ဘီလျံနာများဖြစ်သော အီလွန်မတ်နှင့် ဇူကာဘတ်တို့၏ တိုက်ခိုက်ရေးပွဲစဉ်က UFC သမိုင်းတွင် ဝင်ငွေအများဆုံးရမည့်ပွဲဖြစ်မည်ဟု UFC ဥက္ကဋ္ဌ ခန့်မှန်း

 3907

Pika (NP News) - ဇွန် ၂၆

နည်းပညာပိုင်းနှင့်ပတ်သက်ပြီး ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာများအဖြစ် သတ်မှတ်ခံထားရသော အီလွန်မတ်နှင့် ဇူကာဘတ်တို့ကြား သဘောတူညီထားသော တိုက်ခိုက်ရေးပွဲစဉ်သည် UFC သမိုင်းတစ်လျှောက် ဝင်ငွေအများဆုံး ရရှိစေမည့် ပွဲစဉ်တစ်ခုဖြစ်လာနိုင်ကြောင်း UFC ဥက္ကဋ္ဌဒါနာဝှိုက် က ပြောကြားခဲ့သည်။

ထို့အပြင် အီလွန်မတ်နှင့် ဇူကာဘတ်တို့၏ ပွဲစဉ်သည် UFC ပွဲစဉ်များကို ထုတ်လွှင့်ပေးသော ရုပ်သံလိုင်းများတွင် ကြည့်ရှုမှုအများဆုံး စံချိန်အားလုံးကို ချိုးဖျက်သွားနိုင်ဖွယ်ရှိနေကြောင်း ဒါနာဝှိုက်က ပြောကြားခဲ့သည်။ ဒါနာဝှိုက်က "ဒီပွဲဟာ ကမ္ဘာ့သမိုင်းမှာ အကြီးကျယ်ဆုံးတိုက်ပွဲတစ်ခုဖြစ်လာမှာဖြစ်ပြီး ကျင်းပခဲ့ဖူးတဲ့ပွဲတွေအားလုံး ထက် ပိုကြီးပါလိမ့်မယ်" ဟု ပြောဆိုခဲ့သည်။

UFC ပွဲများကို ကြည့်ရှုရန်အတွက် ငွေပေးချေရမည့် ဝန်ဆောင်မှု PPV သည် ပုံမှန်တွင် အမေရိကန်ဒေါ်လာ(၈ဝ)သာ ကျသင့်သော်လည်း အီလွန်မတ်နှင့် ဇူကာဘတ်တို့၏ ပွဲစဉ်ကို အမေရိကန်ဒေါ်လာ(၁ဝဝ) အထိ တိုးမြှင့်ကောက်ခံ သွားမည်ဖြစ်ကြောင်း ဒါနာဝှိုက် က ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ သမိုင်းတစ်လျှောက်အကြီးမားဆုံး PPV သည် (၂ဝ၁၇)ခုနှစ်က မေဝဲသာနှင့် မက်ဂရီဂေါ တို့ကြား ထိုးသတ်ခဲ့သည့်လက်ဝှေ့ပွဲဖြစ်ပြီး ကြည့်ရှုရန်အတွက် ပြည်တွင်းမှ ငွေပေးချေမှုများသည် (၄ ဒသမ ၃) သန်းအထိ ရှိခဲ့ပြီး စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာသန်း(၆ဝဝ) ကျော် ရရှိခဲ့ကြောင်း ဒါနာဝှိုက် က ပြောကြားခဲ့သည်။

ဒါနာဝှိုက် က "အီလွန်မတ်နဲ့ ဇူကာဘတ်တို့ရဲ့ပွဲစဉ်ဟာ မေဝဲသာနဲ့မက်ဂရီဂေါတို့ရဲ့ပွဲစဉ်ထက် ဝင်ငွေ သုံးဆပိုရမယ် လို့ ကျွန်တော်ထင်မိပါတယ်။ ဒီပွဲဟာ အမေရိကန်ဒေါ်လာ(၁ ဒသမ ၈) ဘီလျံကျော်ထိ ရရှိလာနိုင်ပါတယ်" ဟု ပြောဆိုခဲ့သည်။

ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးသူများစာရင်းတွင် နံပါတ်(၁)နေရာတွင် ရှိနေသော အီလွန်မတ်နှင့် နံပါတ်(၁ဝ)နေရာ တွင်ရှိနေသော ဇူကာဘတ်တို့သည် ကြိုးဝိုင်းထဲတွင် ယှဉ်ပြိုင်ထိုးသတ်ရန် ဇွန်လ(၂၃)ရက်က သဘောတူညီခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဘီလ်ံနာမ်ားျဖစ္ေသာ အီလြန္မတ္ႏွင့္ ဇူကာဘတ္တို႔၏ တိုက္ခိုက္ေရးပြဲစဥ္က UFC သမိုင္းတြင္ ဝင္ေငြအမ်ားဆုံးရမည့္ပြဲျဖစ္မည္ဟု UFC ဥကၠ႒ ခန႔္မွန္း
Pika (NP News) - ဇြန္ ၂၆

နည္းပညာပိုင္းႏွင့္ပတ္သက္ၿပီး ကမာၻ႔အခ်မ္းသာဆုံးဘီလ်ံနာမ်ားအျဖစ္ သတ္မွတ္ခံထားရေသာ အီလြန္မတ္ႏွင့္ ဇူကာဘတ္တို႔ၾကား သေဘာတူညီထားေသာ တိုက္ခိုက္ေရးပြဲစဥ္သည္ UFC သမိုင္းတစ္ေလွ်ာက္ ဝင္ေငြအမ်ားဆုံး ရရွိေစမည့္ ပြဲစဥ္တစ္ခုျဖစ္လာႏိုင္ေၾကာင္း UFC ဥကၠ႒ဒါနာဝႈိက္ က ေျပာၾကားခဲ့သည္။

ထို႔အျပင္ အီလြန္မတ္ႏွင့္ ဇူကာဘတ္တို႔၏ ပြဲစဥ္သည္ UFC ပြဲစဥ္မ်ားကို ထုတ္လႊင့္ေပးေသာ ႐ုပ္သံလိုင္းမ်ားတြင္ ၾကည့္ရႈမႈအမ်ားဆုံး စံခ်ိန္အားလုံးကို ခ်ိဳးဖ်က္သြားႏိုင္ဖြယ္ရွိေနေၾကာင္း ဒါနာဝႈိက္က ေျပာၾကားခဲ့သည္။ ဒါနာဝႈိက္က "ဒီပြဲဟာ ကမာၻ႔သမိုင္းမွာ အႀကီးက်ယ္ဆုံးတိုက္ပြဲတစ္ခုျဖစ္လာမွာျဖစ္ၿပီး က်င္းပခဲ့ဖူးတဲ့ပြဲေတြအားလုံး ထက္ ပိုႀကီးပါလိမ့္မယ္" ဟု ေျပာဆိုခဲ့သည္။

UFC ပြဲမ်ားကို ၾကည့္ရႈရန္အတြက္ ေငြေပးေခ်ရမည့္ ဝန္ေဆာင္မႈ PPV သည္ ပုံမွန္တြင္ အေမရိကန္ေဒၚလာ(၈ဝ)သာ က်သင့္ေသာ္လည္း အီလြန္မတ္ႏွင့္ ဇူကာဘတ္တို႔၏ ပြဲစဥ္ကို အေမရိကန္ေဒၚလာ(၁ဝဝ) အထိ တိုးျမႇင့္ေကာက္ခံ သြားမည္ျဖစ္ေၾကာင္း ဒါနာဝႈိက္ က ေျပာၾကားခဲ့သည္။

လက္ရွိအခ်ိန္အထိ သမိုင္းတစ္ေလွ်ာက္အႀကီးမားဆုံး PPV သည္ (၂ဝ၁၇)ခုႏွစ္က ေမဝဲသာႏွင့္ မက္ဂရီေဂါ တို႔ၾကား ထိုးသတ္ခဲ့သည့္လက္ေဝွ႔ပြဲျဖစ္ၿပီး ၾကည့္ရႈရန္အတြက္ ျပည္တြင္းမွ ေငြေပးေခ်မႈမ်ားသည္ (၄ ဒသမ ၃) သန္းအထိ ရွိခဲ့ၿပီး စုစုေပါင္းဝင္ေငြ အေမရိကန္ေဒၚလာသန္း(၆ဝဝ) ေက်ာ္ ရရွိခဲ့ေၾကာင္း ဒါနာဝႈိက္ က ေျပာၾကားခဲ့သည္။

ဒါနာဝႈိက္ က "အီလြန္မတ္နဲ႔ ဇူကာဘတ္တို႔ရဲ႕ပြဲစဥ္ဟာ ေမဝဲသာနဲ႔မက္ဂရီေဂါတို႔ရဲ႕ပြဲစဥ္ထက္ ဝင္ေငြ သုံးဆပိုရမယ္ လို႔ ကြၽန္ေတာ္ထင္မိပါတယ္။ ဒီပြဲဟာ အေမရိကန္ေဒၚလာ(၁ ဒသမ ၈) ဘီလ်ံေက်ာ္ထိ ရရွိလာႏိုင္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

ကမာၻေပၚရွိ အခ်မ္းသာဆုံးသူမ်ားစာရင္းတြင္ နံပါတ္(၁)ေနရာတြင္ ရွိေနေသာ အီလြန္မတ္ႏွင့္ နံပါတ္(၁ဝ)ေနရာ တြင္ရွိေနေသာ ဇူကာဘတ္တို႔သည္ ႀကိဳးဝိုင္းထဲတြင္ ယွဥ္ၿပိဳင္ထိုးသတ္ရန္ ဇြန္လ(၂၃)ရက္က သေဘာတူညီခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.