အမေရိကန်အကြွေးနဲ့ ရွှေစျေး အချိတ်အဆက် (ဘာသာပြန်ဆောင်းပါး)

 2058

မောင်သံလွင် (NP News) - ဇူလိုင် ၃

ရွှေဟာ တန်ဖိုးတရပ်ရပ်ကို သိုမှီးထားတဲ့အရာအဖြစ် လူတွေအသိအမှတ်ပြုထားခဲ့ကြတာကြာပါပြီ။ ဒါကြောင့်လည်း စီးပွားရေးက မရေမရာ မတည်မငြိမ်ဖြစ်နေတဲ့အချိန်မှာ ရွှေကို အရန်အတားအဖြစ် အန္တရာယ်ကို ရှောင်ကွင်းရာ၊ ကွန်းခိုရာအဖြစ် သဘောထားလာခဲ့ကြပါတယ်။

ဒီလို လူအများအပြားက လက်ခံလုပ်ဆောင်လာကြတာက ၁၉၇၁ ခုနှစ် သမ္မတနစ်ဆင်က အမေရိကန်ဒေါ်လာကို ရွှေနဲ့ လဲနှုန်းသတ်မှတ်ထားတဲ့ ရွှေစံချိန်စနစ် ပယ်ဖျက်လိုက်တဲ့ မဟာပေါက်ကွဲမှုကြီး ‘ The big bang’ ဖြစ်တဲ့အချိန်က စခဲ့တာဖြစ်နိုင်ပါတယ်။ ရွှေစံချိန်စနစ်အောက်မှာ ဒေါ်လာရဲ့တန်ဖိုးက ရွှေတန်ဖိုးနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့အတွက် ဒေါ်လာကို အချိန်မရွေး ရွှေနဲ့ ဖလှယ်ယူလို့ရပါတယ်။ ရွှေစံချိန်စနစ်ကို ဖျက်သိမ်းလိုက်တာရယ်၊ အမေရိကန်အစိုးရက အကြွေးယူနိုင်တဲ့အများဆုံးပမာဏ debt ceiling သတ်မှတ်ချက်ထားရှိတာရယ်က ငွေကြေးအပေါ် အခြေခံတဲ့ ယုံကြည်မှုကို တည်ဆောက်တာဖြစ်ပါတယ်။ အဲဒီယုံကြည်မှုကို နိုင်ငံတကာ ဆီကရရှိပြီးတဲ့ အခါမှာတော့ အမေရိကန်အစိုးရအနေနဲ့ ဝင်ငွေရနိုင်တာထက် အကြွေးယူပြီး အလွန်အကျွံပိုမို သုံးစွဲရေးဆီကို တွန်းပို့သလိုဖြစ်သွားပါတယ်။ ဒီလိုနဲ့ အမေရိကန်အစိုးရရဲ့ အကြွေးတွေဟာ ကြာလေများလေ ဖြစ်လာပါတော့တယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ အတွင်းမှာ ရွှေစျေးနှုန်းအတက်အကျဟာ အမေရိကန်အစိုးရရဲ့ အကြွေးပမာဏ တိုးများလာမှုနဲ့ နီးနီးကပ်ကပ် ဆက်စပ်ပတ်သက်နေခဲ့ပါတယ်။ ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ဂရပ်ဖ်က စိန့်လူဝိစ်က ဗဟိုဘဏ်နဲ့ In Gold We Trust Report တို့က ရရှိတဲ့အချက်အလက်တွေကို အသုံးပြုပြီး ရွှေစံချိန်စနစ်ကိုဖျက်သိမ်းလိုက်ပြီးတဲ့နောက်ပိုင်း ရွှေစျေးနဲ့ အမေရိကန်အမျိုးသားအကြွေးတို့အကြားက အဆက်အစပ်ကို ဖော်ပြထားတာပါ။

အစိုးရအကြွေး ၃၁ ထရီလျံ
အမေရိကန်ရဲ့ အမျိုးသားကြွေးမြီဆိုတာ ပြည်ထောင်စုအစိုးရက အသုံးစရိတ်ကို ကာမိအောင် အကြိမ်ကြိမ် ငွေချေးငှားရ၊ သုံးစွဲရတဲ့အတွက် တဖြည်းဖြည်းစုပုံလာတဲ့ ငွေစာရင်းပမာဏတစ်ရပ်ပဲ ဖြစ်ပါတယ်။

ဘဏ္ဍာနှစ်တိုင်းမှာ တကယ်လို့ အစိုးရသုံးစွဲတဲ့ငွေဟာ ကောက်ခံရရှိတဲ့ အခွန်ငွေထက် ပိုများနေရင် ပြည်ထောင်စုအစိုးရဟာ၊ စျေးကွက်တင်ရောင်းချနိုင်တဲ့ Treasury Bills, Treasury Notes, Treasury Bonds, Treasury Inflation-Protected Securities (TIPS) စတဲ့ ငွေချေးအာမခံစာချုပ်တွေကို ရောင်းချ ခြင်းအားဖြင့် အသုံးစားရိတ်လိုငွေကို ကာမိအောင်လုပ်လေ့ရှိပါတယ်။

အမေရိကန် အစိုးရအကြွေးဟာ ၁၉၇ဝ ခုနှစ်ကတည်းက နှစ်စဉ်မြင့်တက်လာခဲ့တာပါ။ သက္ကရာဇ် ၂ဝဝဝ ခုနှစ် တစ်နှစ်ထဲဘဲ စီးပွားရေးတိုးတက်ကောင်းမွန်မှုနဲ့ ဘတ်ဂျက်ပိုငွေပြမှုတွေကြောင့် အကြွေး ၂ ရာခိုင်နှုန်း လျော့ကျခဲ့ဖူးပါတယ်။ ဒါကြောင့်လွန်ခဲ့တဲ့နောက်ဆုံးဆယ်စုနှစ်တွေအတွင်းမှာ အမျိုးသားကြွေးမြီဟာ ၁၉၇ဝ ခုနှစ်က ဒေါ်လာသန်း ၃၇ဝ ပဲရှိရာက ၂ဝ၂၃ ခုနှစ်မှာ ၃၁ ဒသမ ၄ ထီလျံဒေါ်လာအထိရောက်ရှိလာပါတယ်။ အစိုးရက အကြွေးယူနိုင်တဲ့ အမြင့်ဆုံးပမာဏ debt ceiling ကိုတိုးမြှင့်ပေးဖို့ကိစ္စကိုလည်း ကွန်ဂရက်လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ပင်စင်ရန်ပုံငွေတွေလို unfunded liabilities တွေကိုပါ ထည့်တွက်ရင် ဒီအကြွေးပမာဏဟာ ယခုထက်ပိုပြီး များပြားနိုင်ပါတယ်။ တကယ်လို့သာ အစိုးရက လူမှုဖူလုံရေး အာမခံတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလို အနာဂါတ်ကာလမှာ ပေးရန်တာဝန်ရှိမှုတွေကိုပါ ထည့်သွင်းတွက်ချက်ရင် နှစ်စဉ်ဘဏ္ဍာရေးလိုငွေဟာ ၂၄၄ ဒသမ ၈ ထရီလျံဒေါ်လာ အထိတောင်ရှိမှာဖြစ်ပြီး အဲဒီပမာဏက လက်ရှိ အမေရိကန် ဂျီဒီပီထက် ၁ဝ ဆနီးပါးရှိပါတယ်။

အမေရိကန် အကြွေးများက ရွှေစျေးနှုန်းအပေါ် ဂယက်ရိုက်ခတ်မှု
ငွေကြေးမူဝါဒများက မကြာခဏဆိုသလို ပိုမိုအရေးကြီးတာမှန်ပေမယ့် ဘဏ္ဍာရေး မူဝါဒတွေ ကလည်း ရွှေစျေးနှုန်းတွေရဲ့ အတက်အကျအပေါ်သက်ရောက်မှုမှာ အရေးကြီးတဲ့နေရာက ရှိနေပါတယ်။ တကယ်လို့ ဘဏ္ဍာရေးလိုငွေပြမှုမြင့်တက်သွားပြီး ပြည်ထောင်စုရဲ့ အကြွေးတွေ စုပုံလာမယ်ဆိုရင် စီးပွားရေးအပေါ်ယုံကြည်မှုကို ထိခိုက်စေပြီး ကွန်းခိုရာအဖြစ် ရွှေအပေါ်ပြောင်းရွှေ့တတ်ကြပါတယ်။ အကြွေးတွေ ကြီးကြီးမားမားထူထပ်လာရင် ငွေဖောင်းပွမှုဖြစ်လာမှာကို စိုးရိမ်ပူပန်လာကြပါတယ်။ သမိုင်းတလျှောက်မှာလည်း အစိုးရအကြွေးတွေ ကိုပေးဆပ်ဖို့အတွက် ငွေစက္ကူတွေရိုက်နှိပ်ဖြေရှင်းကြတဲ့ အတွက် ငွေကြေးဖောင်းပွမှုနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒါ့ပြင် အစိုးရက သူ့အကြွေးတွေကို ပြန်ပေးဆပ်နိုင်ပါ့မလားလို့ တွေးပူကြရသလို အစိုးရရဲ့ အသုံးစားရိတ် လျှော့ချဖြတ်တောက်တာ ဒါမှမဟုတ် အခွန်တွေတိုးကောက်တာလုပ်လာမှာလားလို့ တွေးပူကြပါတယ်။ အဲဒီလို လုပ်ကြရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နှောင့်‌နှေးစေမှာပါ။

အမေရိကန်အကြွေးတိုးများလာမှုက မကြာခဏဆိုသလို ငွေကြေးဖောင်းပွမှုကို ဦးတည်စေပါတယ်။ အစိုးရ အနေနဲ့ အကြွေးတွေထပ်တလဲလဲပိလာရင် ငွေစက္ကူတွေထပ်မံရိုက်ထုတ်တာ ဒါမှမဟုတ် အစိုးရအသုံးစားရိတ်ကို တိုးမြှင့်တာတွေ လုပ်လေ့ရှိတာကြောင့် ငွေကြေးဖောင်းပွမှုကို ဦးတည်စေ ပါတယ်။ အဲဒီလိုအချိန်ကာလမျိုးမှာ ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ရဲ့ပိုင်ဆိုင်မှု၊ အရင်းအနှီးတွေကို ငွေဖောင်းပွမှုဒဏ်ကကာကွယ်ဖို့ ရွှေကိုဝယ်ယူစုဆောင်းကြပါတယ်။

တကယ်လို့ အမေရိကန်အစိုးရရဲ့ အကြွေး/ဂျီဒီပီ အချိုးနဲ့ ဘဏ္ဍာနှစ် လိုငွေပြမှုမြင့်မားနေရင် ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်အစိုးရရဲ့ ချေးယူထားငွေနဲ့ အကြွေးပြန်ဆပ်နိုင်အားကို မေးခွန်းထုတ်ကြပါတယ်။ ဒါက အမေရိကန်ဒေါ်လာကို အားပျော့စေပြီး ရွှေစျေးကို မာစေပါတယ်။

တကယ်လို့ အမေရိကန်အစိုးရရဲ့ အကြွေး/ဂျီဒီပီ အချိုးနဲ့ ဘဏ္ဍာနှစ် လိုငွေပြမှု တဟုတ်ထိုးကျဆင်းနေရင် စျေးကွက်က ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်အစိုးရရဲ့ အကြွေးပြန်ပေးဆပ်နိုင်မှုကို ယုံကြည်မှုရှိပါတယ်။ ဒါက အမေရိကန်ဒေါ်လာကို အားကောင်းစေပြီး ‌ရွှေစျေးကို အားပျော့စေပါတယ်။
ဒါကြောင့် ပြည်ထောင်စုအစိုးရရဲ့ အကြွေးပမာဏက မြင့်တက်လာသလို၊ ရင်းနှီးမြှုပ်နှံသူတွေကလည်း ဘဏ္ဍာရေးစျေးကွက်ရဲ့ တည်ငြိမ်မှုကို စိုးရိမ်လာတာကြောင့် ရွှေ တွေဝယ်ယူပြီး အကာ အကွယ်လုပ်ကြပါတယ်။

အောက်ပါဇယားမှာ ဆယ်စုနှစ်တစ်ခုချင်းအလိုက် အမေရိကန် အကြွေးပမာဏ( ဒေါ်လာ သန်းပေါင်း) နဲ့ ရွှေတအောင်စရဲ့ တန်ဘိုးကို ယှဉ်တွဲဖေါ်ပြထားပါတယ်။

Year U.S. Debt (Millions USD) Gold Price (USD t oz)
1970 $372,007 $35
1980 $863,451 $653
1990 $3,051,958 $415
2000 $5,773,392 $283
2010 $12,773,123 $1,078
2020 $23,223,813 $1,584
2023 $31,457,820 $1,982

ရွှေစျေးကွက်ကို သက်ရောက်စေတဲ့အကြောင်းရင်းတွေ
ရွှေတန်ဖိုးဟာ အမေရိကန်အကြွေးပမာဏတိုးများလာတာနဲ့ အတူလိုက်ပြီး ထောင်တက်လာတယ် ဆိုပေမယ့် တခြားအချက်အလက်တွေကလည်း ရွှေစျေးအပေါ်သက်ရောက်နိုင်ပါသေးတယ်။ ဥပမာ စျေးကွက်ရဲ့ ခံစားချက်၊ ဗဟိုဘဏ်ရဲ့ပေါ်လစီနဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေစတဲ့အချက်တွေဖြစ်ပါတယ်။ နောက်အရေးကြီးတဲ့အချက်က ကမ္ဘာပေါ်မှာရှိတဲ့ရွှေပမာဏကလည်း တသမတ်တည်း တည်မြဲနေတာ မဟုတ်ဘဲ ထပ်မံတူးဖေါ်ရရှိတဲ့ ပမာဏ အနည်းအများအလိုက်လည်း ရွှေစျေးနှုန်းအပေါ် သက်ရောက်မှုရှိပါတယ်။

ကမ္ဘာပေါ်မှာ ရွှေပမာဏ အများဆုံးထုတ်လုပ်တဲ့နိုင်ငံတွေက တရုတ်၊ တောင်အာဖရိက၊ အမေရိကန်၊ သြစတြေးလျ၊ ရုရှားနဲ့ ပီရူးနိုင်ငံတွေပါ။ ၂ဝ၁၈- ၂ဝ၁၉ ခုနှစ်တွေမှာ တစ်ကမ္ဘာလုံး ရွှေထုတ်လုပ်တဲ့ပမာဏက တစ်နှစ်ကို မက်ထရစ်တန် ၃၃ဝဝ အမြင့်ဆုံးရှိခဲ့ရာက ၂ဝ၂ဝ-၂ဝ၂၁ နှစ်တွေမှာ မက်ထရစ်တန် ၃ဝဝဝ ပဲထုတ်လုပ်နိုင်ပါတော့တယ်။

နောက်ဆုံးတစ်ချက်ကတော့ ဒေါ်လာနယ်ပယ်ကစွန့်ခွာရေးလှုပ်ရှားမှု de-dollarization trend ပါ။ ဒါကလည်း ရွှေစျေးကွက်အပေါ်သက်ရောက်မှုရှိပါတယ်။ ကမ္ဘာနဲ့အဝှမ်း အနှံ့အပြားပြောဆိုဆွေးနွေး နေကြတဲ့ ဒေါ်လာနယ်ပယ်က စွန့်ခွာရေးရေစီးကြောင်းကြောင့် ရင်းနှီးမြှုပ်နှံသူတွေနဲ့ နိုင်ငံအစိုးရတွေ အကြားမှာ အရန်ငွေကြေးအဖြစ် ဒေါ်လာငွေအစား ရွှေကို အစားထိုးသိမ်း ဆည်းလာကြပါတယ်။ ဒါကြောင့်လည်း ရွှေစျေးတွေ အထက်ဘက်ကိုထောင်တက်နေတာဖြစ်ကြောင်းပါ။

ကိုးကား- Visualizing Gold Price and U.S. Debt (1970-2023) By Bruno Venditti
- De-dollarization Accelerates, and Gold is The First Asset To React

zawgyi version
အေမရိကန္အေႂကြးနဲ႔ ေ႐ႊေစ်း အခ်ိတ္အဆက္ (ဘာသာျပန္ေဆာင္းပါး)
ေမာင္သံလြင္ (NP News) - ဇူလိုင္ ၃
ေ႐ႊဟာ တန္ဖိုးတရပ္ရပ္ကို သိုမွီးထားတဲ့အရာအျဖစ္ လူေတြအသိအမွတ္ျပဳထားခဲ့ၾကတာၾကာပါၿပီ။ ဒါေၾကာင့္လည္း စီးပြားေရးက မေရမရာ မတည္မၿငိမ္ျဖစ္ေနတဲ့အခ်ိန္မွာ ေ႐ႊကို အရန္အတားအျဖစ္ အႏၲရာယ္ကို ေရွာင္ကြင္းရာ၊ ကြန္းခိုရာအျဖစ္ သေဘာထားလာခဲ့ၾကပါတယ္။

ဒီလို လူအမ်ားအျပားက လက္ခံလုပ္ေဆာင္လာၾကတာက ၁၉၇၁ ခုႏွစ္ သမၼတနစ္ဆင္က အေမရိကန္ေဒၚလာကို ေ႐ႊနဲ႔ လဲႏႈန္းသတ္မွတ္ထားတဲ့ ေ႐ႊစံခ်ိန္စနစ္ ပယ္ဖ်က္လိုက္တဲ့ မဟာေပါက္ကြဲမႈႀကီး ‘ The big bang’ ျဖစ္တဲ့အခ်ိန္က စခဲ့တာျဖစ္ႏိုင္ပါတယ္။ ေ႐ႊစံခ်ိန္စနစ္ေအာက္မွာ ေဒၚလာရဲ႕တန္ဖိုးက ေ႐ႊတန္ဖိုးနဲ႔ တိုက္႐ိုက္ခ်ိတ္ဆက္ထားတဲ့အတြက္ ေဒၚလာကို အခ်ိန္မေ႐ြး ေ႐ႊနဲ႔ ဖလွယ္ယူလို႔ရပါတယ္။ ေ႐ႊစံခ်ိန္စနစ္ကို ဖ်က္သိမ္းလိုက္တာရယ္၊ အေမရိကန္အစိုးရက အေႂကြးယူႏိုင္တဲ့အမ်ားဆုံးပမာဏ debt ceiling သတ္မွတ္ခ်က္ထားရွိတာရယ္က ေငြေၾကးအေပၚ အေျခခံတဲ့ ယုံၾကည္မႈကို တည္ေဆာက္တာျဖစ္ပါတယ္။ အဲဒီယုံၾကည္မႈကို ႏိုင္ငံတကာ ဆီကရရွိၿပီးတဲ့ အခါမွာေတာ့ အေမရိကန္အစိုးရအေနနဲ႔ ဝင္ေငြရႏိုင္တာထက္ အေႂကြးယူၿပီး အလြန္အကြၽံပိုမို သုံးစြဲေရးဆီကို တြန္းပို႔သလိုျဖစ္သြားပါတယ္။ ဒီလိုနဲ႔ အေမရိကန္အစိုးရရဲ႕ အေႂကြးေတြဟာ ၾကာေလမ်ားေလ ျဖစ္လာပါေတာ့တယ္။

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅ဝ အတြင္းမွာ ေ႐ႊေစ်းႏႈန္းအတက္အက်ဟာ အေမရိကန္အစိုးရရဲ႕ အေႂကြးပမာဏ တိုးမ်ားလာမႈနဲ႔ နီးနီးကပ္ကပ္ ဆက္စပ္ပတ္သက္ေနခဲ့ပါတယ္။ ဒီေဆာင္းပါးမွာ ေဖာ္ျပထားတဲ့ ဂရပ္ဖ္က စိန႔္လူဝိစ္က ဗဟိုဘဏ္နဲ႔ In Gold We Trust Report တို႔က ရရွိတဲ့အခ်က္အလက္ေတြကို အသုံးျပဳၿပီး ေ႐ႊစံခ်ိန္စနစ္ကိုဖ်က္သိမ္းလိုက္ၿပီးတဲ့ေနာက္ပိုင္း ေ႐ႊေစ်းနဲ႔ အေမရိကန္အမ်ိဳးသားအေႂကြးတို႔အၾကားက အဆက္အစပ္ကို ေဖာ္ျပထားတာပါ။

အစိုးရအေႂကြး ၃၁ ထရီလ်ံ
အေမရိကန္ရဲ႕ အမ်ိဳးသားေႂကြးၿမီဆိုတာ ျပည္ေထာင္စုအစိုးရက အသုံးစရိတ္ကို ကာမိေအာင္ အႀကိမ္ႀကိမ္ ေငြေခ်းငွားရ၊ သုံးစြဲရတဲ့အတြက္ တျဖည္းျဖည္းစုပုံလာတဲ့ ေငြစာရင္းပမာဏတစ္ရပ္ပဲ ျဖစ္ပါတယ္။

ဘ႑ာႏွစ္တိုင္းမွာ တကယ္လို႔ အစိုးရသုံးစြဲတဲ့ေငြဟာ ေကာက္ခံရရွိတဲ့ အခြန္ေငြထက္ ပိုမ်ားေနရင္ ျပည္ေထာင္စုအစိုးရဟာ၊ ေစ်းကြက္တင္ေရာင္းခ်ႏိုင္တဲ့ Treasury Bills, Treasury Notes, Treasury Bonds, Treasury Inflation-Protected Securities (TIPS) စတဲ့ ေငြေခ်းအာမခံစာခ်ဳပ္ေတြကို ေရာင္းခ် ျခင္းအားျဖင့္ အသုံးစားရိတ္လိုေငြကို ကာမိေအာင္လုပ္ေလ့ရွိပါတယ္။

အေမရိကန္ အစိုးရအေႂကြးဟာ ၁၉၇ဝ ခုႏွစ္ကတည္းက ႏွစ္စဥ္ျမင့္တက္လာခဲ့တာပါ။ သကၠရာဇ္ ၂ဝဝဝ ခုႏွစ္ တစ္ႏွစ္ထဲဘဲ စီးပြားေရးတိုးတက္ေကာင္းမြန္မႈနဲ႔ ဘတ္ဂ်က္ပိုေငြျပမႈေတြေၾကာင့္ အေႂကြး ၂ ရာခိုင္ႏႈန္း ေလ်ာ့က်ခဲ့ဖူးပါတယ္။ ဒါေၾကာင့္လြန္ခဲ့တဲ့ေနာက္ဆုံးဆယ္စုႏွစ္ေတြအတြင္းမွာ အမ်ိဳးသားေႂကြးၿမီဟာ ၁၉၇ဝ ခုႏွစ္က ေဒၚလာသန္း ၃၇ဝ ပဲရွိရာက ၂ဝ၂၃ ခုႏွစ္မွာ ၃၁ ဒသမ ၄ ထီလ်ံေဒၚလာအထိေရာက္ရွိလာပါတယ္။ အစိုးရက အေႂကြးယူႏိုင္တဲ့ အျမင့္ဆုံးပမာဏ debt ceiling ကိုတိုးျမႇင့္ေပးဖို႔ကိစၥကိုလည္း ကြန္ဂရက္လႊတ္ေတာ္မွာ အႀကိတ္အနယ္ ေဆြးေႏြးရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ပင္စင္ရန္ပုံေငြေတြလို unfunded liabilities ေတြကိုပါ ထည့္တြက္ရင္ ဒီအေႂကြးပမာဏဟာ ယခုထက္ပိုၿပီး မ်ားျပားႏိုင္ပါတယ္။ တကယ္လို႔သာ အစိုးရက လူမႈဖူလုံေရး အာမခံေတြနဲ႔ က်န္းမာေရး ေစာင့္ေရွာက္မႈေတြလို အနာဂါတ္ကာလမွာ ေပးရန္တာဝန္ရွိမႈေတြကိုပါ ထည့္သြင္းတြက္ခ်က္ရင္ ႏွစ္စဥ္ဘ႑ာေရးလိုေငြဟာ ၂၄၄ ဒသမ ၈ ထရီလ်ံေဒၚလာ အထိေတာင္ရွိမွာျဖစ္ၿပီး အဲဒီပမာဏက လက္ရွိ အေမရိကန္ ဂ်ီဒီပီထက္ ၁ဝ ဆနီးပါးရွိပါတယ္။

အေမရိကန္ အေႂကြးမ်ားက ေ႐ႊေစ်းႏႈန္းအေပၚ ဂယက္႐ိုက္ခတ္မႈ
ေငြေၾကးမူဝါဒမ်ားက မၾကာခဏဆိုသလို ပိုမိုအေရးႀကီးတာမွန္ေပမယ့္ ဘ႑ာေရး မူဝါဒေတြ ကလည္း ေ႐ႊေစ်းႏႈန္းေတြရဲ႕ အတက္အက်အေပၚသက္ေရာက္မႈမွာ အေရးႀကီးတဲ့ေနရာက ရွိေနပါတယ္။ တကယ္လို႔ ဘ႑ာေရးလိုေငြျပမႈျမင့္တက္သြားၿပီး ျပည္ေထာင္စုရဲ႕ အေႂကြးေတြ စုပုံလာမယ္ဆိုရင္ စီးပြားေရးအေပၚယုံၾကည္မႈကို ထိခိုက္ေစၿပီး ကြန္းခိုရာအျဖစ္ ေ႐ႊအေပၚေျပာင္းေ႐ႊ႕တတ္ၾကပါတယ္။ အေႂကြးေတြ ႀကီးႀကီးမားမားထူထပ္လာရင္ ေငြေဖာင္းပြမႈျဖစ္လာမွာကို စိုးရိမ္ပူပန္လာၾကပါတယ္။ သမိုင္းတေလွ်ာက္မွာလည္း အစိုးရအေႂကြးေတြ ကိုေပးဆပ္ဖို႔အတြက္ ေငြစကၠဴေတြ႐ိုက္ႏွိပ္ေျဖရွင္းၾကတဲ့ အတြက္ ေငြေၾကးေဖာင္းပြမႈနဲ႔ ရင္ဆိုင္ရေလ့ရွိပါတယ္။ ဒါ့ျပင္ အစိုးရက သူ႔အေႂကြးေတြကို ျပန္ေပးဆပ္ႏိုင္ပါ့မလားလို႔ ေတြးပူၾကရသလို အစိုးရရဲ႕ အသုံးစားရိတ္ ေလွ်ာ့ခ်ျဖတ္ေတာက္တာ ဒါမွမဟုတ္ အခြန္ေတြတိုးေကာက္တာလုပ္လာမွာလားလို႔ ေတြးပူၾကပါတယ္။ အဲဒီလို လုပ္ၾကရင္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို ထိခိုက္ေႏွာင့္‌ေႏွးေစမွာပါ။

အေမရိကန္အေႂကြးတိုးမ်ားလာမႈက မၾကာခဏဆိုသလို ေငြေၾကးေဖာင္းပြမႈကို ဦးတည္ေစပါတယ္။ အစိုးရ အေနနဲ႔ အေႂကြးေတြထပ္တလဲလဲပိလာရင္ ေငြစကၠဴေတြထပ္မံ႐ိုက္ထုတ္တာ ဒါမွမဟုတ္ အစိုးရအသုံးစားရိတ္ကို တိုးျမႇင့္တာေတြ လုပ္ေလ့ရွိတာေၾကာင့္ ေငြေၾကးေဖာင္းပြမႈကို ဦးတည္ေစ ပါတယ္။ အဲဒီလိုအခ်ိန္ကာလမ်ိဳးမွာ ရင္းႏွီးျမႇဳပ္ႏွံသူေတြဟာ သူတို႔ရဲ႕ပိုင္ဆိုင္မႈ၊ အရင္းအႏွီးေတြကို ေငြေဖာင္းပြမႈဒဏ္ကကာကြယ္ဖို႔ ေ႐ႊကိုဝယ္ယူစုေဆာင္းၾကပါတယ္။

တကယ္လို႔ အေမရိကန္အစိုးရရဲ႕ အေႂကြး/ဂ်ီဒီပီ အခ်ိဳးနဲ႔ ဘ႑ာႏွစ္ လိုေငြျပမႈျမင့္မားေနရင္ ရင္းႏွီးျမႇဳပ္ႏွံသူေတြက အေမရိကန္အစိုးရရဲ႕ ေခ်းယူထားေငြနဲ႔ အေႂကြးျပန္ဆပ္ႏိုင္အားကို ေမးခြန္းထုတ္ၾကပါတယ္။ ဒါက အေမရိကန္ေဒၚလာကို အားေပ်ာ့ေစၿပီး ေ႐ႊေစ်းကို မာေစပါတယ္။

တကယ္လို႔ အေမရိကန္အစိုးရရဲ႕ အေႂကြး/ဂ်ီဒီပီ အခ်ိဳးနဲ႔ ဘ႑ာႏွစ္ လိုေငြျပမႈ တဟုတ္ထိုးက်ဆင္းေနရင္ ေစ်းကြက္က ရင္းႏွီးျမႇဳပ္ႏွံသူေတြက အေမရိကန္အစိုးရရဲ႕ အေႂကြးျပန္ေပးဆပ္ႏိုင္မႈကို ယုံၾကည္မႈရွိပါတယ္။ ဒါက အေမရိကန္ေဒၚလာကို အားေကာင္းေစၿပီး ‌ေ႐ႊေစ်းကို အားေပ်ာ့ေစပါတယ္။
ဒါေၾကာင့္ ျပည္ေထာင္စုအစိုးရရဲ႕ အေႂကြးပမာဏက ျမင့္တက္လာသလို၊ ရင္းႏွီးျမႇဳပ္ႏွံသူေတြကလည္း ဘ႑ာေရးေစ်းကြက္ရဲ႕ တည္ၿငိမ္မႈကို စိုးရိမ္လာတာေၾကာင့္ ေ႐ႊ ေတြဝယ္ယူၿပီး အကာ အကြယ္လုပ္ၾကပါတယ္။

ေအာက္ပါဇယားမွာ ဆယ္စုႏွစ္တစ္ခုခ်င္းအလိုက္ အေမရိကန္ အေႂကြးပမာဏ( ေဒၚလာ သန္းေပါင္း) နဲ႔ ေ႐ႊတေအာင္စရဲ႕ တန္ဘိုးကို ယွဥ္တြဲေဖၚျပထားပါတယ္။

Year U.S. Debt (Millions USD) Gold Price (USD t oz)
1970 $372,007 $35
1980 $863,451 $653
1990 $3,051,958 $415
2000 $5,773,392 $283
2010 $12,773,123 $1,078
2020 $23,223,813 $1,584
2023 $31,457,820 $1,982

ေ႐ႊေစ်းကြက္ကို သက္ေရာက္ေစတဲ့အေၾကာင္းရင္းေတြ
ေ႐ႊတန္ဖိုးဟာ အေမရိကန္အေႂကြးပမာဏတိုးမ်ားလာတာနဲ႔ အတူလိုက္ၿပီး ေထာင္တက္လာတယ္ ဆိုေပမယ့္ တျခားအခ်က္အလက္ေတြကလည္း ေ႐ႊေစ်းအေပၚသက္ေရာက္ႏိုင္ပါေသးတယ္။ ဥပမာ ေစ်းကြက္ရဲ႕ ခံစားခ်က္၊ ဗဟိုဘဏ္ရဲ႕ေပၚလစီနဲ႔ ကမာၻ႔စီးပြားေရးအေျခအေနစတဲ့အခ်က္ေတြျဖစ္ပါတယ္။ ေနာက္အေရးႀကီးတဲ့အခ်က္က ကမာၻေပၚမွာရွိတဲ့ေ႐ႊပမာဏကလည္း တသမတ္တည္း တည္ၿမဲေနတာ မဟုတ္ဘဲ ထပ္မံတူးေဖၚရရွိတဲ့ ပမာဏ အနည္းအမ်ားအလိုက္လည္း ေ႐ႊေစ်းႏႈန္းအေပၚ သက္ေရာက္မႈရွိပါတယ္။

ကမာၻေပၚမွာ ေ႐ႊပမာဏ အမ်ားဆုံးထုတ္လုပ္တဲ့ႏိုင္ငံေတြက တ႐ုတ္၊ ေတာင္အာဖရိက၊ အေမရိကန္၊ ၾသစေၾတးလ်၊ ႐ုရွားနဲ႔ ပီ႐ူးႏိုင္ငံေတြပါ။ ၂ဝ၁၈- ၂ဝ၁၉ ခုႏွစ္ေတြမွာ တစ္ကမာၻလုံး ေ႐ႊထုတ္လုပ္တဲ့ပမာဏက တစ္ႏွစ္ကို မက္ထရစ္တန္ ၃၃ဝဝ အျမင့္ဆုံးရွိခဲ့ရာက ၂ဝ၂ဝ-၂ဝ၂၁ ႏွစ္ေတြမွာ မက္ထရစ္တန္ ၃ဝဝဝ ပဲထုတ္လုပ္ႏိုင္ပါေတာ့တယ္။

ေနာက္ဆုံးတစ္ခ်က္ကေတာ့ ေဒၚလာနယ္ပယ္ကစြန႔္ခြာေရးလႈပ္ရွားမႈ de-dollarization trend ပါ။ ဒါကလည္း ေ႐ႊေစ်းကြက္အေပၚသက္ေရာက္မႈရွိပါတယ္။ ကမာၻနဲ႔အဝွမ္း အႏွံ႔အျပားေျပာဆိုေဆြးေႏြး ေနၾကတဲ့ ေဒၚလာနယ္ပယ္က စြန႔္ခြာေရးေရစီးေၾကာင္းေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံသူေတြနဲ႔ ႏိုင္ငံအစိုးရေတြ အၾကားမွာ အရန္ေငြေၾကးအျဖစ္ ေဒၚလာေငြအစား ေ႐ႊကို အစားထိုးသိမ္း ဆည္းလာၾကပါတယ္။ ဒါေၾကာင့္လည္း ေ႐ႊေစ်းေတြ အထက္ဘက္ကိုေထာင္တက္ေနတာျဖစ္ေၾကာင္းပါ။

ကိုးကား- Visualizing Gold Price and U.S. Debt (1970-2023) By Bruno Venditti
- De-dollarization Accelerates, and Gold is The First Asset To React

Related news

© 2021. All rights reserved.