ရန်ကုန် - မန္တလေးလမ်းဟောင်း၌ စိတ်မနှံ့သူဟုယူဆရသော အမျိုးသားတစ်ဦး ကားတိုက်ခံရ၍သေဆုံး

3246
သန့်ဇင် (NP News) - ဇူလိုင် ၁ဝ
မန္တလေးတိုင်း၊ ဇေယာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် စိတ်မနှံ့သူဟုယူဆရသော အမျိုး သားတစ်ဦး ကားဖြင့်တိုက်မိ၍ သေဆုံးသွားခဲ့ကြောင်း နေပြည်တော်ဂရုဏာရှင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိုင်လ ၉ရက်) ည ၈ နာရီခွဲအချိန်ခန့်တွင် ဇေယာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ စိမ်းစားပင်ကွေ့ သာယာစုကျေးရွာလမ်းထိပ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကားတိုက်ခံရတဲ့သူက စိတ်မနှံ့တာဗျ။ ပြီးတော့ဘယ်ကားတိုက်လို့တိုက်သွားမှန်းလဲမသိဘူး။ အသက်ခန့်မှန်းချေကတော့ (၃၅)နှစ် ဝန်းကျင်ရှိမယ်ဗျ” ဟု နေပြည်တော် ဂရုဏာရှင်လူမှုကူညီရေးပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါကားတိုက်ခံရမှုကြောင့် စိတ်မနှံ့သူအမျိုးသားတွင် ဦးခေါင်းတစ်ခြမ်းပွင့်ထွက်ကာ ခန္ဓာကိုယ် ပွန်းပဲ့ဒဏ်ရာများဖြင့်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါယာဉ်တိုက်မှုကြောင့် သေဆုံးသူအား ဂရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှကားဖြင့် နေပြည်တော်ကုတင်(၁ဝဝဝ)ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ - မႏၲေလးလမ္းေဟာင္း၌ စိတ္မႏွံ႔သူဟုယူဆရေသာ အမ်ိဳးသားတစ္ဦး ကားတိုက္ခံရ၍ေသဆုံး
သန႔္ဇင္ (NP News) - ဇူလိုင္ ၁ဝ
မႏၲေလးတိုင္း၊ ေဇယာသီရိၿမိဳ႕နယ္ ရန္ကုန္-မႏၲေလးလမ္းေဟာင္းတြင္ စိတ္မႏွံ႔သူဟုယူဆရေသာ အမ်ိဳး သားတစ္ဦး ကားျဖင့္တိုက္မိ၍ ေသဆုံးသြားခဲ့ေၾကာင္း ေနျပည္ေတာ္ဂ႐ုဏာရွင္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဇူလိုင္လ ၉ရက္) ည ၈ နာရီခြဲအခ်ိန္ခန႔္တြင္ ေဇယာသီရိၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးကားလမ္းေဟာင္း၊ စိမ္းစားပင္ေကြ႕ သာယာစုေက်း႐ြာလမ္းထိပ္တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“ကားတိုက္ခံရတဲ့သူက စိတ္မႏွံ႔တာဗ်။ ၿပီးေတာ့ဘယ္ကားတိုက္လို႔တိုက္သြားမွန္းလဲမသိဘူး။ အသက္ခန႔္မွန္းေခ်ကေတာ့ (၃၅)ႏွစ္ ဝန္းက်င္ရွိမယ္ဗ်” ဟု ေနျပည္ေတာ္ ဂ႐ုဏာရွင္လူမႈကူညီေရးပရဟိတ အသင္းမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါကားတိုက္ခံရမႈေၾကာင့္ စိတ္မႏွံ႔သူအမ်ိဳးသားတြင္ ဦးေခါင္းတစ္ျခမ္းပြင့္ထြက္ကာ ခႏၶာကိုယ္ ပြန္းပဲ့ဒဏ္ရာမ်ားျဖင့္ေနရာ၌ပင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အထက္ပါယာဥ္တိုက္မႈေၾကာင့္ ေသဆုံးသူအား ဂ႐ုဏာရွင္လူမႈကူညီေရးပရဟိတအသင္းမွကားျဖင့္ ေနျပည္ေတာ္ကုတင္(၁ဝဝဝ)ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။