စင်ကာပူ Ninja Van ကုမ္ပဏီ၊ ဒေသတွင်း နည်းပညာအဖွဲ့ရဲ့ ၁ဝ ရာခိုင်နှုန်းခန့်ကို အလုပ်မှ ထုတ်ပယ်

 1243

ရောင်နီ (NP News) - ဧပြီ ၃ဝ

စင်ကာပူမှာ နာမည်ကျော် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူ Ninja Van ဟာ ဒေသတွင်းနည်းပညာအဖွဲ့ရဲ့ ၁ဝ ရာခိုင်နှုန်းခန့်ကို အလုပ်မှ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။

ကုန်ကျစရိတ်တွေကြောင့် ကုမ္ပဏီက ဒေသတွင်းနည်းပညာအဖွဲ့ရဲ့ ၁၀ ရာခိုင်နှုန်းကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ Ninja Van ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့ (ဧပြီ ၃၀ ရက်) မှာ ပြောကြားခဲ့ပါတယ်။

Ninja Van Group ရဲ့ရေရှည်တည်တံ့ခိုင်မြဲတိုးတက်ရေးအတွက် ကုန်ကျစရိတ်ကို လျှော့ချရခြင်းဖြစ်ပြီး အဖွဲ့ရဲ့လမ်းညွှန်ချက်နဲ့အညီ၊ နည်းပညာဌာန ပြန်လည်ဖွဲ့စည်းခြင်းနဲ့ ကုန်ကျစရိတ် ထိန်းချုပ်မှု အစီအမံတွေကို တက်တက်ကြွကြွ အကောင်အထည်ဖော်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အထုတ်ခံရတဲ့အလုပ်သမားတွေထဲမှ လုပ်သက်တစ်နှစ်ပြည့်ထားပြီးသူတိုင်းကို လစာ တစ်လစာ ပေးသွားမှာဖြစ်ပြီး အလုပ်အကိုင်နေရာချထားရေးအတွက်လည်း ပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါဝန်ထမ်းတွေရဲ့ဆေးအာမခံတွေကိုလည်း ဇွန်လထိ တိုးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

Covid ကာလအလွန်မှာ ကမ္ဘာ့စီးပွားရေး ကျဆင်းလာခြင်းနဲ့အတူ ကုမ္ပဏီကြီးတွေ ဝန်ထမ်းအင်အားလျှော့ချမှုတွေ ပြုလုပ်လာကြတာတွေ့ရပါတယ်။

Zawgyi Version;
စင္ကာပူ Ninja Van ကုမၸဏီ၊ ေဒသတြင္း နည္းပညာအဖြဲ႕ရဲ႕ ၁ဝ ရာခိုင္ႏႈန္းခန႔္ကို အလုပ္မွ ထုတ္ပယ္
ေရာင္နီ (NP News) - ဧၿပီ ၃ဝ

စင္ကာပူမွာ နာမည္ေက်ာ္ ေထာက္ပံ့ပို႔ေဆာင္ေရး ဝန္ေဆာင္မႈေပးသူ Ninja Van ဟာ ေဒသတြင္းနည္းပညာအဖြဲ႕ရဲ႕ ၁ဝ ရာခိုင္ႏႈန္းခန႔္ကို အလုပ္မွ ထုတ္ပယ္လိုက္တယ္လို႔ သိရပါတယ္။

ကုန္က်စရိတ္ေတြေၾကာင့္ ကုမၸဏီက ေဒသတြင္းနည္းပညာအဖြဲ႕ရဲ႕ ၁၀ ရာခိုင္ႏႈန္းကို ေလွ်ာ့ခ်ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔ Ninja Van ေျပာေရးဆိုခြင့္ရွိသူက အဂၤါေန႔ (ဧၿပီ ၃၀ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

Ninja Van Group ရဲ႕ေရရွည္တည္တံ့ခိုင္ၿမဲတိုးတက္ေရးအတြက္ ကုန္က်စရိတ္ကို ေလွ်ာ့ခ်ရျခင္းျဖစ္ၿပီး အဖြဲ႕ရဲ႕လမ္းၫႊန္ခ်က္နဲ႔အညီ၊ နည္းပညာဌာန ျပန္လည္ဖြဲ႕စည္းျခင္းနဲ႔ ကုန္က်စရိတ္ ထိန္းခ်ဳပ္မႈ အစီအမံေတြကို တက္တက္ႂကြႂကြ အေကာင္အထည္ေဖာ္လ်က္ရွိတယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္လည္း အထုတ္ခံရတဲ့အလုပ္သမားေတြထဲမွ လုပ္သက္တစ္ႏွစ္ျပည့္ထားၿပီးသူတိုင္းကို လစာ တစ္လစာ ေပးသြားမွာျဖစ္ၿပီး အလုပ္အကိုင္ေနရာခ်ထားေရးအတြက္လည္း ပံ့ပိုးေပးသြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ အဆိုပါဝန္ထမ္းေတြရဲ႕ေဆးအာမခံေတြကိုလည္း ဇြန္လထိ တိုးျမႇင့္ေပးသြားမယ္လို႔ သိရပါတယ္။

Covid ကာလအလြန္မွာ ကမာၻ႔စီးပြားေရး က်ဆင္းလာျခင္းနဲ႔အတူ ကုမၸဏီႀကီးေတြ ဝန္ထမ္းအင္အားေလွ်ာ့ခ်မႈေတြ ျပဳလုပ္လာၾကတာေတြ႕ရပါတယ္။

Related news

© 2021. All rights reserved.