရသည်။

Zawgyi Version:
ဝက္လက္တြင္ ေငြသိန္းခ်ီေတာင္းေနေသာ PDF ဂိတ္ကို လမ္းေပၚကားမ်ားရပ္တန႔္ကာ ျပည္သူတို႔ ဆႏၵျပ
သုတေက်ာ္ (NP News) - ဇြန္ ၁၅
စစ္ကိုင္းတိုင္းေဒသႀကီး၊ ဝက္လက္ၿမိဳ႕နယ္တြင္ ေငြသိန္းခ်ီေတာင္းေနေသာ PDF ဂိတ္ကို လမ္းေပၚ ကားမ်ားရပ္ကာ ျပည္သူတို႔က ဆႏၵထုတ္ေဖာ္ခဲ့ၾကေၾကာင္း NP News က ေဒသခံအခ်ိဳ႕ထံ ဆက္သြယ္ေမးျမန္းထားေသာ အခ်က္ အလက္မ်ားအရ သိရသည္။
ဝက္လက္ၿမိဳ႕နယ္၊ ရွိန္းမကား တိုက္နယ္တြင္ ပအဖ ၏ ဗိုလ္ရန္ဂိတ္မွာ ေငြေၾကး အဆမတန္ ေတာင္းေနသည့္အတြက္ ျပည္သူမ်ားက ဇြန္လ (၁၁)ရက္က စတင္ဆႏၵျပေနျခင္းျဖစ္ၿပီး ကားမ်ားလည္း လမ္းေပၚ ရပ္တန႔္ထားၾကၿပီး ဇြန္လ (၁၃) ရက္ ေန႔လယ္ပိုင္းအထိ အေျခအေနထူးျခားျခင္း မရွိေသးေၾကာင္း သိရသည္။
NP News က စုံစမ္း သိရွိရေသာ အခ်က္အလက္မ်ားအရ ယင္းဂိတ္တြင္ ျဖတ္သန္းခအျဖစ္ ဆီ တစ္ေပပါ လွ်င္ တစ္ေသာင္းခြဲႏႈန္းမွ စတင္ေကာက္ခံေနကာ ယင္းသို႔ ေကာက္ခံေသာ္လည္း ေဒသတိုးတက္ေရးအတြက္ ေဆာင္႐ြက္ျခင္းမ်ိဳး မေတြ႕ရေၾကာင္း ေဒသခံအခ်ိဳ႕က ဆိုသည္။
ဆႏၵထုတ္ေဖာ္ရာတြင္ “ပကဖ နဲ႔ အခြန္နဲ႔ သက္ဆိုင္လို႔လား (NUG) အခြန္ေကာက္ခြင့္ တရား ဝင္ေပးထားတာလား”၊ “ျပည္သူေတြက ကုမၸဏီေထာင္ဖို႔ မဟုတ္ဘူး ဝမ္းေရးအတြက္ ရွာေဖြ ေနတာ”၊ “က်ားေၾကာက္လို႔ရွင္ႀကီးကိုး ရွင္ႀကီး က်ားထက္ဆိုး ကိုယ္ခ်င္းစာပါ ရွင္ႀကီးရယ္ က်ဳပ္တို႔ ေတြက ျပည္သူေတြပါ” စသည္ျဖင့္ စာမ်ားကိုလည္း ကားမ်ားတြင္ ကပ္ကာ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။
“ဟုတ္တယ္ ပကဖ ဘက္ကေန ေျဖရွင္း တာေတာ့ ရွိတယ္ လုံးဝမေျပလည္ေသးဘူး။ မင္းကုန္း ေလး ႐ြာနားမွာ ျဖစ္ေနတာေပါ့။ ကားေတြကို ရပ္ၿပီး ဆႏၵျပတာ။ အစီးေရက ရာဂဏန္းအထိ ရွိႏိုင္တယ္။ ကားေတြ ပိတ္ကုန္တယ္။ အဓိကေတာ့ သူတို႔က အခြန္ကို တိုးေကာက္ေတာ့ ျပည္သူေတြမွာ ကုန္ေဈး ႏႈန္းတက္တယ္။ အကုန္ ဒုကၡေရာက္ကုန္တာေပါ့။ ပိုဆိုးတာက မေခ်မငံ ျပန္ေျပာတာမ်ိဳးေပါ့။ ဆက္ဆံ ေရးကလည္း ငါလက္နက္ရွိတယ္ ငါေျပာတာ အမွန္ဆိုတဲ့ အခ်ိဳးမ်ိဳးကိုး။ ျပည္သူေတြကလည္း သည္းမခံ ႏိုင္ေတာ့လို႔ ပြင့္ထြက္တယ္ပဲ ေျပာပါရေစ”ဟု အမည္မေဖာ္လိုေသာ နယ္ေျမခံသတင္းရင္းျမစ္ တစ္ဦးက ေျပာသည္။ ယင္းသို႔ ဆႏၵျပခံရျခင္းမွာ နယ္ေျမခံ လက္နက္ကိုင္မ်ားအတြက္ အလားအလာ မေကာင္း သည့္အျပင္ မလိုလားအပ္ေသာ ဆိုးက်ိဳးမ်ားကို ရင္ဆိုင္ရမည္ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။
ယင္းဂိတ္တြင္ စစ္ေဆးရာ၌ မသကၤာလွ်င္ ပစၥည္းမ်ားကို ခ်ခိုင္းျခင္းမ်ားရွိသည္သာမက ဓား ဦးခြၽန္ျဖင့္ ထိုးခြဲျခင္း၊ ပစၥည္းဖာမ်ားကို ဖြင့္ေဖာက္ျခင္း စသည့္လုပ္ရပ္တို႔ေၾကာင့္ ပစၥည္းမ်ားထိခိုက္ဆုံးရႈံး ျခင္းမ်ားလည္း ရွိေနေၾကာင္းသိရသည္။
“ေငြေကာက္တာက မ်ားတယ္။ ကားႀကီး ေတြဆို တစ္သိန္းေတာင္းတယ္၊ ႏွစ္သိန္းေတာင္း တယ္၊ သုံးသိန္းေတာင္းတယ္ တစ္ခါတေလလည္း မနည္းဘူး ေတာင္းၾကတာ။ မခံႏိုင္တဲ့ ျပည္သူေတြက ဆႏၵျပၾကတာ။ သူတို႔ကလည္း လက္နက္ခဲယမ္းေတြနဲ႔ ဆိုေတာ့ ခက္ေတာ့ ခက္သားဗ် ေျပာရတာ” ဟု အျခားသတင္းရင္းျမစ္ တစ္ဦးက ဆိုသည္။
ေ႐ႊဘိုၿမိဳ႕နယ္ ဝက္လက္ၿမိဳ႕နယ္အပါအဝင္ ယင္းေဒသတစ္ဝိုက္သည္ PDF တို႔၏ ေငြေၾကးအဆမတန္ ေတာင္းခံမႈမ်ားေၾကာင့္ နာမည္ႀကီးေနၿပီး ျပည္သူမ်ားအၾကား အခက္အခဲရွိေနသည့္အျပင္ ကုန္ေဈးႏႈန္းလည္း အဆမတန္ျမင့္တက္ေနေၾကာင္း သိရသည္။