အဆိုတော်လီလီနိုင်ကျော်အား သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံထားရသူ(၂)ဦး လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ထွက်ပြေးစဉ် ပစ်ခတ်ခံရကာ သေဆုံး

9609

NP News - ဇူလိုင် ၉
အဆိုတော်လီလီနိုင်ကျော်အား သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံထားရသူ(၂)ဦး လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ထွက်ပြေးစဉ် ပစ်ခတ်ခံရကာ သေဆုံးသွားခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့(ဇူလိုင်လ ၉ ရက်)တွင် အထက်ပါကဲ့သို့ မီဒီယာများကို အသိပေးပြောဆိုထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေလ ၃ဝ ရက်၊ ညနေပိုင်းတွင် သရုပ်ဆောင်အဆိုတော် လီလီနိုင်ကျော်အား ၎င်းနေထိုင်သည့် ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ PDF အဖွဲ့ဝင် ကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့် ကျော်သူရ(ခ)အီးတီတို့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ခဲ့ဖူး သည်။
ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့ကို ပြီးခဲ့သော ဇွန်လ ၄ ရက်တွင် ရန်ကုန်မြို့အတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိထားသော ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်း၌ လက်နက်/ခဲယမ်းများ သိုဝှက်ထားရှိကြောင်း သိရှိရသည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာများကို ပြောဆိုထားသည်။
ထို့ကြောင့် ဇူလိုင်လ ၆ ရက် နေ့လည် ၁၁ နာရီအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကောင်းဇာနည်ဟိန်း၊ ကျော်သူရတို့ (၂)ဦးကို ခေါ်ဆောင်ကာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ မောင်းမကန်လမ်းဘေးရှိ ခြံပုတ်အတွင်း၌ သိုဝှက်ထားသော လက်နက်နှင့်ခဲယမ်းများကို ရှာဖွေခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသည်။
၎င်းကဲ့သို့ ရှာဖွေစဉ် ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွန်းထိုးတိုက်ခိုက်ထွက်ပြေးခဲ့သဖြင့် ရပ်တန့်ရန် အော်ဟစ်ပြောဆိုသော်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း နစကမှ မီဒီယာများကို ပြောဆိုထားသည်။
ထိုသို့ ရှာဖွေခဲ့သော ခြုံပတ်အတွင်းမှ သိုဝှက်ထားသည့် FGC-9 သေနတ်(၁)လက်၊ ကျည်အိမ် (၁)ခု၊ ၉မမကျည် (၉) တောင့်၊ လက်ပစ်ဗုံး (၂)လုံးတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်းလည်း နစကမှ ဆိုထားသည်။
အဆိုတော်လီလီနိုင်ကျော်အား သတ်ဖြတ်ခဲ့သော ကောင်းဇာနည်ဟိန်း၏ မိခင်ဖြစ်သူနှင့် အစ်မဖြစ်သူတို့သည်လည်း ပြီးခဲ့သော ဇွန်လ ၆ ရက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

zawgyi version
အဆိုေတာ္လီလီႏိုင္ေက်ာ္အား သတ္ျဖတ္မႈျဖင့္ ဖမ္းဆီးခံထားရသူ(၂)ဦး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကို တိုက္ခိုက္ထြက္ေျပးစဥ္ ပစ္ခတ္ခံရကာ ေသဆုံး
NP News - ဇူလိုင္ ၉
အဆိုေတာ္လီလီႏိုင္ေက်ာ္အား သတ္ျဖတ္မႈျဖင့္ ဖမ္းဆီးခံထားရသူ(၂)ဦး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကို တိုက္ခိုက္ထြက္ေျပးစဥ္ ပစ္ခတ္ခံရကာ ေသဆုံးသြားခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။
နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕က ယေန႔(ဇူလိုင္လ ၉ ရက္)တြင္ အထက္ပါကဲ့သို႔ မီဒီယာမ်ားကို အသိေပးေျပာဆိုထားျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ေမလ ၃ဝ ရက္၊ ညေနပိုင္းတြင္ သ႐ုပ္ေဆာင္အဆိုေတာ္ လီလီႏိုင္ေက်ာ္အား ၎ေနထိုင္သည့္ ရန္ကုန္တိုင္း၊ ရန္ကင္းၿမိဳ႕နယ္၊ အမွတ္(၂)ရပ္ကြက္၌ PDF အဖြဲ႕ဝင္ ေကာင္းဇာနည္ဟိန္း(ခ)လျပည့္ႏွင့္ ေက်ာ္သူရ(ခ)အီးတီတို႔က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ခဲ့ဖူး သည္။
ေကာင္းဇာနည္ဟိန္းႏွင့္ ေက်ာ္သူရတို႔ကို ၿပီးခဲ့ေသာ ဇြန္လ ၄ ရက္တြင္ ရန္ကုန္ၿမိဳ႕အတြင္း၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဖမ္းဆီးရမိထားေသာ ေကာင္းဇာနည္ဟိန္းႏွင့္ ေက်ာ္သူရတို႔၏ ထြက္ဆိုခ်က္အရ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း)ၿမိဳ႕နယ္အတြင္း၌ လက္နက္/ခဲယမ္းမ်ား သိုဝွက္ထားရွိေၾကာင္း သိရွိရသည္ဟု နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က မီဒီယာမ်ားကို ေျပာဆိုထားသည္။
ထို႔ေၾကာင့္ ဇူလိုင္လ ၆ ရက္ ေန႔လည္ ၁၁ နာရီအခ်ိန္ခန႔္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ ေကာင္းဇာနည္ဟိန္း၊ ေက်ာ္သူရတို႔ (၂)ဦးကို ေခၚေဆာင္ကာ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ (၂၉)ရပ္ကြက္၊ ေမာင္းမကန္လမ္းေဘးရွိ ၿခံပုတ္အတြင္း၌ သိုဝွက္ထားေသာ လက္နက္ႏွင့္ခဲယမ္းမ်ားကို ရွာေဖြခဲ့ေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က ေျပာသည္။
၎ကဲ့သို႔ ရွာေဖြစဥ္ ေကာင္းဇာနည္ဟိန္းႏွင့္ ေက်ာ္သူရတို႔သည္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား တြန္းထိုးတိုက္ခိုက္ထြက္ေျပးခဲ့သျဖင့္ ရပ္တန႔္ရန္ ေအာ္ဟစ္ေျပာဆိုေသာ္လည္း ရပ္တန႔္ျခင္းမရွိဘဲ ဆက္လက္ထြက္ေျပးသျဖင့္ ေျခာက္လွန႔္ပစ္ခတ္ဖမ္းဆီးခဲ့ရာ ရရွိခဲ့ေသာ ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ေၾကာင္း နစကမွ မီဒီယာမ်ားကို ေျပာဆိုထားသည္။
ထိုသို႔ ရွာေဖြခဲ့ေသာ ၿခဳံပတ္အတြင္းမွ သိုဝွက္ထားသည့္ FGC-9 ေသနတ္(၁)လက္၊ က်ည္အိမ္ (၁)ခု၊ ၉မမက်ည္ (၉) ေတာင့္၊ လက္ပစ္ဗုံး (၂)လုံးတို႔ကို ရွာေဖြသိမ္းဆည္းရမိခဲ့ေၾကာင္းလည္း နစကမွ ဆိုထားသည္။
အဆိုေတာ္လီလီႏိုင္ေက်ာ္အား သတ္ျဖတ္ခဲ့ေသာ ေကာင္းဇာနည္ဟိန္း၏ မိခင္ျဖစ္သူႏွင့္ အစ္မျဖစ္သူတို႔သည္လည္း ၿပီးခဲ့ေသာ ဇြန္လ ၆ ရက္တြင္ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ျခင္းကို ခံခဲ့ရသည္။