လျှပ်စစ်ကား (EV) များကို ဘဏ်ချေးငွေဖြင့် အရစ်ကျဝယ်ယူနိုင်မည်

 2851

ပုံစာ - ပြည်တွင်းသို့ရောက်ရှိထားသည့် EV ကား အချို့အား တွေ့ရစဉ်

NP News - ဇူလိုင် ၁၅

လျှပ်စစ်ကား (EV) များကို ဘဏ်ချေးငွေဖြင့် အရစ်ကျဝယ်ယူနိုင်ရန် A ဘဏ်မှ ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ဝယ်ယူမှုအတွက် ကနဦး (၃၀)ရာခိုင်နူန်းပေးသွင်းရမည်ဖြစ်ပြီး Amazing Auto ကုမ္ပဏီမှတင်သွင်းသော လျှပ်စစ်ကား (EV)များကို အရစ်ကျဝယ်ယူနိုင်ကြောင်း သိရသည်။

လျှပ်စစ်ကား EV များကို အရစ်ကျချေးငွေဝန်ဆောင်မှုဖြင့် ရောင်းချရန် A bank ၊ A Insurance နှင့် Amazing Auto Co., Ltd တို့ ပူးပေါင်းလက်တွဲသည့် သဘောတူလက်မှတ်ရေးထိုးထားကြောင်းသိရသည်။

“ဝယ်ယူတဲ့ မည့်သည့်ကားအမျိုးအစားကိုမဆို လုံခြုံစိတ်ချရတဲ့ ကားအာမခံအကာအကွယ်များကို A Insurance မှ တစ်ပါတည်း ပေးအပ်သွားမယ်”ဟု Amazing Auto ကုမ္ပဏီပိုင်ရှင် ဦးကြည်သာဟန်က ပြောသည်။

အရစ်ကျစနစ်သည် သုံးနှစ်မှငါးနှစ်အထိ ဝယ်ယူသူစိတ်ကြိုက် ငွေပေးချေမှုပုံစံဖြင့် ရွေးချယ်နိုင်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇွန်လအထိ က.ည.န ၌ မှတ်ပုံတင်ထားသည့် လျှပ်စစ်သုံး ယာဉ်အမျိုးမျိုးသည် အစီးရေ (၃၂၀၀)ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

zawgyi version
လွ်ပ္စစ္ကား (EV) မ်ားကို ဘဏ္ေခ်းေငြျဖင့္ အရစ္က်ဝယ္ယူႏိုင္မည္

NP News - ဇူလိုင္ ၁၅

လွ်ပ္စစ္ကား (EV) မ်ားကို ဘဏ္ေခ်းေငြျဖင့္ အရစ္က်ဝယ္ယူႏိုင္ရန္ A ဘဏ္မွ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

အဆိုပါ ဝယ္ယူမႈအတြက္ ကနဦး (၃၀)ရာခိုင္ႏူန္းေပးသြင္းရမည္ျဖစ္ၿပီး Amazing Auto ကုမၸဏီမွတင္သြင္းေသာ လွ်ပ္စစ္ကား (EV)မ်ားကို အရစ္က်ဝယ္ယူႏိုင္ေၾကာင္း သိရသည္။

လွ်ပ္စစ္ကား EV မ်ားကို အရစ္က်ေခ်းေငြဝန္ေဆာင္မႈျဖင့္ ေရာင္းခ်ရန္ A bank ၊ A Insurance ႏွင့္ Amazing Auto Co., Ltd တို႔ ပူးေပါင္းလက္တြဲသည့္ သေဘာတူလက္မွတ္ေရးထိုးထားေၾကာင္းသိရသည္။

“ဝယ္ယူတဲ့ မည့္သည့္ကားအမ်ိဳးအစားကိုမဆို လုံၿခဳံစိတ္ခ်ရတဲ့ ကားအာမခံအကာအကြယ္မ်ားကို A Insurance မွ တစ္ပါတည္း ေပးအပ္သြားမယ္”ဟု Amazing Auto ကုမၸဏီပိုင္ရွင္ ဦးၾကည္သာဟန္က ေျပာသည္။

အရစ္က်စနစ္သည္ သုံးႏွစ္မွငါးႏွစ္အထိ ဝယ္ယူသူစိတ္ႀကိဳက္ ေငြေပးေခ်မႈပုံစံျဖင့္ ေ႐ြးခ်ယ္ႏိုင္ေၾကာင္း သိရသည္။

၂၀၂၃ ခုႏွစ္ ဇြန္လအထိ က.ည.န ၌ မွတ္ပုံတင္ထားသည့္ လွ်ပ္စစ္သုံး ယာဥ္အမ်ိဳးမ်ိဳးသည္ အစီးေရ (၃၂၀၀)ေက်ာ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.