မီးစတစ်ဖက် ရေမှုတ်တစ်ဖက် - အမေရိကန်ရဲ့ တရုတ်ရေးရာဗျူဟာ (ဘာသာပြန်ဆောင်းပါး)

 1370

မောင်သံလွင် (NP News) - ဇူလိုင် ၆

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ယဲ့လင် မကြာခင်တရုတ်နိုင်ငံ ပီကင်းကိုသွားပါတော့မယ်။ ဇူလိုင် ၆ ရက်ကနေ ၉ ရက်အထိကြာမြင့်မယ့် အလည်အပတ်ခရီးစဉ်ပါ။ ရည်ရွယ်ချက်ကတော့ ပျက်ပြားနေတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပြင်ဆင်ဖို့ဖြစ်ပါတယ်။ ယဲလင်းက ဒီလိုကြိုးစားတဲ့ ပထမဆုံး အမေရိကန် ထိပ်တန်းအရာရှိကြီးတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့လက နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က (၅)နှစ်အတွင်း အမြင့်ဆုံး အမေရိကန် ထိပ်တန်း အရာရှိတစ်ယောက်အဖြစ် တရုတ်ကို (၂)ရက်ကြာ (ဇွန်လ ၁၈ ရက် - ၁၉ ရက်) သွားရောက်လည်ပတ်ခဲ့ပြီးပါပြီ။ ရည်ရွယ်ချက်ကလည်း နှစ်နိုင်ငံအကြား အေးစက်စက်ဖြစ်နေတဲ့ ဆက်ဆံရေးကို နွေးနွေးထွေးထွေးဖြစ်စေဖို့ ကြိုးစားတဲ့ အနေနဲ့ပါ။ ဒါပေမယ့် လည်း ဘလင်ကန် ပီကင်းက ပြန်လာပြီးနောက်တစ်ရက်မှာဘဲ သမ္မတ ဘိုင်ဒန်က သမ္မတ ရှီကို အာဏာရှင်လို့ ရည်ညွှန်းပြောဆိုလိုက်တဲ့အတွက် နှစ်နိုင်ငံအကြား အဖုအထစ်ဖြစ်ခဲ့ရပြန်ပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ တရုတ်အပေါ်ထားတဲ့ မဟာဗျူဟာ မူဝါဒဟာ ဘယ်လိုလည်း တွေးစရာဖြစ်လာပါတယ်။ တစ်ဖက်မှာ နိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆွေးနွေးလို့ တိုးတက်မှုတစ်စုံတစ်ရာ ရနေတဲ့တပြိုင်နက်မှာ ဘိုင်ဒန်ကိုယ်တိုင်က ရှီကို အာဏာရှင်လို့ ရည်ညွှန်းပြောဆိုလိုက်တာဟာ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ လူထုကိုအသိပေးတဲ့ ပြောဆိုချက်နဲ့ လက်တွေ့နိုင်ငံရေးဆောင်ရွက်မှုရဲ့ အကြားမှာ ကွာဟနေတာတွေ့ရပါတယ်။

ယခုအခါ ကမ္ဘာ့ စီးပွားရေးအကြီးဆုံး နိုင်ငံကြီးနှစ်ခုအကြားမှာ စီးပွားရေးအရ တစ်နိုင်ငံက တစ်နိုင်ငံ ကို အပြန်အလှန် လိုအပ်နေသလို ဆိုးဝါးတဲ့ဆက်ဆံရေးထောင်ချောက်ထဲမှာလည်း ပိတ်မိနေပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒီထုတ်ပြန်ကြေညာချက်ကိုကြည့်ပါ။ မကြာခင်ပီကင်းကို သွားရောက်လည်ပတ်မယ့် ဘဏ္ဍာရေးဝန်ကြီး ယဲလင်း ခရီးစဉ်နဲ့ပတ်သက်ပြီးပြောထားတာပါ။

“ကျွန်တော်တို့ ဆက်ဆံရေးကို တာဝန်သိသိ စီမံခန့်ခွဲဖို့ ကိစ္စဟာ နှစ်နိုင်ငံလုံးအတွက် အရေးကြီး ကြောင်း၊ သက်ဆိုင်ရာနယ်ပယ်ကဏ္ဍတွေနဲ့ပတ်သက်ပြီး တိုက်ရိုက်ဆက်သွယ်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်ချက်တွေကို ရင်ဆိုင်ပြီး အတူတကွအလုပ်လုပ်ဖို့ ယဲလင်းက သူတို့နဲ့ ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။”

“ကျွန်တော်တို့ဆက်ဆံ‌ရေးကို တာဝန်သိသိ စီမံခန့်ခွဲဖို့”တဲ့။ အသုံးအနှုန်းက ကြားရတာ ယဉ်ကျေးသိမ်မွေ့လှပါတယ်။ အတွင်းသဘောကတော့ တရုတ်ကဝယ်ယူထားတဲ့ အမေရိကန် အာမခံ အကြွေးစာချုပ်တွေကို ပုံအောထုတ်ရောင်းလိုက်ရင် အမေရိကန်ကိုသာမက တကမ္ဘာလုံးကို ထိခိုက်လာ နိုင်ခြေရှိတဲ့ စီးပွားရေးကပ်ဆိုက်မှုမျိုးကို ရှောင်ရှားဖို့ သတိပေးလိုပုံရပါတယ်။

ယဲလင်းရဲ့ခရီးစဉ်က အဓိကရည်မှန်းချက်နှစ်ချက်ရှိပါတယ်။ တစ်ခုက တရုတ်နဲ့ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်အောင်လုပ်ဖို့အတွက် တရုတ်အစိုးရအရာရှိတွေနဲ့တွေ့ဆုံမယ်။ တရုတ်မှာ စီးပွားရေး လုပ်နေတဲ့ အမေရိကန် ကုမ္ပဏီတွေနဲ့ စကားပြောမယ်။ အခြေခံအားဖြင့်တော့ ယိုယွင်းနေတာ ကြာပြီဖြစ်တဲ့ ကိစ္စတွေကို ပြုပြင်ဖို့ပါ။ ဒါပေမဲ့ မျှော်လင့်ချက်အများကြီး မရှိပါ။ ဒါကြောင့် ပိုပြီးဆိုးဝါးမလာစေဖို့‌လောက်သာဘဲ မျှော်လင့်နိုင်ပါတယ်။

ဒုတိယ ဆွေးနွေးဖို့ ရည်ရွယ်ထားတဲ့အချက်က တစ်ကမ္ဘာလုံးအရေးဖြစ်တဲ့ ရာသီဥတု ဖေါက်ပြန်ပြောင်းလဲမှု ကိစ္စနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အကြွေးသက်သာခွင့်တွေ ရရှိဖို့ကိစ္စဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းဘဲ တရုတ်ပြည်က ခါးပတ်လမ်းစီမံကိန်းတွေအဖြစ် ဖွံ့ဖြိုးဆဲနိုင်ငံ အတော်များ များကို ငွေချေးပေးပြီး အခြေခံအဆောက်အအုံတွေကို တည်ဆောက်ပေးနေပါတယ်။ ဒီအထဲက တချို့နိုင်ငံတွေဟာ သူတို့ယူထားတဲ့ အကြွေးတွေ မဆပ်နိုင်တဲ့အခါ သူတို့အပေါ် နိုင်ငံရေးအရ ဖိအားတွေ၊ စိုးရိမ်ပူပန်မှုတွေဖြစ်လာပါတယ်။ ဒါကို အမေရိကန်က အခွင့်ကောင်းယူပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီက မျက်နှာကောင်းရဖို့အတွက် အကြွေးသက်သာခွင့်အတွက် တရုတ်နဲ့ ဆွေးနွေးမယ်လို့ ပြောနေတာပါ။

ဒါဖြင့် အမေရိကန်ရဲ့ တရုတ်အပေါ်ထားတဲ့ မဟာဗျူဟာအမြင်ကဘာပါလဲ။ တရုတ်ကို ထိန်းချုပ်ရေးလား။ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ရေးလား။ ဒါမှမဟုတ် နှစ်ခုစလုံးကို နည်းနည်းစီ လုပ်မှာလား။ ဆိုလိုတာက ကိုယ်အကျိုးရှိတဲ့ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ပြီး ကိုယ်အကျိုးထိခိုက်မဲ့ ကဏ္ဍတွေမှာ ထိန်းချုပ်တာလုပ်မှာလား။
တခြားတဖက်မှာလည်း စစ်အေးတိုက်ပွဲလို့ပြောနေကြတာရှိတယ်။ အမေရိကန်ဟာ တရုတ်ကို တန်ပြန်ဖို့ အင်ဒို-ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေးလို အုပ်စုကို သူ့ရဲ့ပါတနာတွေနဲ့ ဖွဲ့စည်းတာမျိုး၊ တရုတ် တိုးတက်မှုကို ထိန်းချုပ်ဖို့ ကမ္ဘာ့ချစ်ပြား စျေးကွက်မှာ ပူးပေါင်းဆောင်ရွက်တာမျိုးလုပ်နေပါတယ်။ လုပ်နေတာတွေအားလုံးက ပီကင်းကို ထိန်းချုပ်ဖို့နဲ့ ဝိုင်းပထားဖို့ပါဘဲ။

သူလျှိုလုပ်တယ်စွပ်စွဲတာတွေ၊ ကုန်သွယ်‌ရေး အငြင်းပွားမှုတွေ၊ ထိုက်ဝမ်ပြဿနာတွေ စတာတွေက လည်း ဆက်တိုက်ပေါ်လာနေပါတယ်။

တခြားတဖက်မှာတော့ တရုတ်နဲ့ အမေရိကန်တို့ရဲ့ စီးပွားရေးက အလွန်ကို အပြန်အလှန် အမှီသဟဲပြုနေရတာပါ။ တကယ်လို့ တွဲဖြုတ်မယ်ဆိုရင် မကောင်းတဲ့သက်ရောက်မှုတွေက ကျယ်ကျယ် ပြန့်ပြန့်ကို ဖြစ်လာမှာပါ။

CIA အကြီးအကဲ William Burns ပြောခဲ့သလိုပဲ အမေရိကန်က တရုတ်နဲ့ တွဲဖြုတ်မယ်ဆိုတာ မိုက်မဲတာဘဲတဲ့။ ဘာလို့ သူဒီလိုပြောသလဲဆိုတာ ကိန်းဂဏန်းတွေကို ကြည့်လိုက်ရင် သဘောပေါက် ပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်က တရုတ်-အမေရိကန်ကုန်သွယ်‌‌ရေးဟာ ၆၉ဝ ဘီလျံဒေါ်လာနဲ့ စံချိန်တင်ခဲ့ပါတယ်။ တရုတ်ဆီက အမေရိကန်ရဲ့ သွင်းကုန်တန်ဖိုး စုစုပေါင်းက ၅၆၄ ဘီလျံဒေါ်လာဖိုးရှိပါတယ်။ နှစ်နိုင်ငံရဲ့ စျေးကွက်က နီးနီးကပ်ကပ် ဆက်စပ် နေတာပါ။ တရုတ်နိုင်ငံဟာ အမေရိကန် အာမခံစာချုပ်တွေ ( အကြွေးစာချုပ်) တွေ ဒုတိယအများဆုံး ကိုင်ထားတဲ့ နိုင်ငံပါ။ စုစုပေါင်း ၈၅၉ ဘီလျံဒေါ်လာဖိုးရှိပါတယ်။ အဲဒီအကြွေးစာချုပ်တွေ ရုတ်တရက်သွန်ထုတ်ရောင်းချလိုက်ရင် အမေရိကန်စီးပွားရေးက ဗရုတ်သုက္ခတွေဖြစ်ပေါ်လာမှာဖြစ်သလို အမေရိကန်က အကြွေးတွေပြန် မဆပ်နိုင်ဘဲ ကတိပျက်ရင်လည်း တရုတ်က ဒုက္ခရောက်မှာပါ။ ဒါကြောင့် ဘယ်လို တွဲဖြုတ်မှုမျိုးကိုလုပ်သည် ဖြစ်စေ၊ ပီကင်းကိုရော၊ ဝါရှင်တန်ကိုပါ အကျိုးယုတ်စေမှာသေချာပါတယ်။ နှစ်နိုင်ငံလုံးက ဒီကိစ္စကို သိကြပါတယ်။

အမေရိကန်နဲ့ တရုတ်အကြားက ဒီစစ်အေးတိုက်ပွဲက ဆိုဗီယက်ယူနီယံနဲ့ အမေရိကန်တို့ အကြားဖြစ်ခဲ့တဲ့ စစ်အေးတိုက်ပွဲနဲ့ မတူနိုင်ပါဘူး။ အခုစစ်အေးဖြစ်တဲ့ နှစ်နိုင်ငံက စီးပွားရေးအရ အပြန်အလှန် လိမ်ယှက်နေပြီး ငွေကြေးတန်ဖိုးအမြောက်အများနဲ့ တိုင်းပြည်ရဲ့ အကျိုးစီးပွားတွေ လောင်းကြေးထပ်ထားရမှုတွေ ရှိပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံရေးသမားတွေအနေနဲ့ ရွေးကောက်ပွဲ အနိုင်ရဖို့အတွက် မဲဆန္ဒရှင်တွေအကြိုက် တရုတ်ကိုပုတ်ခတ်ပြောဆိုတာတွေ ကျယ်ကျယ်လောင်လောင်ရှိနေနိုင်ပေမဲ့ တကယ့်စီးပွားရေးကိစ္စတွေ ဆောင်ရွက်ရာမှာတော့ တာဝန်မဲ့ လက်လွတ်စပယ် လုပ်လို့မရပါဘူး။ ဒါကြောင့် အခြေအနေတွေကလည်း ချက်ခြင်းကြီး အပြောင်းအလဲ ဖြစ်မလာနိုင်ပါ။ ဒါကြောင့် ယဲလင်းအနေနဲ့ တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားရုံသာရှိပါတယ်။

ကိုးကား- What is America's China Strategy: Counter or Contain? | Vantage with Palki Sharma
- Biden labels Chinese President Xi a dictator
- Yelin visits China to discuss “responsible” management of relations

zawgyi version
မီးစတစ္ဖက္ ေရမႈတ္တစ္ဖက္ - အေမရိကန္ရဲ႕ တ႐ုတ္ေရးရာဗ်ဴဟာ (ဘာသာျပန္ေဆာင္းပါး)
ေမာင္သံလြင္ (NP News) - ဇူလိုင္ ၆
အေမရိကန္ ဘ႑ာေရးဝန္ႀကီး ယဲ့လင္ မၾကာခင္တ႐ုတ္ႏိုင္ငံ ပီကင္းကိုသြားပါေတာ့မယ္။ ဇူလိုင္ ၆ ရက္ကေန ၉ ရက္အထိၾကာျမင့္မယ့္ အလည္အပတ္ခရီးစဥ္ပါ။ ရည္႐ြယ္ခ်က္ကေတာ့ ပ်က္ျပားေနတဲ့ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ျပင္ဆင္ဖို႔ျဖစ္ပါတယ္။ ယဲလင္းက ဒီလိုႀကိဳးစားတဲ့ ပထမဆုံး အေမရိကန္ ထိပ္တန္းအရာရွိႀကီးေတာ့ မဟုတ္ပါဘူး။ လြန္ခဲ့တဲ့လက ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ဘလင္ကန္က (၅)ႏွစ္အတြင္း အျမင့္ဆုံး အေမရိကန္ ထိပ္တန္း အရာရွိတစ္ေယာက္အျဖစ္ တ႐ုတ္ကို (၂)ရက္ၾကာ (ဇြန္လ ၁၈ ရက္ - ၁၉ ရက္) သြားေရာက္လည္ပတ္ခဲ့ၿပီးပါၿပီ။ ရည္႐ြယ္ခ်က္ကလည္း ႏွစ္ႏိုင္ငံအၾကား ေအးစက္စက္ျဖစ္ေနတဲ့ ဆက္ဆံေရးကို ေႏြးေႏြးေထြးေထြးျဖစ္ေစဖို႔ ႀကိဳးစားတဲ့ အေနနဲ႔ပါ။ ဒါေပမယ့္ လည္း ဘလင္ကန္ ပီကင္းက ျပန္လာၿပီးေနာက္တစ္ရက္မွာဘဲ သမၼတ ဘိုင္ဒန္က သမၼတ ရွီကို အာဏာရွင္လို႔ ရည္ၫႊန္းေျပာဆိုလိုက္တဲ့အတြက္ ႏွစ္ႏိုင္ငံအၾကား အဖုအထစ္ျဖစ္ခဲ့ရျပန္ပါတယ္။ ဒါေၾကာင့္ အေမရိကန္ရဲ႕ တ႐ုတ္အေပၚထားတဲ့ မဟာဗ်ဴဟာ မူဝါဒဟာ ဘယ္လိုလည္း ေတြးစရာျဖစ္လာပါတယ္။ တစ္ဖက္မွာ ႏိုင္ငံျခားေရးဝန္ႀကီးကို ေစလႊတ္ၿပီး ႏွစ္ႏိုင္ငံဆက္ဆံေရး တိုးတက္ေကာင္းမြန္ေအာင္ ေဆြးေႏြးလို႔ တိုးတက္မႈတစ္စုံတစ္ရာ ရေနတဲ့တၿပိဳင္နက္မွာ ဘိုင္ဒန္ကိုယ္တိုင္က ရွီကို အာဏာရွင္လို႔ ရည္ၫႊန္းေျပာဆိုလိုက္တာဟာ ဆန႔္က်င္ဘက္ျဖစ္ေနပါတယ္။ လူထုကိုအသိေပးတဲ့ ေျပာဆိုခ်က္နဲ႔ လက္ေတြ႕ႏိုင္ငံေရးေဆာင္႐ြက္မႈရဲ႕ အၾကားမွာ ကြာဟေနတာေတြ႕ရပါတယ္။

ယခုအခါ ကမာၻ႔ စီးပြားေရးအႀကီးဆုံး ႏိုင္ငံႀကီးႏွစ္ခုအၾကားမွာ စီးပြားေရးအရ တစ္ႏိုင္ငံက တစ္ႏိုင္ငံ ကို အျပန္အလွန္ လိုအပ္ေနသလို ဆိုးဝါးတဲ့ဆက္ဆံေရးေထာင္ေခ်ာက္ထဲမွာလည္း ပိတ္မိေနပါတယ္။ အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနရဲ႕ ဒီထုတ္ျပန္ေၾကညာခ်က္ကိုၾကည့္ပါ။ မၾကာခင္ပီကင္းကို သြားေရာက္လည္ပတ္မယ့္ ဘ႑ာေရးဝန္ႀကီး ယဲလင္း ခရီးစဥ္နဲ႔ပတ္သက္ၿပီးေျပာထားတာပါ။

“ကြၽန္ေတာ္တို႔ ဆက္ဆံေရးကို တာဝန္သိသိ စီမံခန႔္ခြဲဖို႔ ကိစၥဟာ ႏွစ္ႏိုင္ငံလုံးအတြက္ အေရးႀကီး ေၾကာင္း၊ သက္ဆိုင္ရာနယ္ပယ္က႑ေတြနဲ႔ပတ္သက္ၿပီး တိုက္႐ိုက္ဆက္သြယ္ဖို႔နဲ႔ ကမာၻလုံးဆိုင္ရာ စိန္ေခၚခ်က္ေတြကို ရင္ဆိုင္ၿပီး အတူတကြအလုပ္လုပ္ဖို႔ ယဲလင္းက သူတို႔နဲ႔ ေဆြးေႏြးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။”

“ကြၽန္ေတာ္တို႔ဆက္ဆံ‌ေရးကို တာဝန္သိသိ စီမံခန႔္ခြဲဖို႔”တဲ့။ အသုံးအႏႈန္းက ၾကားရတာ ယဥ္ေက်းသိမ္ေမြ႕လွပါတယ္။ အတြင္းသေဘာကေတာ့ တ႐ုတ္ကဝယ္ယူထားတဲ့ အေမရိကန္ အာမခံ အေႂကြးစာခ်ဳပ္ေတြကို ပုံေအာထုတ္ေရာင္းလိုက္ရင္ အေမရိကန္ကိုသာမက တကမာၻလုံးကို ထိခိုက္လာ ႏိုင္ေျခရွိတဲ့ စီးပြားေရးကပ္ဆိုက္မႈမ်ိဳးကို ေရွာင္ရွားဖို႔ သတိေပးလိုပုံရပါတယ္။

ယဲလင္းရဲ႕ခရီးစဥ္က အဓိကရည္မွန္းခ်က္ႏွစ္ခ်က္ရွိပါတယ္။ တစ္ခုက တ႐ုတ္နဲ႔ဆက္ဆံေရး တည္ၿငိမ္ေကာင္းမြန္ေအာင္လုပ္ဖို႔အတြက္ တ႐ုတ္အစိုးရအရာရွိေတြနဲ႔ေတြ႕ဆုံမယ္။ တ႐ုတ္မွာ စီးပြားေရး လုပ္ေနတဲ့ အေမရိကန္ ကုမၸဏီေတြနဲ႔ စကားေျပာမယ္။ အေျခခံအားျဖင့္ေတာ့ ယိုယြင္းေနတာ ၾကာၿပီျဖစ္တဲ့ ကိစၥေတြကို ျပဳျပင္ဖို႔ပါ။ ဒါေပမဲ့ ေမွ်ာ္လင့္ခ်က္အမ်ားႀကီး မရွိပါ။ ဒါေၾကာင့္ ပိုၿပီးဆိုးဝါးမလာေစဖို႔‌ေလာက္သာဘဲ ေမွ်ာ္လင့္ႏိုင္ပါတယ္။

ဒုတိယ ေဆြးေႏြးဖို႔ ရည္႐ြယ္ထားတဲ့အခ်က္က တစ္ကမာၻလုံးအေရးျဖစ္တဲ့ ရာသီဥတု ေဖါက္ျပန္ေျပာင္းလဲမႈ ကိစၥနဲ႔ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြအတြက္ အေႂကြးသက္သာခြင့္ေတြ ရရွိဖို႔ကိစၥျဖစ္ပါတယ္။ အားလုံးသိၾကတဲ့အတိုင္းဘဲ တ႐ုတ္ျပည္က ခါးပတ္လမ္းစီမံကိန္းေတြအျဖစ္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံ အေတာ္မ်ား မ်ားကို ေငြေခ်းေပးၿပီး အေျခခံအေဆာက္အအုံေတြကို တည္ေဆာက္ေပးေနပါတယ္။ ဒီအထဲက တခ်ိဳ႕ႏိုင္ငံေတြဟာ သူတို႔ယူထားတဲ့ အေႂကြးေတြ မဆပ္ႏိုင္တဲ့အခါ သူတို႔အေပၚ ႏိုင္ငံေရးအရ ဖိအားေတြ၊ စိုးရိမ္ပူပန္မႈေတြျဖစ္လာပါတယ္။ ဒါကို အေမရိကန္က အခြင့္ေကာင္းယူၿပီး ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြဆီက မ်က္ႏွာေကာင္းရဖို႔အတြက္ အေႂကြးသက္သာခြင့္အတြက္ တ႐ုတ္နဲ႔ ေဆြးေႏြးမယ္လို႔ ေျပာေနတာပါ။

ဒါျဖင့္ အေမရိကန္ရဲ႕ တ႐ုတ္အေပၚထားတဲ့ မဟာဗ်ဴဟာအျမင္ကဘာပါလဲ။ တ႐ုတ္ကို ထိန္းခ်ဳပ္ေရးလား။ တ႐ုတ္နဲ႔ ပူးေပါင္းေဆာင္႐ြက္ေရးလား။ ဒါမွမဟုတ္ ႏွစ္ခုစလုံးကို နည္းနည္းစီ လုပ္မွာလား။ ဆိုလိုတာက ကိုယ္အက်ိဳးရွိတဲ့က႑မွာ ပူးေပါင္းေဆာင္႐ြက္ၿပီး ကိုယ္အက်ိဳးထိခိုက္မဲ့ က႑ေတြမွာ ထိန္းခ်ဳပ္တာလုပ္မွာလား။
တျခားတဖက္မွာလည္း စစ္ေအးတိုက္ပြဲလို႔ေျပာေနၾကတာရွိတယ္။ အေမရိကန္ဟာ တ႐ုတ္ကို တန္ျပန္ဖို႔ အင္ဒို-ပစိဖိတ္ပူးေပါင္းေဆာင္႐ြက္ေရးလို အုပ္စုကို သူ႔ရဲ႕ပါတနာေတြနဲ႔ ဖြဲ႕စည္းတာမ်ိဳး၊ တ႐ုတ္ တိုးတက္မႈကို ထိန္းခ်ဳပ္ဖို႔ ကမာၻ႔ခ်စ္ျပား ေစ်းကြက္မွာ ပူးေပါင္းေဆာင္႐ြက္တာမ်ိဳးလုပ္ေနပါတယ္။ လုပ္ေနတာေတြအားလုံးက ပီကင္းကို ထိန္းခ်ဳပ္ဖို႔နဲ႔ ဝိုင္းပထားဖို႔ပါဘဲ။

သူလွ်ိဳလုပ္တယ္စြပ္စြဲတာေတြ၊ ကုန္သြယ္‌ေရး အျငင္းပြားမႈေတြ၊ ထိုက္ဝမ္ျပႆနာေတြ စတာေတြက လည္း ဆက္တိုက္ေပၚလာေနပါတယ္။

တျခားတဖက္မွာေတာ့ တ႐ုတ္နဲ႔ အေမရိကန္တို႔ရဲ႕ စီးပြားေရးက အလြန္ကို အျပန္အလွန္ အမွီသဟဲျပဳေနရတာပါ။ တကယ္လို႔ တြဲျဖဳတ္မယ္ဆိုရင္ မေကာင္းတဲ့သက္ေရာက္မႈေတြက က်ယ္က်ယ္ ျပန႔္ျပန႔္ကို ျဖစ္လာမွာပါ။

CIA အႀကီးအကဲ William Burns ေျပာခဲ့သလိုပဲ အေမရိကန္က တ႐ုတ္နဲ႔ တြဲျဖဳတ္မယ္ဆိုတာ မိုက္မဲတာဘဲတဲ့။ ဘာလို႔ သူဒီလိုေျပာသလဲဆိုတာ ကိန္းဂဏန္းေတြကို ၾကည့္လိုက္ရင္ သေဘာေပါက္ ပါလိမ့္မယ္။ ၿပီးခဲ့တဲ့ႏွစ္က တ႐ုတ္-အေမရိကန္ကုန္သြယ္‌‌ေရးဟာ ၆၉ဝ ဘီလ်ံေဒၚလာနဲ႔ စံခ်ိန္တင္ခဲ့ပါတယ္။ တ႐ုတ္ဆီက အေမရိကန္ရဲ႕ သြင္းကုန္တန္ဖိုး စုစုေပါင္းက ၅၆၄ ဘီလ်ံေဒၚလာဖိုးရွိပါတယ္။ ႏွစ္ႏိုင္ငံရဲ႕ ေစ်းကြက္က နီးနီးကပ္ကပ္ ဆက္စပ္ ေနတာပါ။ တ႐ုတ္ႏိုင္ငံဟာ အေမရိကန္ အာမခံစာခ်ဳပ္ေတြ ( အေႂကြးစာခ်ဳပ္) ေတြ ဒုတိယအမ်ားဆုံး ကိုင္ထားတဲ့ ႏိုင္ငံပါ။ စုစုေပါင္း ၈၅၉ ဘီလ်ံေဒၚလာဖိုးရွိပါတယ္။ အဲဒီအေႂကြးစာခ်ဳပ္ေတြ ႐ုတ္တရက္သြန္ထုတ္ေရာင္းခ်လိုက္ရင္ အေမရိကန္စီးပြားေရးက ဗ႐ုတ္သုကၡေတြျဖစ္ေပၚလာမွာျဖစ္သလို အေမရိကန္က အေႂကြးေတြျပန္ မဆပ္ႏိုင္ဘဲ ကတိပ်က္ရင္လည္း တ႐ုတ္က ဒုကၡေရာက္မွာပါ။ ဒါေၾကာင့္ ဘယ္လို တြဲျဖဳတ္မႈမ်ိဳးကိုလုပ္သည္ ျဖစ္ေစ၊ ပီကင္းကိုေရာ၊ ဝါရွင္တန္ကိုပါ အက်ိဳးယုတ္ေစမွာေသခ်ာပါတယ္။ ႏွစ္ႏိုင္ငံလုံးက ဒီကိစၥကို သိၾကပါတယ္။

အေမရိကန္နဲ႔ တ႐ုတ္အၾကားက ဒီစစ္ေအးတိုက္ပြဲက ဆိုဗီယက္ယူနီယံနဲ႔ အေမရိကန္တို႔ အၾကားျဖစ္ခဲ့တဲ့ စစ္ေအးတိုက္ပြဲနဲ႔ မတူႏိုင္ပါဘူး။ အခုစစ္ေအးျဖစ္တဲ့ ႏွစ္ႏိုင္ငံက စီးပြားေရးအရ အျပန္အလွန္ လိမ္ယွက္ေနၿပီး ေငြေၾကးတန္ဖိုးအေျမာက္အမ်ားနဲ႔ တိုင္းျပည္ရဲ႕ အက်ိဳးစီးပြားေတြ ေလာင္းေၾကးထပ္ထားရမႈေတြ ရွိပါတယ္။ ဒါေၾကာင့္ အေမရိကန္ႏိုင္ငံေရးသမားေတြအေနနဲ႔ ေ႐ြးေကာက္ပြဲ အႏိုင္ရဖို႔အတြက္ မဲဆႏၵရွင္ေတြအႀကိဳက္ တ႐ုတ္ကိုပုတ္ခတ္ေျပာဆိုတာေတြ က်ယ္က်ယ္ေလာင္ေလာင္ရွိေနႏိုင္ေပမဲ့ တကယ့္စီးပြားေရးကိစၥေတြ ေဆာင္႐ြက္ရာမွာေတာ့ တာဝန္မဲ့ လက္လြတ္စပယ္ လုပ္လို႔မရပါဘူး။ ဒါေၾကာင့္ အေျခအေနေတြကလည္း ခ်က္ျခင္းႀကီး အေျပာင္းအလဲ ျဖစ္မလာႏိုင္ပါ။ ဒါေၾကာင့္ ယဲလင္းအေနနဲ႔ တတ္ႏိုင္သေလာက္ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစား႐ုံသာရွိပါတယ္။

ကိုးကား- What is America's China Strategy: Counter or Contain? | Vantage with Palki Sharma
- Biden labels Chinese President Xi a dictator
- Yelin visits China to discuss “responsible” management of relations

Related news

© 2021. All rights reserved.