စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မြေတိုင်း-၅ ရာထူးနေရာ (၄၀၀) နီးပါးကို ခေါ်ယူ

1302
စော(NP News) - ဩဂုတ် ၂
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန် လစ်လပ်နေသော မြေတိုင်း-၅ ရာထူး (၃၅၆)နေရာကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ယနေ့(ဩဂုတ်လ ၂ရက်)တွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။
အဆိုပါရာထူး(၃၅၆)နေရာအနက် နေပြည်တော်တွင် (၁၆)ဦးအပါအဝင် ကချင်ပြည်နယ်တွင် (၁၈)ဦး၊ ကယားပြည်နယ်တွင်(၇)ဦး၊ ကရင်ပြည်နယ်တွင် (၁၂)ဦး၊ ချင်းပြည်နယ်တွင် (၁၀)ဦး၊ မွန်ပြည်နယ်တွင် (၁၀)ဦး၊ ရခိုင်ပြည်နယ်တွင် (၁၆)ဦးနှင့် ရှမ်းပြည်နယ်တွင် (၅၆)ဦးတို့ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ရန်ကုန်တိုင်းတွင် (၂၁)ဦး၊ စစ်ကိုင်းတိုင်းတွင် (၃၅)ဦး၊ တနင်္သာရီတိုင်းတွင် (၁၄)ဦး၊ ပဲခူးတိုင်းတွင် (၃၆)ဦး၊ မကွေးတိုင်းတွင် (၃၁)ဦး၊ မန္တလေးတိုင်းတွင် (၃၀)ဦးနှင့် ဧရာဝ တီတိုင်းတွင် (၄၄)ဦးတို့ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ ရာထူးနေရာအတွက် အမျိုးသားများကိုသာခန့်အပ်သွားမည်ဖြစ်ပြီး ဩဂုတ်လကုန်တွင် အသက်(၂၇)နှစ်မကျော်လွန်သူဖြစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် လျှောက်ထားသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတစသည့် ဘာသာများကို ရေးဖြေစာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲအောင်မြင်သူများကို လူတွေ့နှုတ်ဖြေစာမေးပွဲနှင့် ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှောက်လွှာများကို ၂၀၂၃ ခုနှစ် ၊ ဩဂုတ်လ(၃၁)ရက်တွင် နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

zawgyi version
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနက ေျမတိုင္း-၅ ရာထူးေနရာ (၄၀၀) နီးပါးကို ေခၚယူ
ေစာ(NP News) - ဩဂုတ္ ၂
လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနတြင္ တာဝန္ထမ္းေဆာင္ရန္ လစ္လပ္ေနေသာ ေျမတိုင္း-၅ ရာထူး (၃၅၆)ေနရာကို ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ ယေန႔(ဩဂုတ္လ ၂ရက္)တြင္ အထက္ပါကဲ့သို႔ ေၾကညာထားျခင္းျဖစ္သည္။
အဆိုပါရာထူး(၃၅၆)ေနရာအနက္ ေနျပည္ေတာ္တြင္ (၁၆)ဦးအပါအဝင္ ကခ်င္ျပည္နယ္တြင္ (၁၈)ဦး၊ ကယားျပည္နယ္တြင္(၇)ဦး၊ ကရင္ျပည္နယ္တြင္ (၁၂)ဦး၊ ခ်င္းျပည္နယ္တြင္ (၁၀)ဦး၊ မြန္ျပည္နယ္တြင္ (၁၀)ဦး၊ ရခိုင္ျပည္နယ္တြင္ (၁၆)ဦးႏွင့္ ရွမ္းျပည္နယ္တြင္ (၅၆)ဦးတို႔ကို ေခၚယူသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ ရန္ကုန္တိုင္းတြင္ (၂၁)ဦး၊ စစ္ကိုင္းတိုင္းတြင္ (၃၅)ဦး၊ တနသၤာရီတိုင္းတြင္ (၁၄)ဦး၊ ပဲခူးတိုင္းတြင္ (၃၆)ဦး၊ မေကြးတိုင္းတြင္ (၃၁)ဦး၊ မႏၲေလးတိုင္းတြင္ (၃၀)ဦးႏွင့္ ဧရာဝ တီတိုင္းတြင္ (၄၄)ဦးတို႔ကို ေခၚယူသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
အဆိုပါ ရာထူးေနရာအတြက္ အမ်ိဳးသားမ်ားကိုသာခန႔္အပ္သြားမည္ျဖစ္ၿပီး ဩဂုတ္လကုန္တြင္ အသက္(၂၇)ႏွစ္မေက်ာ္လြန္သူျဖစ္ရန္လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ထို႔ျပင္ ေလွ်ာက္ထားသူမ်ားသည္ ျမန္မာစာ၊ အဂၤလိပ္စာ၊ အေထြေထြဗဟုသုတစသည့္ ဘာသာမ်ားကို ေရးေျဖစာေမးပြဲေျဖဆိုရမည္ျဖစ္ၿပီး စာေမးပြဲေအာင္ျမင္သူမ်ားကို လူေတြ႕ႏႈတ္ေျဖစာေမးပြဲႏွင့္ ကြန္ပ်ဴတာကြၽမ္းက်င္မႈစစ္ေဆးျခင္းမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေလွ်ာက္လႊာမ်ားကို ၂၀၂၃ ခုႏွစ္ ၊ ဩဂုတ္လ(၃၁)ရက္တြင္ ေနာက္ဆုံးထား၍ ေပးပို႔ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။