ရေချို/ရေငန်ပုစွန်များ ဝယ်လိုအားကောင်းပြီး ဈေးမြင့်တက်နေ

370

ပြည့်ဖြိုး(NP News)ဩဂုတ်၂၁
ရန်ကုန်ရေထွက်ကုန်ပစ္စည်းဈေးကွက်တွင် ရေချို/ရေငန် ပုစွန်များဝယ်လိုအားများပြားပြီးဈေးနှုန်းအမြင့်တွင် ရပ်တည်နေကြောင်းကြည့်မြင်တိုင် စံပြငါးဈေးမှ သိရသည်။
အဆိုပါပုစွန်များဈေးအမြင့်ပိုင်းတွင်ရှိနေရခြင်းမှာ ရာသီဥတုပြောင်းလဲလာမှုကြောင့် ငါးဖမ်းရာသီစတင်ချိန် တစ်လကျော်အတွင်း အပြည့်အဝဖမ်း၍ မရခြင်း၊ ရေချိုမွေးကန်များတည်ရှိရာတွံတေး၊ ညောင်တုန်းဘောလယ်ကျွန်း၊ ခတ္တိယတို့ နှင့် ပဲခူးတိုင်းဒေသကြီးတို့ ရှိမွေးမြူရေးကန်များရေကြီးမှုနှင့် ကြုံရခြင်းစသည်တို့အပြင် ယခုနှစ်တွင် မွေးမြူမှုရပ်နားခြင်းနှင့် အကောင်ရေလျှော့ချ မွေး မြူခြင်းစသည်တို့ကြောင့် ဈေးကွက်အတွင်းရောင်းလိုအားထက် ဝယ်လိုအားများလျက်ရှိပြီးဈေးနှုန်းအမြင့်ပိုင်းတွင်ရှိနေရခြင်းဖြစ်ကြောင်း သိရသည်။
“ပင်လယ်ပြင်ရာသီဥတုပေါ်မူတည်ပြီးစက်လှေများများဝင်ရင် ဈေးကွက်ထဲကိုများများဖြန့်နိုင်ပါတယ်။ ပင်လယ် ပုစွန်အနေနဲ့တိုက်ဂါး၊ ဖလားဝါး၊ ဝှိုက်နဲ့ တရုတ်ကိုပို့တဲ့ ရွှေပုစွန် တွေဝင်တယ်။ ပင်လယ်ပုစွန်ဈေးကောင်းတာကပြည်ပပို့ကုန်များလို့ဖြစ်တယ်။ ဈေးနှုန်းသက်သာဖို့ဆိုရင်တော့ များများမွေးမြူထုတ်လုပ်ဖို့လိုပါတယ်။ သို့သော် လက်ရှိမှာတော့ ပုစွန်ဈေးကအမြင့်ဈေးမှာရှိနေပါတယ်” ဟု ကြည်မြင်တိုင်စံပြငါးဈေးမှ ရေထွက်ကုန်လုပ်ငန်းရှင် တစ်ဦးကပြောသည်။
လက်ရှိပြည်တွင်းဈေးကွက်တွင် ရေငန်ပုစွန်ဖြစ်သည့် တိုက်ဂါးပုစွန် တစ်ပိဿာလျှင် ငွေကျပ် (၄၅,၀၀၀) မှ (၅၅,၀၀၀) အထိရှိပြီး၊ ဖလားဝါးနှင့် ဝှိုက် ပုစွန် တစ်ပိဿာလျှင်ငွေကျပ် (၃၅,၀၀၀) မှ (၄၅,၀၀၀) ရှိကြောင်း၊ ရွှေပုစွန် တစ်ပိဿာလျှင် ငွေကျပ် (၂၃,၀၀၀) ဖြင့် ဒိုင်ဈေးရောင်းချနေ ကြောင်းသိရသည်။
အလားတူရေချိုပုစွန်ဖြစ်သည့် ဘော့ချိတ် တစ်ပိဿာလျှင် ငွေကျပ် (၃၅,၀၀၀) နှင့် ပုစွန်ကျား တစ်ပိဿာလျှင် ငွေကျပ် (၆၀,၀၀၀) ဖြင့် ဈေးကွက်အတွင်းရောင်းချလျက်ရှိကြောင်းသိရသည်။
လက်ရှိတွင်လည်းရန်ကုန်မြို့သို့ ရောက်ရှိလာသည့် ရေငန်ပုစွန်များကိုပြည်ပပို့ကုန်အဖြစ် အအေးခန်းစက်ရုံများသို့ တင်ပို့၍ရေချိုပုစွန် ဖြစ်သည့် ပုစွန်ကျားမှာလည်း ပြည်ပဈေးကွက်သို့တင်ပို့ကြောင်း၊ ပြည်တွင်းဈေးကွက်အတွင်း ဘော့ချိတ်ပုစွန်ကိုရောင်းချလျက်ရှိကြောင်းသိရသည်။

Zawgyi Version:
ေရခ်ိဳ/ေရငန္ပုစြန္မ်ား ဝယ္လိုအားေကာင္းၿပီး ေဈးျမင့္တက္ေန
ျပည့္ၿဖိဳး(NP News)ဩဂုတ္၂၁
ရန္ကုန္ေရထြက္ကုန္ပစၥည္းေဈးကြက္တြင္ ေရခ်ိဳ/ေရငန္ ပုစြန္မ်ားဝယ္လိုအားမ်ားျပားၿပီးေဈးႏႈန္းအျမင့္တြင္ ရပ္တည္ေနေၾကာင္းၾကည့္ျမင္တိုင္ စံျပငါးေဈးမွ သိရသည္။
အဆိုပါပုစြန္မ်ားေဈးအျမင့္ပိုင္းတြင္ရွိေနရျခင္းမွာ ရာသီဥတုေျပာင္းလဲလာမႈေၾကာင့္ ငါးဖမ္းရာသီစတင္ခ်ိန္ တစ္လေက်ာ္အတြင္း အျပည့္အဝဖမ္း၍ မရျခင္း၊ ေရခ်ိဳေမြးကန္မ်ားတည္ရွိရာတြံေတး၊ ေညာင္တုန္းေဘာလယ္ကြၽန္း၊ ခတၱိယတို႔ ႏွင့္ ပဲခူးတိုင္းေဒသႀကီးတို႔ ရွိေမြးျမဴေရးကန္မ်ားေရႀကီးမႈႏွင့္ ႀကဳံရျခင္းစသည္တို႔အျပင္ ယခုႏွစ္တြင္ ေမြးျမဴမႈရပ္နားျခင္းႏွင့္ အေကာင္ေရေလွ်ာ့ခ် ေမြး ျမဴျခင္းစသည္တို႔ေၾကာင့္ ေဈးကြက္အတြင္းေရာင္းလိုအားထက္ ဝယ္လိုအားမ်ားလ်က္ရွိၿပီးေဈးႏႈန္းအျမင့္ပိုင္းတြင္ရွိေနရျခင္းျဖစ္ေၾကာင္း သိရသည္။
“ပင္လယ္ျပင္ရာသီဥတုေပၚမူတည္ၿပီးစက္ေလွမ်ားမ်ားဝင္ရင္ ေဈးကြက္ထဲကိုမ်ားမ်ားျဖန႔္ႏိုင္ပါတယ္။ ပင္လယ္ ပုစြန္အေနနဲ႔တိုက္ဂါး၊ ဖလားဝါး၊ ဝႈိက္နဲ႔ တ႐ုတ္ကိုပို႔တဲ့ ေ႐ႊပုစြန္ ေတြဝင္တယ္။ ပင္လယ္ပုစြန္ေဈးေကာင္းတာကျပည္ပပို႔ကုန္မ်ားလို႔ျဖစ္တယ္။ ေဈးႏႈန္းသက္သာဖို႔ဆိုရင္ေတာ့ မ်ားမ်ားေမြးျမဴထုတ္လုပ္ဖို႔လိုပါတယ္။ သို႔ေသာ္ လက္ရွိမွာေတာ့ ပုစြန္ေဈးကအျမင့္ေဈးမွာရွိေနပါတယ္” ဟု ၾကည္ျမင္တိုင္စံျပငါးေဈးမွ ေရထြက္ကုန္လုပ္ငန္းရွင္ တစ္ဦးကေျပာသည္။
လက္ရွိျပည္တြင္းေဈးကြက္တြင္ ေရငန္ပုစြန္ျဖစ္သည့္ တိုက္ဂါးပုစြန္ တစ္ပိႆာလွ်င္ ေငြက်ပ္ (၄၅,၀၀၀) မွ (၅၅,၀၀၀) အထိရွိၿပီး၊ ဖလားဝါးႏွင့္ ဝႈိက္ ပုစြန္ တစ္ပိႆာလွ်င္ေငြက်ပ္ (၃၅,၀၀၀) မွ (၄၅,၀၀၀) ရွိေၾကာင္း၊ ေ႐ႊပုစြန္ တစ္ပိႆာလွ်င္ ေငြက်ပ္ (၂၃,၀၀၀) ျဖင့္ ဒိုင္ေဈးေရာင္းခ်ေန ေၾကာင္းသိရသည္။
အလားတူေရခ်ိဳပုစြန္ျဖစ္သည့္ ေဘာ့ခ်ိတ္ တစ္ပိႆာလွ်င္ ေငြက်ပ္ (၃၅,၀၀၀) ႏွင့္ ပုစြန္က်ား တစ္ပိႆာလွ်င္ ေငြက်ပ္ (၆၀,၀၀၀) ျဖင့္ ေဈးကြက္အတြင္းေရာင္းခ်လ်က္ရွိေၾကာင္းသိရသည္။
လက္ရွိတြင္လည္းရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိလာသည့္ ေရငန္ပုစြန္မ်ားကိုျပည္ပပို႔ကုန္အျဖစ္ အေအးခန္းစက္႐ုံမ်ားသို႔ တင္ပို႔၍ေရခ်ိဳပုစြန္ ျဖစ္သည့္ ပုစြန္က်ားမွာလည္း ျပည္ပေဈးကြက္သို႔တင္ပို႔ေၾကာင္း၊ ျပည္တြင္းေဈးကြက္အတြင္း ေဘာ့ခ်ိတ္ပုစြန္ကိုေရာင္းခ်လ်က္ရွိေၾကာင္းသိရသည္။