တရုတ်နိုင်ငံ တစ်ဖက်သတ်ပိုင်ဆိုင်ကြောင်းပြထားတဲ့ တောင်တရုတ်ပင်လယ်မြေပုံ ပါဝင်ခဲ့ခြင်းကြောင့် ဗီယက်နမ်က Barbie ရုပ်ရှင်ကို ပိတ်ပင်ထား

 760

ရောင်နီ (NP News) - ဇူလိုင် ၄

ဗီယက်နမ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့တစ်ဖက်သတ်ပိုင်ဆိုင်ထားကြောင်း ပြထားတဲ့ ပိုင်နက်နယ်မြေ မြေပုံပါဝင်လာတဲ့ ပြကွက်တစ်ခုနဲ့ ပတ်သက်ပြီး Warner Bros ရဲ့ Barbie ရုပ်ရှင်ဇာတ်ကားကို ပြည်တွင်းမှာ ရုံတင်ခြင်း၊ ဖြန့်ဖြူးခြင်း မပြုလုပ်ဖို့ ပိတ်ပင်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက တနင်္လာနေ့ (ဇူလိုင် ၃ ရက်) မှာ ဖော်ပြခဲ့ပါတယ်။

Barbie ရုပ်ရှင်ထဲမှာ ပြသထားတဲ့ပြကွက်ဟာ တောင်တရုတ်ပင်လယ် ဧရိယာမှာ U ပုံစံ "nine-dash line" ကို ဗီယက်နမ်က ရေနံလိုက်လျောပေးထားတဲ့ ကမ်းလွန်ရေတိမ်ပိုင်းနေရာများ အပါအဝင်၊ တောင်တရုတ်ပင်လယ်ပြင် ရဲ့ ကျယ်ပြောတဲ့နယ်မြေတွေကို သရုပ်ဖော်ထားတဲ့ မြေပုံဖြစ်နေပါတယ်။

ဒါကြောင့် Barbie ဟာ ဗီယက်နမ်နိုင်ငံရဲ့ ၂ဝ၁၆ ခုနှစ်နောက်ပိုင်း တရုတ်ရဲ့ အငြင်းပွားဖွယ် nine-dash line ကို သရုပ်ဖော်ခြင်းအတွက် တားမြစ်ခံရတဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်လာပါတယ်။ ဗီယက်နမ်အစိုးရက ၂ဝ၁၉ ခုနှစ်မှ DreamWorks ရဲ့ ကာတွန်းဇာတ်ကားဖြစ်တဲ့ Abominable နဲ့ ပြီးခဲ့သည့်နှစ်က Sony ရဲ့ အက်ရှင်ဇာတ်ကား Unchartered ကိုလည်း အလားတူ အကြောင်းပြချက်နဲ့ ပိတ်ပင်ခဲ့ပါတယ်။

မားဂေါ့ရောဘီ နဲ့ ရိုင်ဂေါ့စ်လင်း တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Barbie ရုပ်ရှင်ကားကို မူလက ဗီယက်နမ်မှာ ဇူလိုင်လ ၂၁ ရက်မှစတင် ပြသဖို့ စီစဉ်ထားတာဖြစ်တယ်လို့ နိုင်ငံပိုင် Tuoi Tre သတင်းစာမှ ဖော်ပြချက်အရ သိရပါတယ်။ Barbie ရဲ့ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ Warner Bros က ဒီအငြင်းပွားဖွယ်နဲ့ပတ်သက်ပြီး မှတ်ချက် မပေးသေးပါဘူး။ ဗီယက်နမ်နဲ့ တရုတ်ဟာ တောင်တရုတ်ပင်လယ်မှာ စွမ်းအင်ကြွယ်ဝမယ့်အလားအလာရှိတဲ့ နယ်မြေအတွက် နယ်မြေပိုင်ဆိုင်မှုကို ကာလရှည်ကြာစွာ ပိုင်နက်ငြင်းခုံမှုများ ရှိနေတာဖြစ်ပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ တစ္ဖက္သတ္ပိုင္ဆိုင္ေၾကာင္းျပထားတဲ့ ေတာင္တ႐ုတ္ပင္လယ္ေျမပုံ ပါဝင္ခဲ့ျခင္းေၾကာင့္ ဗီယက္နမ္က Barbie ႐ုပ္ရွင္ကို ပိတ္ပင္ထား
ေရာင္နီ (NP News) - ဇူလိုင္ ၄

ဗီယက္နမ္ႏိုင္ငံဟာ ေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္ႏိုင္ငံရဲ႕တစ္ဖက္သတ္ပိုင္ဆိုင္ထားေၾကာင္း ျပထားတဲ့ ပိုင္နက္နယ္ေျမ ေျမပုံပါဝင္လာတဲ့ ျပကြက္တစ္ခုနဲ႔ ပတ္သက္ၿပီး Warner Bros ရဲ႕ Barbie ႐ုပ္ရွင္ဇာတ္ကားကို ျပည္တြင္းမွာ ႐ုံတင္ျခင္း၊ ျဖန႔္ျဖဴးျခင္း မျပဳလုပ္ဖို႔ ပိတ္ပင္လိုက္ေၾကာင္း ႏိုင္ငံပိုင္မီဒီယာက တနလၤာေန႔ (ဇူလိုင္ ၃ ရက္) မွာ ေဖာ္ျပခဲ့ပါတယ္။

Barbie ႐ုပ္ရွင္ထဲမွာ ျပသထားတဲ့ျပကြက္ဟာ ေတာင္တ႐ုတ္ပင္လယ္ ဧရိယာမွာ U ပုံစံ "nine-dash line" ကို ဗီယက္နမ္က ေရနံလိုက္ေလ်ာေပးထားတဲ့ ကမ္းလြန္ေရတိမ္ပိုင္းေနရာမ်ား အပါအဝင္၊ ေတာင္တ႐ုတ္ပင္လယ္ျပင္ ရဲ႕ က်ယ္ေျပာတဲ့နယ္ေျမေတြကို သ႐ုပ္ေဖာ္ထားတဲ့ ေျမပုံျဖစ္ေနပါတယ္။

ဒါေၾကာင့္ Barbie ဟာ ဗီယက္နမ္ႏိုင္ငံရဲ႕ ၂ဝ၁၆ ခုႏွစ္ေနာက္ပိုင္း တ႐ုတ္ရဲ႕ အျငင္းပြားဖြယ္ nine-dash line ကို သ႐ုပ္ေဖာ္ျခင္းအတြက္ တားျမစ္ခံရတဲ့ ေနာက္ဆုံး႐ုပ္ရွင္ျဖစ္လာပါတယ္။ ဗီယက္နမ္အစိုးရက ၂ဝ၁၉ ခုႏွစ္မွ DreamWorks ရဲ႕ ကာတြန္းဇာတ္ကားျဖစ္တဲ့ Abominable နဲ႔ ၿပီးခဲ့သည့္ႏွစ္က Sony ရဲ႕ အက္ရွင္ဇာတ္ကား Unchartered ကိုလည္း အလားတူ အေၾကာင္းျပခ်က္နဲ႔ ပိတ္ပင္ခဲ့ပါတယ္။

မားေဂါ့ေရာဘီ နဲ႔ ႐ိုင္ေဂါ့စ္လင္း တို႔ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Barbie ႐ုပ္ရွင္ကားကို မူလက ဗီယက္နမ္မွာ ဇူလိုင္လ ၂၁ ရက္မွစတင္ ျပသဖို႔ စီစဥ္ထားတာျဖစ္တယ္လို႔ ႏိုင္ငံပိုင္ Tuoi Tre သတင္းစာမွ ေဖာ္ျပခ်က္အရ သိရပါတယ္။ Barbie ရဲ႕႐ုပ္ရွင္ထုတ္လုပ္ေရး ကုမၸဏီ Warner Bros က ဒီအျငင္းပြားဖြယ္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ မေပးေသးပါဘူး။ ဗီယက္နမ္နဲ႔ တ႐ုတ္ဟာ ေတာင္တ႐ုတ္ပင္လယ္မွာ စြမ္းအင္ႂကြယ္ဝမယ့္အလားအလာရွိတဲ့ နယ္ေျမအတြက္ နယ္ေျမပိုင္ဆိုင္မႈကို ကာလရွည္ၾကာစြာ ပိုင္နက္ျငင္းခုံမႈမ်ား ရွိေနတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.