ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများအား ပြုပြင်ထိန်းသိမ်းရာ၌ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

693

ယွန်း (NP News) - ဇူလိုင် ၇
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သည့် ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများအား ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ရာ၌ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နေပြည်တော်ရှိ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားစာကြည့်တိုက် ဝန်ဇင်းမင်းရာဇာခန်းမတွင် ဇူလိုင်လ(၆)ရက်က ကျင်းပခဲ့သော အစည်းအဝေး၌ အထက်ပါကဲ့ ပြောကြားခဲ့ခြင်းဖြစ် သည်။
ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် ထိုက်တန်စွာရရှိထားသော ဒေသဖြစ်ပြီး နိုင်ငံတကာက အထူးစိတ်ဝင်စားသော ယဥ်ကျေးမှုနယ်မြေဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားခဲ့သည်။
ထို့ကြောင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာလက်ခံအသုံးပြုနေသည့် ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာရမည့် စည်းမျဥ်းများနှင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် ပြည်တွင်း၊ ပြည်ပရှိ ပညာရှင်များနှင့် ဖွဲ့စည်းထားသော နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေး ကော်မတီ၏အကြံပြုချက်များကိုလည်း လိုက်နာသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ(၂၄)ရက်က လှုတ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံဒေသရှိ စေတီပုထိုးများအနက် (၃၈၉)ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ပျက်စီးခဲ့သည့် စေတီပုထိုးများအား ပြုပြင်ထိန်းသိမ်းရေးများ ဆောင်ရွက်ခဲ့ရာ စေတီပုထိုး(၃၈၉)ဆူအနက် တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ (၉)နှစ်စီမံကိန်းဖြင့် ပြင်ဆင်ရန် စီမံနေသည့် သဗ္ဗညုဘုရားကြီးမှလွဲ၍ ကျန်ဘုရားအားလုံးကို ပထမအဆင့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပြီးဖြစ်ရာ ရာနှုန်းပြည့်နီးပါးပြီးစီးပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ပြောကြားခဲ့သည်။
ထို့ပြင် စီမံကိန်းဆောင်ရွက်ခဲ့သည့် လေးနှစ်တာကာလအတွင်း ငလျင်ကြောင့်ထိခိုက်ခဲ့သည့် ဘုရားစေတီပုထိုးများသာမက သဘာဝဘေးကြောင့် ပြုပြင်ရန်လိုအပ်နေသည့် နောက်ထပ်ဘုရားအဆူ(၁၁ဝ)ကိုလည်း ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ စုစုပေါင်း ဘုရား(၄၉၉)ဆူ ထိန်းသိမ်းပြုပြင်ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် မေလက တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုး (၄၅)ဆူ အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး သုံးဆူပြုပြင်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ ထပ်မံဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက်ပါ ကြိုတင်မျှော်မှန်းပြီး နှစ်အလိုက် အဆင့်ဆင့် ကြိုတင်ကာကွယ်ထိန်းသိမ်းသွားရန် ပြည် တွင်း၊ ပြည်ပမှပညာရှင်များ၏ နည်းပညာအကူအညီများနှင့် အကြံဉာဏ်များကို ရယူခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

zawgyi version
ပုဂံေဒသရွိ ေရွးေဟာင္းအေဆာက္အအုံမ်ားအား ျပဳျပင္ထိန္းသိမ္းရာ၌ ႏိုင္ငံတကာစံခ်ိန္စံၫႊန္းမ်ားႏွင့္အညီေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီး တိုက္တြန္း
ယြန္း (NP News) - ဇူလိုင္ ၇
ကမာၻ႔အေမြအႏွစ္စာရင္းဝင္ျဖစ္သည့္ ပုဂံေဒသရွိ ေရွးေဟာင္းအေဆာက္အအုံမ်ားအား ျပဳျပင္ထိန္းသိမ္းေရးေဆာင္႐ြက္ရာ၌ ႏိုင္ငံတကာ စံခ်ိန္စံၫႊန္းမ်ားႏွင့္အညီ ေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာၾကားခဲ့သည္။
ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက ေနျပည္ေတာ္ရွိ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ အမ်ိဳးသားစာၾကည့္တိုက္ ဝန္ဇင္းမင္းရာဇာခန္းမတြင္ ဇူလိုင္လ(၆)ရက္က က်င္းပခဲ့ေသာ အစည္းအေဝး၌ အထက္ပါကဲ့ ေျပာၾကားခဲ့ျခင္းျဖစ္ သည္။
ပုဂံေဒသသည္ ကမာၻ႔အေမြအႏွစ္စာရင္းဝင္ေဒသအျဖစ္ ထိုက္တန္စြာရရွိထားေသာ ေဒသျဖစ္ၿပီး ႏိုင္ငံတကာက အထူးစိတ္ဝင္စားေသာ ယဥ္ေက်းမႈနယ္ေျမျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးက ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ ေရွးေဟာင္းအေဆာက္အအုံမ်ား ျပဳျပင္ထိန္းသိမ္းေရး ေဆာင္႐ြက္ရာတြင္ ႏိုင္ငံတကာလက္ခံအသုံးျပဳေနသည့္ ထိန္းသိမ္းေရးဆိုင္ရာ လိုက္နာရမည့္ စည္းမ်ဥ္းမ်ားႏွင့္ ႏိုင္ငံတကာ စံခ်ိန္စံၫႊန္းမ်ားႏွင့္အညီ ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာၾကားခဲ့သည္။
ထို႔ျပင္ ျပည္တြင္း၊ ျပည္ပရွိ ပညာရွင္မ်ားႏွင့္ ဖြဲ႕စည္းထားေသာ ႏိုင္ငံတကာ ပူးေပါင္းေဆာင္ ႐ြက္ေရး ေကာ္မတီ၏အႀကံျပဳခ်က္မ်ားကိုလည္း လိုက္နာသင့္ေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ ၂ဝ၁၆ ခုႏွစ္၊ ၾသဂုတ္လ(၂၄)ရက္က လႈတ္ခတ္ခဲ့သည့္ ငလ်င္ေၾကာင့္ ပုဂံေဒသရွိ ေစတီပုထိုးမ်ားအနက္ (၃၈၉)ဆူ ထိခိုက္ပ်က္စီးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ပ်က္စီးခဲ့သည့္ ေစတီပုထိုးမ်ားအား ျပဳျပင္ထိန္းသိမ္းေရးမ်ား ေဆာင္႐ြက္ခဲ့ရာ ေစတီပုထိုး(၃၈၉)ဆူအနက္ တ႐ုတ္ႏိုင္ငံႏွင့္ ပူးေပါင္း၍ (၉)ႏွစ္စီမံကိန္းျဖင့္ ျပင္ဆင္ရန္ စီမံေနသည့္ သဗၺညဳဘုရားႀကီးမွလြဲ၍ က်န္ဘုရားအားလုံးကို ပထမအဆင့္ ျပဳျပင္ထိန္းသိမ္းမႈမ်ား ေဆာင္႐ြက္ၿပီးျဖစ္ရာ ရာႏႈန္းျပည့္နီးပါးၿပီးစီးၿပီးျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ေျပာၾကားခဲ့သည္။
ထို႔ျပင္ စီမံကိန္းေဆာင္႐ြက္ခဲ့သည့္ ေလးႏွစ္တာကာလအတြင္း ငလ်င္ေၾကာင့္ထိခိုက္ခဲ့သည့္ ဘုရားေစတီပုထိုးမ်ားသာမက သဘာဝေဘးေၾကာင့္ ျပဳျပင္ရန္လိုအပ္ေနသည့္ ေနာက္ထပ္ဘုရားအဆူ(၁၁ဝ)ကိုလည္း ေဆာင္႐ြက္ၿပီးစီးခဲ့ေၾကာင္း သိရသည္။
သို႔ျဖစ္၍ စုစုေပါင္း ဘုရား(၄၉၉)ဆူ ထိန္းသိမ္းျပဳျပင္ၿပီးျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ ေမလက တိုက္ခတ္ခဲ့သည့္ မိုခါမုန္တိုင္းေၾကာင့္ ပုဂံေဒသရွိ ေရွးေဟာင္းေစတီပုထိုး (၄၅)ဆူ အနည္းငယ္ထိခိုက္ပ်က္စီးခဲ့ၿပီး သုံးဆူျပဳျပင္ၿပီးစီးခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္ရာ၌ ထပ္မံျဖစ္ေပၚလာႏိုင္သည့္ သဘာဝေဘးအႏၲရာယ္မ်ားအတြက္ပါ ႀကိဳတင္ေမွ်ာ္မွန္းၿပီး ႏွစ္အလိုက္ အဆင့္ဆင့္ ႀကိဳတင္ကာကြယ္ထိန္းသိမ္းသြားရန္ ျပည္ တြင္း၊ ျပည္ပမွပညာရွင္မ်ား၏ နည္းပညာအကူအညီမ်ားႏွင့္ အႀကံဉာဏ္မ်ားကို ရယူခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။