ကမ္ဘာ့အမြင့်ဆုံးနေကြာပန်းကို အမေရိကန်အမျိုးသား စိုက်ပျိုး

 286

Pika (NP News) - သြဂုတ် ၂၁
အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်ရှိ အမျိုးသားတစ်ဦးသည် အမြင့်(၃၀)ပေနှင့် (၇)လက် မရှိသော နေကြာပန်းကိုစိုက်ပျိုးနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။
Fort Wayne မြို့တွင်နေထိုင်သည့် Alex Babich ဆိုသည့် အမျိုးသားသည် ပြီးခဲ့သည့်နှစ်တွင် ၎င်းစိုက်ပျိုးခဲ့သော နေကြာပန်းဖြင့် ကမ္ဘာ့အမြင့်ဆုံးနေကြာပန်းစံချိန်ကို ချိုးဖျက်ရန် ယခင်ကကြိုး ပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။
ထို့နောက် ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့သည် Alex Babich ထပ်မံစိုက်ပျိုးခဲ့သော နေကြာ ပန်းကို တရားဝင်တိုင်းတာမှုများလုပ်ဆောင်ခဲ့ပြီး နောက် ယခုကဲ့သို့ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ထို့ပြင် Fort Wayne မြို့မှဒေသခံများသည် Alex Babich စိုက်ပျိုးခဲ့သော နေကြာ ပန်းကို ရှဉ့်များမကိုက်စေရန်အတွက် ကူညီပေးခြင်းဖြင့် ၎င်း၏စံချိန်ချိုးဖျက်ရန်ကြိုးပမ်း အားထုတ်မှု များကို ပံ့ပိုးပေးခဲ့ကြကြောင်းသိရသည်။ Alex Babich က “ကျွန်တော်ဒီမြို့မှာနေတာ နှစ်ပေါင်း (၃၀)ရှိ ပါပြီ။ Fort Wayne မြို့ကို ကျွန်တော်တကယ်သဘောကျပါတယ်။ ကျွန်တော်တို့မှာ သူငယ်ချင်းတွေ အများကြီးရှိပြီး သူတို့အားလုံးက ကျွန်တော်ရဲ့ကြိုးပမ်းမှုတွေကို ကူညီပံ့ပိုးပေးကြပါတယ်။ ရှင်းရှင်း ပြော ရမယ်ဆိုရင်တော့ လူတိုင်း ရဲ့ကူညီပံ့ပိုးပေးမှုတွေက ဒီနေကြာပန်းကို အောင်မြင် စွာစိုက်ပျိုးဖို့ ကျွန်တော့် ကိုတွန်းအားပေးခဲ့တာပဲဖြစ်ပါတယ်” ဟုပြောဆိုခဲ့သည်။

Zawgyi Version:
ကမာၻ႔အျမင့္ဆုံးေနၾကာပန္းကို အေမရိကန္အမ်ိဳးသား စိုက္ပ်ိဳး
Pika (NP News) - ၾသဂုတ္ ၂၁
အေမရိကန္ႏိုင္ငံ အင္ဒီယားနားျပည္နယ္ရွိ အမ်ိဳးသားတစ္ဦးသည္ အျမင့္(၃၀)ေပႏွင့္ (၇)လက္ မရွိေသာ ေနၾကာပန္းကိုစိုက္ပ်ိဳးႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။
Fort Wayne ၿမိဳ႕တြင္ေနထိုင္သည့္ Alex Babich ဆိုသည့္ အမ်ိဳးသားသည္ ၿပီးခဲ့သည့္ႏွစ္တြင္ ၎စိုက္ပ်ိဳးခဲ့ေသာ ေနၾကာပန္းျဖင့္ ကမာၻ႔အျမင့္ဆုံးေနၾကာပန္းစံခ်ိန္ကို ခ်ိဳးဖ်က္ရန္ ယခင္ကႀကိဳး ပမ္းခဲ့ေသာ္လည္း ေအာင္ျမင္ခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းသိရသည္။
ထို႔ေနာက္ ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕သည္ Alex Babich ထပ္မံစိုက္ပ်ိဳးခဲ့ေသာ ေနၾကာ ပန္းကို တရားဝင္တိုင္းတာမႈမ်ားလုပ္ေဆာင္ခဲ့ၿပီး ေနာက္ ယခုကဲ့သို႔ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ ထို႔ျပင္ Fort Wayne ၿမိဳ႕မွေဒသခံမ်ားသည္ Alex Babich စိုက္ပ်ိဳးခဲ့ေသာ ေနၾကာ ပန္းကို ရွဥ့္မ်ားမကိုက္ေစရန္အတြက္ ကူညီေပးျခင္းျဖင့္ ၎၏စံခ်ိန္ခ်ိဳးဖ်က္ရန္ႀကိဳးပမ္း အားထုတ္မႈ မ်ားကို ပံ့ပိုးေပးခဲ့ၾကေၾကာင္းသိရသည္။ Alex Babich က “ကြၽန္ေတာ္ဒီၿမိဳ႕မွာေနတာ ႏွစ္ေပါင္း (၃၀)ရွိ ပါၿပီ။ Fort Wayne ၿမိဳ႕ကို ကြၽန္ေတာ္တကယ္သေဘာက်ပါတယ္။ ကြၽန္ေတာ္တို႔မွာ သူငယ္ခ်င္းေတြ အမ်ားႀကီးရွိၿပီး သူတို႔အားလုံးက ကြၽန္ေတာ္ရဲ႕ႀကိဳးပမ္းမႈေတြကို ကူညီပံ့ပိုးေပးၾကပါတယ္။ ရွင္းရွင္း ေျပာ ရမယ္ဆိုရင္ေတာ့ လူတိုင္း ရဲ႕ကူညီပံ့ပိုးေပးမႈေတြက ဒီေနၾကာပန္းကို ေအာင္ျမင္ စြာစိုက္ပ်ိဳးဖို႔ ကြၽန္ေတာ့္ ကိုတြန္းအားေပးခဲ့တာပဲျဖစ္ပါတယ္” ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.