ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ကုန်တင်ကားနှစ်စင်း အရှိန်လွန်တိုက်မိရာ အမျိုးသားတစ်ဦးသေဆုံး

 357

ခတ္တာဦး(NP News)-ဇွန်၁၅
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ကုန်တင်ကားနှစ်စင်း အရှိန်လွန်တိုက်မိရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ပလွေးအမြန်လမ်းတာဝန်ရှိသူတစ်ဉီးထံမှသိရသည်။
အဆိုပါယာဉ်တိုက်မှုသည် ယနေ့(ဇွန်လ၁၅ရက်)၊နံနက် (၅)နာရီအချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊မိုင်တိုင်အမှတ် (၁၉၇/၀)နှင့် (၁၉၇/၁) အနီးတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လမ်းဘေးမှာဘီးပေါက်လို့ရပ်ထားတဲ့ ခြောက်ဘီးကားကို နောက်ကနေ ဆယ်ဘီး ကားကနေမှ အရှိန်လွန်ပြီးဝင်တိုက်မိတာ။ ခြောက်ဘီးကားရဲ့ အသက်(၅၀)ကျော်အရွယ် ယာဉ်နောက်လိုက်သေတာပါဗျ၊ ဆေးရုံရောက်မှသေသွားတာပါ။ တခြားထိခိုက်မှုကတော့ ဆယ်ဘီးကားရဲ့ ယာဉ်မောင်းကတော့ ခြေထောက်ကျိုးတဲ့ဒဏ်ရာတစ်ခုရတယ် ကျန်တာကတော့မရှိပါဘူး”ဟု အမြန်လမ်းတာဝန်ရှိသူတစ်ဦးကNP Newsကိုပြောသည်။
အထက်ပါယာဉ်တိုက်မှုဖြစ်စဉ်မှဒဏ်ရရာရှိသူကို နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံသို့ ပလွေးအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးဖြင့် ကူညီပို့ဆောင်ခဲ့သည်။
“မိုးတွင်းကာလဆိုတော့ကျွန်တော်တို့မိုးရွာတာတွေ၊မိုးများတာတွေ အဲ့လိုဖြစ်တဲ့အတွက် လမ်းမှာရေဝပ်တာတို့ဖြစ်စေ၊ လမ်းလျော်ပြီးစလစ်ဖြစ်တာတွေဖြစ်စေ အဲ့လိုမျိုးတွေကြောင့် ကားတွေကို မိုးရွာနေတဲ့အချိန်အရှိန်ထိန်းပြီးတော့ဂရုတစိုက်နဲ့မောင်းနှင်ပါလို့ပဲပြောချင်ပါတယ်ဗျ”ဟု ၎င်းသတင်းရင်းမြစ်ကပြောသည်။
အလားတူ ရန်ကုန်-မန္တလေးအမြန်လမ်း၌ ၂၀၂၅ ဇန်နဝါရီလမှဧပြီလအထိ ယာဉ်တိုက်မှုပေါင်း (၅၈)ကြိမ်ဖြစ်ပွားခဲ့ရာ (၁၅၉)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေးဆုံးသူဦးရေ (၂၀)ဦးရှိခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏အချက်အလက်များအရသိရသည်။

Zawgyi Version:
ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးတြင္ ကုန္တင္ကားႏွစ္စင္း အရွိန္လြန္တိုက္မိရာ အမ်ိဳးသားတစ္ဦးေသဆုံး
ခတၱာဦး(NP News)-ဇြန္၁၅
ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးတြင္ ကုန္တင္ကားႏွစ္စင္း အရွိန္လြန္တိုက္မိရာ အမ်ိဳးသားတစ္ဦးေသဆုံးခဲ့ေၾကာင္း ပေလြးအျမန္လမ္းတာဝန္ရွိသူတစ္ဉီးထံမွသိရသည္။
အဆိုပါယာဥ္တိုက္မႈသည္ ယေန႔(ဇြန္လ၁၅ရက္)၊နံနက္ (၅)နာရီအခ်ိန္တြင္ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊မိုင္တိုင္အမွတ္ (၁၉၇/၀)ႏွင့္ (၁၉၇/၁) အနီးတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“လမ္းေဘးမွာဘီးေပါက္လို႔ရပ္ထားတဲ့ ေျခာက္ဘီးကားကို ေနာက္ကေန ဆယ္ဘီး ကားကေနမွ အရွိန္လြန္ၿပီးဝင္တိုက္မိတာ။ ေျခာက္ဘီးကားရဲ႕ အသက္(၅၀)ေက်ာ္အ႐ြယ္ ယာဥ္ေနာက္လိုက္ေသတာပါဗ်၊ ေဆး႐ုံေရာက္မွေသသြားတာပါ။ တျခားထိခိုက္မႈကေတာ့ ဆယ္ဘီးကားရဲ႕ ယာဥ္ေမာင္းကေတာ့ ေျခေထာက္က်ိဳးတဲ့ဒဏ္ရာတစ္ခုရတယ္ က်န္တာကေတာ့မရွိပါဘူး”ဟု အျမန္လမ္းတာဝန္ရွိသူတစ္ဦးကNP Newsကိုေျပာသည္။
အထက္ပါယာဥ္တိုက္မႈျဖစ္စဥ္မွဒဏ္ရရာရွိသူကို ေနျပည္ေတာ္ကုတင္ (၁၀၀၀)ေဆး႐ုံသို႔ ပေလြးအျမန္လမ္းမီးသတ္စခန္းမွ မီးသတ္ယာဥ္တစ္စီးျဖင့္ ကူညီပို႔ေဆာင္ခဲ့သည္။
“မိုးတြင္းကာလဆိုေတာ့ကြၽန္ေတာ္တို႔မိုး႐ြာတာေတြ၊မိုးမ်ားတာေတြ အဲ့လိုျဖစ္တဲ့အတြက္ လမ္းမွာေရဝပ္တာတို႔ျဖစ္ေစ၊ လမ္းေလ်ာ္ၿပီးစလစ္ျဖစ္တာေတြျဖစ္ေစ အဲ့လိုမ်ိဳးေတြေၾကာင့္ ကားေတြကို မိုး႐ြာေနတဲ့အခ်ိန္အရွိန္ထိန္းၿပီးေတာ့ဂ႐ုတစိုက္နဲ႔ေမာင္းႏွင္ပါလို႔ပဲေျပာခ်င္ပါတယ္ဗ်”ဟု ၎သတင္းရင္းျမစ္ကေျပာသည္။
အလားတူ ရန္ကုန္-မႏၲေလးအျမန္လမ္း၌ ၂၀၂၅ ဇန္နဝါရီလမွဧၿပီလအထိ ယာဥ္တိုက္မႈေပါင္း (၅၈)ႀကိမ္ျဖစ္ပြားခဲ့ရာ (၁၅၉)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေသးဆုံးသူဦးေရ (၂၀)ဦးရွိခဲ့ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၏အခ်က္အလက္မ်ားအရသိရသည္။

Related news

© 2021. All rights reserved.