ပင်လယ်ကိုမဖြတ်တဲ့ ကမ္ဘာ့အရှည်ဆုံး မိုင်(၁ဝဝ)ကျော် တံတားကြီး (ဘာသာပြန်ဆောင်းပါး)

 2246

မောင်တင်ထွန်း (နတ်မောက်) (NP News) - ဇွန် ၂၇

ကမ္ဘာပေါ်က အရှည်ဆုံးတံတားမှာ ပင်လယ်ကိုဖြတ်တဲ့တံတားတစ်စင်းမဟုတ်ပါ။ ပင်လယ်ကိုဖြတ်တဲ့ အရှည်ဆုံးတံတားက တရုတ်ပြည်က ဟောင်ကောင်-ကျုဟိုက်-မကောက်ကိုဆက်သွယ်ထားတဲ့ ၅၅ ကီလိုမီတာ ( ၃၄ မိုင်ကျော်) ရှည်လျားတဲ့ ဟောင်ကောင်-ကျုဟိုက်-မကောက် တံတား၊ တရုတ်လို ကမ်ကျုအော့ တာ့ချောက် (港珠澳大橋) ဖြစ်ပါတယ်။

ကမ္ဘာ့အရှည်ဆုံးတံတားက တရုတ်ပြည်မှာပဲရှိပြီး ပီကင်း-ရှန်ဟိုင်း အမြန်ရထားလမ်းပေါ်က ကီလိုမီတာ ၁၆၄ ဒသမ ၈ (၁ဝ၂ ဒသမ ၄ မိုင်) ရှည်လျားတဲ့ တံတားပဲဖြစ်ပါတယ်။ တံတားက မြေပြင်ကနေ မီတာ ၃ဝ (ပေ ၁ဝဝ) မြင့်ပြီး အကျယ်အားဖြင့် ပျမ်းမျှ ၇၉ မီတာ (၂၆ဝ ပေ) ရှိပါတယ်။ ထူးဆန်းတဲ့အချက်က ဒီတံတားဟာ ကမ္ဘာ့အရှည် ဆုံး မိုင်(၁ဝဝ) ကျော်တံတားဖြစ်ပေမယ့် ပင်လယ်ကို ဖြတ်သန်းတာမဟုတ်ပါ။ မြစ်ချောင်းများ၊ တူးမြောင်းများ၊ ရေအိုင်များ၊ စိုက်ပျိုးမြေ နဲ့ စပါးခင်းများပေါ်မှာ ဖြတ်သန်းတည်ဆောက်ထားတာဖြစ်ပြီး ၉ ကီလိုမီတာ( ၅ ဒသမ ၆ မိုင်) ကျယ်တဲ့ ယန်းချင်ရေအိုင်ကို ဖြတ်သန်းတဲ့ အပိုင်းတစ်ပိုင်းလည်း အပါအဝင်ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ တံတား ထောက်တိုင်ပေါင်း ၂ဝဝ အသုံးပြုထားပြီး သံမဏိကြိုးတွေဆိုင်းထားပါတယ်။ သံမဏိ တန်ချိန် ၄၅ဝ,ဝဝဝ အသုံးပြုခဲ့ပါတယ်။ အဲဒီ‌ရေကန်အပိုင်းမှာ တံတားအောက်က သင်္ဘောတွေ ဖြတ်သန်းသွားလာနိုင်အောင် တံတားရဲ့ အမြင့်ကို မီတာ ၁၅ဝ (၄၉၂ ပေ)အထိ မြှင့်တင်ထားပါတယ်။ ဒီတံတားတိုင်တွေကို တန်ချိန် (၃)သိန်းလောက်အထိ လေးတဲ့ သင်္ဘောတွေ မတော်တဆတိုက်ခိုက်မိတာ ခံနိုင်အောင်ထိ တွက်ချက်တည်ဆောက်ထားပါတယ်။

ဒီတံတားဟာ တရုတ်ပြည်ရဲ့ အဓိကစီးပွားရေးရပ်ဝန်း တစ်ခုဖြစ်တဲ့ ယန်စီမြစ်ဝကျွန်းပေါ်ဒေသရဲ့ သယ်ယူ ပို့ဆောင်ရေးကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။ တံတားဟာ ရှန်ဟိုင်းမြို့နဲ့ ကျန်းစူးပြည်နယ်က နန်ကျင်းမြို့ အကြားမှာတည်ရှိပါတယ်။ ဒီတံတားကို လူဦးရေထူထပ်စွာနေထိုင်တဲ့ဒေသရဲ့ မြောက်ဘက်အစွန်ပိုင်းမှာ အနောက်ဘက်ကနေ အရှေ့ဘက်ကို တန်းပြီးတည်ဆောက်ထားတာပါ။ တန့်ယန်းကနေစတင်ပြီး ချန်ကျိုး၊ ဝူရှီး၊ နဲ့စူးကျိုးတို့ကိုဖြတ်သန်းပြီး ခွန်းရှန်းမှာ ဆုံးပါတယ်။ ဒီတံတားကြီးပြီးစီးသွားတဲ့အတွက် အရင်က (၄)နာရီကြာ သွားခဲ့ရတဲ့ ခရီးကို ယခုအခါ တစ်နာရီကျော်သာသွားရပါတော့တယ်။


ကမ္ဘာ့အရှည်ဆုံးဒီတံတားကို Danyang-Kunshan grand bridge၊ တန့်ယန်း-ခွန်းရှန်း မဟာတံတားကြီး- တရုတ်လို 丹昆特大桥 (တန်းခွန်း ခက်တာ့ချောက်) လို့ခေါ်ပါတယ်။ တံတားကို မြေနိမ့်ပိုင်းဖြစ်တဲ့ ယန်စီ မြစ်ဝကျွန်းပေါ်ဒေသက မြစ်များ၊ ချောင်းများ၊ တူးမြောင်းများ၊ ရေအိုင်များနဲ့ စပါးခင်းများတည်ရှိရာ ဒေသမှာ တည်ဆောက်ထားတာပါ။ အကြမ်းဖျင်းအားဖြင့် ယန်စီမြစ်ရဲ့တောင်ဘက် ၈ ကီလိုမီတာကနေ (၈ဝ) ကီလိုမီတာ (၅ မိုင်မှ မိုင် ၅ဝ) အကွာအဝေးအတွင်းမှာ မြစ်နဲ့အပြိုင် တည်ဆောက်ထားပါတယ်။

တံတားကို ၂ဝဝ၆ ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်မှာ ပြီးဆုံးပါတယ်။ ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၈ ဒသမ ၅ ဘီလျံရှိပြီး လုပ်သားအင်အား (၁ဝဝဝဝ)ကျော် အသုံးပြုခဲ့ရပါတယ်။ တစ်ကီလိုမီတာတိုင်းမှာ ဒေါ်လာ ၅၁ သန်းကုန်ကျတဲ့သဘောပါ။

ဒီတံတားကို တည်ဆောက်ရာမှာ ခေတ်မီ နည်းပညာတွေနဲ့ ကျွမ်းကျင်မှုတွေကို အသုံးချခဲ့ရပါတယ်။ မြေင လျင်ဒဏ်၊ တိုက်ဖွန်းမုန်တိုင်းဒဏ်နဲ့ တခြား သဘာဝဘေးအန္တရာယ်တွေကို ခံနိုင်အောင် ဒီဇိုင်းထုတ်ခဲ့ရပြီး သက် တမ်း နှစ်ပေါင်း ၁ဝဝ ကျော်တာရှည်ခံဖို့ ရည်မှန်းတည်ဆောက်ခဲ့ကြပါတယ်။

တံတား ဒီဇိုင်းကို ဘယ်သူထုတ်ခဲ့သလဲ
ဒီတံတားဟာ ကမ္ဘာ့အရှည်ဆုံးတံတားတစ်ခုဖြစ်ပေမယ့် ဘယ်သူက ဒီဇိုင်းထုတ်ခဲ့တာလည်းဆိုတာတော့ ပြောဖို့ မလွယ်ပါ။ နောက်ဆုံးသိရှိလာရတဲ့အချက်က ဒီတံတားကို တရုတ် လမ်းနှင့်တံတား ကော်ပိုရေးရှင်း China Road and Bridge Corporation (CRBC) က ဒီဇိုင်းထုတ်တာ ဆိုတာပါဘဲ။ တရုတ် ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ China Communications Construction Company က ကူညီပံ့ပိုးတယ်လို့ဆိုပါတယ်။ ဒီကုမ္ပဏီက တရုတ်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး မူလအားဖြင့် တရုတ်ဆက်သွယ် ရေးဝန်ကြီးဌာန၊ နိုင်ငံခြား အကူအညီပေးရေးရုံးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီကုမ္ပဏီက တရုတ်နိုင်ငံ တွင်းမှာ အထင်ကရ အမြန်လမ်းမကြီးတွေ၊ ရထားလမ်းတွေ၊ တံတားတွေ၊ သင်္ဘောဆိပ်တွေနဲ့ ဥမင်လှိုင်ခေါင်းတွေ စတဲ့ အင်ဂျင်နီယာလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

နိဂုံးချုပ်
တန့်ယန်း- ခွန်းရှန်း မဟာတံတားကြီးဟာ သိပ်ရှည်လွန်းတဲ့အတွက် သူ့အထဲက အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်တဲ့ ၁၁၄ ကီလိုမီတာ(မိုင် ၇ဝ ကျော်) ရှည်လျားတဲ့ Langfang-Qingxian viaduct (လန်းဖန် ချင်းရှန့်) တံတား ကတောင် ကမ္ဘာ့ဒုတိယအရှည်ဆုံး တံတားအဖြစ မှတ်တမ်းဝင်ပါတယ်။ တရုတ်ပြည်ဟာ ရည်မှန်းချက်ကြီးမားတဲ့ အင်ဂျင်နီယာ ပရောဂျက်တွေတည်ဆောက်တဲ့နေရာမှာ ဂုဏ်သတင်းကြီးပါတယ်။ ပိုပြီးအရေးကြီးတဲ့အချက်က ခန့်မှန်းထားတဲ့အတိုင်း အချိန်မီ ပြီးစီးအောင်တည်ဆောက်နိုင်တာပါ။ ဒါကြောင့်လည်း ဒီလောက် မိုင် ၁ဝဝ ကျော်ရှည်လျားတဲ့ တံတားကို (၄) နှစ်အတွင်းပြီးစီးအောင်တည်ဆောက်နိုင်ခဲ့တဲ့ ဂုဏ်သတင်းကြောင့် ကမ္ဘာလှည့် ခရီးသွားတွေရဲ့ အထူးစိတ်ဝင်စားမှုကို ရရှိတာဖြစ်ပါကြောင်း။

ကိုးကား- The Danyang-Kunshan Grand Bridge in China is the longest bridge over water in the world.
- Danyang–Kunshan Grand Bridge by Wikipedia

zawgyi version
ပင္လယ္ကိုမျဖတ္တဲ့ ကမာၻ႔အရွည္ဆုံး မိုင္(၁ဝဝ)ေက်ာ္ တံတားႀကီး (ဘာသာျပန္ေဆာင္းပါး)
ေမာင္တင္ထြန္း (နတ္ေမာက္) (NP News) - ဇြန္ ၂၇

ကမာၻေပၚက အရွည္ဆုံးတံတားမွာ ပင္လယ္ကိုျဖတ္တဲ့တံတားတစ္စင္းမဟုတ္ပါ။ ပင္လယ္ကိုျဖတ္တဲ့ အရွည္ဆုံးတံတားက တ႐ုတ္ျပည္က ေဟာင္ေကာင္-က်ဳဟိုက္-မေကာက္ကိုဆက္သြယ္ထားတဲ့ ၅၅ ကီလိုမီတာ ( ၃၄ မိုင္ေက်ာ္) ရွည္လ်ားတဲ့ ေဟာင္ေကာင္-က်ဳဟိုက္-မေကာက္ တံတား၊ တ႐ုတ္လို ကမ္က်ဳေအာ့ တာ့ေခ်ာက္ (港珠澳大橋) ျဖစ္ပါတယ္။

ကမာၻ႔အရွည္ဆုံးတံတားက တ႐ုတ္ျပည္မွာပဲရွိၿပီး ပီကင္း-ရွန္ဟိုင္း အျမန္ရထားလမ္းေပၚက ကီလိုမီတာ ၁၆၄ ဒသမ ၈ (၁ဝ၂ ဒသမ ၄ မိုင္) ရွည္လ်ားတဲ့ တံတားပဲျဖစ္ပါတယ္။ တံတားက ေျမျပင္ကေန မီတာ ၃ဝ (ေပ ၁ဝဝ) ျမင့္ၿပီး အက်ယ္အားျဖင့္ ပ်မ္းမွ် ၇၉ မီတာ (၂၆ဝ ေပ) ရွိပါတယ္။ ထူးဆန္းတဲ့အခ်က္က ဒီတံတားဟာ ကမာၻ႔အရွည္ ဆုံး မိုင္(၁ဝဝ) ေက်ာ္တံတားျဖစ္ေပမယ့္ ပင္လယ္ကို ျဖတ္သန္းတာမဟုတ္ပါ။ ျမစ္ေခ်ာင္းမ်ား၊ တူးေျမာင္းမ်ား၊ ေရအိုင္မ်ား၊ စိုက္ပ်ိဳးေျမ နဲ႔ စပါးခင္းမ်ားေပၚမွာ ျဖတ္သန္းတည္ေဆာက္ထားတာျဖစ္ၿပီး ၉ ကီလိုမီတာ( ၅ ဒသမ ၆ မိုင္) က်ယ္တဲ့ ယန္းခ်င္ေရအိုင္ကို ျဖတ္သန္းတဲ့ အပိုင္းတစ္ပိုင္းလည္း အပါအဝင္ျဖစ္ပါတယ္။ ဒီအပိုင္းမွာေတာ့ တံတား ေထာက္တိုင္ေပါင္း ၂ဝဝ အသုံးျပဳထားၿပီး သံမဏိႀကိဳးေတြဆိုင္းထားပါတယ္။ သံမဏိ တန္ခ်ိန္ ၄၅ဝ,ဝဝဝ အသုံးျပဳခဲ့ပါတယ္။ အဲဒီ‌ေရကန္အပိုင္းမွာ တံတားေအာက္က သေဘၤာေတြ ျဖတ္သန္းသြားလာႏိုင္ေအာင္ တံတားရဲ႕ အျမင့္ကို မီတာ ၁၅ဝ (၄၉၂ ေပ)အထိ ျမႇင့္တင္ထားပါတယ္။ ဒီတံတားတိုင္ေတြကို တန္ခ်ိန္ (၃)သိန္းေလာက္အထိ ေလးတဲ့ သေဘၤာေတြ မေတာ္တဆတိုက္ခိုက္မိတာ ခံႏိုင္ေအာင္ထိ တြက္ခ်က္တည္ေဆာက္ထားပါတယ္။

ဒီတံတားဟာ တ႐ုတ္ျပည္ရဲ႕ အဓိကစီးပြားေရးရပ္ဝန္း တစ္ခုျဖစ္တဲ့ ယန္စီျမစ္ဝကြၽန္းေပၚေဒသရဲ႕ သယ္ယူ ပို႔ေဆာင္ေရးကို ပိုမိုတိုးတက္ေကာင္းမြန္ေစပါတယ္။ တံတားဟာ ရွန္ဟိုင္းၿမိဳ႕နဲ႔ က်န္းစူးျပည္နယ္က နန္က်င္းၿမိဳ႕ အၾကားမွာတည္ရွိပါတယ္။ ဒီတံတားကို လူဦးေရထူထပ္စြာေနထိုင္တဲ့ေဒသရဲ႕ ေျမာက္ဘက္အစြန္ပိုင္းမွာ အေနာက္ဘက္ကေန အေရွ႕ဘက္ကို တန္းၿပီးတည္ေဆာက္ထားတာပါ။ တန႔္ယန္းကေနစတင္ၿပီး ခ်န္က်ိဳး၊ ဝူရွီး၊ နဲ႔စူးက်ိဳးတို႔ကိုျဖတ္သန္းၿပီး ခြန္းရွန္းမွာ ဆုံးပါတယ္။ ဒီတံတားႀကီးၿပီးစီးသြားတဲ့အတြက္ အရင္က (၄)နာရီၾကာ သြားခဲ့ရတဲ့ ခရီးကို ယခုအခါ တစ္နာရီေက်ာ္သာသြားရပါေတာ့တယ္။


ကမာၻ႔အရွည္ဆုံးဒီတံတားကို Danyang-Kunshan grand bridge၊ တန႔္ယန္း-ခြန္းရွန္း မဟာတံတားႀကီး- တ႐ုတ္လို 丹昆特大桥 (တန္းခြန္း ခက္တာ့ေခ်ာက္) လို႔ေခၚပါတယ္။ တံတားကို ေျမနိမ့္ပိုင္းျဖစ္တဲ့ ယန္စီ ျမစ္ဝကြၽန္းေပၚေဒသက ျမစ္မ်ား၊ ေခ်ာင္းမ်ား၊ တူးေျမာင္းမ်ား၊ ေရအိုင္မ်ားနဲ႔ စပါးခင္းမ်ားတည္ရွိရာ ေဒသမွာ တည္ေဆာက္ထားတာပါ။ အၾကမ္းဖ်င္းအားျဖင့္ ယန္စီျမစ္ရဲ႕ေတာင္ဘက္ ၈ ကီလိုမီတာကေန (၈ဝ) ကီလိုမီတာ (၅ မိုင္မွ မိုင္ ၅ဝ) အကြာအေဝးအတြင္းမွာ ျမစ္နဲ႔အၿပိဳင္ တည္ေဆာက္ထားပါတယ္။

တံတားကို ၂ဝဝ၆ ခုႏွစ္မွာစတင္တည္ေဆာက္ခဲ့ၿပီး ၂ဝ၁ဝ ခုႏွစ္မွာ ၿပီးဆုံးပါတယ္။ ကုန္က်ေငြ အေမရိကန္ ေဒၚလာ ၈ ဒသမ ၅ ဘီလ်ံရွိၿပီး လုပ္သားအင္အား (၁ဝဝဝဝ)ေက်ာ္ အသုံးျပဳခဲ့ရပါတယ္။ တစ္ကီလိုမီတာတိုင္းမွာ ေဒၚလာ ၅၁ သန္းကုန္က်တဲ့သေဘာပါ။

ဒီတံတားကို တည္ေဆာက္ရာမွာ ေခတ္မီ နည္းပညာေတြနဲ႔ ကြၽမ္းက်င္မႈေတြကို အသုံးခ်ခဲ့ရပါတယ္။ ေျမင လ်င္ဒဏ္၊ တိုက္ဖြန္းမုန္တိုင္းဒဏ္နဲ႔ တျခား သဘာဝေဘးအႏၲရာယ္ေတြကို ခံႏိုင္ေအာင္ ဒီဇိုင္းထုတ္ခဲ့ရၿပီး သက္ တမ္း ႏွစ္ေပါင္း ၁ဝဝ ေက်ာ္တာရွည္ခံဖို႔ ရည္မွန္းတည္ေဆာက္ခဲ့ၾကပါတယ္။

တံတား ဒီဇိုင္းကို ဘယ္သူထုတ္ခဲ့သလဲ
ဒီတံတားဟာ ကမာၻ႔အရွည္ဆုံးတံတားတစ္ခုျဖစ္ေပမယ့္ ဘယ္သူက ဒီဇိုင္းထုတ္ခဲ့တာလည္းဆိုတာေတာ့ ေျပာဖို႔ မလြယ္ပါ။ ေနာက္ဆုံးသိရွိလာရတဲ့အခ်က္က ဒီတံတားကို တ႐ုတ္ လမ္းႏွင့္တံတား ေကာ္ပိုေရးရွင္း China Road and Bridge Corporation (CRBC) က ဒီဇိုင္းထုတ္တာ ဆိုတာပါဘဲ။ တ႐ုတ္ ဆက္သြယ္ေရးနဲ႔ ေဆာက္လုပ္ေရး ကုမၸဏီ China Communications Construction Company က ကူညီပံ့ပိုးတယ္လို႔ဆိုပါတယ္။ ဒီကုမၸဏီက တ႐ုတ္အစိုးရက ေငြေၾကးေထာက္ပံ့ထားတဲ့ ကုမၸဏီတစ္ခုျဖစ္ၿပီး မူလအားျဖင့္ တ႐ုတ္ဆက္သြယ္ ေရးဝန္ႀကီးဌာန၊ ႏိုင္ငံျခား အကူအညီေပးေရး႐ုံးရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ ဒီကုမၸဏီက တ႐ုတ္ႏိုင္ငံ တြင္းမွာ အထင္ကရ အျမန္လမ္းမႀကီးေတြ၊ ရထားလမ္းေတြ၊ တံတားေတြ၊ သေဘၤာဆိပ္ေတြနဲ႔ ဥမင္လႈိင္ေခါင္းေတြ စတဲ့ အင္ဂ်င္နီယာလုပ္ငန္းေတြကို ဦးေဆာင္လုပ္ကိုင္ေနတဲ့ ကုမၸဏီျဖစ္ပါတယ္။

နိဂုံးခ်ဳပ္
တန႔္ယန္း- ခြန္းရွန္း မဟာတံတားႀကီးဟာ သိပ္ရွည္လြန္းတဲ့အတြက္ သူ႔အထဲက အစိတ္အပိုင္းတစ္ခုအျဖစ္ ပါဝင္တဲ့ ၁၁၄ ကီလိုမီတာ(မိုင္ ၇ဝ ေက်ာ္) ရွည္လ်ားတဲ့ Langfang-Qingxian viaduct (လန္းဖန္ ခ်င္းရွန႔္) တံတား ကေတာင္ ကမာၻ႔ဒုတိယအရွည္ဆုံး တံတားအျဖစ မွတ္တမ္းဝင္ပါတယ္။ တ႐ုတ္ျပည္ဟာ ရည္မွန္းခ်က္ႀကီးမားတဲ့ အင္ဂ်င္နီယာ ပေရာဂ်က္ေတြတည္ေဆာက္တဲ့ေနရာမွာ ဂုဏ္သတင္းႀကီးပါတယ္။ ပိုၿပီးအေရးႀကီးတဲ့အခ်က္က ခန႔္မွန္းထားတဲ့အတိုင္း အခ်ိန္မီ ၿပီးစီးေအာင္တည္ေဆာက္ႏိုင္တာပါ။ ဒါေၾကာင့္လည္း ဒီေလာက္ မိုင္ ၁ဝဝ ေက်ာ္ရွည္လ်ားတဲ့ တံတားကို (၄) ႏွစ္အတြင္းၿပီးစီးေအာင္တည္ေဆာက္ႏိုင္ခဲ့တဲ့ ဂုဏ္သတင္းေၾကာင့္ ကမာၻလွည့္ ခရီးသြားေတြရဲ႕ အထူးစိတ္ဝင္စားမႈကို ရရွိတာျဖစ္ပါေၾကာင္း။

ကိုးကား- The Danyang-Kunshan Grand Bridge in China is the longest bridge over water in the world.
- Danyang–Kunshan Grand Bridge by Wikipedia

Related news

© 2021. All rights reserved.