ဂျပန်နိုင်ငံ၌ အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၉ဝဝ)ကျော်ကို ခေါ်ယူသွားမည်ဟု မြန်မာသံရုံးကြေညာ

 1526

စော (NP News) - ဇွန် ၃ဝ

ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား(၉ဝဝ)ကျော်ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ ကြေညာထားသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ဇွန်လ (၃ဝ)ရက်တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်‌ မြန်မာသံရုံးသို့ ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများကို အချိန်နှင့်တပြေးညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့ကြောင့် မြန်မာသံရုံးအနေဖြင့် အဆိုပါ အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိကို အထောက်အထားများဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးပြီးနောက် သတ်မှတ်ချက်များ၊ သဘောထားများကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ပြီးဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

မြန်မာသံရုံးမှ ဇွန်လ (၁၆)ရက်မှ ဇွန်လ (၃ဝ)ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့သော အလုပ်ကမ်းလှမ်းစာ (၂၉၃)ခုရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါအလုပ်ကမ်းလှမ်းစာများအရ မြန်မာနိုင်ငံမှ အမျိုးသား(၃၉၄)ဦး နှင့် အမျိုးသမီး (၅၁၅)ဦး စုစု ပေါင်း (၉ဝ၉)ဦးကို အလုပ်လုပ်ကိုင်ရန် ခေါ်ယူသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

zawgyi version
ဂ်ပန္ႏိုင္ငံ၌ အလုပ္လုပ္ကိုင္ရန္အတြက္ ျမန္မာလုပ္သား (၉ဝဝ)ေက်ာ္ကို ေခၚယူသြားမည္ဟု ျမန္မာသံ႐ုံးေၾကညာ
ေစာ (NP News) - ဇြန္ ၃ဝ

ဂ်ပန္ႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ရန္အတြက္ ျမန္မာလုပ္သား(၉ဝဝ)ေက်ာ္ကို ေခၚယူသြားမည္ျဖစ္ေၾကာင္း ျမန္မာသံ႐ုံးမွ ေၾကညာထားသည္။

ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ဇြန္လ (၃ဝ)ရက္တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။

အလုပ္သမားဝန္ႀကီးဌာနက ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွတစ္ဆင့္‌ ျမန္မာသံ႐ုံးသို႔ ေပးပို႔လာသည့္ အလုပ္ကမ္းလွမ္းစာမ်ားကို အခ်ိန္ႏွင့္တေျပးညီ စိစစ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

ထို႔ေၾကာင့္ ျမန္မာသံ႐ုံးအေနျဖင့္ အဆိုပါ အလုပ္ေခၚယူသည့္ စက္႐ုံ၊ ကုမၸဏီမ်ားသည္ ဂ်ပန္ႏိုင္ငံတြင္ တရားဝင္တည္ေထာင္ထားျခင္း ရွိ/မရွိကို အေထာက္အထားမ်ားျဖင့္ စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ထိုသို႔စစ္ေဆးၿပီးေနာက္ သတ္မွတ္ခ်က္မ်ား၊ သေဘာထားမ်ားကိုလည္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွတစ္ဆင့္ အလုပ္သမားဝန္ႀကီးဌာနသို႔ ျပန္လည္ေပးပို႔ခဲ့ၿပီးျဖစ္ေၾကာင္း တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ထုတ္ျပန္ထားသည္။

ျမန္မာသံ႐ုံးမွ ဇြန္လ (၁၆)ရက္မွ ဇြန္လ (၃ဝ)ရက္အတြင္း စိစစ္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ ေပးပို႔ခဲ့ေသာ အလုပ္ကမ္းလွမ္းစာ (၂၉၃)ခုရွိေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါအလုပ္ကမ္းလွမ္းစာမ်ားအရ ျမန္မာႏိုင္ငံမွ အမ်ိဳးသား(၃၉၄)ဦး ႏွင့္ အမ်ိဳးသမီး (၅၁၅)ဦး စုစု ေပါင္း (၉ဝ၉)ဦးကို အလုပ္လုပ္ကိုင္ရန္ ေခၚယူသြားမည္ျဖစ္ေၾကာင္း ျမန္မာသံ႐ုံးမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.