လွိုင်ကော်မြို့နယ်ပြည်သူ့ဆေးရုံအား Drone ဖြင့် ဗုံးတစ်လုံးပစ်ချတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးနှင့် ပစ္စည်းအချို့ ထိခိုက်ပျက်စီးခဲ့ဟု ရဲတပ်ဖွဲ့ဆို

3021

NP News - ဇူလိုင် ၂
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံအား Drone ယာဉ်ဖြင့် ဗုံးတစ်လုံးပစ်ချတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးနှင့် ပစ္စည်းအချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇွန်လ ၂၉ ရက်၊ နံနက် ၈နာရီ ၁၅မိနစ်အချိန်တွင် လွိုင်ကော်မြို့နယ်၊ မင်းစုရပ်ကွက်၊ ဝဏ္ဏလမ်းရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အကြမ်းဖက်သမားများက အဆိုပါဆေးရုံအား Drone ယာဉ်အသုံးပြု၍ ဗုံးတစ်လုံးပစ်ချ တိုက် ခိုက်ခဲ့ရာ ဆေးရုံဝန်ထမ်းအိမ်ရာ (၄)ထပ်ဆောင်၏ ဝင်ပေါက်ခြံစည်းရိုးဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောဆိုထားသည်။
ထိုသို့ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါ (၄)ထပ်ဆောင်၏ အုတ်နံရံ၊ ပြတင်းပေါက်မှန် ၁၄ ချပ်၊ ၁ထပ်တိုက်၏ ပြတင်းပေါက်မှန် ၃ချပ်နှင့် KLUGER အမျိုးအစားကား၏ ယာဘက်တံခါးနှင့် ဘောနက်ဖုံးတို့တွင် ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆေးရုံရှေ့လမ်းမပေါ်တွင် ဆိုင်ကယ်ဖြင့်ဖြတ်သန်းသွားသည့် နမ့်ဘော်ဝမ်(က)ရပ်ကွက်နေ ကိုဇင်မျိုးထက်(၂၁)နှစ်တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
zawgyi version
လြိဳင္ေကာ္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံအား Drone ျဖင့္ ဗုံးတစ္လုံးပစ္ခ်တိုက္ခိုက္မႈေၾကာင့္ ျပည္သူတစ္ဦးႏွင့္ ပစၥည္းအခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့ဟု ရဲတပ္ဖြဲ႕ဆို
NP News - ဇူလိုင္ ၂
ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံအား Drone ယာဥ္ျဖင့္ ဗုံးတစ္လုံးပစ္ခ်တိုက္ခိုက္မႈေၾကာင့္ ျပည္သူတစ္ဦးႏွင့္ ပစၥည္းအခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့ရေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။
ၿပီးခဲ့ေသာ ဇြန္လ ၂၉ ရက္၊ နံနက္ ၈နာရီ ၁၅မိနစ္အခ်ိန္တြင္ လြိဳင္ေကာ္ၿမိဳ႕နယ္၊ မင္းစုရပ္ကြက္၊ ဝဏၰလမ္းရွိ ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ အၾကမ္းဖက္သမားမ်ားက အဆိုပါေဆး႐ုံအား Drone ယာဥ္အသုံးျပဳ၍ ဗုံးတစ္လုံးပစ္ခ် တိုက္ ခိုက္ခဲ့ရာ ေဆး႐ုံဝန္ထမ္းအိမ္ရာ (၄)ထပ္ေဆာင္၏ ဝင္ေပါက္ၿခံစည္း႐ိုးေဘးသို႔ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာဆိုထားသည္။
ထိုသို႔က်ေရာက္ေပါက္ကြဲမႈေၾကာင့္ အဆိုပါ (၄)ထပ္ေဆာင္၏ အုတ္နံရံ၊ ျပတင္းေပါက္မွန္ ၁၄ ခ်ပ္၊ ၁ထပ္တိုက္၏ ျပတင္းေပါက္မွန္ ၃ခ်ပ္ႏွင့္ KLUGER အမ်ိဳးအစားကား၏ ယာဘက္တံခါးႏွင့္ ေဘာနက္ဖုံးတို႔တြင္ ဗုံးစထိမွန္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေဆး႐ုံေရွ႕လမ္းမေပၚတြင္ ဆိုင္ကယ္ျဖင့္ျဖတ္သန္းသြားသည့္ နမ့္ေဘာ္ဝမ္(က)ရပ္ကြက္ေန ကိုဇင္မ်ိဳးထက္(၂၁)ႏွစ္တြင္ ဗုံးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္တြင္ ပါဝင္ပတ္သက္သူမ်ားအား ဖမ္းဆီးအေရးယူႏိုင္ေရးႏွင့္ နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္လုံၿခဳံေရး လုပ္ငန္းစဥ္မ်ားႏွင့္အညီဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။