ပင်လယ်ရေကြောင်းဆိုင်ရာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး (ဆောင်းပါး)

 896

ကိုကိုချွန်(မော်လမြိုင်) (NP News) - ဇွန် ၂၉

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ဆောင်ရွက်ရမည့် ရည်မှန်းချက်တာဝန်(၄)ရပ်တွင် “မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး”ကို အရေးကြီးသော ဒေါက်တိုင်တစ်ခုအနေဖြင့် ထည့်သွင်းထားပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်(၆)ရပ်တွင်လည်း “မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေး” လုပ်ငန်းတာဝန်ကို ထည့်သွင်းဆောင်ရွက်လျက်ရှိပါသည်။ မူးယစ်ဆေးဝါး အန္တရာယ်ဟုဆိုရာတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှု၊ ဖြန့်ဖြူးမှု၊ သုံးစွဲမှု၊ အလွဲသုံးမှု၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ပရီကာဆာဓာတု ပစ္စည်းများ တရားမဝင် ဝင်ရောက်မှု/ တင်သွင်းမှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့် မူးယစ်ဆေးဝါးကြောင့်ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရမှုများ စသည်ဖြင့် ကျယ်ပြန့်စွာပါဝင်ပါသည်။

နိုင်ငံတော်အစိုးရအဆက်ဆက်သည် မူးယစ်ဆေးဝါးအန္တရာယ်ကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အရေးကြီးသော အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်နေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးအန္တရာယ်‘တားဆီး’ ‘ကာကွယ်ရေး’ အားရည်မှန်းချက်တာဝန်အဖြစ် ချမှတ်ဆောင်ရွက်ရာတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးအတွက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့အား ဖွဲ့စည်းခဲ့ပြီး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထုတစ်ရပ်လုံးနှင့် အနီးကပ်ဆုံး မိတ်ဖက်အဖွဲ့ဖြစ်သည့် တပ်မတော်၏အားကိုရယူကာ တားဆီး နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သဖြင့် နှစ်စဉ်အောင်မြင်မှုများ ရရှိခဲ့ပါသည်။

မူးယစ်ဆေးဝါးအန္တရာယ်ကို ဖြေရှင်းရာတွင် မြန်မာနိုင်ငံ၏ အရေးကြီးသောပထဝီဝင်အနေအထားကို သိရှိနားလည် နိုင်ပါမှသာ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို သိရှိနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကုန်းမြေအကျယ်အဝန်း ၂၆၁,၂၂၈စ တုရန်းမိုင်၊ ရေပြင်ပိုင်နက် ၁၄၄,၀၀၀ စတုရန်းမိုင်ကျော်ရှိပြီး ကမ်းရိုးတန်း အရှည် ၁၃၈၅မိုင်(၂၂၂၈ကီလိုမီတာ) ရှိပါသည်။ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်းမြေနယ်နိမိတ်ထိစပ်မှုမှာ တရုတ် နိုင်ငံနှင့် ၁၃၂၃မိုင်၊ အိန္ဒိယနိုင်ငံနှင့် ၉၁၂ မိုင်၊ ဘင်္ဂလားဒေ့ရှ်နှင့် ၁၆၈ မိုင်၊ လာအိုနိုင်ငံနှင့် ၁၄၈ မိုင်၊ အရှည်ဆုံး ဖြစ်သော ထိုင်းနိုင်ငံနှင့် ၁၅ဝ၁ မိုင် ထိစပ်လျက်ရှိပါသည်။ ကြီးမားကျယ်ပြန့်သော မြန်မာနိုင်ငံနယ်မြေအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများကို တားဆီးနိုင်ရန်မှာ လွန်စွာခက်ခဲမည်ဖြစ်ပါသည်။ ကျယ်ပြန့်လှသောနယ်မြေအတွင်း ကြီးမာသောမူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဆောင်ရွက်နေသူများအဖို့ လွန်စွာ ခက်ခဲနေမည်မှာ အမှန်ပင်ဖြစ်ပါသည်။

တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရသည့်နယ်ပယ်
တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအတွင်းပိုင်းကုန်းမြေနယ်နိမိတ်၊ အိမ်နီးချင်းနိုင်ငံ များနှင့် ထိစပ်လျက်ရှိသော နယ်စပ်ဒေသများ၊ ရေပြင်နယ်နိမိတ်အပြင် မိမိနိုင်ငံ၏ ရေပြင်ပိုင်နက်တစ်ခုလုံးကို လွှမ်းခြုံဆောင်ရွက်ရမည်ဖြစ်ပါသည်။ နိုင်ငံအတွင်းရှိမြစ်ချောင်းများ၊ ဆိပ်ကမ်းနယ်မြေများကိုလည်းချန်လှပ်မထားဘဲ တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်နေရလျက်ရှိပါသည်။ ယခင်က မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာတွင် လမ်းကြောင်းကောင်းမွန်သော အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် အခြားဒေသတွင်းနိုင်ငံ များသို့ သယ်ဆောင်သည့်လမ်းကြောင်းများကို အဓိကထားအသုံးပြုခဲ့ပါသည်။ ၂ဝ၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော Covid-19 ကပ်ရောဂါကာလနောက်ပိုင်းတွင် သယ်ယူပို့ဆောင်သည့်ပုံစံများ ပြောင်းလဲလာခဲ့ပါသည်။

ကုန်းမြေနယ်နိမိတ်အတွင်းဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံး အနှံ့မြို့ပြ၊ကျေးလက်များ အပြင်ဆက်သွယ်ရေး လမ်းကြောင်း တစ်လျောက် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိပါသည်။ ထို့ပြင်ပြဿနာ ဖြစ်ပွားမှုနှင့် သက်ရောက်မှုမြင့်မားသောဒေသများကို ရွေးချယ်သုံးသပ်ပြီး အထူးစစ်ဆင်ရေးများကိုဆောင်ရွက်နေ လျက်ရှိပါသည်။ အထူးစစ်ဆင်ရေးများဆောင်ရွက်ရာတွင် မိမိတစ်နိုင်ငံတည်းမှ ဆောင်ရွက်နေသကဲ့သို့ အိမ်နီးချင်း နိုင်ငံများ(အထူးသဖြင့်နယ်စပ်ဒေသများ) နှင့်ပူးပေါင်းကာတစ်ချိန်တည်း တစ်ပြိုင်တည်း စစ်ဆင်ရေးဆောင်ရွက် လျက်ရှိပါသည်။ မဲခေါင်ဒေသနိုင်ငံများနှင့် ပူးပေါင်းစစ်ဆင်ရေးများ ဆောင်ရွက်နိုင်မှုကိုကြည့်လျှင် ၂ဝ၂ဝ ပြည့်နှစ် အတွင်း Operation 1511 အမည်ဖြင့်(၁) ကြိမ်၊ ၂ဝ၂၁ခုနှစ်တွင် (၁)ကြိမ်နှင့် ၂ဝ၂၂ခုနှစ်တွင်(၁) ကြိမ်ဆောင်ရွက် နိုင်ခဲ့ပါသည်။ မိမိနိုင်ငံအတွင်း အထူးစစ်ဆင်ရေးများဆောင်ရွက်နိုင်မှုမှာ ၂ဝ၂ဝ ပြည့်နှစ်တွင်(၂)ကြိမ်၊ ၂ဝ၂၁ ခုနှစ်တွင် (၃)ကြိမ်၊ ၂ဝ၂၂ ခုနှစ်တွင်(၃)ကြိမ်နှင့် ယခုနှစ်တွင် အထူးစစ်ဆင်ရေးကြီးတစ်ခုကို ဆောင်ရွက်နေဆဲဖြစ်ပါသည်။

မူးယစ်ဆေးဝါးထုတ်လုပ်မှု၏အရင်းခံ
မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများအတွင်း မူးယစ်ဆေးဝါးပြဿနာကိုခါးသီးစွာ ခံစားနေရသောနိုင်ငံတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှု၏ အခြေခံကျသောပြဿနာမှာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သော ပရီကာဆာဓာတုပစ္စည်းများ တရားမဝင်ဝင်ရောက်နေမှုများပင်ဖြစ်ပါသည်။ မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အဓိကကျသည့် ထိန်းချုပ်ဓာတုပစ္စည်းများ၊ ချက်လုပ်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်း များသည် နယ်စပ်ဒေသများမှ တရားမဝင်ဝင်ရောက်ခြင်း၊ ပြည်တွင်းအသုံးပြုနေသော ဓာတုပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများ မူးယစ်ဆေးဝါးချက်လုပ်ရာနေရာများသို့ လမ်းလွှဲရောက်ရှိခြင်းများသည် အရေးကြီးသောပြဿနာရပ် တစ်ခုဖြစ်ပါသည်။ မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ထိန်းချုပ်ထားခြင်းမရှိသော ဓာတုပစ္စည်းများ တားဆီးနှိမ်နင်းရေးကို အရှိန်အဟုန်မြှင့် ဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် ၂ဝ၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံသည့် အထူးစစ်ဆင်ရေး“Operation 39”ကို ဆောင်ရွက်နေဆဲဖြစ်ပါသည်။

မူးယစ်ဆေးဝါးပြဿနာ၏သဘောသဘာဝ
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေသည့် တစ်ချိန်တည်းတွင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ အထူးစစ်ဆင်ရေးများဆောင်ရွက်နေမှုများကြောင့် မူးယစ် ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှု ပုံသဏ္ဍန်များလည်း ပြောင်းလဲလာလျက်ရှိပါသည်။ မူးယစ်ဆေးဝါးချက်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများသည် Balloon Effect သက်ရောက်မှုပုံစံမျိုးဖြင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နေသည့်နေရာမှ အားနည်းချက်များဖြစ်ပေါ်နေသည့်နေရာများသို့ ပြောင်းရွှေ့သွားသဖြင့် မူးယစ် ဆေးဝါးချက်လုပ်သည့်နေရာနှင့်ပုံစံ၊ သယ်ဆောင်ပုံ၊ သိုဝှက်ပုံနည်းလမ်းများနှင့် လမ်းကြောင်းများ ပြောင်းလဲလာ လျက်ရှိပါသည်။

သာမန်အားဖြင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများတိုးမြှင့်လာခြင်းက မူးယစ်ဆေးဝါးဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေ စေမည်ဖြစ်သော်လည်း ဒေသတွင်းမူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဈေးကွက်ချဲ့ထွင်လာမှုကြောင့် ထုတ်လုပ်မှုမြင့်မား လာခြင်း၊ သုံးစွဲမှုပုံစံပြောင်းလဲလာခြင်းနှင့် ဈေးနှုန်းကျဆင်းမှုကို ဖြစ်ပေါ်စေလျက်ရှိပါသည်။ တင်ပြပါ Balloon Effect ၏သက်ရောက်မှုသည်လည်း မြန်မာနိုင်ငံအပေါ် ကြီးမားခဲ့ပါသည်။ ဒေသတွင်း၌ ၂ဝ၁၆ ခုနှစ်မှစတင်ကာ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်သည့် ကွန်ရက်များ၏ ပါဝင်ပတ်သက်မှုမြင့်မားလာကြောင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများက သက်သေပြလျက်ရှိပါသည်။ အထူးသဖြင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာနိုင်ငံအလိုက် ကန့်သတ်ချက်ရှိသော ပင်လယ်ပြင်ကိုအသုံးချကာ မူးယစ် ဆေးဝါးအမြောက်အမြား သယ်ဆောင်ရောင်းဝယ်မှုများ မြင့်တက်လာစေပါသည်။

ပင်လယ်ရေကြောင်းတားဆီးနှိမ်နင်းရေး
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဖြစ်ပေါ်လာသောအခြေအနေများကို သုံးသပ်ကာ ပင်လယ်ပြင်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို တားဆီးနှိမ်နင်းနိုင်ရန် ကမ်းရိုးတန်းနယ်မြေများတွင် သတင်းစုဆောင်းမှုများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ ဆိပ်ကမ်းနယ်မြေများတွင် အထူးဂရုပြုဆောင်ရွက်ခြင်း၊ ရေကြောင်းရဲတပ်ဖွဲ့တာဝန် ထမ်းဆောင်ရာနယ်မြေများတွင် အထူးအလေးထား စောင့်ကြည့်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက် ခြင်းသည် ဆိပ်ကမ်းနယ်မြေ၊ ကမ်းရိုးတန်းနယ်မြေ၊ အတွင်းပိုင်းပင်လယ်ပြင်နှင့် ပိုင်နက်ပင်လယ်နယ်မြေ အချို့ကိုသာ ထိန်းချုပ်နိုင်ပြီး ပိုင်နက်ပင်လယ်နှင့် ပိုင်နက်ပင်လယ်အပြင်ဘက် နယ်နိမိတ် များကို ထိန်းချုပ်ရန် ကန့်သတ်ချက်များ ဖြစ်ပေါ်နေလျက်ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တပ်မတော်[အထူးသဖြင့် တပ်မတော်(ရေ)]နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများက ပင်လယ်ပြင်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင် မှုများကို ဖမ်းဆီးနိုင်ခဲ့ပါသည်။

၂ဝဝ၄ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာမှ ဘိန်းဖြူ ၅၉၂ ကီလို ဖမ်းဆီးရမိမှုသည် ထိုအချိန်က ပင်လယ်ရေကြောင်းမှ သယ်ဆောင်မည့်မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိသည့် ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါသည်။ ဆယ်စုနှစ်တစ်ခုအကြာ ၂ဝ၁၄ ခုနှစ် ဩဂုတ်လ ၁၉ ရက်တွင် ဂျလန်းကျွန်းအနီး ပင်လယ်ပြင်၌ တပ်မတော်(ရေ)စစ်ရေယာဉ်မှ အက်တက်စီဆေးပြား ၂.၃၈၅ သန်း ဖမ်းဆီးရမိခဲ့ပါသည်။ ထို့အတူ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြိတ်မြို့နယ်၊ ကလွင်မီးပြအနီးရှိ ဒေသခံကုန်တင်လှေမှ အိုက်စ် ၁၄၃ ကီလို၊ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မြိတ်မြို့အနောက်ဘက် ပင်လယ်ပြင်၌ တပ်မတော်(ရေ) စစ်ရေယာဉ်မှ ကတ်တမင်း ၉၄ဝ ကီလိုအား ဖမ်းဆီးမိခဲ့ပါသည်။ ပင်လယ်ရေကြောင်းမှ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ကြည့်လျှင် တားဆီးနှိမ်နင်းရေးတပ်ဖွဲ့များအတွက် ကန့်သတ်ချက်ရှိခြင်း၊ မူးယစ်ဆေးဝါးအမြောက်အမြားကို သယ်ဆောင်နိုင်ခြင်း၊ ဒေသခံသစ်သားငါးဖမ်းလှေများကိုသာ အသုံးပြုနိုင်ခြင်းနှင့် နိုင်ငံဖြတ်ကျော်သယ်ဆောင်မှု များကို အလွယ်တကူဆောင်ရွက်နိုင်ခြင်း စသည့်အချက်များကိုအသုံးချကာ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါသည်။

တရားဝင်ကုန်ပစ္စည်းများနှင့် ရောနှောကွယ်ဝှက်ကာ ဆိပ်ကမ်းများမှ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်မှုများသည် နိုင်ငံတကာတွင် တဖြေးဖြေးကျယ်ပြန့်လာပြီး မြန်မာနိုင်ငံအပေါ်သို့လည်း သက်ရောက်မှုရှိခဲ့ပါသည်။ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် ဘရာဇီးနိုင်ငံမှတင်ပို့သော သကြားအိတ်များထည့်ထားသည့် ကွန်တိန်နာများအတွင်းမှ ကိုကင်း ၂၅ဝ ကီလိုနှင့် ၂ဝဝ ကီလို အသီးသီးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါသည်။ ၂ဝ၁၈ ခုနှစ် မေလ ၇ ရက်နေ့တွင် မလေးရှားနိုင်ငံဆိပ်ကမ်း၌ မြန်မာနိုင်ငံမှတင်ပို့သည့် ကွန်တိန်နာအတွင်းမှ အိုက်စ် ၁၁၈၇ ကီလိုအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါသည်။
ရေလမ်းကြောင်းကိုအသုံးပြုပြီး ပင်လယ်ပြင်မှ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများကို တားဆီးနှိမ်နင်းရာတွင် ကမ်းရိုးတန်းနယ်မြေ၊ ဆိပ်ကမ်းများသို့သွားရောက်ရာ လမ်းကြောင်းများတစ်လျောက် ရှာဖွေဖမ်းဆီးခြင်း၊ ကမ်းရိုးတန်းနယ်မြေနှင့် ဆိပ်ကမ်းများမှ တားဆီးကာကွယ်ခြင်း၊ တရားဝင်ကုန်စည်များအတွင်း သိုဝှက်သယ်ဆောင် မှုများကိုတားဆီးခြင်းများသည် ကုန်းမြေနယ်နိမိတ်အတွင်းဆောင်ရွက်ရသော လုပ်ငန်းများဖြစ်ဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်မှုများကြောင့် အောင်မြင်မှုများရရှိခဲ့ခြင်း ဖြစ်ပါသည်။ ကုန်းမြေနယ်နိမိတ်အား ကျော်လွန်ဖြတ်သန်းသွားသော မူးယစ်ဆေးဝါးများအား တပ်မတော်(ရေ)နှင့်ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်းကလည်း မူးယစ်ဆေးဝါးအမြောက်အမြားကို ဖမ်းဆီးနိုင်သည့် အောင်မြင်မှုများကို ဆွတ်ခူးနိုင်ခဲ့ပါသည်။

ပင်လယ်ရေကြောင်းတားဆီးနှိမ်နင်းရေးဆောင်ရွက်နိုင်ခဲ့မှုများ
ဒေသတွင်း၌ မူးယစ်ဆေးဝါးသုံးစွဲမှုပုံစံနှင့် သုံးစွဲသည့်မူးယစ်ဆေးဝါးများ ပြောင်းလဲလာခြင်းသည် ထုတ်လုပ်သည့် ပုံစံနှင့် သယ်ဆောင်ရောင်းဝယ်မှုများကို သက်ရောက်လျက်ရှိပါသည်။ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ခြင်း၊ ကုန်းမြေနယ်နိမိတ်နှင့် လမ်းကြောင်းတစ်လျောက် စစ်ဆေးရေးဂိတ်များ တိုးမြှင့်ဆောင်ရွက်လာ ခြင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးတွဲစစ်ဆင်ရေးများ ဆောင်ရွက်နိုင်ခြင်းများသည် ကုန်းမြေလမ်းကြောင်းများကို အသုံးပြုပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်လာရာမှ ရေလမ်းကြောင်းအသုံးပြုကာ သယ်ဆောင် ရောင်းဝယ်သည့် ပုံစံသို့ ပြောင်းလဲလာခဲ့ပါသည်။ ပင်လယ်ရေလမ်းကြောင်းအသုံးပြုပြီး မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှု မြင့်တက်လာသကဲ့သို့ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရာမှ ဖမ်းဆီးရမိများ မြင့်တက်လာ လျက်ရှိပါသည်။

ဖြေရှင်းဆောင်ရွက်နေရမှုများ
ပင်လယ်ရေကြောင်း၏ အားသာချက်များကိုအသုံးချပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများသည် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ပြဿနာကို ခါးသီးစွာခံစားနေရသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် ကုန်းမြေနယ်နိမိတ်အတွင်း တားဆီး နှိမ်နင်းရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ သယ်ဆောင်ရာလမ်းကြောင်းများတစ်လျောက် စစ်ဆေးရေး ဂိတ်များကို တိုးချဲ့ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ခြင်း၊ နိုင်ငံတကာနှင့် ပူးတွဲ စစ်ဆင်ရေးများကိုဆောင်ရွက်လျက်ရှိပါသည်။

တစ်ဖက်တွင်လည်း မူးယစ်ဆေးဝါးထုတ်လုပ်မှု၏ အရင်းခံဖြစ်သော ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုများကို ထိန်းချုပ်နိုင်ရန် အထူးစစ်ဆင်ရေးအား ဆောင်ရွက်ခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဓာတုပစ္စည်းအမြောက်အမြားကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါသည်။ ဓာတုပစ္စည်းများသည် စက်မှုလုပ်ငန်းများတွင်လည်း အသုံးပြုနေရသဖြင့် နိုင်ငံတော်မှ ဓာတုပစ္စည်းတင်သွင်းမှုများကို တရားဝင်ခွင့်ပြုပေးခဲ့သော်လည်းအချို့လုပ်ငန်းရှင်များ၏မသိနားမလည်မှု/အမြတ်အစွန်းရလိုမှုများကြောင့် တရားဝင် ခွင့်ပြုပေးထားသော ဓာတုပစ္စည်းများသည် မူးယစ်ဆေးဝါးချက်လုပ်ရာနေရာများသို့ ရောက်ရှိနေလျက်ရှိပါသည်။ ထိုအချက်များကို ထိန်းချုပ်နိုင်ရန်အတွက် ထိန်းချုပ်ဓာတုပစ္စည်းများကြီးကြပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ကုမ္ပဏီ/ လုပ်ငန်းရှင်များနှင့် ကျင်းပပြုလုပ်ပြီး အသိပညာပေးခြင်းနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်လျက်ရှိပါသည်။

ပင်လယ်ရေကြောင်းမှ မူးယစ်ဆေးဝါးသယ်ဆောင်မှုများကို တားဆီးနိုင်ရန်အတွက် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့သည် ရေကြောင်းရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနတို့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါသည်။ ကမ်းရိုးတန်းဒေသသို့ဝင်ရောက်ရာလမ်းကြောင်းများ၊ ဆိပ်ကမ်းများ၊ရပ်ကွက်/ ကျေးရွာအတွင်းရှိ ဒေသခံ ဆိပ်ကမ်းများ၊ ကမ်းကပ်နိုင်သည့်နေရာများကိုလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက အနီးကပ် စောင့်ကြည့်ခြင်း၊ သတင်းစုဆောင်းထောက်လှမ်းခြင်းများ ပြုလုပ်နေလျက်ရှိပါသည်။ တပ်ဖွဲ့ဝင်များရောက်ရှိ သွားလာရန် ခက်ခဲသောပင်လယ်ပြင်အတွင်း မူးယစ်ဆေးဝါးသယ်ဆောင်မှုများကို တားဆီးနိုင်ရေးအတွက် တပ်မတော်နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ ကျယ်ပြန့်သောနယ်မြေအတွင်း ဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါးပြဿနာကြီးကို ဖြေရှင်းနိုင်ရန်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် ပြည်သူလူထု၏ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ်နေမည်ဖြစ်ပါသည်။ တားဆီး နှိမ်နင်းရေးတပ်ဖွဲ့အတွင်း ခေါင်းဆောင်သူများ၏ အမြော်အမြင်ရှိမှု၊ ခေါင်းဆောင်မှု ကောင်းမွန်မှု၊ တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းအပေါ်စေတနာထားမှု၊ လုပ်ငန်းကျွမ်းကျင်မှုနှင့် ကြိုးပမ်းဆောင်ရွက်တတ်မှု၊ ထိုးထွင်းတီထွင်လုပ်ကိုင် တတ်မှုနှင့် စနစ်တကျရှိမှု၊ အဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်မှုတို့ကြောင့် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကဏ္ဍသည် အထိုက်အလျောက် အောင်မြင်မှုသမိုင်းမှတ်တိုင်ကို ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါသည်။

မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီးမြန်မာနိုင်ငံ၏ခံယူထားချက်
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ အကူအညီနှင့်အထောက်အပံ့များရရှိသည်/ မရရှိသည်ဖြစ်စေ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းရေးသမိုင်းကပေးသည့် အမျိုးသားရေးတာဝန်အဖြစ် ခံယူထားပြီးဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံတစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မှမပါဘဲ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရေး အစဉ်အဆက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဆန္ဒမမှန်သောအဖွဲ့ အစည်းများ၊ နိုင်ငံရေးကိုဦးစားပေးသောအဖွဲ့အစည်းများနှင့်လည်း အကောင်းဆုံးသော ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါသည်။ ထိုအဖွဲ့အစည်း၊ နိုင်ငံများ၏ ချီးကျူးဂုဏ်ပြုမှု/ အပြစ်တင်မှုများကို အနည်းငယ်မျှပင် စိတ်ထဲအလျဉ်းမရှိဘဲ မိမိတို့ဆောင်ရွက်ရမည့်၊ ဆောင်ရွက်သင့်သည့် မူးယစ်ဆေးဝါးပြဿနာဖြေရှင်းရေးကို ဆန္ဒမှန်၊ နှလုံးသားအမှန်၊ ခံယူချက်အမှန်ဖြင့်ရှေ့ဆက်ဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ပြုထားပါကြောင်း တင်ပြအပ်ပါသည်။

zawgyi version
ပင္လယ္ေရေၾကာင္းဆိုင္ရာ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး (ေဆာင္းပါး)
ကိုကိုခြၽန္(ေမာ္လၿမိဳင္) (NP News) - ဇြန္ ၂၉

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ေဆာင္႐ြက္ရမည့္ ရည္မွန္းခ်က္တာဝန္(၄)ရပ္တြင္ “မူးယစ္ေဆးဝါးအႏၲရာယ္ တားဆီးကာကြယ္ေရး”ကို အေရးႀကီးေသာ ေဒါက္တိုင္တစ္ခုအေနျဖင့္ ထည့္သြင္းထားပါသည္။ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ေဆာင္႐ြက္ရမည့္ လုပ္ငန္းတာဝန္(၆)ရပ္တြင္လည္း “မူးယစ္ေဆးဝါးအႏၲရာယ္ တားဆီးႏွိမ္နင္းေရး” လုပ္ငန္းတာဝန္ကို ထည့္သြင္းေဆာင္႐ြက္လ်က္ရွိပါသည္။ မူးယစ္ေဆးဝါး အႏၲရာယ္ဟုဆိုရာတြင္ မူးယစ္ေဆးဝါးထုတ္လုပ္မႈ၊ သယ္ေဆာင္မႈ၊ ေရာင္းဝယ္မႈ၊ ျဖန႔္ျဖဴးမႈ၊ သုံးစြဲမႈ၊ အလြဲသုံးမႈ၊ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳေသာ ပရီကာဆာဓာတု ပစၥည္းမ်ား တရားမဝင္ ဝင္ေရာက္မႈ/ တင္သြင္းမႈ၊ သယ္ေဆာင္ေရာင္းဝယ္မႈႏွင့္ မူးယစ္ေဆးဝါးေၾကာင့္ျဖစ္ေပၚလာေသာ ေနာက္ဆက္တြဲ ျပႆနာမ်ားကို ေျဖရွင္းေဆာင္႐ြက္ရမႈမ်ား စသည္ျဖင့္ က်ယ္ျပန႔္စြာပါဝင္ပါသည္။

ႏိုင္ငံေတာ္အစိုးရအဆက္ဆက္သည္ မူးယစ္ေဆးဝါးအႏၲရာယ္ကို ေျဖရွင္းေဆာင္႐ြက္ရာတြင္ ႏိုင္ငံေတာ္၏ အေရးႀကီးေသာ အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ ခ်မွတ္ေဆာင္႐ြက္ေနဆဲျဖစ္ပါသည္။ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕သည္ မူးယစ္ေဆးဝါးအႏၲရာယ္‘တားဆီး’ ‘ကာကြယ္ေရး’ အားရည္မွန္းခ်က္တာဝန္အျဖစ္ ခ်မွတ္ေဆာင္႐ြက္ရာတြင္ တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ား ပိုမိုထိေရာက္ေစေရးအတြက္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕အား ဖြဲ႕စည္းခဲ့ၿပီး တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားကို တိုးျမႇင့္ေဆာင္႐ြက္ေနလ်က္ရွိပါသည္။ ထိုသို႔ေဆာင္႐ြက္ရာတြင္ ျပည္သူလူထုတစ္ရပ္လုံးႏွင့္ အနီးကပ္ဆုံး မိတ္ဖက္အဖြဲ႕ျဖစ္သည့္ တပ္မေတာ္၏အားကိုရယူကာ တားဆီး ႏွိမ္နင္းေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့သျဖင့္ ႏွစ္စဥ္ေအာင္ျမင္မႈမ်ား ရရွိခဲ့ပါသည္။

မူးယစ္ေဆးဝါးအႏၲရာယ္ကို ေျဖရွင္းရာတြင္ ျမန္မာႏိုင္ငံ၏ အေရးႀကီးေသာပထဝီဝင္အေနအထားကို သိရွိနားလည္ ႏိုင္ပါမွသာ တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ား၏ ႀကိဳးပမ္းေဆာင္႐ြက္မႈမ်ားကို သိရွိႏိုင္မည္ျဖစ္ပါသည္။ ျမန္မာႏိုင္ငံသည္ ကုန္းေျမအက်ယ္အဝန္း ၂၆၁,၂၂၈စ တုရန္းမိုင္၊ ေရျပင္ပိုင္နက္ ၁၄၄,၀၀၀ စတုရန္းမိုင္ေက်ာ္ရွိၿပီး ကမ္း႐ိုးတန္း အရွည္ ၁၃၈၅မိုင္(၂၂၂၈ကီလိုမီတာ) ရွိပါသည္။ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ကုန္းေျမနယ္နိမိတ္ထိစပ္မႈမွာ တ႐ုတ္ ႏိုင္ငံႏွင့္ ၁၃၂၃မိုင္၊ အိႏၵိယႏိုင္ငံႏွင့္ ၉၁၂ မိုင္၊ ဘဂၤလားေဒ့ရွ္ႏွင့္ ၁၆၈ မိုင္၊ လာအိုႏိုင္ငံႏွင့္ ၁၄၈ မိုင္၊ အရွည္ဆုံး ျဖစ္ေသာ ထိုင္းႏိုင္ငံႏွင့္ ၁၅ဝ၁ မိုင္ ထိစပ္လ်က္ရွိပါသည္။ ႀကီးမားက်ယ္ျပန႔္ေသာ ျမန္မာႏိုင္ငံနယ္ေျမအတြင္း မူးယစ္ေဆးဝါးထုတ္လုပ္၊ သယ္ေဆာင္၊ ေရာင္းဝယ္မႈမ်ားကို တားဆီးႏိုင္ရန္မွာ လြန္စြာခက္ခဲမည္ျဖစ္ပါသည္။ က်ယ္ျပန႔္လွေသာနယ္ေျမအတြင္း ႀကီးမာေသာမူးယစ္ေဆးဝါးျပႆနာကို ေျဖရွင္းေဆာင္႐ြက္ေနသူမ်ားအဖို႔ လြန္စြာ ခက္ခဲေနမည္မွာ အမွန္ပင္ျဖစ္ပါသည္။

တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရသည့္နယ္ပယ္
တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ျမန္မာႏိုင္ငံအတြင္းပိုင္းကုန္းေျမနယ္နိမိတ္၊ အိမ္နီးခ်င္းႏိုင္ငံ မ်ားႏွင့္ ထိစပ္လ်က္ရွိေသာ နယ္စပ္ေဒသမ်ား၊ ေရျပင္နယ္နိမိတ္အျပင္ မိမိႏိုင္ငံ၏ ေရျပင္ပိုင္နက္တစ္ခုလုံးကို လႊမ္းၿခဳံေဆာင္႐ြက္ရမည္ျဖစ္ပါသည္။ ႏိုင္ငံအတြင္းရွိျမစ္ေခ်ာင္းမ်ား၊ ဆိပ္ကမ္းနယ္ေျမမ်ားကိုလည္းခ်န္လွပ္မထားဘဲ တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားကို အေလးထားေဆာင္႐ြက္ေနရလ်က္ရွိပါသည္။ ယခင္က မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္ရာတြင္ လမ္းေၾကာင္းေကာင္းမြန္ေသာ အိမ္နီးခ်င္းႏိုင္ငံမ်ားမွတစ္ဆင့္ အျခားေဒသတြင္းႏိုင္ငံ မ်ားသို႔ သယ္ေဆာင္သည့္လမ္းေၾကာင္းမ်ားကို အဓိကထားအသုံးျပဳခဲ့ပါသည္။ ၂ဝ၁၉ ခုႏွစ္တြင္ ျဖစ္ပြားခဲ့ေသာ Covid-19 ကပ္ေရာဂါကာလေနာက္ပိုင္းတြင္ သယ္ယူပို႔ေဆာင္သည့္ပုံစံမ်ား ေျပာင္းလဲလာခဲ့ပါသည္။

ကုန္းေျမနယ္နိမိတ္အတြင္းေဆာင္႐ြက္ရာတြင္ တစ္ႏိုင္ငံလုံး အႏွံ႔ၿမိဳ႕ျပ၊ေက်းလက္မ်ား အျပင္ဆက္သြယ္ေရး လမ္းေၾကာင္း တစ္ေလ်ာက္ တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနလ်က္ရွိပါသည္။ ထို႔ျပင္ျပႆနာ ျဖစ္ပြားမႈႏွင့္ သက္ေရာက္မႈျမင့္မားေသာေဒသမ်ားကို ေ႐ြးခ်ယ္သုံးသပ္ၿပီး အထူးစစ္ဆင္ေရးမ်ားကိုေဆာင္႐ြက္ေန လ်က္ရွိပါသည္။ အထူးစစ္ဆင္ေရးမ်ားေဆာင္႐ြက္ရာတြင္ မိမိတစ္ႏိုင္ငံတည္းမွ ေဆာင္႐ြက္ေနသကဲ့သို႔ အိမ္နီးခ်င္း ႏိုင္ငံမ်ား(အထူးသျဖင့္နယ္စပ္ေဒသမ်ား) ႏွင့္ပူးေပါင္းကာတစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း စစ္ဆင္ေရးေဆာင္႐ြက္ လ်က္ရွိပါသည္။ မဲေခါင္ေဒသႏိုင္ငံမ်ားႏွင့္ ပူးေပါင္းစစ္ဆင္ေရးမ်ား ေဆာင္႐ြက္ႏိုင္မႈကိုၾကည့္လွ်င္ ၂ဝ၂ဝ ျပည့္ႏွစ္ အတြင္း Operation 1511 အမည္ျဖင့္(၁) ႀကိမ္၊ ၂ဝ၂၁ခုႏွစ္တြင္ (၁)ႀကိမ္ႏွင့္ ၂ဝ၂၂ခုႏွစ္တြင္(၁) ႀကိမ္ေဆာင္႐ြက္ ႏိုင္ခဲ့ပါသည္။ မိမိႏိုင္ငံအတြင္း အထူးစစ္ဆင္ေရးမ်ားေဆာင္႐ြက္ႏိုင္မႈမွာ ၂ဝ၂ဝ ျပည့္ႏွစ္တြင္(၂)ႀကိမ္၊ ၂ဝ၂၁ ခုႏွစ္တြင္ (၃)ႀကိမ္၊ ၂ဝ၂၂ ခုႏွစ္တြင္(၃)ႀကိမ္ႏွင့္ ယခုႏွစ္တြင္ အထူးစစ္ဆင္ေရးႀကီးတစ္ခုကို ေဆာင္႐ြက္ေနဆဲျဖစ္ပါသည္။

မူးယစ္ေဆးဝါးထုတ္လုပ္မႈ၏အရင္းခံ
ျမန္မာႏိုင္ငံသည္ ေဒသတြင္းႏိုင္ငံမ်ားအတြင္း မူးယစ္ေဆးဝါးျပႆနာကိုခါးသီးစြာ ခံစားေနရေသာႏိုင္ငံတစ္ခု ျဖစ္ပါသည္။ ျမန္မာႏိုင္ငံအတြင္း မူးယစ္ေဆးဝါးထုတ္လုပ္မႈ၏ အေျခခံက်ေသာျပႆနာမွာ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ မရွိမျဖစ္လိုအပ္ေသာ ပရီကာဆာဓာတုပစၥည္းမ်ား တရားမဝင္ဝင္ေရာက္ေနမႈမ်ားပင္ျဖစ္ပါသည္။ မူးယစ္ ေဆးဝါးခ်က္လုပ္ရာတြင္ အဓိကက်သည့္ ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ား၊ ခ်က္လုပ္ရာတြင္အသုံးျပဳေသာ ဆက္စပ္ပစၥည္း မ်ားသည္ နယ္စပ္ေဒသမ်ားမွ တရားမဝင္ဝင္ေရာက္ျခင္း၊ ျပည္တြင္းအသုံးျပဳေနေသာ ဓာတုပစၥည္းမ်ားႏွင့္ ဆက္စပ္ ပစၥည္းမ်ား မူးယစ္ေဆးဝါးခ်က္လုပ္ရာေနရာမ်ားသို႔ လမ္းလႊဲေရာက္ရွိျခင္းမ်ားသည္ အေရးႀကီးေသာျပႆနာရပ္ တစ္ခုျဖစ္ပါသည္။ မူးယစ္ေဆးဝါးမ်ား၊ ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ားႏွင့္ ထိန္းခ်ဳပ္ထားျခင္းမရွိေသာ ဓာတုပစၥည္းမ်ား တားဆီးႏွိမ္နင္းေရးကို အရွိန္အဟုန္ျမႇင့္ ေဖာ္ထုတ္ ဖမ္းဆီးႏိုင္ေရးအတြက္ ၂ဝ၂၃ ခုႏွစ္ ႏွစ္ဆန္းပိုင္းမွစတင္ကာ ျမန္မာတစ္ႏိုင္ငံလုံး လႊမ္းၿခဳံသည့္ အထူးစစ္ဆင္ေရး“Operation 39”ကို ေဆာင္႐ြက္ေနဆဲျဖစ္ပါသည္။

မူးယစ္ေဆးဝါးျပႆနာ၏သေဘာသဘာဝ
ျမန္မာႏိုင္ငံအေနျဖင့္ ႏိုင္ငံအတြင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားကို တိုးျမႇင့္ေဆာင္႐ြက္ေနသည့္ တစ္ခ်ိန္တည္းတြင္ ေဒသတြင္းႏိုင္ငံမ်ားႏွင့္ ပူးေပါင္းကာ အထူးစစ္ဆင္ေရးမ်ားေဆာင္႐ြက္ေနမႈမ်ားေၾကာင့္ မူးယစ္ ေဆးဝါးသယ္ေဆာင္ေရာင္းဝယ္မႈ ပုံသ႑န္မ်ားလည္း ေျပာင္းလဲလာလ်က္ရွိပါသည္။ မူးယစ္ေဆးဝါးခ်က္လုပ္မႈႏွင့္ သယ္ေဆာင္ေရာင္းဝယ္မႈမ်ားသည္ Balloon Effect သက္ေရာက္မႈပုံစံမ်ိဳးျဖင့္ တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ား တိုးျမႇင့္ေဆာင္႐ြက္ေနသည့္ေနရာမွ အားနည္းခ်က္မ်ားျဖစ္ေပၚေနသည့္ေနရာမ်ားသို႔ ေျပာင္းေ႐ႊ႕သြားသျဖင့္ မူးယစ္ ေဆးဝါးခ်က္လုပ္သည့္ေနရာႏွင့္ပုံစံ၊ သယ္ေဆာင္ပုံ၊ သိုဝွက္ပုံနည္းလမ္းမ်ားႏွင့္ လမ္းေၾကာင္းမ်ား ေျပာင္းလဲလာ လ်က္ရွိပါသည္။

သာမန္အားျဖင့္ တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားတိုးျမႇင့္လာျခင္းက မူးယစ္ေဆးဝါးေဈးႏႈန္းျမင့္တက္မႈကို ျဖစ္ေပ ေစမည္ျဖစ္ေသာ္လည္း ေဒသတြင္းမူးယစ္ေဆးဝါးသုံးစြဲမႈႏွင့္ ေဈးကြက္ခ်ဲ႕ထြင္လာမႈေၾကာင့္ ထုတ္လုပ္မႈျမင့္မား လာျခင္း၊ သုံးစြဲမႈပုံစံေျပာင္းလဲလာျခင္းႏွင့္ ေဈးႏႈန္းက်ဆင္းမႈကို ျဖစ္ေပၚေစလ်က္ရွိပါသည္။ တင္ျပပါ Balloon Effect ၏သက္ေရာက္မႈသည္လည္း ျမန္မာႏိုင္ငံအေပၚ ႀကီးမားခဲ့ပါသည္။ ေဒသတြင္း၌ ၂ဝ၁၆ ခုႏွစ္မွစတင္ကာ ႏိုင္ငံျဖတ္ေက်ာ္ မူးယစ္ေဆးဝါးသယ္ေဆာင္ေရာင္းဝယ္သည့္ ကြန္ရက္မ်ား၏ ပါဝင္ပတ္သက္မႈျမင့္မားလာေၾကာင္း မူးယစ္ေဆးဝါးဖမ္းဆီးရမိမႈမ်ားက သက္ေသျပလ်က္ရွိပါသည္။ အထူးသျဖင့္ တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္အတြက္ သက္ဆိုင္ရာႏိုင္ငံအလိုက္ ကန႔္သတ္ခ်က္ရွိေသာ ပင္လယ္ျပင္ကိုအသုံးခ်ကာ မူးယစ္ ေဆးဝါးအေျမာက္အျမား သယ္ေဆာင္ေရာင္းဝယ္မႈမ်ား ျမင့္တက္လာေစပါသည္။

ပင္လယ္ေရေၾကာင္းတားဆီးႏွိမ္နင္းေရး
ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနျဖင့္ ျဖစ္ေပၚလာေသာအေျခအေနမ်ားကို သုံးသပ္ကာ ပင္လယ္ျပင္အတြင္း မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္မႈမ်ားကို တားဆီးႏွိမ္နင္းႏိုင္ရန္ ကမ္း႐ိုးတန္းနယ္ေျမမ်ားတြင္ သတင္းစုေဆာင္းမႈမ်ားကို တိုးျမႇင့္ေဆာင္႐ြက္ျခင္း၊ ဆိပ္ကမ္းနယ္ေျမမ်ားတြင္ အထူးဂ႐ုျပဳေဆာင္႐ြက္ျခင္း၊ ေရေၾကာင္းရဲတပ္ဖြဲ႕တာဝန္ ထမ္းေဆာင္ရာနယ္ေျမမ်ားတြင္ အထူးအေလးထား ေစာင့္ၾကည့္ျခင္းမ်ားကို ျပဳလုပ္ခဲ့ပါသည္။ ထိုသို႔ေဆာင္႐ြက္ ျခင္းသည္ ဆိပ္ကမ္းနယ္ေျမ၊ ကမ္း႐ိုးတန္းနယ္ေျမ၊ အတြင္းပိုင္းပင္လယ္ျပင္ႏွင့္ ပိုင္နက္ပင္လယ္နယ္ေျမ အခ်ိဳ႕ကိုသာ ထိန္းခ်ဳပ္ႏိုင္ၿပီး ပိုင္နက္ပင္လယ္ႏွင့္ ပိုင္နက္ပင္လယ္အျပင္ဘက္ နယ္နိမိတ္ မ်ားကို ထိန္းခ်ဳပ္ရန္ ကန႔္သတ္ခ်က္မ်ား ျဖစ္ေပၚေနလ်က္ရွိပါသည္။ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနျဖင့္ တပ္မေတာ္[အထူးသျဖင့္ တပ္မေတာ္(ေရ)]ႏွင့္ အနီးကပ္ပူးေပါင္းေဆာင္႐ြက္မႈမ်ားက ပင္လယ္ျပင္အတြင္း မူးယစ္ေဆးဝါး သယ္ေဆာင္ မႈမ်ားကို ဖမ္းဆီးႏိုင္ခဲ့ပါသည္။

၂ဝဝ၄ ခုႏွစ္ ဇူလိုင္လ ၈ ရက္ေန႔တြင္ ေရးၿမိဳ႕နယ္၊ ႏွစ္ကရင္ေက်း႐ြာမွ ဘိန္းျဖဴ ၅၉၂ ကီလို ဖမ္းဆီးရမိမႈသည္ ထိုအခ်ိန္က ပင္လယ္ေရေၾကာင္းမွ သယ္ေဆာင္မည့္မူးယစ္ေဆးဝါးမ်ားကို ဖမ္းဆီးရမိသည့္ ထူးျခားျဖစ္စဥ္တစ္ခု ျဖစ္ခဲ့ပါသည္။ ဆယ္စုႏွစ္တစ္ခုအၾကာ ၂ဝ၁၄ ခုႏွစ္ ဩဂုတ္လ ၁၉ ရက္တြင္ ဂ်လန္းကြၽန္းအနီး ပင္လယ္ျပင္၌ တပ္မေတာ္(ေရ)စစ္ေရယာဥ္မွ အက္တက္စီေဆးျပား ၂.၃၈၅ သန္း ဖမ္းဆီးရမိခဲ့ပါသည္။ ထို႔အတူ ၂ဝ၁၅ ခုႏွစ္ ႏိုဝင္ဘာလ ၁၈ ရက္ေန႔တြင္ ၿမိတ္ၿမိဳ႕နယ္၊ ကလြင္မီးျပအနီးရွိ ေဒသခံကုန္တင္ေလွမွ အိုက္စ္ ၁၄၃ ကီလို၊ ၂ဝ၁၆ ခုႏွစ္ ဒီဇင္ဘာလ ၁၆ ရက္ေန႔တြင္ ၿမိတ္ၿမိဳ႕အေနာက္ဘက္ ပင္လယ္ျပင္၌ တပ္မေတာ္(ေရ) စစ္ေရယာဥ္မွ ကတ္တမင္း ၉၄ဝ ကီလိုအား ဖမ္းဆီးမိခဲ့ပါသည္။ ပင္လယ္ေရေၾကာင္းမွ မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္မႈမ်ားကို ၾကည့္လွ်င္ တားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕မ်ားအတြက္ ကန႔္သတ္ခ်က္ရွိျခင္း၊ မူးယစ္ေဆးဝါးအေျမာက္အျမားကို သယ္ေဆာင္ႏိုင္ျခင္း၊ ေဒသခံသစ္သားငါးဖမ္းေလွမ်ားကိုသာ အသုံးျပဳႏိုင္ျခင္းႏွင့္ ႏိုင္ငံျဖတ္ေက်ာ္သယ္ေဆာင္မႈ မ်ားကို အလြယ္တကူေဆာင္႐ြက္ႏိုင္ျခင္း စသည့္အခ်က္မ်ားကိုအသုံးခ်ကာ ေဆာင္႐ြက္ခဲ့သည္ကို ေတြ႕ရွိရပါသည္။

တရားဝင္ကုန္ပစၥည္းမ်ားႏွင့္ ေရာေႏွာကြယ္ဝွက္ကာ ဆိပ္ကမ္းမ်ားမွ မူးယစ္ေဆးဝါးသယ္ယူပို႔ေဆာင္မႈမ်ားသည္ ႏိုင္ငံတကာတြင္ တေျဖးေျဖးက်ယ္ျပန႔္လာၿပီး ျမန္မာႏိုင္ငံအေပၚသို႔လည္း သက္ေရာက္မႈရွိခဲ့ပါသည္။ ၂ဝ၁၇ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၆ ရက္ႏွင့္ ၁၇ ရက္ေန႔မ်ားတြင္ ဘရာဇီးႏိုင္ငံမွတင္ပို႔ေသာ သၾကားအိတ္မ်ားထည့္ထားသည့္ ကြန္တိန္နာမ်ားအတြင္းမွ ကိုကင္း ၂၅ဝ ကီလိုႏွင့္ ၂ဝဝ ကီလို အသီးသီးကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ပါသည္။ ၂ဝ၁၈ ခုႏွစ္ ေမလ ၇ ရက္ေန႔တြင္ မေလးရွားႏိုင္ငံဆိပ္ကမ္း၌ ျမန္မာႏိုင္ငံမွတင္ပို႔သည့္ ကြန္တိန္နာအတြင္းမွ အိုက္စ္ ၁၁၈၇ ကီလိုအား ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ပါသည္။
ေရလမ္းေၾကာင္းကိုအသုံးျပဳၿပီး ပင္လယ္ျပင္မွ မူးယစ္ေဆးဝါးသယ္ေဆာင္ေရာင္းဝယ္မႈမ်ားကို တားဆီးႏွိမ္နင္းရာတြင္ ကမ္း႐ိုးတန္းနယ္ေျမ၊ ဆိပ္ကမ္းမ်ားသို႔သြားေရာက္ရာ လမ္းေၾကာင္းမ်ားတစ္ေလ်ာက္ ရွာေဖြဖမ္းဆီးျခင္း၊ ကမ္း႐ိုးတန္းနယ္ေျမႏွင့္ ဆိပ္ကမ္းမ်ားမွ တားဆီးကာကြယ္ျခင္း၊ တရားဝင္ကုန္စည္မ်ားအတြင္း သိုဝွက္သယ္ေဆာင္ မႈမ်ားကိုတားဆီးျခင္းမ်ားသည္ ကုန္းေျမနယ္နိမိတ္အတြင္းေဆာင္႐ြက္ရေသာ လုပ္ငန္းမ်ားျဖစ္ျဖင့္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ႏွင့္ မိတ္ဖက္အဖြဲ႕အစည္းမ်ား၏ ဝိုင္းဝန္းပူးေပါင္းႀကိဳးပမ္းေဆာင္႐ြက္မႈမ်ားေၾကာင့္ ေအာင္ျမင္မႈမ်ားရရွိခဲ့ျခင္း ျဖစ္ပါသည္။ ကုန္းေျမနယ္နိမိတ္အား ေက်ာ္လြန္ျဖတ္သန္းသြားေသာ မူးယစ္ေဆးဝါးမ်ားအား တပ္မေတာ္(ေရ)ႏွင့္ပူးေပါင္း ေဆာင္႐ြက္ႏိုင္ခဲ့ျခင္းကလည္း မူးယစ္ေဆးဝါးအေျမာက္အျမားကို ဖမ္းဆီးႏိုင္သည့္ ေအာင္ျမင္မႈမ်ားကို ဆြတ္ခူးႏိုင္ခဲ့ပါသည္။

ပင္လယ္ေရေၾကာင္းတားဆီးႏွိမ္နင္းေရးေဆာင္႐ြက္ႏိုင္ခဲ့မႈမ်ား
ေဒသတြင္း၌ မူးယစ္ေဆးဝါးသုံးစြဲမႈပုံစံႏွင့္ သုံးစြဲသည့္မူးယစ္ေဆးဝါးမ်ား ေျပာင္းလဲလာျခင္းသည္ ထုတ္လုပ္သည့္ ပုံစံႏွင့္ သယ္ေဆာင္ေရာင္းဝယ္မႈမ်ားကို သက္ေရာက္လ်က္ရွိပါသည္။ တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ား တိုးျမႇင့္ ေဆာင္႐ြက္ျခင္း၊ ကုန္းေျမနယ္နိမိတ္ႏွင့္ လမ္းေၾကာင္းတစ္ေလ်ာက္ စစ္ေဆးေရးဂိတ္မ်ား တိုးျမႇင့္ေဆာင္႐ြက္လာ ျခင္းႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ပူးတြဲစစ္ဆင္ေရးမ်ား ေဆာင္႐ြက္ႏိုင္ျခင္းမ်ားသည္ ကုန္းေျမလမ္းေၾကာင္းမ်ားကို အသုံးျပဳၿပီး မူးယစ္ေဆးဝါးသယ္ေဆာင္ေရာင္းဝယ္လာရာမွ ေရလမ္းေၾကာင္းအသုံးျပဳကာ သယ္ေဆာင္ ေရာင္းဝယ္သည့္ ပုံစံသို႔ ေျပာင္းလဲလာခဲ့ပါသည္။ ပင္လယ္ေရလမ္းေၾကာင္းအသုံးျပဳၿပီး မူးယစ္ေဆးဝါးသယ္ေဆာင္ ေရာင္းဝယ္မႈ ျမင့္တက္လာသကဲ့သို႔ တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာမွ ဖမ္းဆီးရမိမ်ား ျမင့္တက္လာ လ်က္ရွိပါသည္။

ေျဖရွင္းေဆာင္႐ြက္ေနရမႈမ်ား
ပင္လယ္ေရေၾကာင္း၏ အားသာခ်က္မ်ားကိုအသုံးခ်ၿပီး ႏိုင္ငံျဖတ္ေက်ာ္ရာဇဝတ္ဂိုဏ္းမ်ားသည္ မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္မႈမ်ား တိုးျမႇင့္လုပ္ေဆာင္လ်က္ရွိၾကပါသည္။ ျမန္မာႏိုင္ငံအေနျဖင့္ မူးယစ္ေဆးဝါး ျပႆနာကို ခါးသီးစြာခံစားေနရေသာ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည့္အေလ်ာက္ ကုန္းေျမနယ္နိမိတ္အတြင္း တားဆီး ႏွိမ္နင္းေရးလုပ္ငန္းမ်ားကို တိုးျမႇင့္ေဆာင္႐ြက္ျခင္း၊ သယ္ေဆာင္ရာလမ္းေၾကာင္းမ်ားတစ္ေလ်ာက္ စစ္ေဆးေရး ဂိတ္မ်ားကို တိုးခ်ဲ႕ျခင္း၊ မိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကိုျမႇင့္တင္ျခင္း၊ ႏိုင္ငံတကာႏွင့္ ပူးတြဲ စစ္ဆင္ေရးမ်ားကိုေဆာင္႐ြက္လ်က္ရွိပါသည္။

တစ္ဖက္တြင္လည္း မူးယစ္ေဆးဝါးထုတ္လုပ္မႈ၏ အရင္းခံျဖစ္ေသာ ပရီကာဆာဓာတုပစၥည္းမ်ား တရားမဝင္ ဝင္ေရာက္မႈမ်ားကို ထိန္းခ်ဳပ္ႏိုင္ရန္ အထူးစစ္ဆင္ေရးအား ေဆာင္႐ြက္ခဲ့သျဖင့္ ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္း ေဒသႀကီးႏွင့္ မႏၲေလးတိုင္းေဒသႀကီးတို႔တြင္ ဓာတုပစၥည္းအေျမာက္အျမားကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ပါသည္။ ဓာတုပစၥည္းမ်ားသည္ စက္မႈလုပ္ငန္းမ်ားတြင္လည္း အသုံးျပဳေနရသျဖင့္ ႏိုင္ငံေတာ္မွ ဓာတုပစၥည္းတင္သြင္းမႈမ်ားကို တရားဝင္ခြင့္ျပဳေပးခဲ့ေသာ္လည္းအခ်ိဳ႕လုပ္ငန္းရွင္မ်ား၏မသိနားမလည္မႈ/အျမတ္အစြန္းရလိုမႈမ်ားေၾကာင့္ တရားဝင္ ခြင့္ျပဳေပးထားေသာ ဓာတုပစၥည္းမ်ားသည္ မူးယစ္ေဆးဝါးခ်က္လုပ္ရာေနရာမ်ားသို႔ ေရာက္ရွိေနလ်က္ရွိပါသည္။ ထိုအခ်က္မ်ားကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ားႀကီးၾကပ္ေရးဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲမ်ားကို ကုမၸဏီ/ လုပ္ငန္းရွင္မ်ားႏွင့္ က်င္းပျပဳလုပ္ၿပီး အသိပညာေပးျခင္းႏွင့္ တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားကို တိုးခ်ဲ႕ ေဆာင္႐ြက္လ်က္ရွိပါသည္။

ပင္လယ္ေရေၾကာင္းမွ မူးယစ္ေဆးဝါးသယ္ေဆာင္မႈမ်ားကို တားဆီးႏိုင္ရန္အတြက္ မူးယစ္ေဆးဝါးတားဆီး ႏွိမ္နင္းေရးရဲတပ္ဖြဲ႕သည္ ေရေၾကာင္းရဲတပ္ဖြဲ႕၊ အေကာက္ခြန္ဦးစီးဌာနတို႔ႏွင့္ အနီးကပ္ပူးေပါင္းေဆာင္႐ြက္လ်က္ရွိ ပါသည္။ ကမ္း႐ိုးတန္းေဒသသို႔ဝင္ေရာက္ရာလမ္းေၾကာင္းမ်ား၊ ဆိပ္ကမ္းမ်ား၊ရပ္ကြက္/ ေက်း႐ြာအတြင္းရွိ ေဒသခံ ဆိပ္ကမ္းမ်ား၊ ကမ္းကပ္ႏိုင္သည့္ေနရာမ်ားကိုလည္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္မ်ားက အနီးကပ္ ေစာင့္ၾကည့္ျခင္း၊ သတင္းစုေဆာင္းေထာက္လွမ္းျခင္းမ်ား ျပဳလုပ္ေနလ်က္ရွိပါသည္။ တပ္ဖြဲ႕ဝင္မ်ားေရာက္ရွိ သြားလာရန္ ခက္ခဲေသာပင္လယ္ျပင္အတြင္း မူးယစ္ေဆးဝါးသယ္ေဆာင္မႈမ်ားကို တားဆီးႏိုင္ေရးအတြက္ တပ္မေတာ္ႏွင့္ အနီးကပ္ပူးေပါင္းေဆာင္႐ြက္လ်က္ရွိပါသည္။

ျမန္မာႏိုင္ငံ၏ က်ယ္ျပန႔္ေသာနယ္ေျမအတြင္း ျဖစ္ေပၚေနသည့္ မူးယစ္ေဆးဝါးျပႆနာႀကီးကို ေျဖရွင္းႏိုင္ရန္မွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အျပင္ ျပည္သူလူထု၏ပူးေပါင္းေဆာင္႐ြက္မႈသည္ မရွိမျဖစ္လိုအပ္ေနမည္ျဖစ္ပါသည္။ တားဆီး ႏွိမ္နင္းေရးတပ္ဖြဲ႕အတြင္း ေခါင္းေဆာင္သူမ်ား၏ အေျမာ္အျမင္ရွိမႈ၊ ေခါင္းေဆာင္မႈ ေကာင္းမြန္မႈ၊ တပ္ဖြဲ႕ဝင္မ်ား၏ လုပ္ငန္းအေပၚေစတနာထားမႈ၊ လုပ္ငန္းကြၽမ္းက်င္မႈႏွင့္ ႀကိဳးပမ္းေဆာင္႐ြက္တတ္မႈ၊ ထိုးထြင္းတီထြင္လုပ္ကိုင္ တတ္မႈႏွင့္ စနစ္တက်ရွိမႈ၊ အဖြဲ႕အခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္တတ္မႈတို႔ေၾကာင့္ ျမန္မာႏိုင္ငံ၏ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးက႑သည္ အထိုက္အေလ်ာက္ ေအာင္ျမင္မႈသမိုင္းမွတ္တိုင္ကို ေရးထိုးႏိုင္ခဲ့ၿပီျဖစ္ပါသည္။

မူးယစ္ေဆးဝါးႏွင့္ပတ္သက္ၿပီးျမန္မာႏိုင္ငံ၏ခံယူထားခ်က္
ျမန္မာႏိုင္ငံအေနျဖင့္ ႏိုင္ငံတကာ၏ အကူအညီႏွင့္အေထာက္အပံ့မ်ားရရွိသည္/ မရရွိသည္ျဖစ္ေစ မူးယစ္ေဆးဝါး ျပႆနာကို ေျဖရွင္းေရးသမိုင္းကေပးသည့္ အမ်ိဳးသားေရးတာဝန္အျဖစ္ ခံယူထားၿပီးျဖစ္ပါသည္။ ႏိုင္ငံေတာ္အစိုးရ၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနျဖင့္ ႏိုင္ငံတစ္ခု၊ အဖြဲ႕အစည္းတစ္ခု၊ ပုဂၢိဳလ္တစ္ဦးတစ္ေယာက္၏ တိုက္တြန္းခ်က္မွမပါဘဲ မူးယစ္ေဆးဝါးျပႆနာကို ေျဖရွင္းႏိုင္ေရး အစဥ္အဆက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါသည္။ ဆႏၵမမွန္ေသာအဖြဲ႕ အစည္းမ်ား၊ ႏိုင္ငံေရးကိုဦးစားေပးေသာအဖြဲ႕အစည္းမ်ားႏွင့္လည္း အေကာင္းဆုံးေသာ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ျပဳလုပ္ေပးခဲ့ၿပီးျဖစ္ပါသည္။ ထိုအဖြဲ႕အစည္း၊ ႏိုင္ငံမ်ား၏ ခ်ီးက်ဴးဂုဏ္ျပဳမႈ/ အျပစ္တင္မႈမ်ားကို အနည္းငယ္မွ်ပင္ စိတ္ထဲအလ်ဥ္းမရွိဘဲ မိမိတို႔ေဆာင္႐ြက္ရမည့္၊ ေဆာင္႐ြက္သင့္သည့္ မူးယစ္ေဆးဝါးျပႆနာေျဖရွင္းေရးကို ဆႏၵမွန္၊ ႏွလုံးသားအမွန္၊ ခံယူခ်က္အမွန္ျဖင့္ေရွ႕ဆက္ေဆာင္႐ြက္သြားရန္ သႏၷိ႒ာန္ျပဳထားပါေၾကာင္း တင္ျပအပ္ပါသည္။

Picture

Yarzar Tun

29/06/2023 11:12

ထိမ်းချုပ်နိုင်မှတော်ကာကျမယ်။

Related news

© 2021. All rights reserved.