အကြွေးစာချုပ်တွေ တရုတ်က ပုံအောရောင်းထုတ်လိုက်မှာ စိုးရိမ်နေတဲ့အမေရိကန် (ဘာသာပြန်ဆောင်းပါး)

 3330

မောင်ဌေးအောင် ( ကျောက်မဲ) (NP News) - ဇွန် ၂၆

တက်တာလား ကျတာလား
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက နောက်ဆုံးတွက်ချက်ထားတဲ့ ငွေချေးစာချုပ်ရောင်းချထားတဲ့ စာရင်း တွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီအချက်အလက်တွေက အမေရိကန်သတင်းမီဒီယာတွေအတွက် စိုးရိမ် သောကရောက်စရာ ဖြစ်လာပါတယ်။

လွန်ခဲ့တဲ့ တစ်လလောက်တုန်းက သတင်းဌာနတွေ သိရှိထားတာကသတင်းကောင်းပါ။ တရုတ်က အမေရိကန် ငွေချေး စာချုပ်တွေကို ပြန်လည်ဝယ်ယူအားပေးနေပြီး ငွေချေးစာချုပ်တွေကို ပြန်ထုတ်ရောင်းချခဲ့တဲ့ ယခင်က လုပ်ရပ်အပေါ် စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုတဲ့သတင်းပါ။ တရုတ်ဝယ်ယူထားတဲ့ ပမာဏက အတက်ပြနေတယ် လို့ဆိုတာပါ။

ဒါပေမယ့် မကြာသေးခင်က လစဉ်ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ တရုတ်က ကိုင်ထားတဲ့ အမေရိကန် အကြွေးစာရင်းဟာ ဒေါ်လာသန်း ၄ဝဝ လောက်လျော့ကျသွားတာကိုတွေ့ရပါတယ်။ ဒီလိုသိသာတဲ့ လျော့ကျ သွားမှုဟာ အမေရိကန်ဘဏ္ဍာရေး သတင်းမီဒီယာတွေသိရှိဖော်ပြခဲ့တဲ့ အမေရိကန်ငွေချေးစာချုပ်တွေအပေါ် တရုတ်က အကောင်းမြင်သဘောထားရှိပါတယ်ဆိုတာ လွဲနေပြီဆိုတာကို ပြသနေပါတယ်။

နောက်ကို ပြန်ကြည့်ရင် လွန်ခဲ့တဲ့နှစ်က အမေရိကန်ငွေချေးစာချုပ်တွေကို ငွေဖော်တဲ့အနေနဲ့ စျေးချပြီး ဆက်တိုက်ထုတ်ရောင်းနေခြင်းဟာ ငွေတိုက်စာချုပ်စျေးနှုန်းတွေကို ကျဆင်းစေပါတယ်။ ဒီလိုဖြစ်လာရခြင်းရဲ့ အကြောင်းရင်းကို လေ့လာလိုက်တဲ့အခါ တင်းကြပ်တဲ့ ဖက်ဒရယ်အရန်ငွေကြေးပေါ်လစီကြောင့်ဖြစ်ကြောင်း တွေ့ရပါတယ်။

ဗဟိုဘဏ်ရဲ့ မြင့်မားတဲ့အတိုးနှုန်းကြောင့် အမေရိကန်အကြွေးတွေကို ပြန်ပေးဆပ်တဲ့အခါ သူ့ရဲ့တန်ဖိုးက လည်း ပိုများပြားလာစေပါတယ်။ အဲဒီလိုတိုးများလာမှုကြောင့် အမေရိကန်ဘဏ္ဍာရေးဌာနက နောက်ထုတ်တဲ့ ငွေချေးစာချုပ်တွေကို ပိုမြင့်မားတဲ့ အတိုးနှုန်းနဲ့ သတ်မှတ်ဖို့ ဖိအားဖြစ်လာပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရ ကသာ သူ့ရဲ့အကြွေးဝန်ထုတ်ပိနေတာမဟုတ်ဘဲ၊ အကြွေးစာချုပ်တွေ ဝယ်ယူထားတဲ့ တိုင်းပြည်တွေလည်း ဝန်ပိ ပါတယ်။

ဒါ့ပြင် လာမယ့်နှစ်တွေမှာ ဗဟိုဘဏ်ရဲ့ စုစုပေါင်းအကြွေးက သိသိသာသာထောင်တက်သွားပါလိမ့်မယ်။ အဲဒါအဓိက ငွေချေးစာချုပ်ဝယ်ယူတဲ့ ဖောက်သည်ကြီးတွေရဲ့ အလျင်အမြန်ထောက်ပံ့ကူညီမှုလိုအပ်ပါတယ်။ အဓိကအားဖြင့်တော့ ဗဟိုဘဏ်ကိုယ်တိုင်ပါဘဲ။ အမေရိကန်အစိုးရက ဗဟိုဘဏ်အနေနဲ့ အကြွေးစာချုပ်တွေကို များများစားစားဝယ်ယူလိမ့်မယ်လို့ မျှော်လင့်နေချိန်မှာ၊ အရင်နှစ် ဇွန်လလောက်ကတည်းက ဗဟိုဘဏ်က အမေရိကန်အကြွေးစာချုပ်တွေကို အမြောက်အများထုတ်ရောင်းနေတယ်ဆိုတာ တွေ့လိုက်ရပါတယ်။ ဗဟို ဘဏ်ဟာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ လိုငွေတွေအတွက် အကြီးဆုံး ထောက်ပံ့သူဖြစ်လာပါတယ်။

ဗဟိုဘဏ်အပေါ် အားမကိုးရတော့တာကြောင့် အမေရိကန်မီဒီယာတွေဟာ သူတို့ရဲ့ အာရုံစိုက်မှုကို အကြီး ဆုံး အကြွေးတွေဝယ်ယူထားတဲ့ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ဗဟိုဘဏ်တွေအပေါ် ပြောင်းရွှေ့လာကြပါတယ်။ အထူးသဖြင့် တရုတ်အပေါ်ကိုပါ။

အတက်ပြပြီးမှ အကျပြတဲ့ ဇယား
လွန်ခဲ့တဲ့လအတွင်း တရုတ်က ဝယ်ယူထားတဲ့ အကြွေးစာချုပ်တွေက ၂ဝ ဒသမ ၅ ဘီလျံဒေါ်လာအထိ ရှိလာတော့ မီဒီယာတွေက လက်ပန်းပေါက်ခတ်ကြပါတယ်။ ဒါပေမယ့် မကြာသေးမီကထုတ်ပြန်ကြေငြာခဲ့တဲ့ ဧပြီလ အချက်အလက်များအရ တရုတ်ကကိုင်ထားတဲ့ အမေရိကန်အကြွေးတွေဟာ ယခင်လကထက် ဒေါ်လာ သန်း ၄ဝဝ လျော့နည်းသွားတယ်လို့ သိရပါတယ်။ အစပိုင်းမှာ အတက်ပြပြီး နောက်ပိုင်းမှာ ကျဆင်းလာတဲ့ ဧပြီလရဲ့ တရုတ်က ကိုင်ထားတဲ့ အမေရိကန်အကြွေးစာရင်း အတက်အကျဖြစ်မှုဟာ “တရုတ်က အမေရိကန် အကြွေးတွေ ဝယ်ယူတာကို လျှော့ချနေတယ်” ဆိုတဲ့ ဦးတည်ချက်ကို ပြောင်းမသွားစေပါဘူး။ တရုတ်က အမေရိကန်အကြွေးစာချုပ်တွေ ဝယ်ယူထားတာကို ဖြည်းဖြည်းချင်း လျှော့ချနေပါတယ်။ ဒီဦးတည်ချက်ကြောင့် အမေရိကန်အနေနဲ့ စိုးရိမ်သောကပွားနေခြင်းဖြစ်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီးလည်း မဖြေနိုင်
အောက်လွှတ်တော် ဘဏ္ဍာရေးဝန်ဆောင်မှုများကော်မတီရှေ့မှောက်မှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ယဲလင်ကို လွှတ်တော်အမတ်တွေက တရုတ်က သူကိုင်ထားတဲ့ အမေရိကန်အကြွေးစာချုပ် ဒေါ်လာ ၈၅ဝ ဘီလျံ ဖိုးကို ရုတ်တရက် ပုံအောရောင်းထုတ်ပစ်မယ်ဆိုရင် ရင်ဆိုင်ရဖွယ်ရှိတဲ့ အခက်အခဲတွေကို ကောင်းကောင်း ပြင်ဆင်ထားဖို့တိုက်တွန်းခဲ့ပါတယ်။ တရုတ်က ဒီလိုသာလုပ်ခဲ့မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအဖို့ ဒုက္ခဘေး ဆိုးကြီးနဲ့ ရင်ဆိုင်ရမှာပါ။ ဘဏ္ဍာရေးနျူကလီယားဗုံးတစ်လုံးပေါက်ကွဲသလိုမျိုး ဒါမှမဟုတ် ရေခဲတောင်ပေါ်က ရေခဲနဲ့ကျောက်တုံးကျောက်ခဲတွေ ပြိုဆင်းလာသလိုမျိုး အဖြစ်အပျက်နဲ့ နှိုင်းယှဉ်ပြောဆိုကြပါတယ်။

တရုတ်က သူကိုင်ထားတဲ့ အမေရိကန် အကြွေးစာချုပ်တွေ ရုတ်တရက်သွန်ရောင်းချပစ်လိုက်နိုင်ချေရှိမှု အပေါ် အမေရိကန်လွှတ်တော်က သောကပွားနေတာပါ။ အောက်လွှတ်တော်မှာ အမတ်တွေက ဘဏ္ဍာရေးဝန်ကြီး ယဲလင်ကို သတိပေးထောက်ပြတာတွေလုပ်ခဲ့ပေမယ့် အချိန်တိုအတွင်းမှာ ဘယ်လို ပြင်ဆင်ထားတယ်ဆိုတာ ဝန်ကြီးကလည်း ပြန်ရှင်းမပြနိုင်ပါဘူး။

တရုတ် သွန်မထုတ်အောင် အမေရိကန်ချော့နေရ
တရုတ်ကိုင်ထားတဲ့ အမေရိကန်အကြွေးစာချုပ် ဒေါ်လာ ၈၅ဝ ဘီလျံဖိုးကို ရုတ်တရက် သွန်ထုတ်ရောင်းချ လိုက်ရင် အမေရိကန်အနေနဲ့ ကြီးမားတဲ့ စျေးကွက်ထိတ်လန့် ကမောက်ကမဖြစ်မှုကြုံရပါလိမ့်မယ်။ ဒီစိုးရိမ်မှုက အမေရိကန်ကို တရုတ်နဲ့ ဆက်ဆံရေးပြေလည်ကောင်းမွန်‌အောင်ပြုပြင်ဖို့ တွန်းအားဖြစ်လာတာပါ။ တရုတ်ကို စီးပွားရေးအရ နှိပ်ကွပ်နေတာတွေကို၊ တရုတ်က လက်တုန့်ပြန်ရင်ဖြစ်လာမယ့် အကျိုးဆက်တွေကို စိုးရိမ်လို့ဖြစ်ပါ တယ်။ ဒါကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ၂ဝ၂၃ ခုနှစ် ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ ပီကင်းကိုသွား ရောက်ကာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံဆွေးနွေးပြီး တရုတ်- အမေရိကန်ဆက်ဆံရေးကို တည်ငြိမ်အောင် လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။ လက်ရှိကမ္ဘာ့နိုင်ငံရေးလောကမှာ ရုရှား-ယူကရိန်း စစ်ပွဲပြီးရင် တရုတ်-အမေရိကန် ဆက်ဆံရေးကိစ္စက ကမ္ဘာကို သက်ရောက်မှု အရှိနှိုင်ဆုံး ထိပ်တန်း အရေးကြီးကိစ္စတစ်ရပ်ပါ။

တရုတ်-အမေရိကန် ဆက်ဆံရေးမှာ ထွက်ပေါက်မရှိချောင်ပိတ်နေတဲ့ အဓိကအကြောင်းတစ်ချက်က တွေ့ဆုံ ဆွေးနွေး‌ရေး၊ ပူးပေါင်းဆောင်ရွက်ရေးစတဲ့ စကားကောင်းစကားလှတွေ ပြောနေပေမယ့် တကယ်တမ်းမှာ အမေရိ ကန်က တရုတ်ကို နှိပ်ကွပ်နေတဲ့ ပေါ်လစီကို စွန့်လွှတ်ချင်စိတ်မရှိတာပါ။ အဲဒါကြောင့်လည်း အမေရိကန်က တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ဟန့်တားနှောက်ယှက်နေတာပါ။ တရုတ်ကသာ အခုလို စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး အင်အားမတောင့်တင်းဘူးဆိုရင် လွန်ခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်က တရုတ်ကို အရေးယူ နှိပ်ကွပ်ခဲ့မှုတွေ အောင်မြင်နေမှာပါ။

အမေရိကန်က တရုတ်ဝိုင်းပတ်ထိန်းချုပ်ရေးကို တစိုက်မတ်မတ်လုပ်နေခဲ့တာကြောင့် နှစ်နိုင်ငံအကြား အပြန်အလှန် အယုံအကြည်ကင်းမဲ့လာကာ နှစ်နိုင်ငံဆက်ဆံရေးဟာ တဖြည်းဖြည်းဆိုးရွားလာပြီး မတိုးသာ မဆုတ်သာ အခြေအနေကို ရောက်သွားပါတော့တယ်။ ဒါကြောင့်လည်း တရုတ်အနေနဲ့ အမေရိကန်နဲ့ စစ်ဘက်ဆိုင် ရာချင်း ဆွေးနွေးမှုတွေမှာ မတက်မကြွလုပ်နေတာပါ။ ဘာဘဲဖြစ်ဖြစ်၊ တရုတ်-အမေရိကန်ဆက်ဆံရေး ရေရှည် ဆိုးရွားနေတာက နိုင်ငံတကာအခြေအနေတွေအပေါ် ဆိုးကျိုးကိုသက်ရောက်စေနှိုင်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဟောင်းရဲ့ အကြံပြုချက်
ဒီလိုအမြင်ရှိ သူတွေက တရုတ် အမေရိကန်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့ကို စဉ်းစားခဲ့ကြပါတယ်။ ၁၉၉၉-၂ဝဝ၁ ခုနှစ်က အမေရိကန် ဘဏ္ဍာရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆမ်းမား (Lawrence Henry Summers) မကြာသေးမီက စင်ကာပူမှာကျင်းပခဲ့တဲ့ အာရှဗစ်ရှင်ဖိုရမ်မှာ နှစ်နိုင်ငံလုံးကို အကြံတစ်ခုပေးပါတယ်။ နှစ်နိုင်ငံလုံးက မဟာဗျူဟာကျတဲ့ အာမခံချက်တွေပေးဖို့ ဖြစ်ပါတယ်။ အမေရိကန်က တရုတ်အပေါ် စီးပွားရေး အရ နှိပ်ကွပ်တာမလုပ်ပါ လို့အာမခံချက်ပေးဖို့နဲ့ တရုတ်ကလည်း သူ့ရဲ့စီးပွားရေးပေါ်လစီတွေဟာ တရုတ်ပြည်သူ တွေရဲ့စည်ပင်ဝပြောရေးအတွက်ကိုသာရည်ရွယ်ပြီး ကမ္ဘာ့အင်အားကြီးပါဝါအဖြစ် မတက်လှမ်းရန် အာမခံဖို့ လို့ဆိုပါတယ်။ ဆမ်းမားရဲ့ တင်ပြချက်တွေဟာ ဘိုင်ဒင်အစိုးရ နိုင်ငံရေးသမားတွေရဲ့ တင်ပြချက်တွေနဲ့စာရင် ပိုပြီး ကျိုးကြောင်း ဆီလျော်တဲ့အတွက် ပိုမိုစိတ်ဝင်စားကြပါတယ်။

သူက အမေရိကန်ရဲ့ တရုတ်အပေါ်နှိပ်ကွပ်မှုဟာ အဓိကအားဖြင့် သူ့ရဲ့ဗိုလ်ကျ စိုးမိုးလိုမှုကို ထိန်းသိမ်းထား လိုတဲ့ဆန္ဒက တွန်းဆော်လို့ဖြစ်ရတာ ဆိုတဲ့အချက်ကို အသိအမှတ်ပြုပါတယ်။ အထူးသဖြင့်တော့ စစ်ရေးအရ လွှမ်းမိုးမှုပေါ့။ ဒါကြောင့် အမေရိကန်က တရုတ်အပေါ် စီးပွားရေးအရနှိပ်ကွပ်မှုကို စွန့်လွှတ်မယ်ဆိုရင် အမေရိကန်နဲ့ တရုတ်အကြား အပြန်အလှန်နားလည်မှု ရနှိုင်တယ်လို့ သူက သူမျှော်လင့်ပါတယ်။ တပြိုင် တည်းမှာ တရုတ်က အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ စစ်ရေးအရလွှမ်းမိုးမှုကို စိန်မခေါ်ရန် အာမခံဖို့ ဖြစ်ပါတယ်။

ဆမ်းမားက အမေရိကန်ရဲ့ ဗိုလ်ကျလွှမ်းမိုးမှုကို ဘယ်လိုဘဲ အသိအမှတ်ပြုချင်စိတ်ရှိပါစေ သူ့တင်ပြချက် အတိုင်းလိုက်ပါလုပ်ဆောင်ဖို့က ဖြစ်နိုင်ခြေနည်းပါးလှပါတယ်။

တရုတ်ရဲ့ စီးပွားရေးပေါ်လစီတွေက သူ့ပြည်သူတွေရဲ့ သာယာဝပြောရေးအတွက်သာ ရည်ရွယ်ပြီး၊ စစ်ရေး အရ ကမ္ဘာကိုဗိုလ်ကျလွှမ်းမိုးဖို့မရည်ရွယ်ပါ ဆိုသည့်တိုင်၊ အမေရိကန်အနေနဲ့က တရုတ်ကို ဆက်တိုက် ဖိအားပေး နှိပ်ကွပ်နေတာကို စွန့်လွှတ်မှာမဟုတ်ပါ။ ဒါကြောင့် ဆမ်းမားရဲ့ ယုံကြည်တဲ့၊ တကယ်လို့ တရုတ်ကသာ သူ့ စီးပွားရေး ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အပြန်အလှန် အာမခံကတိပေးချက်လုပ်ကြမယ်ဆိုရင် အမေရိကန်က တရုတ်ကို နှိပ်ကွပ်နေတာတွေ ရပ်တန့်လိမ့်မယ်ဆိုတာက လက်တွေ့မကျလှပါ။ အမှန်စင်စစ်မှာ တော့ အမေရိကန်က တရုတ်အပေါ် ဗိုလ်ကျလွှမ်းမိုးဖို့ သံဒိဌာန်ချထားတာကို ဆမ်းမားကိုယ်တိုင်က လိမ္မာပါးနပ် စွာ ဝန်ခံထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ အမေရိကန် တရုတ်ဆက်ဆံရေးအပေါ် နားလည်မှုက မပြည့်စုံဘဲဖြစ်နေ ပါသေးတယ်။ လက်ရှိဆက်ဆံရေးရဲ့ အခရာကျတဲ့အချက်က အခြေခံအချက်နှစ်ချက်အပေါ်မှာ မူတည်ပါတယ်။

ပထမတစ်ချက်က အမေရိကန်ပြည်ထောင်စုအနေနဲ့ တဦးတည်းဗိုလ်ကျလွှမ်းမိုးလိုမှုကို စွန့်လွှတ်ဖို့ ဆန္ဒမရှိဘဲ ဗိုလ်ကျလွှမ်းမိုးတဲ့ စနစ်ကို ဆက်လက်ထိန်းသိမ်းထားလိုတာပါ။

ဒုတိယတစ်ချက်ကတော့ တရုတ်အပေါ်မှာ မလိုမုန်းထားတဲ့ အမြင်ရှိပြီး တရုတ်ပြည်တည်ရှိနေတာကိုက အမေရိကန်နဲ့ အနောက်တိုင်းအပေါ် ခြိမ်းခြောက်မှုတရပ်လို့ ရှုမြင်နေတာပါ။

ဒီနှစ်ချက်က ဘိုင်ဒန်အစိုးရအနေနဲ့ တရုတ်နဲ့ပတ်သက်တဲ့ရပ်တည်ချက်ကို တည့်မတ်အောင်လုပ်ဖို့ အတား အဆီး ဖြစ်နေပြီး၊ နှစ်နိုင်ငံဆက်ဆံရေးကို တိုးတက်ကောင်းမွန်အောင်လုပ်ဖို့ ခက်ခဲစေပါတယ်။
အခုတော့ အမေရိကန်က တရုတ်နဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တက်တက်ကြွကြွဖြစ်နေပါတယ်။ နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီဘလင်ကန် တရုတ်ပြည်ကိုသွားရောက်လည်ပတ်တာက နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန် အောင်လုပ်ဖို့ပါ။ အမေရိကန်အနေနဲ့က သူတရုတ်ကိုအရေးယူသလို တရုတ်က လက်တုန့်ပြန်လာရင် အကျိုး ဆက်တွေက ဆိုးဆိုးရွားရွား ဒုက္ခပေးလာမှာကို စိုးရိမ်နေတာပါ။ တရုတ်ရဲ့ လက်ရှိအင်အားကလည်း အမေရိကန် ကိုကောင်းကောင်းကြီး ဒုက္ခပေးနိုင်တဲ့ အနေအထားပါ။ တရုတ်က ရုတ်တရက်ချက်ခြင်း သူကိုင်ထားတဲ့ အမေရိ ကန်ငွေချေးစာချုပ်တွေ သွန်ထုတ်ရောင်းချလိုက်မယ်ဆိုရင် အမေရိကန်နိုင်ငံအဖို့ အကြီးအကျယ် အခက်တွေ့မှာ ပါ။ ဘာဖြစ်လို့လည်းဆိုတော့ အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်တွေအရ အမေရိကန်ငွေချေးစာချုပ်ကိုင်ထားတဲ့ ပမာဏကို လျှော့ချပစ်တာဟာ တရုတ်တနိုင်ငံထဲသာမဟုတ်ပါဘူး။ အမေရိကန်ငွေချေးစာချုပ်တွေ တတိယအများဆုံး ကိုင်ထားတဲ့ ယူကေကလည်းဘဲ မနည်းမနော ၃၀.၄ ဘီလျံ ဒေါ်လာ လောက်ကိုလျှော့ချပစ်တာပါ။ ဒါက အမေရိကန်အနေနဲ့ ကိုယ့်မဟာမိတ်က နောက်ကျောဒါးနဲ့ထိုးသလို ခံစားရမှာပါ။ ဒါတွေက ကမ္ဘာမှာ ဦးတည်ရာတခုဖြစ်နေတဲ့ ဒေါ်လာနယ်ပယ်မှ ဖယ်ခွာခြင်းဆိုတဲ့ ဖြစ်ပေါ်ပြောင်း လဲမှုရေစီးကြောင်းရဲ့ သက်ရောက်မှုတွေပါဘဲ။ အရင်တုံးကတော့ နိုင်ငံရပ်ခြားကုန်သွယ်မှုတွေအားလုံးကို ဒေါ်လာ နဲ့ဘဲ ပေးချေဖြေရှင်းကြတာပါ။ ဒါပေမဲ့ မကြာသေးခင်ကာလက ထုတ်ပြန်တဲ့အချက်အလက်တွေအရ ဒေါ်လာနဲ့ ပေးချေဖြေရှင်းမှုတွေက တဖြေးဖြေးလျော့ကျလာနေပါပြီ။ အရင်က ဒေါ်လာကိုအသုံးပြုတဲ့နိုင်ငံတွေက ဒီလိုနိုင်ငံ တကာအရောင်းအဝယ်မှာ ဒေါ်လာမသုံးဘဲ ကိုယ့်ကိုယ်ပိုင်ငွေကြေးကို သုံးရင်မဖြစ်ဘူးလားဆိုတာ စဉ်းစားလာ နေကြပါတယ်။ ကမ္ဘာတလွှားက ဒေါ်လာကို အရန်ငွေကြေးအဖြစ်ကိုင်ဆောင်ထားကြတဲ ဗဟိုဘဏ်အများအပြား ဟာလည်း ဒေါ်လာတခုတည်းအပေါ်မှာ မှီခိုနေရတဲ့အဖြစ်က ရုန်းထွက်ဖို့အတွက် သူတို့ရဲ့ အရန်ငွေကြေးတွေကို တခြားသော အရန်ငွေကြေးနဲ့ ရွှေ စတာတွေနဲ့ ပြောင်းလဲသိုလှောင်လာနေကြပါတယ်။

နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်
ဒီလိုအခြေအနေကို အသိအမှတ်ပြုတဲ့အထဲမှာ အမေရိကန်ငွေချေးစာချုပ် တတိယအများဆုံးကိုင်ထားတဲ့ သူ့ရဲ့မဟာမိတ် ယူကေလည်း ပါဝင်နေပါတယ်။ ယူကေကိုင်ထားတဲ့ ပမာဏကလည်းမနည်းမနော ၆၈ဝ ဒသမ ၇ ဘီလျံဒေါ်လာဖိုးပါ။ ဒါကြောင့် အမေရိကန်စိုးရိမ်နေတဲ့ ငွေချေးစာချုပ်တွေ ပုံအောသွန်ထုတ်ရောင်းချခြင်းဟာ၊ ဒေါ်လာနယ်ပယ်ကို စွန့်ခွာခြင်းဆိုတဲ့ ရေစီးကြောင်းကြောင့် တရုတ်တနိုင်ငံထဲဆီကသာ လာမှာမဟုတ်ဘဲ၊ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေဆီကလည်း လာနှိုင်တယ်ဆိုတာ သတိပြုရပါလိမ့်မယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီလိုဖြစ် လာခဲ့ရင် ထိခိုက်နစ်နာမဲ့ အထဲမှာ အမေရိကန်နဲ့အတူ ယူကေလည်းမုချပါဝင်ပါလိမ့်မယ်။ အဲဒီလို စီးပွားရေးအရ ထိခိုက်နစ်နာ မဖြစ်အောင် ကြိုတင်လုပ်သင့်လုပ်ထိုက်တာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ (ဒေါ်လာ အရန် ငွေနဲ့ ‌ဒေါ်လာငွေချေးစာချုပ်တွေ ကိုင်ထားတာကို) တဖြေးဖြေးလျှော့ချတာဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကြိုတင် ပြင်ဆင်ခြင်း လုပ်ရပ်တစ်ခုသာဖြစ်ပါကြောင်း။

ကိုးကား- China's ALARMING MOVE! Continue Selling US Debt, Even UK Follow! Blinken's Urgent Visit to Seek Help
- China, Japan again sell US debt; China's holdings hit 12-year low By Global Times

zawgyi version
အေႂကြးစာခ်ဳပ္ေတြ တ႐ုတ္က ပုံေအာေရာင္းထုတ္လိုက္မွာ စိုးရိမ္ေနတဲ့အေမရိကန္ (ဘာသာျပန္ေဆာင္းပါး)
ေမာင္ေဌးေအာင္ ( ေက်ာက္မဲ) (NP News) - ဇြန္ ၂၆

တက္တာလား က်တာလား
အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနက ေနာက္ဆုံးတြက္ခ်က္ထားတဲ့ ေငြေခ်းစာခ်ဳပ္ေရာင္းခ်ထားတဲ့ စာရင္း ေတြကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အဲဒီအခ်က္အလက္ေတြက အေမရိကန္သတင္းမီဒီယာေတြအတြက္ စိုးရိမ္ ေသာကေရာက္စရာ ျဖစ္လာပါတယ္။

လြန္ခဲ့တဲ့ တစ္လေလာက္တုန္းက သတင္းဌာနေတြ သိရွိထားတာကသတင္းေကာင္းပါ။ တ႐ုတ္က အေမရိကန္ ေငြေခ်း စာခ်ဳပ္ေတြကို ျပန္လည္ဝယ္ယူအားေပးေနၿပီး ေငြေခ်းစာခ်ဳပ္ေတြကို ျပန္ထုတ္ေရာင္းခ်ခဲ့တဲ့ ယခင္က လုပ္ရပ္အေပၚ စိတ္မေကာင္းျဖစ္ေနတယ္လို႔ ဆိုတဲ့သတင္းပါ။ တ႐ုတ္ဝယ္ယူထားတဲ့ ပမာဏက အတက္ျပေနတယ္ လို႔ဆိုတာပါ။

ဒါေပမယ့္ မၾကာေသးခင္က လစဥ္ထုတ္ျပန္ခဲ့တဲ့ အခ်က္အလက္ေတြအရ တ႐ုတ္က ကိုင္ထားတဲ့ အေမရိကန္ အေႂကြးစာရင္းဟာ ေဒၚလာသန္း ၄ဝဝ ေလာက္ေလ်ာ့က်သြားတာကိုေတြ႕ရပါတယ္။ ဒီလိုသိသာတဲ့ ေလ်ာ့က် သြားမႈဟာ အေမရိကန္ဘ႑ာေရး သတင္းမီဒီယာေတြသိရွိေဖာ္ျပခဲ့တဲ့ အေမရိကန္ေငြေခ်းစာခ်ဳပ္ေတြအေပၚ တ႐ုတ္က အေကာင္းျမင္သေဘာထားရွိပါတယ္ဆိုတာ လြဲေနၿပီဆိုတာကို ျပသေနပါတယ္။

ေနာက္ကို ျပန္ၾကည့္ရင္ လြန္ခဲ့တဲ့ႏွစ္က အေမရိကန္ေငြေခ်းစာခ်ဳပ္ေတြကို ေငြေဖာ္တဲ့အေနနဲ႔ ေစ်းခ်ၿပီး ဆက္တိုက္ထုတ္ေရာင္းေနျခင္းဟာ ေငြတိုက္စာခ်ဳပ္ေစ်းႏႈန္းေတြကို က်ဆင္းေစပါတယ္။ ဒီလိုျဖစ္လာရျခင္းရဲ႕ အေၾကာင္းရင္းကို ေလ့လာလိုက္တဲ့အခါ တင္းၾကပ္တဲ့ ဖက္ဒရယ္အရန္ေငြေၾကးေပၚလစီေၾကာင့္ျဖစ္ေၾကာင္း ေတြ႕ရပါတယ္။

ဗဟိုဘဏ္ရဲ႕ ျမင့္မားတဲ့အတိုးႏႈန္းေၾကာင့္ အေမရိကန္အေႂကြးေတြကို ျပန္ေပးဆပ္တဲ့အခါ သူ႔ရဲ႕တန္ဖိုးက လည္း ပိုမ်ားျပားလာေစပါတယ္။ အဲဒီလိုတိုးမ်ားလာမႈေၾကာင့္ အေမရိကန္ဘ႑ာေရးဌာနက ေနာက္ထုတ္တဲ့ ေငြေခ်းစာခ်ဳပ္ေတြကို ပိုျမင့္မားတဲ့ အတိုးႏႈန္းနဲ႔ သတ္မွတ္ဖို႔ ဖိအားျဖစ္လာပါတယ္။ ဒါေၾကာင့္ အေမရိကန္အစိုးရ ကသာ သူ႔ရဲ႕အေႂကြးဝန္ထုတ္ပိေနတာမဟုတ္ဘဲ၊ အေႂကြးစာခ်ဳပ္ေတြ ဝယ္ယူထားတဲ့ တိုင္းျပည္ေတြလည္း ဝန္ပိ ပါတယ္။

ဒါ့ျပင္ လာမယ့္ႏွစ္ေတြမွာ ဗဟိုဘဏ္ရဲ႕ စုစုေပါင္းအေႂကြးက သိသိသာသာေထာင္တက္သြားပါလိမ့္မယ္။ အဲဒါအဓိက ေငြေခ်းစာခ်ဳပ္ဝယ္ယူတဲ့ ေဖာက္သည္ႀကီးေတြရဲ႕ အလ်င္အျမန္ေထာက္ပံ့ကူညီမႈလိုအပ္ပါတယ္။ အဓိကအားျဖင့္ေတာ့ ဗဟိုဘဏ္ကိုယ္တိုင္ပါဘဲ။ အေမရိကန္အစိုးရက ဗဟိုဘဏ္အေနနဲ႔ အေႂကြးစာခ်ဳပ္ေတြကို မ်ားမ်ားစားစားဝယ္ယူလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနခ်ိန္မွာ၊ အရင္ႏွစ္ ဇြန္လေလာက္ကတည္းက ဗဟိုဘဏ္က အေမရိကန္အေႂကြးစာခ်ဳပ္ေတြကို အေျမာက္အမ်ားထုတ္ေရာင္းေနတယ္ဆိုတာ ေတြ႕လိုက္ရပါတယ္။ ဗဟို ဘဏ္ဟာ အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနရဲ႕ လိုေငြေတြအတြက္ အႀကီးဆုံး ေထာက္ပံ့သူျဖစ္လာပါတယ္။

ဗဟိုဘဏ္အေပၚ အားမကိုးရေတာ့တာေၾကာင့္ အေမရိကန္မီဒီယာေတြဟာ သူတို႔ရဲ႕ အာ႐ုံစိုက္မႈကို အႀကီး ဆုံး အေႂကြးေတြဝယ္ယူထားတဲ့ ႏိုင္ငံျခားတိုင္းျပည္ေတြရဲ႕ ဗဟိုဘဏ္ေတြအေပၚ ေျပာင္းေ႐ႊ႕လာၾကပါတယ္။ အထူးသျဖင့္ တ႐ုတ္အေပၚကိုပါ။

အတက္ျပၿပီးမွ အက်ျပတဲ့ ဇယား
လြန္ခဲ့တဲ့လအတြင္း တ႐ုတ္က ဝယ္ယူထားတဲ့ အေႂကြးစာခ်ဳပ္ေတြက ၂ဝ ဒသမ ၅ ဘီလ်ံေဒၚလာအထိ ရွိလာေတာ့ မီဒီယာေတြက လက္ပန္းေပါက္ခတ္ၾကပါတယ္။ ဒါေပမယ့္ မၾကာေသးမီကထုတ္ျပန္ေၾကျငာခဲ့တဲ့ ဧၿပီလ အခ်က္အလက္မ်ားအရ တ႐ုတ္ကကိုင္ထားတဲ့ အေမရိကန္အေႂကြးေတြဟာ ယခင္လကထက္ ေဒၚလာ သန္း ၄ဝဝ ေလ်ာ့နည္းသြားတယ္လို႔ သိရပါတယ္။ အစပိုင္းမွာ အတက္ျပၿပီး ေနာက္ပိုင္းမွာ က်ဆင္းလာတဲ့ ဧၿပီလရဲ႕ တ႐ုတ္က ကိုင္ထားတဲ့ အေမရိကန္အေႂကြးစာရင္း အတက္အက်ျဖစ္မႈဟာ “တ႐ုတ္က အေမရိကန္ အေႂကြးေတြ ဝယ္ယူတာကို ေလွ်ာ့ခ်ေနတယ္” ဆိုတဲ့ ဦးတည္ခ်က္ကို ေျပာင္းမသြားေစပါဘူး။ တ႐ုတ္က အေမရိကန္အေႂကြးစာခ်ဳပ္ေတြ ဝယ္ယူထားတာကို ျဖည္းျဖည္းခ်င္း ေလွ်ာ့ခ်ေနပါတယ္။ ဒီဦးတည္ခ်က္ေၾကာင့္ အေမရိကန္အေနနဲ႔ စိုးရိမ္ေသာကပြားေနျခင္းျဖစ္ပါတယ္။

ဘ႑ာေရးဝန္ႀကီးလည္း မေျဖႏိုင္
ေအာက္လႊတ္ေတာ္ ဘ႑ာေရးဝန္ေဆာင္မႈမ်ားေကာ္မတီေရွ႕ေမွာက္မွာ အေမရိကန္ဘ႑ာေရးဝန္ႀကီး ယဲလင္ကို လႊတ္ေတာ္အမတ္ေတြက တ႐ုတ္က သူကိုင္ထားတဲ့ အေမရိကန္အေႂကြးစာခ်ဳပ္ ေဒၚလာ ၈၅ဝ ဘီလ်ံ ဖိုးကို ႐ုတ္တရက္ ပုံေအာေရာင္းထုတ္ပစ္မယ္ဆိုရင္ ရင္ဆိုင္ရဖြယ္ရွိတဲ့ အခက္အခဲေတြကို ေကာင္းေကာင္း ျပင္ဆင္ထားဖို႔တိုက္တြန္းခဲ့ပါတယ္။ တ႐ုတ္က ဒီလိုသာလုပ္ခဲ့မယ္ဆိုရင္ အေမရိကန္ျပည္ေထာင္စုအဖို႔ ဒုကၡေဘး ဆိုးႀကီးနဲ႔ ရင္ဆိုင္ရမွာပါ။ ဘ႑ာေရးန်ဴကလီယားဗုံးတစ္လုံးေပါက္ကြဲသလိုမ်ိဳး ဒါမွမဟုတ္ ေရခဲေတာင္ေပၚက ေရခဲနဲ႔ေက်ာက္တုံးေက်ာက္ခဲေတြ ၿပိဳဆင္းလာသလိုမ်ိဳး အျဖစ္အပ်က္နဲ႔ ႏႈိင္းယွဥ္ေျပာဆိုၾကပါတယ္။

တ႐ုတ္က သူကိုင္ထားတဲ့ အေမရိကန္ အေႂကြးစာခ်ဳပ္ေတြ ႐ုတ္တရက္သြန္ေရာင္းခ်ပစ္လိုက္ႏိုင္ေခ်ရွိမႈ အေပၚ အေမရိကန္လႊတ္ေတာ္က ေသာကပြားေနတာပါ။ ေအာက္လႊတ္ေတာ္မွာ အမတ္ေတြက ဘ႑ာေရးဝန္ႀကီး ယဲလင္ကို သတိေပးေထာက္ျပတာေတြလုပ္ခဲ့ေပမယ့္ အခ်ိန္တိုအတြင္းမွာ ဘယ္လို ျပင္ဆင္ထားတယ္ဆိုတာ ဝန္ႀကီးကလည္း ျပန္ရွင္းမျပႏိုင္ပါဘူး။

တ႐ုတ္ သြန္မထုတ္ေအာင္ အေမရိကန္ေခ်ာ့ေနရ
တ႐ုတ္ကိုင္ထားတဲ့ အေမရိကန္အေႂကြးစာခ်ဳပ္ ေဒၚလာ ၈၅ဝ ဘီလ်ံဖိုးကို ႐ုတ္တရက္ သြန္ထုတ္ေရာင္းခ် လိုက္ရင္ အေမရိကန္အေနနဲ႔ ႀကီးမားတဲ့ ေစ်းကြက္ထိတ္လန႔္ ကေမာက္ကမျဖစ္မႈႀကဳံရပါလိမ့္မယ္။ ဒီစိုးရိမ္မႈက အေမရိကန္ကို တ႐ုတ္နဲ႔ ဆက္ဆံေရးေျပလည္ေကာင္းမြန္‌ေအာင္ျပဳျပင္ဖို႔ တြန္းအားျဖစ္လာတာပါ။ တ႐ုတ္ကို စီးပြားေရးအရ ႏွိပ္ကြပ္ေနတာေတြကို၊ တ႐ုတ္က လက္တုန႔္ျပန္ရင္ျဖစ္လာမယ့္ အက်ိဳးဆက္ေတြကို စိုးရိမ္လို႔ျဖစ္ပါ တယ္။ ဒါေၾကာင့္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဘလင္ကန္က ၂ဝ၂၃ ခုႏွစ္ ဇြန္လ ၁၈ ရက္နဲ႔ ၁၉ ရက္ေတြမွာ ပီကင္းကိုသြား ေရာက္ကာ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္နဲ႔ေတြ႕ဆုံေဆြးေႏြးၿပီး တ႐ုတ္- အေမရိကန္ဆက္ဆံေရးကို တည္ၿငိမ္ေအာင္ လုပ္ဖို႔ သေဘာတူခဲ့ၾကပါတယ္။ လက္ရွိကမာၻ႔ႏိုင္ငံေရးေလာကမွာ ႐ုရွား-ယူကရိန္း စစ္ပြဲၿပီးရင္ တ႐ုတ္-အေမရိကန္ ဆက္ဆံေရးကိစၥက ကမာၻကို သက္ေရာက္မႈ အရွိႏႈိင္ဆုံး ထိပ္တန္း အေရးႀကီးကိစၥတစ္ရပ္ပါ။

တ႐ုတ္-အေမရိကန္ ဆက္ဆံေရးမွာ ထြက္ေပါက္မရွိေခ်ာင္ပိတ္ေနတဲ့ အဓိကအေၾကာင္းတစ္ခ်က္က ေတြ႕ဆုံ ေဆြးေႏြး‌ေရး၊ ပူးေပါင္းေဆာင္႐ြက္ေရးစတဲ့ စကားေကာင္းစကားလွေတြ ေျပာေနေပမယ့္ တကယ္တမ္းမွာ အေမရိ ကန္က တ႐ုတ္ကို ႏွိပ္ကြပ္ေနတဲ့ ေပၚလစီကို စြန႔္လႊတ္ခ်င္စိတ္မရွိတာပါ။ အဲဒါေၾကာင့္လည္း အေမရိကန္က တ႐ုတ္ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈကို ဆက္လက္ဟန႔္တားေႏွာက္ယွက္ေနတာပါ။ တ႐ုတ္ကသာ အခုလို စီးပြားေရး၊ ႏိုင္ငံေရး၊ စစ္ေရး အင္အားမေတာင့္တင္းဘူးဆိုရင္ လြန္ခဲ့တဲ့ႏွစ္ေတြအတြင္း အေမရိကန္က တ႐ုတ္ကို အေရးယူ ႏွိပ္ကြပ္ခဲ့မႈေတြ ေအာင္ျမင္ေနမွာပါ။

အေမရိကန္က တ႐ုတ္ဝိုင္းပတ္ထိန္းခ်ဳပ္ေရးကို တစိုက္မတ္မတ္လုပ္ေနခဲ့တာေၾကာင့္ ႏွစ္ႏိုင္ငံအၾကား အျပန္အလွန္ အယုံအၾကည္ကင္းမဲ့လာကာ ႏွစ္ႏိုင္ငံဆက္ဆံေရးဟာ တျဖည္းျဖည္းဆိုး႐ြားလာၿပီး မတိုးသာ မဆုတ္သာ အေျခအေနကို ေရာက္သြားပါေတာ့တယ္။ ဒါေၾကာင့္လည္း တ႐ုတ္အေနနဲ႔ အေမရိကန္နဲ႔ စစ္ဘက္ဆိုင္ ရာခ်င္း ေဆြးေႏြးမႈေတြမွာ မတက္မႂကြလုပ္ေနတာပါ။ ဘာဘဲျဖစ္ျဖစ္၊ တ႐ုတ္-အေမရိကန္ဆက္ဆံေရး ေရရွည္ ဆိုး႐ြားေနတာက ႏိုင္ငံတကာအေျခအေနေတြအေပၚ ဆိုးက်ိဳးကိုသက္ေရာက္ေစႏႈိင္ပါတယ္။

ဘ႑ာေရးဝန္ႀကီးေဟာင္းရဲ႕ အႀကံျပဳခ်က္
ဒီလိုအျမင္ရွိ သူေတြက တ႐ုတ္ အေမရိကန္ဆက္ဆံေရး တိုးတက္ေကာင္းမြန္လာဖို႔ကို စဥ္းစားခဲ့ၾကပါတယ္။ ၁၉၉၉-၂ဝဝ၁ ခုႏွစ္က အေမရိကန္ ဘ႑ာေရးဝန္ႀကီးတာဝန္ထမ္းေဆာင္ခဲ့တဲ့ ဆမ္းမား (Lawrence Henry Summers) မၾကာေသးမီက စင္ကာပူမွာက်င္းပခဲ့တဲ့ အာရွဗစ္ရွင္ဖိုရမ္မွာ ႏွစ္ႏိုင္ငံလုံးကို အႀကံတစ္ခုေပးပါတယ္။ ႏွစ္ႏိုင္ငံလုံးက မဟာဗ်ဴဟာက်တဲ့ အာမခံခ်က္ေတြေပးဖို႔ ျဖစ္ပါတယ္။ အေမရိကန္က တ႐ုတ္အေပၚ စီးပြားေရး အရ ႏွိပ္ကြပ္တာမလုပ္ပါ လို႔အာမခံခ်က္ေပးဖို႔နဲ႔ တ႐ုတ္ကလည္း သူ႔ရဲ႕စီးပြားေရးေပၚလစီေတြဟာ တ႐ုတ္ျပည္သူ ေတြရဲ႕စည္ပင္ဝေျပာေရးအတြက္ကိုသာရည္႐ြယ္ၿပီး ကမာၻ႔အင္အားႀကီးပါဝါအျဖစ္ မတက္လွမ္းရန္ အာမခံဖို႔ လို႔ဆိုပါတယ္။ ဆမ္းမားရဲ႕ တင္ျပခ်က္ေတြဟာ ဘိုင္ဒင္အစိုးရ ႏိုင္ငံေရးသမားေတြရဲ႕ တင္ျပခ်က္ေတြနဲ႔စာရင္ ပိုၿပီး က်ိဳးေၾကာင္း ဆီေလ်ာ္တဲ့အတြက္ ပိုမိုစိတ္ဝင္စားၾကပါတယ္။

သူက အေမရိကန္ရဲ႕ တ႐ုတ္အေပၚႏွိပ္ကြပ္မႈဟာ အဓိကအားျဖင့္ သူ႔ရဲ႕ဗိုလ္က် စိုးမိုးလိုမႈကို ထိန္းသိမ္းထား လိုတဲ့ဆႏၵက တြန္းေဆာ္လို႔ျဖစ္ရတာ ဆိုတဲ့အခ်က္ကို အသိအမွတ္ျပဳပါတယ္။ အထူးသျဖင့္ေတာ့ စစ္ေရးအရ လႊမ္းမိုးမႈေပါ့။ ဒါေၾကာင့္ အေမရိကန္က တ႐ုတ္အေပၚ စီးပြားေရးအရႏွိပ္ကြပ္မႈကို စြန႔္လႊတ္မယ္ဆိုရင္ အေမရိကန္နဲ႔ တ႐ုတ္အၾကား အျပန္အလွန္နားလည္မႈ ရႏႈိင္တယ္လို႔ သူက သူေမွ်ာ္လင့္ပါတယ္။ တၿပိဳင္ တည္းမွာ တ႐ုတ္က အေမရိကန္ရဲ႕ ကမာၻလုံးဆိုင္ရာ စစ္ေရးအရလႊမ္းမိုးမႈကို စိန္မေခၚရန္ အာမခံဖို႔ ျဖစ္ပါတယ္။

ဆမ္းမားက အေမရိကန္ရဲ႕ ဗိုလ္က်လႊမ္းမိုးမႈကို ဘယ္လိုဘဲ အသိအမွတ္ျပဳခ်င္စိတ္ရွိပါေစ သူ႔တင္ျပခ်က္ အတိုင္းလိုက္ပါလုပ္ေဆာင္ဖို႔က ျဖစ္ႏိုင္ေျခနည္းပါးလွပါတယ္။

တ႐ုတ္ရဲ႕ စီးပြားေရးေပၚလစီေတြက သူ႔ျပည္သူေတြရဲ႕ သာယာဝေျပာေရးအတြက္သာ ရည္႐ြယ္ၿပီး၊ စစ္ေရး အရ ကမာၻကိုဗိုလ္က်လႊမ္းမိုးဖို႔မရည္႐ြယ္ပါ ဆိုသည့္တိုင္၊ အေမရိကန္အေနနဲ႔က တ႐ုတ္ကို ဆက္တိုက္ ဖိအားေပး ႏွိပ္ကြပ္ေနတာကို စြန႔္လႊတ္မွာမဟုတ္ပါ။ ဒါေၾကာင့္ ဆမ္းမားရဲ႕ ယုံၾကည္တဲ့၊ တကယ္လို႔ တ႐ုတ္ကသာ သူ႔ စီးပြားေရး ရည္႐ြယ္ခ်က္နဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔ အျပန္အလွန္ အာမခံကတိေပးခ်က္လုပ္ၾကမယ္ဆိုရင္ အေမရိကန္က တ႐ုတ္ကို ႏွိပ္ကြပ္ေနတာေတြ ရပ္တန႔္လိမ့္မယ္ဆိုတာက လက္ေတြ႕မက်လွပါ။ အမွန္စင္စစ္မွာ ေတာ့ အေမရိကန္က တ႐ုတ္အေပၚ ဗိုလ္က်လႊမ္းမိုးဖို႔ သံဒိဌာန္ခ်ထားတာကို ဆမ္းမားကိုယ္တိုင္က လိမၼာပါးနပ္ စြာ ဝန္ခံထားၿပီးျဖစ္ပါတယ္။ သူ႔အေနနဲ႔ အေမရိကန္ တ႐ုတ္ဆက္ဆံေရးအေပၚ နားလည္မႈက မျပည့္စုံဘဲျဖစ္ေန ပါေသးတယ္။ လက္ရွိဆက္ဆံေရးရဲ႕ အခရာက်တဲ့အခ်က္က အေျခခံအခ်က္ႏွစ္ခ်က္အေပၚမွာ မူတည္ပါတယ္။

ပထမတစ္ခ်က္က အေမရိကန္ျပည္ေထာင္စုအေနနဲ႔ တဦးတည္းဗိုလ္က်လႊမ္းမိုးလိုမႈကို စြန႔္လႊတ္ဖို႔ ဆႏၵမရွိဘဲ ဗိုလ္က်လႊမ္းမိုးတဲ့ စနစ္ကို ဆက္လက္ထိန္းသိမ္းထားလိုတာပါ။

ဒုတိယတစ္ခ်က္ကေတာ့ တ႐ုတ္အေပၚမွာ မလိုမုန္းထားတဲ့ အျမင္ရွိၿပီး တ႐ုတ္ျပည္တည္ရွိေနတာကိုက အေမရိကန္နဲ႔ အေနာက္တိုင္းအေပၚ ၿခိမ္းေျခာက္မႈတရပ္လို႔ ရႈျမင္ေနတာပါ။

ဒီႏွစ္ခ်က္က ဘိုင္ဒန္အစိုးရအေနနဲ႔ တ႐ုတ္နဲ႔ပတ္သက္တဲ့ရပ္တည္ခ်က္ကို တည့္မတ္ေအာင္လုပ္ဖို႔ အတား အဆီး ျဖစ္ေနၿပီး၊ ႏွစ္ႏိုင္ငံဆက္ဆံေရးကို တိုးတက္ေကာင္းမြန္ေအာင္လုပ္ဖို႔ ခက္ခဲေစပါတယ္။
အခုေတာ့ အေမရိကန္က တ႐ုတ္နဲ႔ ေတြ႕ဆုံေဆြးေႏြးအေျဖရွာဖို႔ တက္တက္ႂကြႂကြျဖစ္ေနပါတယ္။ ႏိုင္ငံျခား ေရးဝန္ႀကီး အန္တိုနီဘလင္ကန္ တ႐ုတ္ျပည္ကိုသြားေရာက္လည္ပတ္တာက ႏွစ္ႏိုင္ငံဆက္ဆံေရးေကာင္းမြန္ ေအာင္လုပ္ဖို႔ပါ။ အေမရိကန္အေနနဲ႔က သူတ႐ုတ္ကိုအေရးယူသလို တ႐ုတ္က လက္တုန႔္ျပန္လာရင္ အက်ိဳး ဆက္ေတြက ဆိုးဆိုး႐ြား႐ြား ဒုကၡေပးလာမွာကို စိုးရိမ္ေနတာပါ။ တ႐ုတ္ရဲ႕ လက္ရွိအင္အားကလည္း အေမရိကန္ ကိုေကာင္းေကာင္းႀကီး ဒုကၡေပးႏိုင္တဲ့ အေနအထားပါ။ တ႐ုတ္က ႐ုတ္တရက္ခ်က္ျခင္း သူကိုင္ထားတဲ့ အေမရိ ကန္ေငြေခ်းစာခ်ဳပ္ေတြ သြန္ထုတ္ေရာင္းခ်လိုက္မယ္ဆိုရင္ အေမရိကန္ႏိုင္ငံအဖို႔ အႀကီးအက်ယ္ အခက္ေတြ႕မွာ ပါ။ ဘာျဖစ္လို႔လည္းဆိုေတာ့ အေမရိကန္ ဘ႑ာေရးဌာနရဲ႕ ေနာက္ဆုံးထုတ္ျပန္တဲ့ အခ်က္အလက္ေတြအရ အေမရိကန္ေငြေခ်းစာခ်ဳပ္ကိုင္ထားတဲ့ ပမာဏကို ေလွ်ာ့ခ်ပစ္တာဟာ တ႐ုတ္တႏိုင္ငံထဲသာမဟုတ္ပါဘူး။ အေမရိကန္ေငြေခ်းစာခ်ဳပ္ေတြ တတိယအမ်ားဆုံး ကိုင္ထားတဲ့ ယူေကကလည္းဘဲ မနည္းမေနာ ၃၀.၄ ဘီလ်ံ ေဒၚလာ ေလာက္ကိုေလွ်ာ့ခ်ပစ္တာပါ။ ဒါက အေမရိကန္အေနနဲ႔ ကိုယ့္မဟာမိတ္က ေနာက္ေက်ာဒါးနဲ႔ထိုးသလို ခံစားရမွာပါ။ ဒါေတြက ကမာၻမွာ ဦးတည္ရာတခုျဖစ္ေနတဲ့ ေဒၚလာနယ္ပယ္မွ ဖယ္ခြာျခင္းဆိုတဲ့ ျဖစ္ေပၚေျပာင္း လဲမႈေရစီးေၾကာင္းရဲ႕ သက္ေရာက္မႈေတြပါဘဲ။ အရင္တုံးကေတာ့ ႏိုင္ငံရပ္ျခားကုန္သြယ္မႈေတြအားလုံးကို ေဒၚလာ နဲ႔ဘဲ ေပးေခ်ေျဖရွင္းၾကတာပါ။ ဒါေပမဲ့ မၾကာေသးခင္ကာလက ထုတ္ျပန္တဲ့အခ်က္အလက္ေတြအရ ေဒၚလာနဲ႔ ေပးေခ်ေျဖရွင္းမႈေတြက တေျဖးေျဖးေလ်ာ့က်လာေနပါၿပီ။ အရင္က ေဒၚလာကိုအသုံးျပဳတဲ့ႏိုင္ငံေတြက ဒီလိုႏိုင္ငံ တကာအေရာင္းအဝယ္မွာ ေဒၚလာမသုံးဘဲ ကိုယ့္ကိုယ္ပိုင္ေငြေၾကးကို သုံးရင္မျဖစ္ဘူးလားဆိုတာ စဥ္းစားလာ ေနၾကပါတယ္။ ကမာၻတလႊားက ေဒၚလာကို အရန္ေငြေၾကးအျဖစ္ကိုင္ေဆာင္ထားၾကတဲ ဗဟိုဘဏ္အမ်ားအျပား ဟာလည္း ေဒၚလာတခုတည္းအေပၚမွာ မွီခိုေနရတဲ့အျဖစ္က ႐ုန္းထြက္ဖို႔အတြက္ သူတို႔ရဲ႕ အရန္ေငြေၾကးေတြကို တျခားေသာ အရန္ေငြေၾကးနဲ႔ ေ႐ႊ စတာေတြနဲ႔ ေျပာင္းလဲသိုေလွာင္လာေနၾကပါတယ္။

ေနာက္က်တဲ့ ေျခေထာက္ သစၥာေဖာက္
ဒီလိုအေျခအေနကို အသိအမွတ္ျပဳတဲ့အထဲမွာ အေမရိကန္ေငြေခ်းစာခ်ဳပ္ တတိယအမ်ားဆုံးကိုင္ထားတဲ့ သူ႔ရဲ႕မဟာမိတ္ ယူေကလည္း ပါဝင္ေနပါတယ္။ ယူေကကိုင္ထားတဲ့ ပမာဏကလည္းမနည္းမေနာ ၆၈ဝ ဒသမ ၇ ဘီလ်ံေဒၚလာဖိုးပါ။ ဒါေၾကာင့္ အေမရိကန္စိုးရိမ္ေနတဲ့ ေငြေခ်းစာခ်ဳပ္ေတြ ပုံေအာသြန္ထုတ္ေရာင္းခ်ျခင္းဟာ၊ ေဒၚလာနယ္ပယ္ကို စြန႔္ခြာျခင္းဆိုတဲ့ ေရစီးေၾကာင္းေၾကာင့္ တ႐ုတ္တႏိုင္ငံထဲဆီကသာ လာမွာမဟုတ္ဘဲ၊ သူ႔ရဲ႕ မဟာမိတ္ႏိုင္ငံေတြဆီကလည္း လာႏႈိင္တယ္ဆိုတာ သတိျပဳရပါလိမ့္မယ္။ ဘာျဖစ္လို႔လည္း ဆိုေတာ့ အဲဒီလိုျဖစ္ လာခဲ့ရင္ ထိခိုက္နစ္နာမဲ့ အထဲမွာ အေမရိကန္နဲ႔အတူ ယူေကလည္းမုခ်ပါဝင္ပါလိမ့္မယ္။ အဲဒီလို စီးပြားေရးအရ ထိခိုက္နစ္နာ မျဖစ္ေအာင္ ႀကိဳတင္လုပ္သင့္လုပ္ထိုက္တာေတြကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ (ေဒၚလာ အရန္ ေငြနဲ႔ ‌ေဒၚလာေငြေခ်းစာခ်ဳပ္ေတြ ကိုင္ထားတာကို) တေျဖးေျဖးေလွ်ာ့ခ်တာဟာ လုပ္သင့္လုပ္ထိုက္တဲ့ ႀကိဳတင္ ျပင္ဆင္ျခင္း လုပ္ရပ္တစ္ခုသာျဖစ္ပါေၾကာင္း။

ကိုးကား- China's ALARMING MOVE! Continue Selling US Debt, Even UK Follow! Blinken's Urgent Visit to Seek Help
- China, Japan again sell US debt; China's holdings hit 12-year low By Global Times

Related news

© 2021. All rights reserved.