Thai Pakdee ပါတီ ခေါင်းဆောင်ကို အသရေဖျက်မှုနဲ့တရားစွဲပြီး နစ်နာကြေးဘတ် ၂၄ သန်းရဖို့တောင်းဆိုတဲ့ ရှေ့သို့ချီပါတီရဲ့စွဲချက်တွေကို ထိုင်းတရားရုံးပယ်ချ

4418

ရောင်နီ (NP News) - ဇွန် ၂၈
Move Forward ပါတီ (MFP) က အသရေဖျက်မှုနဲ့ တရားစွဲထားတဲ့ Thai Pakdee ပါတီ ခေါင်းဆောင် ဝါရန်ဒတ်ရှ် ဂစ်တ်ဗီဂရွန် ဟာ ဗုဒ္ဓဟူးနေ့ (ဇွန်လ ၂၈ ရက်) မှာ တရားရုံးမှ တရားသေနဲ့ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းဘုရင့်စနစ်ကိုထောက်ခံသူ Thai Pakdee ပါတီ ခေါင်းဆောင် ဝါရန်ဟာ ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက် မီဒီယာအင်တာဗျူးတစ်ခုနဲ့ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက် ရက်စွဲပါ Facebook ပို့စ်များမှ တစ်ဆင့် MFP ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အကြောင်းအရင်းများ ဖော်ပြခဲ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။ ဒီအတွက် မစ္စတာ ဝါရန်က ၎င်းကို မှားယွင်းတဲ့စွပ်စွဲမှုများနဲ့ စွပ်စွဲခဲ့ခြင်းမျိုးသာဖြစ်ကြောင်း၊ စွပ်စွဲသူတွေဟာ ထိုင်းတော်ဝင်ဘုရင့်စနစ်ကို စော်ကားခြင်းဖြစ်ကာ နိုင်ငံအတွက် ပြဿနာဖြစ်စေခဲ့ကြောင်း ဆိုပါတယ်။
ဒါ့အပြင် ၎င်းက ထိုင်းရှေ့သို့ချီပါတီဟာ ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ ဘုရင့်စနစ်ကိုဖြုတ်ချဖို့ ရည်ရွယ်တဲ့ဆန္ဒပြပွဲတွေရဲ့နောက်ကွယ်မှာ ပါဝင်ပတ်သက်နေတယ်လို့လည်း ဆိုခဲ့ဖူးပါတယ်။ အဆိုပါပြောဆိုမှုများ နဲ့ပတ်သက်ပြီး ထိုင်းရှေ့သို့ချီပါတီဟာ ၎င်းတို့ပါတီဂုဏ်သိက္ခကို ထိခိုက်တဲ့အတွက်ဝါရန်းကို ထိုင်းတရားရုံးမှာ အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့ပြီး နစ်နာကြေးအဖြစ် လျော်ကြေး ဘတ် ၂၄ သန်းရလိုတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ထိုင်းတရားရုံးဟာ ဝါရန်းအပေါ်စွဲဆိုခဲ့တဲ့ ရှေ့သို့ချီပါတီရဲ့အသရေဖျက်မှုကို ပယ်ချခဲ့ပြီး ဝါရန်ကိုတော့ ထိုင်းရှေ့သို့ချီပါတီရဲ့ဂုဏ်သိက္ခာကိုနစ်နာစေတဲ့ ပြောဆိုမှုတွေရပ်တန့်ဖို့ သတိပေးခဲ့ပါတယ်။ ဝါရန်းက ၎င်းဟာ ရိုးသားစွာဝေဖန်ပြစ်တင်မှုတွေပြုလုပ်ခဲ့တယ်လို့ တရားရုံးက ယူဆတဲ့အတွက် ရှေ့သို့ချီပါတီရဲ့ အသရေဖျက်မှု စွဲချက် နဲ့ လျော်ကြေးတောင်းဆိုမှုတွေကို ပယ်ချခဲ့ကြောင်း ဆိုပါတယ်။

Zawgyi Version;
Thai Pakdee ပါတီ ေခါင္းေဆာင္ကို အသေရဖ်က္မႈနဲ႔တရားစြဲၿပီး နစ္နာေၾကးဘတ္ ၂၄ သန္းရဖို႔ေတာင္းဆိုတဲ့ ေရွ႕သို႔ခ်ီပါတီရဲ႕စြဲခ်က္ေတြကို ထိုင္းတရား႐ုံးပယ္ခ်
ေရာင္နီ (NP News) - ဇြန္ ၂၈
Move Forward ပါတီ (MFP) က အသေရဖ်က္မႈနဲ႔ တရားစြဲထားတဲ့ Thai Pakdee ပါတီ ေခါင္းေဆာင္ ဝါရန္ဒတ္ရွ္ ဂစ္တ္ဗီဂ႐ြန္ ဟာ ဗုဒၶဟူးေန႔ (ဇြန္လ ၂၈ ရက္) မွာ တရား႐ုံးမွ တရားေသနဲ႔ လြတ္ေျမာက္ခဲ့တယ္လို႔ သိရပါတယ္။
ထိုင္းဘုရင့္စနစ္ကိုေထာက္ခံသူ Thai Pakdee ပါတီ ေခါင္းေဆာင္ ဝါရန္ဟာ ၂ဝ၂၁ ခုႏွစ္၊ ဇန္နဝါရီလ ၂ဝ ရက္ မီဒီယာအင္တာဗ်ဴးတစ္ခုနဲ႔ ၂ဝ၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၃ ရက္ ရက္စြဲပါ Facebook ပို႔စ္မ်ားမွ တစ္ဆင့္ MFP ရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ေစတဲ့အေၾကာင္းအရင္းမ်ား ေဖာ္ျပခဲ့ေၾကာင္း စြပ္စြဲခံခဲ့ရပါတယ္။ ဒီအတြက္ မစၥတာ ဝါရန္က ၎ကို မွားယြင္းတဲ့စြပ္စြဲမႈမ်ားနဲ႔ စြပ္စြဲခဲ့ျခင္းမ်ိဳးသာျဖစ္ေၾကာင္း၊ စြပ္စြဲသူေတြဟာ ထိုင္းေတာ္ဝင္ဘုရင့္စနစ္ကို ေစာ္ကားျခင္းျဖစ္ကာ ႏိုင္ငံအတြက္ ျပႆနာျဖစ္ေစခဲ့ေၾကာင္း ဆိုပါတယ္။
ဒါ့အျပင္ ၎က ထိုင္းေရွ႕သို႔ခ်ီပါတီဟာ ထိုင္းႏိုင္ငံရဲ႕အျမင့္ဆုံးအာဏာပိုင္အဖြဲ႕ျဖစ္တဲ့ ဘုရင့္စနစ္ကိုျဖဳတ္ခ်ဖို႔ ရည္႐ြယ္တဲ့ဆႏၵျပပြဲေတြရဲ႕ေနာက္ကြယ္မွာ ပါဝင္ပတ္သက္ေနတယ္လို႔လည္း ဆိုခဲ့ဖူးပါတယ္။ အဆိုပါေျပာဆိုမႈမ်ား နဲ႔ပတ္သက္ၿပီး ထိုင္းေရွ႕သို႔ခ်ီပါတီဟာ ၎တို႔ပါတီဂုဏ္သိကၡကို ထိခိုက္တဲ့အတြက္ဝါရန္းကို ထိုင္းတရား႐ုံးမွာ အသေရဖ်က္မႈနဲ႔ တရားစြဲဆိုခဲ့ၿပီး နစ္နာေၾကးအျဖစ္ ေလ်ာ္ေၾကး ဘတ္ ၂၄ သန္းရလိုတယ္လို႔ ဆိုပါတယ္။
ဒါေပမယ့္ ထိုင္းတရား႐ုံးဟာ ဝါရန္းအေပၚစြဲဆိုခဲ့တဲ့ ေရွ႕သို႔ခ်ီပါတီရဲ႕အသေရဖ်က္မႈကို ပယ္ခ်ခဲ့ၿပီး ဝါရန္ကိုေတာ့ ထိုင္းေရွ႕သို႔ခ်ီပါတီရဲ႕ဂုဏ္သိကၡာကိုနစ္နာေစတဲ့ ေျပာဆိုမႈေတြရပ္တန႔္ဖို႔ သတိေပးခဲ့ပါတယ္။ ဝါရန္းက ၎ဟာ ႐ိုးသားစြာေဝဖန္ျပစ္တင္မႈေတြျပဳလုပ္ခဲ့တယ္လို႔ တရား႐ုံးက ယူဆတဲ့အတြက္ ေရွ႕သို႔ခ်ီပါတီရဲ႕ အသေရဖ်က္မႈ စြဲခ်က္ နဲ႔ ေလ်ာ္ေၾကးေတာင္းဆိုမႈေတြကို ပယ္ခ်ခဲ့ေၾကာင္း ဆိုပါတယ္။