၂ဝ၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ၂ဂိုး၊ ၁ဂိုး ဖြင့် အနိုင်ရရှိ

 2404

သန့်ဇင် (NP News) - ဇူလိုင် ၉

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲအဖွင့်ပွဲစဉ်တွင် မြန်မာအမျိုးသမီး ယူ-၁၉ အသင်းမှ ဖိလစ်ပိုင်အမျိုးသမီး ယူ-၁၉ အသင်းကိုအနိုင်ရရှိခဲ့ကြောင်း သိရသည်။

အုပ်စု(ဂ)တွင် ကျရောက်ခဲ့သော မြန်မာအမျိုးသမီး ယူ-၁၉ အသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီး ယူ-၁၉ အသင်းတို့သည် ယမန်နေ့ (ဇူလိုင်လ ၈ ရက်) ည ၇နာရီအချိန်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ပလန်ဘန်းမြို့ရှိ Jakabaring Athletic Field အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ယူ-၁၉ အသင်းမှ ၂ ဂိုး- ၁ ဂိုး ဆိုသောရလဒ်ဖြင့် ဖိလစ်ပိုင်အမျိုးသမီး ယူ-၁၉ အသင်းကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်အသင်းသည် ပထမပိုင်း မိနစ် ၄ဝ တွင် ဦးဆောင်ဂိုး စတင်ရရှိခဲ့သော်လည်း မြန်မာအသင်းက ဒုတိယပိုင်းအချိန်တွင် ဇင်မိုးပြည့်၊ ယဉ်လွန်းအိမ်တို့၏ သွင်းဂိုးများဖြင့်ပြန်လည် အနိုင်ယူခဲ့ခြင်းဖြစ် သည်။

မြန်မာအမျိုးသမီး ယူ-၁၉ အသင်းတွင် ဂိုးသမား-ဖီးဗေ၊ နောက်တန်း၌ မေသက်မွန်၊ ခင်ဌေးကြည်၊ ယုယုနိုင်၊ ကြယ်စင်၊ အလယ်တန်းတွင် ဖြူဖြူဝင်း၊ ဝေဖူးအိမ်၊ ဝေဟင်ဖြိုး၊ ယွန်းဝတီလှိုင်၊ ရှေ့တန်းတွင် ယဉ်လွန်းအိမ်၊ ဇင်မိုးပြည့်တို့ပါဝင်လာခဲ့ကြသည်ကို တွေ့ရသည်။

ထို့နောက် လူစားဝင်ကစားသများဖြစ်သည့် ဟေမန်စိုး၊ ရွှန်းလဲ့နိုင်၊ သိင်္ဂီထွေး၊ သဲအိမွန်သောင်းတို့ကလည်း ပါဝင်အားဖြည့်ကစားခဲ့ခြင်းဖြစ်သည်။

မြန်မားအမျိုးသမီး ယူ-၁၉ အသင်းသည် လာမည့် ဇူလိုင်လ ၁ဝ ရက် ည ၇ နာရီအချိန်တွင် ထိုင်းအမျိုးသမီး ယူ-၁၉ အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
၂ဝ၂၃ အာဆီယံ အမ်ိဳးသမီး ယူ-၁၉ ၿပိဳင္ပြဲတြင္ ျမန္မာအသင္းက ဖိလစ္ပိုင္အသင္းကို ၂ဂိုး၊ ၁ဂိုး ျဖင့္ အႏိုင္ရရွိ

သန႔္ဇင္ (NP News) - ဇူလိုင္ ၉

အင္ဒိုနီးရွားႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပသည့္ ၂ဝ၂၃ အာဆီယံ အမ်ိဳးသမီး ယူ-၁၉ ၿပိဳင္ပြဲအဖြင့္ပြဲစဥ္တြင္ ျမန္မာအမ်ိဳးသမီး ယူ-၁၉ အသင္းမွ ဖိလစ္ပိုင္အမ်ိဳးသမီး ယူ-၁၉ အသင္းကိုအႏိုင္ရရွိခဲ့ေၾကာင္း သိရသည္။

အုပ္စု(ဂ)တြင္ က်ေရာက္ခဲ့ေသာ ျမန္မာအမ်ိဳးသမီး ယူ-၁၉ အသင္းႏွင့္ ဖိလစ္ပိုင္အမ်ိဳးသမီး ယူ-၁၉ အသင္းတို႔သည္ ယမန္ေန႔ (ဇူလိုင္လ ၈ ရက္) ည ၇နာရီအခ်ိန္တြင္ အင္ဒိုနီးရွားႏိုင္ငံ၊ ပလန္ဘန္းၿမိဳ႕ရွိ Jakabaring Athletic Field အားကစားကြင္း၌ ယွဥ္ၿပိဳင္ကစားခဲ့ျခင္းျဖစ္သည္။

အဆိုပါၿပိဳင္ပြဲတြင္ ျမန္မာအမ်ိဳးသမီး ယူ-၁၉ အသင္းမွ ၂ ဂိုး- ၁ ဂိုး ဆိုေသာရလဒ္ျဖင့္ ဖိလစ္ပိုင္အမ်ိဳးသမီး ယူ-၁၉ အသင္းကို အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။

ဖိလစ္ပိုင္အသင္းသည္ ပထမပိုင္း မိနစ္ ၄ဝ တြင္ ဦးေဆာင္ဂိုး စတင္ရရွိခဲ့ေသာ္လည္း ျမန္မာအသင္းက ဒုတိယပိုင္းအခ်ိန္တြင္ ဇင္မိုးျပည့္၊ ယဥ္လြန္းအိမ္တို႔၏ သြင္းဂိုးမ်ားျဖင့္ျပန္လည္ အႏိုင္ယူခဲ့ျခင္းျဖစ္ သည္။

ျမန္မာအမ်ိဳးသမီး ယူ-၁၉ အသင္းတြင္ ဂိုးသမား-ဖီးေဗ၊ ေနာက္တန္း၌ ေမသက္မြန္၊ ခင္ေဌးၾကည္၊ ယုယုႏိုင္၊ ၾကယ္စင္၊ အလယ္တန္းတြင္ ျဖဴျဖဴဝင္း၊ ေဝဖူးအိမ္၊ ေဝဟင္ၿဖိဳး၊ ယြန္းဝတီလႈိင္၊ ေရွ႕တန္းတြင္ ယဥ္လြန္းအိမ္၊ ဇင္မိုးျပည့္တို႔ပါဝင္လာခဲ့ၾကသည္ကို ေတြ႕ရသည္။

ထို႔ေနာက္ လူစားဝင္ကစားသမ်ားျဖစ္သည့္ ေဟမန္စိုး၊ ႐ႊန္းလဲ့ႏိုင္၊ သိဂႌေထြး၊ သဲအိမြန္ေသာင္းတို႔ကလည္း ပါဝင္အားျဖည့္ကစားခဲ့ျခင္းျဖစ္သည္။

ျမန္မားအမ်ိဳးသမီး ယူ-၁၉ အသင္းသည္ လာမည့္ ဇူလိုင္လ ၁ဝ ရက္ ည ၇ နာရီအခ်ိန္တြင္ ထိုင္းအမ်ိဳးသမီး ယူ-၁၉ အသင္းႏွင့္ ဆက္လက္ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ေၾကာင္း သိရသည္။

Picture

My Mine

09/07/2023 19:41

Good

Related news

© 2021. All rights reserved.