တရုတ်စစ်တပ်၏ စစ်ရေးနှင့် တိုက်ခိုက်ရေးစွမ်းရည်များကို ပိုမိုအဆင့်မြှင့်ရန် တရုတ်သမ္မတ တိုက်တွန်းတောင်းဆို

 520

Pika (NP News) - ဇူလိုင် ၇

တရုတ်သမ္မတရှီကျင့်ဖျင်သည် ထိုင်ဝမ်ရေလက်ကြားတွင် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ရန် တာဝန်ယူထားသော အရှေ့ပိုင်းတိုင်းကွပ်ကဲမှုစစ်ဌာနချုပ်တပ်ဖွဲ့များနှင့်တွေ့ဆုံပြီးနောက် မည်သည့်စစ်ပွဲကို မဆိုအနိုင်ရရှိရန်အတွက် တိုက်ခိုက်ရေးစွမ်းရည်များကို ပိုမိုမြှင့်တင်ရန် တရုတ်စစ်တပ်ကို တောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကိုကာကွယ်ရာတွင် တရုတ်စစ်တပ်၏ သိသာထင်ရှားသော ပံ့ပိုးကူညီမှုများကို ရှီကျင့်ဖျင်က ချီးကျူးပြောဆိုခဲ့ပြီး ဖြစ်ပေါ်လာနိုင်ချေရှိသော အန္တရာယ်များနှင့်ပတ်သက်ပြီး သတိထားကြရန် တိုက်တွန်းတောင်းဆိုခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်က "စစ်ပွဲတိုင်းကို အနိုင်ရရှိဖို့အတွက် စစ်ပွဲနဲ့ တိုက်ခိုက်ရေးဆိုင်ရာစွမ်းရည်တွေကို မြှင့်တင်ဖို့၊ ကွပ်ကဲမှုစနစ်တွေကို အဆင့်မြှင့်တင်ဖို့နဲ့ လေ့ကျင့်မှုတွေကို အာရုံစိုက်ဖို့ လိုအပ်ပါတယ်" ဟု ပြောဆိုခဲ့ သည်။

အရှေ့ပိုင်းတိုင်းကွပ်ကဲမှုစစ်ဌာနချုပ်သည် အရှေ့တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားတို့ကို အဓိက အာရုံစိုက် ထားပြီး ပဋိပက္ခများမြင့်တက်နေချိန်တွင် ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ရန် တာဝန် ပေးအပ်ခြင်းခံထားရကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်တွင် ထိုင်ဝမ်သမ္မတဆိုင်အမ်ဝမ် နှင့် အမေရိကန်အကြီးတန်းအရာရှိများ တွေ့ဆုံပြီးနောက် တရုတ်စစ်တပ်၏ အရှေ့ပိုင်းတိုင်းကွပ်ကဲမှုစစ်ဌာနချုပ်သည် ထိုင်ဝမ်အနီးတစ်ဝိုက်ရှိရေပြင် နှင့် လေပိုင်နက်တို့တွင် စစ်ရေးလေ့ကျင့်မှုအများအပြားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်ကျွန်းသို့ လာရောက်လည်ပတ်ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်စစ်တပ်သည် ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများကို ပိုမိုတိုးမြင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ လုံခြုံရေးအခြေအနေမှာ မတည်ငြိမ်သည့်အတွက် စစ်ရေးနှင့်တိုက်ခိုက်ရေးစွမ်းရည်များကို ပိုမို အဆင့်မြှင့်တင်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က သတိပေးပြောဆိုခဲ့သည်။ တရုတ်တစ်ပြည်တည်းမူဝါဒအရ ထိုင်ဝမ်သည် တရုတ်၏အချုပ်အခြာအာဏာပိုင်ဖြစ်ပြီး ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းနိုင်ရန်အတွက် ကြိုးပမ်းမည်ဖြစ်သော်လည်း လိုအပ်မည်ဆိုပါက အင်အားသုံးဖြေရှင်းသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ပြီးခဲ့သည့်နှစ်တွင် ပြောဆိုခဲ့သည်။

Zawgyi Version;
တ႐ုတ္စစ္တပ္၏ စစ္ေရးႏွင့္ တိုက္ခိုက္ေရးစြမ္းရည္မ်ားကို ပိုမိုအဆင့္ျမႇင့္ရန္ တ႐ုတ္သမၼတ တိုက္တြန္းေတာင္းဆို
Pika (NP News) - ဇူလိုင္ ၇

တ႐ုတ္သမၼတရွီက်င့္ဖ်င္သည္ ထိုင္ဝမ္ေရလက္ၾကားတြင္ စစ္ေရးေလ့က်င့္မႈမ်ား လုပ္ေဆာင္ရန္ တာဝန္ယူထားေသာ အေရွ႕ပိုင္းတိုင္းကြပ္ကဲမႈစစ္ဌာနခ်ဳပ္တပ္ဖြဲ႕မ်ားႏွင့္ေတြ႕ဆုံၿပီးေနာက္ မည္သည့္စစ္ပြဲကို မဆိုအႏိုင္ရရွိရန္အတြက္ တိုက္ခိုက္ေရးစြမ္းရည္မ်ားကို ပိုမိုျမႇင့္တင္ရန္ တ႐ုတ္စစ္တပ္ကို ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ တ႐ုတ္ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကိုကာကြယ္ရာတြင္ တ႐ုတ္စစ္တပ္၏ သိသာထင္ရွားေသာ ပံ့ပိုးကူညီမႈမ်ားကို ရွီက်င့္ဖ်င္က ခ်ီးက်ဴးေျပာဆိုခဲ့ၿပီး ျဖစ္ေပၚလာႏိုင္ေခ်ရွိေသာ အႏၲရာယ္မ်ားႏွင့္ပတ္သက္ၿပီး သတိထားၾကရန္ တိုက္တြန္းေတာင္းဆိုခဲ့သည္။

တ႐ုတ္သမၼတရွီက်င့္ဖ်င္က "စစ္ပြဲတိုင္းကို အႏိုင္ရရွိဖို႔အတြက္ စစ္ပြဲနဲ႔ တိုက္ခိုက္ေရးဆိုင္ရာစြမ္းရည္ေတြကို ျမႇင့္တင္ဖို႔၊ ကြပ္ကဲမႈစနစ္ေတြကို အဆင့္ျမႇင့္တင္ဖို႔နဲ႔ ေလ့က်င့္မႈေတြကို အာ႐ုံစိုက္ဖို႔ လိုအပ္ပါတယ္" ဟု ေျပာဆိုခဲ့ သည္။

အေရွ႕ပိုင္းတိုင္းကြပ္ကဲမႈစစ္ဌာနခ်ဳပ္သည္ အေရွ႕တ႐ုတ္ပင္လယ္ႏွင့္ ထိုင္ဝမ္ေရလက္ၾကားတို႔ကို အဓိက အာ႐ုံစိုက္ ထားၿပီး ပဋိပကၡမ်ားျမင့္တက္ေနခ်ိန္တြင္ ထိုင္ဝမ္ေရလက္ၾကားမွာ စစ္ေရးေလ့က်င့္မႈမ်ား လုပ္ေဆာင္ရန္ တာဝန္ ေပးအပ္ျခင္းခံထားရေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ႏွစ္တြင္ ထိုင္ဝမ္သမၼတဆိုင္အမ္ဝမ္ ႏွင့္ အေမရိကန္အႀကီးတန္းအရာရွိမ်ား ေတြ႕ဆုံၿပီးေနာက္ တ႐ုတ္စစ္တပ္၏ အေရွ႕ပိုင္းတိုင္းကြပ္ကဲမႈစစ္ဌာနခ်ဳပ္သည္ ထိုင္ဝမ္အနီးတစ္ဝိုက္ရွိေရျပင္ ႏွင့္ ေလပိုင္နက္တို႔တြင္ စစ္ေရးေလ့က်င့္မႈအမ်ားအျပားကို ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ ၿပီးခဲ့သည့္ႏွစ္ ဩဂုတ္လတြင္ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပလိုစီ ထိုင္ဝမ္ကြၽန္းသို႔ လာေရာက္လည္ပတ္ျခင္းကို လက္တုံ႔ျပန္သည့္အေနျဖင့္ တ႐ုတ္စစ္တပ္သည္ ကြၽန္းအနီးတြင္ စစ္ေရးေလ့က်င့္မႈမ်ားကို ပိုမိုတိုးျမင့္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံ၏ လုံၿခဳံေရးအေျခအေနမွာ မတည္ၿငိမ္သည့္အတြက္ စစ္ေရးႏွင့္တိုက္ခိုက္ေရးစြမ္းရည္မ်ားကို ပိုမို အဆင့္ျမႇင့္တင္ရမည္ျဖစ္ေၾကာင္း ရွီက်င့္ဖ်င္က သတိေပးေျပာဆိုခဲ့သည္။ တ႐ုတ္တစ္ျပည္တည္းမူဝါဒအရ ထိုင္ဝမ္သည္ တ႐ုတ္၏အခ်ဳပ္အျခာအာဏာပိုင္ျဖစ္ၿပီး ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းႏိုင္ရန္အတြက္ ႀကိဳးပမ္းမည္ျဖစ္ေသာ္လည္း လိုအပ္မည္ဆိုပါက အင္အားသုံးေျဖရွင္းသြားမည္ျဖစ္ေၾကာင္း တ႐ုတ္သမၼတရွီက်င့္ဖ်င္က ၿပီးခဲ့သည့္ႏွစ္တြင္ ေျပာဆိုခဲ့သည္။

Picture

My Mine

07/07/2023 21:32

တရုတ်ပူးပေါင်းသင့်ပါတယ်....လူအို.ဘဝ မဆိုးဘူးနော်...

Picture

My Mine

07/07/2023 21:34

လာအိုနိုင်ငံပြောတာ...ဝါဒနဲ့ ဓန ဘာသာနဲ့လူမျိူး..ဂရုစိုက်ကြပါ သတ္တိရှိကြပါ။ဦးနေဝင်းက...သက်သက် ဘီလိမ်လုပ်တာလို့ပဲ မြင်မိပါတယ်....

Related news

© 2021. All rights reserved.