ထိုင်းဝန်ကြီးချုပ်အသစ် ရွေးချယ်ရေးကိုအစီအစဉ်များအတိုင်း စတင်ပြီး ရှေ့သို့ချီပါတီခေါင်းဆောင် တစ်ဦးတည်းသာ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခံထားရဟုဆို

1530

ဂျန်ဇက် (NP News) - ဇူလိုင် ၁၃
ထိုင်းလွှတ်တော်ဟာ ဝန်ကြီးချုပ်အသစ်ရွေးချယ်ရေးကို စီစဉ်ထားတဲ့အတိုင်း ဇူလိုင် ၁၃ ရက်မှာ စတင် လုပ်ဆောင်ခဲ့ပြီး ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရသူဟာ ရှေ့သို့ချီ ပါတီခေါင်းဆောင် ပီတ လင်ဂျာရို အမ်ရက် တစ်ဦးတည်းသာရှိနေကြောင်း သိရပါတယ်။
ပီတလင်ဂျာရိုအမ်ရက်ဟာ ရွေးကောက်ပွဲကာလအတွင်း မီဒီယာလုပ်ငန်းမှာ ရှယ်ယာများပိုင်ဆိုင်တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့အရည်အချင်းပျက်ယွင်းသူအဖြစ် ဆုံးဖြတ်ခံရပြီးနောက် အဲဒီအမှု ကို ထပ်မံစစ်ဆေးဖို့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်ပို့ခံထားရကြောင်း သိရပါတယ်။
ဖြူထိုင်းပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Cholnan Srikaew ဟာ ရှေ့သို့ချီပါတီခေါင်းဆောင်ကို ဇူလိုင် ၁၃ ရက်မှာ ကျင်းပတဲ့ ထိုင်းလွှတ်တော်အတွင်း ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့ပြီး ပြိုင်ဘက်မရှိဘဲ ဖြစ်နေ ကြောင်း သိရပါတယ်။
ရှေ့သို့ချီပါတီခေါင်းဆောင်ပီတကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်နိုင်ဖို့ ၈ ပါတီညွန့်ပေါင်းဖွဲ့စည်းထားပြီး ၈ ပါတီ ညွန့်ပေါင်းအဖွဲ့ဟာ အောက်လွှတ်တော်မှာ ဆန္ဒမဲပေါင်း ၃၁၂ မဲရရှိထားကြောင်း သိရပါတယ်။ ဒါပေမယ့် ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရဖို့ လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ထောက်ခံမဲပေါင်း ၃၇၆ မဲရဖို့ လိုအပ်နေရာ ပီတဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ အထက်လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၆၄ ဦးရဲ့ ထောက်ခံမဲရဖို့ လိုအပ်နေကြောင်း သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့ နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို လွှတ်တော်အဆောက်အဦးနားမှာ ဖြန့်ကြတ်ချထားပြီး ဆန္ဒပြပွဲများဖြစ် လာရင် ကြိုတင်ဟန့်တားနိုင်ဖို့ ရည်ရွယ် ချထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းအထက်လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဝန်ကြီးချုပ်အဖြစ် ရေပန်းစားနေတဲ့ပီတ ကို ထောက်ခံမဲပေးဖို့ အလားလာနည်းနေရာ ပီတအနေနဲ့ ဝန်ကြီးချုပ်အသစ်ဖြစ်လာဖို့ခက်ခဲတဲ့ စိန်ခေါ်မှုများရှိနေပါတယ်။ ပီတဟာ ထိုင်းဝန်ကြီးချုပ်အသစ်ဖြစ်ဖို့ ထိုင်းအထက်လွှတ်တော်အမတ်များရဲ့ထောက်ခံမှုတွေကို အပြည့်အဝရယူနိုင်မှသာ ဝန်ကြီးချုပ်အသစ် ဖြစ်လာဖွယ်ရှိနေကြောင်း သိရပါတယ်။
ရှေ့သို့ချီပါတီကိုထောက်ခံသူများက ပီတကို ဝန်ကြီးချုပ်အသစ်ဖြစ်လာရေးအတွက် အထက်လွှတ်တော်အမတ်များကို တောင်းဆိုဆန္ဒပြပွဲများ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်အသစ် ရွေးချယ်ရေးအစီအစဉ်များကို ဇူလိုင် ၁၃ ရက်မှာ စတင်မှာဖြစ်ပြီး ဇူလိုင် ၁၃ ရက်ကနေ ဇူလိုင် ၂ဝ ရက်အထိ ကျင်းပသွားမှာဖြစ်ကြောင်း ဆိုပါတယ်။

Zawgyi Version;
ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ ေ႐ြးခ်ယ္ေရးကိုအစီအစဥ္မ်ားအတိုင္း စတင္ၿပီး ေရွ႕သို႔ခ်ီပါတီေခါင္းေဆာင္ တစ္ဦးတည္းသာ ဝန္ႀကီးခ်ဳပ္ေလာင္းအျဖစ္ အမည္စာရင္းတင္သြင္းခံထားရဟုဆို
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၃
ထိုင္းလႊတ္ေတာ္ဟာ ဝန္ႀကီးခ်ဳပ္အသစ္ေ႐ြးခ်ယ္ေရးကို စီစဥ္ထားတဲ့အတိုင္း ဇူလိုင္ ၁၃ ရက္မွာ စတင္ လုပ္ေဆာင္ခဲ့ၿပီး ဝန္ႀကီးခ်ဳပ္ေလာင္းအျဖစ္ အမည္စာရင္းတင္သြင္းခံရသူဟာ ေရွ႕သို႔ခ်ီ ပါတီေခါင္းေဆာင္ ပီတ လင္ဂ်ာ႐ို အမ္ရက္ တစ္ဦးတည္းသာရွိေနေၾကာင္း သိရပါတယ္။
ပီတလင္ဂ်ာ႐ိုအမ္ရက္ဟာ ေ႐ြးေကာက္ပြဲကာလအတြင္း မီဒီယာလုပ္ငန္းမွာ ရွယ္ယာမ်ားပိုင္ဆိုင္တယ္ဆိုတဲ့ စြပ္စြဲမႈနဲ႔ပတ္သက္ၿပီး ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕အရည္အခ်င္းပ်က္ယြင္းသူအျဖစ္ ဆုံးျဖတ္ခံရၿပီးေနာက္ အဲဒီအမႈ ကို ထပ္မံစစ္ေဆးဖို႔ ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးကို တင္ပို႔ခံထားရေၾကာင္း သိရပါတယ္။
ျဖဴထိုင္းပါတီေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ Cholnan Srikaew ဟာ ေရွ႕သို႔ခ်ီပါတီေခါင္းေဆာင္ကို ဇူလိုင္ ၁၃ ရက္မွာ က်င္းပတဲ့ ထိုင္းလႊတ္ေတာ္အတြင္း ဝန္ႀကီးခ်ဳပ္ေလာင္းအျဖစ္ အမည္စာရင္းတင္သြင္းခဲ့ၿပီး ၿပိဳင္ဘက္မရွိဘဲ ျဖစ္ေန ေၾကာင္း သိရပါတယ္။
ေရွ႕သို႔ခ်ီပါတီေခါင္းေဆာင္ပီတကို ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ႏိုင္ဖို႔ ၈ ပါတီၫြန႔္ေပါင္းဖြဲ႕စည္းထားၿပီး ၈ ပါတီ ၫြန႔္ေပါင္းအဖြဲ႕ဟာ ေအာက္လႊတ္ေတာ္မွာ ဆႏၵမဲေပါင္း ၃၁၂ မဲရရွိထားေၾကာင္း သိရပါတယ္။ ဒါေပမယ့္ ထိုင္း ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခံရဖို႔ လႊတ္ေတာ္ႏွစ္ရပ္ေပါင္းရဲ႕ေထာက္ခံမဲေပါင္း ၃၇၆ မဲရဖို႔ လိုအပ္ေနရာ ပီတဟာ ဝန္ႀကီးခ်ဳပ္ျဖစ္ဖို႔ အထက္လႊတ္ေတာ္ကိုယ္စားလွယ္ေပါင္း ၆၄ ဦးရဲ႕ ေထာက္ခံမဲရဖို႔ လိုအပ္ေနေၾကာင္း သိရပါတယ္။
ထိုင္းရဲတပ္ဖြဲ႕ နဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ေတြကို လႊတ္ေတာ္အေဆာက္အဦးနားမွာ ျဖန႔္ၾကတ္ခ်ထားၿပီး ဆႏၵျပပြဲမ်ားျဖစ္ လာရင္ ႀကိဳတင္ဟန႔္တားႏိုင္ဖို႔ ရည္႐ြယ္ ခ်ထားျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။
ထိုင္းအထက္လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ ေရပန္းစားေနတဲ့ပီတ ကို ေထာက္ခံမဲေပးဖို႔ အလားလာနည္းေနရာ ပီတအေနနဲ႔ ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္လာဖို႔ခက္ခဲတဲ့ စိန္ေခၚမႈမ်ားရွိေနပါတယ္။ ပီတဟာ ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ျဖစ္ဖို႔ ထိုင္းအထက္လႊတ္ေတာ္အမတ္မ်ားရဲ႕ေထာက္ခံမႈေတြကို အျပည့္အဝရယူႏိုင္မွသာ ဝန္ႀကီးခ်ဳပ္အသစ္ ျဖစ္လာဖြယ္ရွိေနေၾကာင္း သိရပါတယ္။
ေရွ႕သို႔ခ်ီပါတီကိုေထာက္ခံသူမ်ားက ပီတကို ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္လာေရးအတြက္ အထက္လႊတ္ေတာ္အမတ္မ်ားကို ေတာင္းဆိုဆႏၵျပပြဲမ်ား ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ျပဳလုပ္ခဲ့ပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ ေ႐ြးခ်ယ္ေရးအစီအစဥ္မ်ားကို ဇူလိုင္ ၁၃ ရက္မွာ စတင္မွာျဖစ္ၿပီး ဇူလိုင္ ၁၃ ရက္ကေန ဇူလိုင္ ၂ဝ ရက္အထိ က်င္းပသြားမွာျဖစ္ေၾကာင္း ဆိုပါတယ္။