ဘားအံ-သထုံကားလမ်းပေါ်ရှိ တံတားတစ်စင်းကို အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲ

2566

NP News - ဇူလိုင် ၁ဝ
ကရင်ပြည်နယ်၊ ဘားအံ-သထုံကားလမ်းပေါ်ရှိ တံတားတစ်စင်းကို အကြမ်းဖက်အဖွဲ့က ယနေ့(ဇူလိုင်လ ၁ဝ ရက်)၊ နံနက် ၁ နာရီအချိန်ခန့်တွင် မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သတင်းရရှိသည်။
မိုင်းထောင်ဖောက်ခွဲခံခဲ့ရသည့်တံတားသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာအုပ်စု၊ ဂူဝကျေးရွာအနီး၊ ဘုရင့်ညီနောင်ဂူနှင့်ဝါးဘိုးတောလမ်းဆုံကြားရှိ တံတားအမှတ်(၁/၁၃)ဖြစ်ကြောင်း သိရသည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် တံတားအောက်ခြေတိုင်၊ တံတားကြမ်းခင်း နှင့် တံတားလက်ရမ်းများ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများက အသိပေးပြောဆိုထားသည်။
“တံတားဖောင်တွေ၊ လက်ရမ်းတွေ၊ အောက်ခြေတွေ ပျက်စီးသွားတာရှိတယ်။ တံတားကြမ်းခင်းတွေလည်း နည်းနည်းအက်ကွဲသွားတာရှိတယ်။ လောလောဆယ်တော့ သွားလို့လာလို့တော့ အဆင်ပြေသေးတယ်လို့ ပြောရမယ်။ ကားကြီးတွေရော၊ ကားလေးတွေရော အကုန်လုံး တံတားတစ်ခြမ်းကို ပေးသွားနေတာရှိပါတယ်” ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။
လက်ရှိအချိန်တွင် ၎င်းတံတားပေါ်မှ ကားကြီး၊ ကားလေးများ ဖြတ်သန်းသွားလာနေလျက်ရှိကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း၌ မြဝတီ-ဘားအံ-သထုံ-ရန်ကုန်ကားလမ်းပေါ်ရှိ တံတားအစင်းရေ(၃)စင်းထက်မနည်းသည် အကြမ်းဖက်သမားများ၏ မိုင်းခွဲဖျက်ဆီးခြင်းများကို ခံထားရသည်။
ထို့ပြင် တံတားများကို အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း လူသေဆုံးမှု နှင့် ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိနေသည်။

zawgyi version
ဘားအံ-သထုံကားလမ္းေပၚရွိ တံတားတစ္စင္းကို အၾကမ္းဖက္အဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲ
NP News - ဇူလိုင္ ၁ဝ
ကရင္ျပည္နယ္၊ ဘားအံ-သထုံကားလမ္းေပၚရွိ တံတားတစ္စင္းကို အၾကမ္းဖက္အဖြဲ႕က ယေန႔(ဇူလိုင္လ ၁ဝ ရက္)၊ နံနက္ ၁ နာရီအခ်ိန္ခန႔္တြင္ မိုင္းေထာင္ေဖာက္ခြဲခဲ့ေၾကာင္း သတင္းရရွိသည္။
မိုင္းေထာင္ေဖာက္ခြဲခံခဲ့ရသည့္တံတားသည္ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ ေနာင္က်န္ေက်း႐ြာအုပ္စု၊ ဂူဝေက်း႐ြာအနီး၊ ဘုရင့္ညီေနာင္ဂူႏွင့္ဝါးဘိုးေတာလမ္းဆုံၾကားရွိ တံတားအမွတ္(၁/၁၃)ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ မိုင္းေထာင္ေဖာက္ခြဲခံရမႈေၾကာင့္ တံတားေအာက္ေျခတိုင္၊ တံတားၾကမ္းခင္း ႏွင့္ တံတားလက္ရမ္းမ်ား ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း ေဒသခံမ်ားက အသိေပးေျပာဆိုထားသည္။
“တံတားေဖာင္ေတြ၊ လက္ရမ္းေတြ၊ ေအာက္ေျခေတြ ပ်က္စီးသြားတာရွိတယ္။ တံတားၾကမ္းခင္းေတြလည္း နည္းနည္းအက္ကြဲသြားတာရွိတယ္။ ေလာေလာဆယ္ေတာ့ သြားလို႔လာလို႔ေတာ့ အဆင္ေျပေသးတယ္လို႔ ေျပာရမယ္။ ကားႀကီးေတြေရာ၊ ကားေလးေတြေရာ အကုန္လုံး တံတားတစ္ျခမ္းကို ေပးသြားေနတာရွိပါတယ္” ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိအခ်ိန္တြင္ ၎တံတားေပၚမွ ကားႀကီး၊ ကားေလးမ်ား ျဖတ္သန္းသြားလာေနလ်က္ရွိေၾကာင္း သိရသည္။
ယခုရက္ပိုင္းအတြင္း၌ ျမဝတီ-ဘားအံ-သထုံ-ရန္ကုန္ကားလမ္းေပၚရွိ တံတားအစင္းေရ(၃)စင္းထက္မနည္းသည္ အၾကမ္းဖက္သမားမ်ား၏ မိုင္းခြဲဖ်က္ဆီးျခင္းမ်ားကို ခံထားရသည္။
ထို႔ျပင္ တံတားမ်ားကို အၾကမ္းဖက္သမားမ်ားက မိုင္းခြဲဖ်က္ဆီးမႈႏွင့္ ပစ္ခတ္တိုက္ခိုက္မႈျဖစ္စဥ္မ်ားအတြင္း လူေသဆုံးမႈ ႏွင့္ ထိခိုက္ဒဏ္ရာရရွိမႈမ်ားလည္း ရွိေနသည္။