မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်ရှိ မြို့နယ်နှစ်ခု၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ရေဘေးရှောင်နေရသူများရှိနေ

 987

ယွန်း (NP News) - ဇူလိုင် ၁၈

မွန်ပြည်နယ်ရှိ မြို့နယ်နှစ်ခုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

ယမန်နေ့(ဇူလိုင် ၁၇ ရက်)မှ စတင်ကာ ယနေ့(ဇူလိုင် ၁၈ရက်)အထိ မွန်ပြည်နယ်ရှိ မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ပငကျေးရွာတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း ပင ပရဟိတလူငယ်အသင်းထံမှ သိရသည်။

“ပုံမှန်အတိုင်းပါပဲ ရေမကျသေးပါဘူး။ ရေကတော့နှစ်တိုင်းတက်နေကြပါ။ အိမ်ထောင်စု(၂၂)စုကိုတော့ ကြက်တညှင်ဘုန်းကြီး ကျောင်းကို ပို့ပေးထားပါတယ်။ မိုးကမနေ့ကတည်းက အဆက်မပြတ်ရွာနေတာကြောင့် ရေတက်လာတာပါ။ ရေကမနက်ဖြန်လောက်မှ ကျမယ်လို့တော့ထင်တယ်”ဟု ပင ပရဟိတလူငယ်အသင်းမှ NP News ကိုပြောသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် လက်ရှိတွင် အိမ်ထောင်စုပေါင်း(၂၂)စုကို ဒေသခံလူမှုကူညီရေးအသင်းများနှင့် သံဖြူဇရပ်မြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ကြက်တညှင်ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။

ထို့ပြင် ယနေ့(ဇူလိုင်လ ၁၈ ရက်)၊ နံနက်(၇)နာရီအချိန်ကလည်း မုဒုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှီးပဒေါကျေးရွာ၊ မော်လမြိုင် -သံဖြူဇရပ်ကားလမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၄/၁) နှင့် (၃၅)ကြားတွင် လမ်းမပေါ်ရေကျော်မှုများရှိခဲ့ကြောင်း မီးသတ်ဌာနမှ သတင်းရရှိသည်။

အထက်ပါ ရေကြီးမှုဖြစ်စဥ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က NP News ကိုပြောသည်။

zawgyi version
မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ မြန္ျပည္နယ္ရွိ ၿမိဳ႕နယ္ႏွစ္ခု၌ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေနၿပီး ေရေဘးေရွာင္ေနရသူမ်ားရွိေန

ယြန္း (NP News) - ဇူလိုင္ ၁၈

မြန္ျပည္နယ္ရွိ ၿမိဳ႕နယ္ႏွစ္ခုတြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚေနေၾကာင္း သတင္းရရွိသည္။

ယမန္ေန႔(ဇူလိုင္ ၁၇ ရက္)မွ စတင္ကာ ယေန႔(ဇူလိုင္ ၁၈ရက္)အထိ မြန္ျပည္နယ္ရွိ မုဒုံၿမိဳ႕နယ္ႏွင့္ သံျဖဴဇရပ္ၿမိဳ႕နယ္တို႔တြင္ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

သံျဖဴဇရပ္ၿမိဳ႕နယ္တြင္ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေတာင္က်ေရမ်ားစီးဆင္းမႈေၾကာင့္ ပငေက်း႐ြာတြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း ပင ပရဟိတလူငယ္အသင္းထံမွ သိရသည္။

“ပုံမွန္အတိုင္းပါပဲ ေရမက်ေသးပါဘူး။ ေရကေတာ့ႏွစ္တိုင္းတက္ေနၾကပါ။ အိမ္ေထာင္စု(၂၂)စုကိုေတာ့ ၾကက္တညႇင္ဘုန္းႀကီး ေက်ာင္းကို ပို႔ေပးထားပါတယ္။ မိုးကမေန႔ကတည္းက အဆက္မျပတ္႐ြာေနတာေၾကာင့္ ေရတက္လာတာပါ။ ေရကမနက္ျဖန္ေလာက္မွ က်မယ္လို႔ေတာ့ထင္တယ္”ဟု ပင ပရဟိတလူငယ္အသင္းမွ NP News ကိုေျပာသည္။

အဆိုပါ ေရႀကီးေရလွ်ံမႈေၾကာင့္ လက္ရွိတြင္ အိမ္ေထာင္စုေပါင္း(၂၂)စုကို ေဒသခံလူမႈကူညီေရးအသင္းမ်ားႏွင့္ သံျဖဴဇရပ္ၿမိဳ႕နယ္ မီးသတ္စခန္းမွ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက ၾကက္တညႇင္ဘုန္းေတာ္ႀကီးေက်ာင္းသို႔ ေျပာင္းေ႐ႊ႕ေပးထားေၾကာင္း သိရသည္။

ထို႔ျပင္ ယေန႔(ဇူလိုင္လ ၁၈ ရက္)၊ နံနက္(၇)နာရီအခ်ိန္ကလည္း မုဒုံၿမိဳ႕တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ႏွီးပေဒါေက်း႐ြာ၊ ေမာ္လၿမိဳင္ -သံျဖဴဇရပ္ကားလမ္းမႀကီး၊ မိုင္တိုင္အမွတ္(၃၄/၁) ႏွင့္ (၃၅)ၾကားတြင္ လမ္းမေပၚေရေက်ာ္မႈမ်ားရွိခဲ့ေၾကာင္း မီးသတ္ဌာနမွ သတင္းရရွိသည္။

အထက္ပါ ေရႀကီးမႈျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက သြားေရာက္ၾကည့္ရႈေနေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ သယံဇာတေရးရာဝန္ႀကီး ေဒါက္တာေအာင္ျမတ္ေက်ာ္စိန္က NP News ကိုေျပာသည္။

Related news

© 2021. All rights reserved.