စားအုန်းဆီလက်ကားဈေးသတ်မှတ်ချက် တစ်ပိသာ ကျပ်(၄ဝဝဝ)ကျော်သို့ ရောက်ရှိလာ

 594

NP News - ဇွန် ၂၆

စားသုံးဆီကော်မတီ၏ စားအုန်းဆီ လက်ကားဈေးသတ်မှတ်ချက်တွင် တစ်ပိဿာလျှင် ငွေကျပ် (၄ဝဝဝ) ကျော်ဈေးမြင့်လာပြီး လက်လီဈေးကွက်မှာလည်း ဆီတစ်ပိဿာ ငွေကျပ် (၇ဝဝဝ)ခန့် ဈေးမြင့်လာကြောင်း စားသုံးသူဈေးကွက်မှ သိရသည်။

စားသုံးဆီတင်သွင်းဖြန့်ဖြူးရေးကြီးကြပ်မှုကော်မတီက အပတ်စဉ် ထုတ်ပြန်သည့် စားအုန်းဆီဈေးနှုန်းသည် ယခုတစ်ပတ်တွင် ထပ်မံဈေးမြင့်လာပြီး ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၂ ရက်အထိ ဆီတစ်ပိဿာပေါက်ဈေးကို (၄ဝ၁ဝ)ကျပ် သတ်မှတ်ထားသည်။

အဆိုပါဈေးနှုန်းသည် ပြီးခဲ့သည့် တစ်ပတ်တာစားအုန်းဆီဈေး သတ်မှတ်ချက် တစ်ပိဿာ (၃၈၆ဝ)ကျပ်ထက် ငွေကျပ် (၁၅ဝ) ထပ်မံဈေးမြင့်တက်လာခြင်းဖြစ်သည်။

"အခုက စားအုန်းဆီဈေး တစ်ပိဿာ ၇ဝဝဝ နှုန်း ဈေးနဲ့ရောင်းနေရတယ်။ ပြီးခဲ့တဲ့ရက်တွေကထက်တော့ ငွေ ၅ဝဝ ကျပ်နှုန်းဈေးမြင့်လာတာပေါ့။ ရပ်ကွက်ဈေးတွေဆိုတော့ ဈေးက နှစ်မျိုးနှစ်စားရှိတယ်။ ပိဿာလိုက်ယူရင်တော့ တစ်ပိဿာ ၆၇ဝဝ ကျပ်နဲ့ရောင်းပေးတယ်။ ၁၅ကျပ်သား ၊ ၂၅ကျပ်သားတွေ ယူရင်တော့ တစ်ပိဿာ ၇ဝဝဝ နှုန်းနဲ့ဈေးတွက်ရောင်းပေးပါတယ်"ဟု အင်းစိန်ဈေးအတွင်းရှိ ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ပြောသည်။

စားအုန်းဆီဈေးတက်လာခြင်းကြောင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် အထူးဈေးကားများကလည်း စားအုန်းဆီတစ်ပိသာလျှင် ငွေကျပ် (၄၂ဝဝ) ဖြင့် ရပ်ကွက်များအတွင်းသို့လိုက်လံရောင်းချနေကြောင်းသိရသည်။

စားအုန်းဆီရောင်းချသည့် အထူးဈေးကားများတွင်လည်း တန်းစီဝယ်ယူသူများပြားလျက်ရှိပြီး ရန်ကုန်တိုင်းအတွင်းကားအစီးရေ (၇ဝ)ကျော်ဖြင့် လူစည်ကားရာနေရာများတွင်‌ ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
စားအုန္းဆီလက္ကားေဈးသတ္မွတ္ခ်က္ တစ္ပိသာ က်ပ္(၄ဝဝဝ)ေက်ာ္သို႔ ေရာက္ရွိလာ
NP News - ဇြန္ ၂၆

စားသုံးဆီေကာ္မတီ၏ စားအုန္းဆီ လက္ကားေဈးသတ္မွတ္ခ်က္တြင္ တစ္ပိႆာလွ်င္ ေငြက်ပ္ (၄ဝဝဝ) ေက်ာ္ေဈးျမင့္လာၿပီး လက္လီေဈးကြက္မွာလည္း ဆီတစ္ပိႆာ ေငြက်ပ္ (၇ဝဝဝ)ခန႔္ ေဈးျမင့္လာေၾကာင္း စားသုံးသူေဈးကြက္မွ သိရသည္။

စားသုံးဆီတင္သြင္းျဖန႔္ျဖဴးေရးႀကီးၾကပ္မႈေကာ္မတီက အပတ္စဥ္ ထုတ္ျပန္သည့္ စားအုန္းဆီေဈးႏႈန္းသည္ ယခုတစ္ပတ္တြင္ ထပ္မံေဈးျမင့္လာၿပီး ဇြန္လ ၂၆ ရက္မွ ဇူလိုင္လ ၂ ရက္အထိ ဆီတစ္ပိႆာေပါက္ေဈးကို (၄ဝ၁ဝ)က်ပ္ သတ္မွတ္ထားသည္။

အဆိုပါေဈးႏႈန္းသည္ ၿပီးခဲ့သည့္ တစ္ပတ္တာစားအုန္းဆီေဈး သတ္မွတ္ခ်က္ တစ္ပိႆာ (၃၈၆ဝ)က်ပ္ထက္ ေငြက်ပ္ (၁၅ဝ) ထပ္မံေဈးျမင့္တက္လာျခင္းျဖစ္သည္။

"အခုက စားအုန္းဆီေဈး တစ္ပိႆာ ၇ဝဝဝ ႏႈန္း ေဈးနဲ႔ေရာင္းေနရတယ္။ ၿပီးခဲ့တဲ့ရက္ေတြကထက္ေတာ့ ေငြ ၅ဝဝ က်ပ္ႏႈန္းေဈးျမင့္လာတာေပါ့။ ရပ္ကြက္ေဈးေတြဆိုေတာ့ ေဈးက ႏွစ္မ်ိဳးႏွစ္စားရွိတယ္။ ပိႆာလိုက္ယူရင္ေတာ့ တစ္ပိႆာ ၆၇ဝဝ က်ပ္နဲ႔ေရာင္းေပးတယ္။ ၁၅က်ပ္သား ၊ ၂၅က်ပ္သားေတြ ယူရင္ေတာ့ တစ္ပိႆာ ၇ဝဝဝ ႏႈန္းနဲ႔ေဈးတြက္ေရာင္းေပးပါတယ္"ဟု အင္းစိန္ေဈးအတြင္းရွိ ကုန္စုံဆိုင္ဖြင့္လွစ္ေရာင္းခ်ေနသူတစ္ဦးက ေျပာသည္။

စားအုန္းဆီေဈးတက္လာျခင္းေၾကာင့္ ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္း၏ စီစဥ္ႀကီးၾကပ္မႈျဖင့္ အထူးေဈးကားမ်ားကလည္း စားအုန္းဆီတစ္ပိသာလွ်င္ ေငြက်ပ္ (၄၂ဝဝ) ျဖင့္ ရပ္ကြက္မ်ားအတြင္းသို႔လိုက္လံေရာင္းခ်ေနေၾကာင္းသိရသည္။

စားအုန္းဆီေရာင္းခ်သည့္ အထူးေဈးကားမ်ားတြင္လည္း တန္းစီဝယ္ယူသူမ်ားျပားလ်က္ရွိၿပီး ရန္ကုန္တိုင္းအတြင္းကားအစီးေရ (၇ဝ)ေက်ာ္ျဖင့္ လူစည္ကားရာေနရာမ်ားတြင္‌ ေရာင္းခ်ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.