ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

 1403

ယွန်း (NP News) - စက်တင်ဘာ ၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်း မာရေးဝန်ကြီးဌာနက စက်တင်ဘာ(၆)ရက်နေ့က အသိပေးထုတ်ပြန်ထားသည်။

ကျိုက်ထိုမြို့ရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့က ဘားအံမှလာသည့် မှန်လုံယာဥ်အား စစ်ဆေးခဲ့ရာ ခရီးသည်တစ်ဦး၌ မျောက်ကျောက်ရောဂါ သံသယတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားသည် ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မျက်နှာနှင့် အရေ ပြားပေါ်တွင် အရည်ကြည်ဖုနှင့် အသားဖုများထွက်ခြင်း လက္ခဏာများတွေ့ရှိရ၍ ၎င်းအား ကျိုက်ထိုမြို့နယ်ပြည့်သူ့ဆေးရုံ၏ သီးသန့်လူနာဆောင်တွင် ထားရှိ၍ မျောက်ကျောက်ရောဂါနှင့် ရေကျောက်ရောဂါ စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။

ထို့ပြင် ကျိုက်ထိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများမှ လူနာနှင့်အတူ ခရီးသည်တင်မော်တော်ယာဥ်တွင် အတူလိုက်ပါလာသည့် ခရီးသည်(၄၆)ဦးတို့ကို တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ သံသယရောဂါလက္ခဏာရှိသူမတွေ့ရကြောင်း သိရသည်။

မျောက်ကျောက်‌ရောဂါသံသယလူနာ၏ အရည်ကြည်ဖုများမှ ဓာတ်ခွဲနမူနာများရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ စက် တင်ဘာ(၆)ရက်တွင်ပေးပို့ခဲ့ရာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးနှင့် ရေကျောက်ရောဂါဗိုင်းရပ်စ်ပိုးတို့ကို မတွေ့ရကြောင်း ကျန်း မာရေးဝန်ကြီး ဌာနက ဆိုထားသည်။

လက်ရှိတွင် လူနာမှာကိုယ်ခံအားကျဆင်းလျက်ရှိပြီး ရောဂါကြောင့် ဖြစ်ပေါ်နေသော နောက်ဆက်တွဲအရေးပြားရောဂါအား ဆက်လက်၍ ဆေးကုသစောင့်ရှောက်မှုများပေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျောက်ကျောက်ရောဂါအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၄ ခုနှစ် ဩဂုတ် လ(၁၄)ရက်နေ့တွင် နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်တွင်းရှိနိုင်ငံတကာလေဆိပ်များ၊ နယ်စပ် ဝင်/ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါဖြစ်ပွားနိုင်ခြေသတ်မှတ်ချက်အရ မျောက်ကျောက်ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနိုင်ခြေနည်းပါး သော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားလျက်ရှိသည်။

zawgyi version
က်ိဳက္ထိုၿမိဳ႕တြင္ ေတြ႕ရွိခဲ့သည့္ ေမ်ာက္ေက်ာက္သံသယလူနာမွာ ဓာတ္ခြဲအေျဖအရ ေမ်ာက္ေက်ာက္ေရာဂါ မေတြ႕ရေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္

ယြန္း (NP News) - စက္တင္ဘာ ၇

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕တြင္ ေတြ႕ရွိခဲ့သည့္ ေမ်ာက္ေက်ာက္သံသယလူနာမွာ ဓာတ္ခြဲအေျဖအရ ေမ်ာက္ေက်ာက္ေရာဂါ မေတြ႕ရေၾကာင္း က်န္း မာေရးဝန္ႀကီးဌာနက စက္တင္ဘာ(၆)ရက္ေန႔က အသိေပးထုတ္ျပန္ထားသည္။

က်ိဳက္ထိုၿမိဳ႕ရွိ မရမ္းေခ်ာင္စစ္ေဆးေရးဂိတ္တြင္ ၿပီးခဲ့သည့္ စက္တင္ဘာ ၅ ရက္ေန႔က ဘားအံမွလာသည့္ မွန္လုံယာဥ္အား စစ္ေဆးခဲ့ရာ ခရီးသည္တစ္ဦး၌ ေမ်ာက္ေက်ာက္ေရာဂါ သံသယေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါအမ်ိဳးသားသည္ ဖ်ားျခင္း၊ ကိုယ္လက္ကိုက္ခဲျခင္း၊ မ်က္ႏွာႏွင့္ အေရ ျပားေပၚတြင္ အရည္ၾကည္ဖုႏွင့္ အသားဖုမ်ားထြက္ျခင္း လကၡဏာမ်ားေတြ႕ရွိရ၍ ၎အား က်ိဳက္ထိုၿမိဳ႕နယ္ျပည့္သူ႔ေဆး႐ုံ၏ သီးသန႔္လူနာေဆာင္တြင္ ထားရွိ၍ ေမ်ာက္ေက်ာက္ေရာဂါႏွင့္ ေရေက်ာက္ေရာဂါ စမ္းသပ္စစ္ေဆးျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း ဝန္ႀကီးဌာနက ဆိုထားသည္။

ထို႔ျပင္ က်ိဳက္ထိုၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ က်န္းမာေရးဝန္ထမ္းမ်ားမွ လူနာႏွင့္အတူ ခရီးသည္တင္ေမာ္ေတာ္ယာဥ္တြင္ အတူလိုက္ပါလာသည့္ ခရီးသည္(၄၆)ဦးတို႔ကို တစ္ဦးခ်င္း က်န္းမာေရးစစ္ေဆးမႈမ်ား ေဆာင္ ႐ြက္ခဲ့ရာ သံသယေရာဂါလကၡဏာရွိသူမေတြ႕ရေၾကာင္း သိရသည္။

ေမ်ာက္ေက်ာက္‌ေရာဂါသံသယလူနာ၏ အရည္ၾကည္ဖုမ်ားမွ ဓာတ္ခြဲနမူနာမ်ားရယူ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန(ရန္ကုန္)သို႔ စက္ တင္ဘာ(၆)ရက္တြင္ေပးပို႔ခဲ့ရာ ဓာတ္ခြဲအေျဖအရ ေမ်ာက္ေက်ာက္ေရာဂါ ဗိုင္းရပ္စ္ပိုးႏွင့္ ေရေက်ာက္ေရာဂါဗိုင္းရပ္စ္ပိုးတို႔ကို မေတြ႕ရေၾကာင္း က်န္း မာေရးဝန္ႀကီး ဌာနက ဆိုထားသည္။

လက္ရွိတြင္ လူနာမွာကိုယ္ခံအားက်ဆင္းလ်က္ရွိၿပီး ေရာဂါေၾကာင့္ ျဖစ္ေပၚေနေသာ ေနာက္ဆက္တြဲအေရးျပားေရာဂါအား ဆက္လက္၍ ေဆးကုသေစာင့္ေရွာက္မႈမ်ားေပးရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ေမ်ာက္ေက်ာက္ေရာဂါအား ကမာၻ႔က်န္းမာေရးအဖြဲ႕က ၂၀၂၄ ခုႏွစ္ ဩဂုတ္ လ(၁၄)ရက္ေန႔တြင္ ႏိုင္ငံတကာျပည္သူ႔က်န္းမာေရးအေရးေပၚအေျခအေနအျဖစ္ ေၾကညာခဲ့ရာ က်န္းမာေရးဝန္ႀကီးဌာနမွ ျပည္တြင္းရွိႏိုင္ငံတကာေလဆိပ္မ်ား၊ နယ္စပ္ ဝင္/ထြက္ေပါက္မ်ားတြင္ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ကမာၻ႔က်န္းမာေရးအဖြဲ႕မွ ေရာဂါျဖစ္ပြားႏိုင္ေျခသတ္မွတ္ခ်က္အရ ေမ်ာက္ေက်ာက္ေရာဂါသည္ ျမန္မာႏိုင္ငံတြင္ ကူးစက္ျဖစ္ပြားႏိုင္ေျခနည္းပါး ေသာ္လည္း အိမ္နီးခ်င္းႏွင့္ ေဒသတြင္းႏိုင္ငံမ်ားတြင္ ကူးစက္ျဖစ္ပြားလ်က္ရွိသည္။

Related news

© 2021. All rights reserved.