သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

459

ရောင်နီ (NP News) - ဇွန် ၂၇
သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ အရှေ့ပိုင်းဘွန်ဒီ ခရိုင်မှာ အင်္ဂါနေ့ (ဇွန်လ ၂၇ ရက်) က နေ့ခင်းဘက်အချိန် အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒီအမှုဟာ ဆစ်ဒနီရဲ့ Bondi Junction စျေးဝယ်ခရိုင်ရှိ ကားပါကင်အနီးမှာ အင်္ဂါနေ့ ဇွန်လ ၂၇ ရက်၊ နံနက်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တုက်ခိုက်ခံရသူဟာ ယာဉ်မောင်းဖြစ်ပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ကြောင်း၊ ၄င်း ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို မဖော်ထုတ်ရသေးပေမယ့် အသက် ၄ဝ ဝန်းကျင်ခန့်အရွယ်ဖြစ်တယ်လို့ ယူဆရ ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အခင်းဖြစ်ပွားရာနေရာအနီး မီးခိုးရောင် Porsche ကားတစ်စီး မီးလောင်နေတာ တွေ့ရပြီး အဲဒါဟာ ပစ်ခတ်မှုနဲ့ ဆက်နွယ်တယ်လို့ ယူဆရတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
လူဦးရေ ၂၆ သန်းမျှသာရှိတဲ့ သြစတြေးလျဟာ အပန်းဖြေမူးယစ်ဆေးဝါး ရောင်းဝယ်ရာ နေရာတစ်ခုဖြစ်ပြီး ကမ္ဘာ့ အမြတ်အစွန်းအများဆုံး ဈေးကွက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ၂ဝ၁၉ - ၂ဝ၂ဝ ပြည့်နှစ်အတွင်း မူးယစ်ဆေးဝါး ၃၉ တန်ခန့်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပြီး ဒေသတွင်း မူးယစ်ဂိုဏ်းတွေဟာ မက္ကဆီကိုနဲ့ အခြား ဂိုဏ်းတွေနဲ့ချိတ်ဆက်ပြီး နိုင်ငံတွင်းကို မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာလေ့ ရှိကြကြောင်း သြစတြေးလျ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ၾသစေၾတးလ်ႏိုင္ငံ၊ ဆစ္ဒနီၿမိဳ႕မွာ အမ်ိဳးသားတစ္ဦး ပစ္သတ္ခံရ
ေရာင္နီ (NP News) - ဇြန္ ၂၇
ၾသစေၾတးလ်ႏိုင္ငံ၊ ဆစ္ဒနီၿမိဳ႕ အေရွ႕ပိုင္းဘြန္ဒီ ခ႐ိုင္မွာ အဂၤါေန႔ (ဇြန္လ ၂၇ ရက္) က ေန႔ခင္းဘက္အခ်ိန္ အမ်ိဳးသားတစ္ဦး ေသနတ္နဲ႔ ပစ္သတ္ခံခဲ့ရတယ္လို႔ သိရပါတယ္။
ဒီအမႈဟာ ဆစ္ဒနီရဲ႕ Bondi Junction ေစ်းဝယ္ခ႐ိုင္ရွိ ကားပါကင္အနီးမွာ အဂၤါေန႔ ဇြန္လ ၂၇ ရက္၊ နံနက္က ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ တုက္ခိုက္ခံရသူဟာ ယာဥ္ေမာင္းျဖစ္ၿပီး အခင္းျဖစ္ေနရာမွာပဲ ေသဆုံးခဲ့ေၾကာင္း၊ ၄င္း ဘယ္သူဘယ္ဝါျဖစ္တယ္ဆိုတာကို မေဖာ္ထုတ္ရေသးေပမယ့္ အသက္ ၄ဝ ဝန္းက်င္ခန္႔အ႐ြယ္ျဖစ္တယ္လို႔ ယူဆရ ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။ အခင္းျဖစ္ပြားရာေနရာအနီး မီးခိုးေရာင္ Porsche ကားတစ္စီး မီးေလာင္ေနတာ ေတြ႕ရၿပီး အဲဒါဟာ ပစ္ခတ္မႈနဲ႔ ဆက္ႏြယ္တယ္လို႔ ယူဆရတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
လူဦးေရ ၂၆ သန္းမွ်သာရွိတဲ့ ၾသစေၾတးလ်ဟာ အပန္းေျဖမူးယစ္ေဆးဝါး ေရာင္းဝယ္ရာ ေနရာတစ္ခုျဖစ္ၿပီး ကမာၻ႔ အျမတ္အစြန္းအမ်ားဆုံး ေဈးကြက္ေတြထဲက တစ္ခုလည္း ျဖစ္ပါတယ္။ ၂ဝ၁၉ - ၂ဝ၂ဝ ျပည့္ႏွစ္အတြင္း မူးယစ္ေဆးဝါး ၃၉ တန္ခန႔္ကို ရဲတပ္ဖြဲ႕က သိမ္းဆည္းရမိခဲ့ၿပီး ေဒသတြင္း မူးယစ္ဂိုဏ္းေတြဟာ မကၠဆီကိုနဲ႔ အျခား ဂိုဏ္းေတြနဲ႔ခ်ိတ္ဆက္ၿပီး ႏိုင္ငံတြင္းကို မူးယစ္ေဆးဝါးေတြ သယ္ေဆာင္လာေလ့ ရွိၾကေၾကာင္း ၾသစေၾတးလ် အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။