ယူကရိန်းစစ်ပွဲမှာ နာမည်ကျော်လာတဲ့ Kinzhal ဒုံးကျည်ကို အရေအတွက် ပိုမိုတိုးမြှင်ထုတ်လုပ်သွားမယ်လို့ ရုရှားလက်နက်ကုမ္ပဏီ ပြော

 3652

ဂျန်ဇက် (NP News) - ဇူလိုင် ၁၁

ရုရှားနိုင်ငံအနေနဲ့ အသံထက်မြန်တဲ့ဒုံးကျည်အမျိုးအစားဖြစ်တဲ့ Kinzhal ဒုံးကျည်ကို ရုရှားစစ်တပ် လိုအပ်ချက် အတိုင်းဖြည့်တင်းပေးနိုင်ဖို့အရေအတွက် ပိုမိုထုတ်လုပ်သွားဖွယ်ရှိနေတယ်လို့ ရုရှား Rostec အမည်ရှိ စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းအကြီးအကဲက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဆိုပါ အသံထက်မြန်တဲ့ဒုံးကျည်များကို တိုက်လေယာဉ်များမှာ တပ်ဆင်ပြီး အသုံးပြုရာမှာ ထိရောက်မှုများစွာ ရှိနေရာ ဒုံးကျည်အရေအတွက်အများအပြား ထုတ်လုပ်သွားမယ်လို့ Rostec ရဲ့အုပ်ချုပ်မှူးဒါရိုက်တာတစ်ဦးဖြစ်တဲ့ Vladimir Artyakov ဗလာဒီဗာ အက်ယာကောဗ့်က ပြောပါတယ်။
၎င်းက "ကျွန်တော်တို့ဟာ အရင်တုန်းက Kinzhal ဒုံးကျည်ကို သုတေသလုပ်ဖို့ နဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေအပေါ်မူတည်ပြီး လိုအပ်ချက်အတိုင်းသာ ထုတ်လုပ်ခဲ့တယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အဲဒီ ဒုံးကျည်နဲ့ပတ်သက်ပြီး အများအပြားထုတ်လုပ်သွားမယ်။ စီးရီးလိုက် ထုတ်လုပ်သွားမယ်။ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ကလည်း ကျွန်တော်တို့ကို Kinzhal ဒုံးကျည်အရေအတွက်များများ နဲ့ အရည်အသွေးကောင်းမွန်တဲ့ ဒုံးကျည်တွေ ထုတ်လုပ်ပေးဖို့ တောင်းဆိုထားတယ်" လို့ ပြောပါတယ်။

Kinzhal ဒုံးကျည်ဟာ ယူကရိန်းစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့များ အဓိကအသုံးပြုနေတဲ့ဒုံးကျည်ဖြစ်ပြီး ခေတ်မီ လေကြောင်းရန်ကာကွယ်ရေးစနစ်များ ကြားဖြတ်ဟန့်တားနိုင်ခြင်းမရှိတဲ့ ဒုံးကျည်အမျိုးအစားဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဒုံးကျည်ကို ရုရှားနိုင်ငံထုတ် MiG-31 တိုက်လေယာဉ်များမှာ တပ်ဆင်အသုံးပြုနိုင်ပြီး တိုက်ပွဲ အတွင်း ပစ်မှတ်ကို မှန်ကန်တိကျစွာပစ်နိုင်စွမ်းရှိတဲ့ ဒုံးကျည်ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် Kinzhal ဒုံးကျည်ကို Iskander ground launcher အမျိုးအစား ဒုံးကျည်ပစ်စင်မှာ တပ်ဆင်အသုံးပြုနိုင် ကြောင်း စစ်ရေးကျွမ်းကျင်သူများက ယုံကြည်နေပါတယ်။ ယူကရိန်းအစိုးရကတော့ ၎င်းတို့အနေနဲ့ ရုရှားနိုင်ငံထုတ် Kinzhal ဒုံးကျည်ကို ပစ်ချနိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပေမယ့် အဲဒီပြောဆိုမှုတွေက ဝါဒဖြန့်ချိရေးသက်သက်သာ ဖြစ်တယ်လို့ Rostec ရဲ့ အုပ်ချုပ်မှူးဒါရိုက်တာက ပြောပါတယ်။

Zawgyi Version;
ယူကရိန္းစစ္ပြဲမွာ နာမည္ေက်ာ္လာတဲ့ Kinzhal ဒုံးက်ည္ကို အေရအတြက္ ပိုမိုတိုးျမႇင္ထုတ္လုပ္သြားမယ္လို႔ ႐ုရွား လက္နက္ကုမၸဏီ ေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၁

႐ုရွားႏိုင္ငံအေနနဲ႔ အသံထက္ျမန္တဲ့ဒုံးက်ည္အမ်ိဳးအစားျဖစ္တဲ့ Kinzhal ဒုံးက်ည္ကို ႐ုရွားစစ္တပ္ လိုအပ္ခ်က္ အတိုင္းျဖည့္တင္းေပးႏိုင္ဖို႔အေရအတြက္ ပိုမိုထုတ္လုပ္သြားဖြယ္ရွိေနတယ္လို႔ ႐ုရွား Rostec အမည္ရွိ စစ္လက္နက္ ပစၥည္းထုတ္လုပ္ေရးလုပ္ငန္းအႀကီးအကဲက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အဆိုပါ အသံထက္ျမန္တဲ့ဒုံးက်ည္မ်ားကို တိုက္ေလယာဥ္မ်ားမွာ တပ္ဆင္ၿပီး အသုံးျပဳရာမွာ ထိေရာက္မႈမ်ားစြာ ရွိေနရာ ဒုံးက်ည္အေရအတြက္အမ်ားအျပား ထုတ္လုပ္သြားမယ္လို႔ Rostec ရဲ႕အုပ္ခ်ဳပ္မႉးဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ Vladimir Artyakov ဗလာဒီဗာ အက္ယာေကာဗ့္က ေျပာပါတယ္။
၎က "ကြၽန္ေတာ္တို႔ဟာ အရင္တုန္းက Kinzhal ဒုံးက်ည္ကို သုေတသလုပ္ဖို႔ နဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈ အေျခအေနေတြအေပၚမူတည္ၿပီး လိုအပ္ခ်က္အတိုင္းသာ ထုတ္လုပ္ခဲ့တယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အဲဒီ ဒုံးက်ည္နဲ႔ပတ္သက္ၿပီး အမ်ားအျပားထုတ္လုပ္သြားမယ္။ စီးရီးလိုက္ ထုတ္လုပ္သြားမယ္။ ႐ုရွားကာကြယ္ေရး ဝန္ႀကီးဌာန ကလည္း ကြၽန္ေတာ္တို႔ကို Kinzhal ဒုံးက်ည္အေရအတြက္မ်ားမ်ား နဲ႔ အရည္အေသြးေကာင္းမြန္တဲ့ ဒုံးက်ည္ေတြ ထုတ္လုပ္ေပးဖို႔ ေတာင္းဆိုထားတယ္" လို႔ ေျပာပါတယ္။

Kinzhal ဒုံးက်ည္ဟာ ယူကရိန္းစစ္ပြဲအတြင္း ႐ုရွားတပ္ဖြဲ႕မ်ား အဓိကအသုံးျပဳေနတဲ့ဒုံးက်ည္ျဖစ္ၿပီး ေခတ္မီ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ား ၾကားျဖတ္ဟန႔္တားႏိုင္ျခင္းမရွိတဲ့ ဒုံးက်ည္အမ်ိဳးအစားျဖစ္ေၾကာင္း သိရပါတယ္။ အဆိုပါဒုံးက်ည္ကို ႐ုရွားႏိုင္ငံထုတ္ MiG-31 တိုက္ေလယာဥ္မ်ားမွာ တပ္ဆင္အသုံးျပဳႏိုင္ၿပီး တိုက္ပြဲ အတြင္း ပစ္မွတ္ကို မွန္ကန္တိက်စြာပစ္ႏိုင္စြမ္းရွိတဲ့ ဒုံးက်ည္ျဖစ္ေၾကာင္း သိရပါတယ္။

ဒါ့အျပင္ Kinzhal ဒုံးက်ည္ကို Iskander ground launcher အမ်ိဳးအစား ဒုံးက်ည္ပစ္စင္မွာ တပ္ဆင္အသုံးျပဳႏိုင္ ေၾကာင္း စစ္ေရးကြၽမ္းက်င္သူမ်ားက ယုံၾကည္ေနပါတယ္။ ယူကရိန္းအစိုးရကေတာ့ ၎တို႔အေနနဲ႔ ႐ုရွားႏိုင္ငံထုတ္ Kinzhal ဒုံးက်ည္ကို ပစ္ခ်ႏိုင္ခဲ့ေၾကာင္း ေျပာဆိုခဲ့ေပမယ့္ အဲဒီေျပာဆိုမႈေတြက ဝါဒျဖန႔္ခ်ိေရးသက္သက္သာျဖစ္တယ္လို႔ Rostec ရဲ႕ အုပ္ခ်ဳပ္မႉးဒါ႐ိုက္တာက ေျပာပါတယ္။

Related news

© 2021. All rights reserved.